Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 67 )

နိုဝင်ဘာလ  ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ဧရာဝတီတိုင်း စစ်ကောင်စီက ဝန်ထမ်းတွေကို ယူနီဖောင်းမဝတ်ဖို့နဲ့ ဝန်ထမ်းကပ် မဆောင်ထားကြဖို့ ညွှန်ကြားထားပါတယ်။ မော်လမြိုင်မြို့တွင်း ပစ်ခတ်မှု PDF ၅ ယောက် ဖမ်းခံရ၊ စစ်ကောင်စီဘက် ၂ ယောက် သေဆုံးသွားပါ တယ်။ မြိုင်မှာ တိုက်ပွဲ ဖြစ်ပြီးနောက် စစ်တပ် ရွာသားတွေရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ကျိုက်လတ်မှာ ပျူစောထီးတစ်ယောက် ပစ်ခတ်ခံရပြီးနောက် ဒေသခံ ၃၅ ယောက် ဖမ်းခံလိုက်ရပါတယ်။ သတင်းလွှာတွေထဲမှာတော့ ဖယ်ခုံမြို့နယ် တော်လှန်ရေးအင်အားစုတွေနဲ့ NUG အစိုးရရဲ့ နာမည်တွေ အသုံးချပြီး ကျောင်းတွေ ဖွင့်နေတဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို နားဆင်ရ မှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။