သတင်းထုတ်လွှင့်ချက် - ( EP - 66 )
နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ကျိုက်မရောမှာရှိတဲ့ ချောင်း နှစ်ခွ ရဲစခန်းနဲ့ တံတားဂိတ်ကို KNLA ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက်
ရဲ သုံးယောက်သေဆုံးပြီး လေးယောက် အဖမ်းခံရခဲ့ရပါတယ်။
သထုံခရိုင်အတွင်းမှာ အရပ်သား ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU က ပြောပါတယ်။
စစ်ကောင်စီ ရဲစခန်းကို နဂါးနီ ပြောက်ကျားအဖွဲ့ လက်စားချေ တိုက်ခိုက်ခဲ့တဲ့သတင်းနဲ့ ပြည် ထောင်တရားရုံးကနေ ပရဟိတ သမားနှစ်ဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ် သတင်းတွေကို နားဆင်ရမှာ ပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။