Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 53 )

အောက်တိုဘာလ ၇ ရက်၊ ၂၀၂၂ ခုနှစ်။

တင်ဆက်ပေးမယ့် ... မင်းပြားမှာ လက်နက်ကြီးကျည်ကျလို့ စစ်ရှောင်အမျိုးသမီးတစ်ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထောင်ကနေ လွတ်လာတဲ့ ဖားကန့် သတင်းထောက် အသည်းရောဂါ ခံစားနေရပါတယ်။ ရေးတိုက်ပွဲ နှစ်ဘက် အကျအဆုံးရှိခဲ့ပါတယ်။ KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်ထဲက ပရိယတ္တိစာသင်တိုက် ကျောင်းကြီးကို စစ်တပ်က လေယာဉ်နဲ့ လာ ရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စာသင်တိုက်ကျောင်းကြီး မီးလောင်သွားပြီး ဦးဇင်းတစ်ပါး ထိခိုဏ်ဒဏ်ရာ ရရှိ သွားတဲ့ အကြောင်းနဲ့အတူ တခြားစိတ်ဝင်စားစရာသတင်းတွေကို တင်ဆက် ပေးထားပါတယ်။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။