သတင်းထုတ်လွှင့်ချက် - ( EP - 65 )
နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- အော်ဒါမရတဲ့အတွက် အထည်ချုပ် စက်ရုံ ပိတ်လိုက်တဲ့တာကြောင့် အလုပ်သမား ၈၀၀ ခန့် အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ ထားဝယ်မှာ သတ်ဖြတ်ခံရသူနဲ့ အတူ ဖမ်းခံရတဲ့အမျိုးသား ပြန်လည် လွတ်မြောက်လာတဲ့ သတင်းနဲ့ လောင်းလုံးမှာ ပျူစောထီး တစ်ယောက် ပစ်သတ်ခံ လိုက်ရပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းမှာ တောင်သူတွေကို “နေကြာ” စိုက်ဖို့ ဖိအားပေးနေတဲ့ သတင်း၊ မြိတ်-ထားဝယ် လမ်း အသုံးမပြုဖို့ PDF အဖွဲ့က ကြေညာချက်ထုတ်ပြန်ထားတဲ့ သတင်းနဲ့ အရပ်သားတွေ ဖမ်းလာတဲ့ တပ်ရင်းမှူးကား တိုက်ခိုက်ခံရပြီး တပ်ရင်းမှူးအပါအဝင် သုံးယောက်သေဆုံး သတင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။