သတင်းထုတ်လွှင့်ချက် - ( EP - 55 )
အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- PDF စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ ပန်းရံ လုပ်သား မိသားစုနဲ့ အဆက်အသွယ်မရသေးပါဘူး။
မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့ တာဝန်ခံ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ပါတယ်။
ပူတာအိုမြို့နယ်ထဲက ကချင်တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ သမိုင်းအမွေအနှစ် နေရာမှာ ရွှေတူးဖော်ဖို့ ပြင်ဆင်နေတာကို ဒေသခံတွေက ကန့်ကွက်လိုက်တဲ့ သတင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ဒီနှစ် မကုန်ခင် ပြုလုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ PPST က ပြောဆိုလိုက်တဲ့အကြောင်း သတင်းပေးပို့ချက်နဲ့ အတူ တခြားစိတ်ဝင်စားစရာသတင်းတွေကို တင်ဆက် ပေးထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။