Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 63 )

နိုဝင်ဘာလ  ၉ ရက်၊ ၂၀၂၂ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ဝက်လက်မှာ လက်နက်ကြီးကျလို့ ကိုယ်ဝန်ဆောင် အမျိုးသမီး သေဆုံးသွားပါတယ်။ စစ်ကောင်စီရဲ့ ခြေလျင် စစ်ကြောင်းနဲ့ ယာဉ်တန်း ၂ ကြိမ် မိုင်းဆွဲ တိုက်ခံရတဲ့သတင်း လောင်းလုံး PDF စခန်း စီးနင်း သိမ်းပိုက်ခံရပါတယ်။

ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ဟောင်းတစ်ဦး ထားဝယ်မှာ ပစ်သတ်ခံရတဲ့သတင်းနဲ့  ရေးက ပျောက်ဆုံးနေတဲ့ အမျိုးသမီး ဓားထိုးသွင်းဒဏ်ရာတွေနဲ့ ပြန်တွေ့ပေမယ့်လက်ဝတ်လက်စားတွေ ပျောက်ဆုံး နေတဲ့သတင််းတွေကို ပြောပြပေးထားပါတယ်။ 

သတင်းပေးပို့ချက်ထဲမှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် NUG လက်အောက်ခံ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ် ရေးရာဝန်ကြီးဌာနကို တိုင်ကြားလာတဲ့ အမှုပေါင်း ၆၅ ခု ရှိပြီလို့ အဲ့ဒီဝန်ကြီးဌာန တာဝန်ရှိသူက ပြောတဲ့ အကြောင်း သတင်းပေးပို့ချက်နဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။