Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 54 )

အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----  ကျိုက်ထီးရိုး ပစ်ခတ်မှု ၃ ယောက်သေ၊ ၁၅ ယောက် ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဖမ်းဆီးခံ ပြောက်ကျား တပ်ဖွဲ့ဝင် တလကြာတဲ့အထိ အဆက်အသွယ်မရသေးတာကြောင့်မိသားစုဝင်တွေက စိုးရိမ်နေပါတယ်။ ထားဝယ်ပြောက်ကျားအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့တွေ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။ ရှမ်းပြည်ပြန်လည်ရေး ထူထောင်ရေး ကောင်စီ RCSS က ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးလိုတယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်တဲ့ အကြောင်း သတင်းပေးပို့ ချက်နဲ့ အတူ တခြားစိတ်ဝင်စားစရာသတင်းတွေကို တင်ဆက် ပေးထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။