Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 68 )

နိုဝင်ဘာလ  ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ၅ နှစ်အရွယ် မိန်းကလေး သေဆုံးသွားပါတယ်။ အင်းတော်ကြီးဒေသ နှစ်ရက် တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ ၄ ယောက် သေဆုံးခဲ့ပါတယ်။  KNU နယ်မြေ ခနောက်စိမ်း သတ္တုမိုင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တိမ်းရှောင်နေတဲ့ သရက်ချောင်းမြို့နယ်ထဲက စစ်ကောင်စီ သတင်းပေးဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပါတယ်။  

ဒါ့အပြင် လောင်းလုံးမြို့နယ်မှာ ကွမ်းသီးတင်ကားနဲ့ လိုက်ပါလာသော ပျူစောထီး အဖွဲ့ဝင် တစ်ယောက် ပစ်သတ်ခံလိုက်ရ ပါတယ်။နယ်မြေကျော်ပြီး ဝင်လာတယ်ဆိုတဲ့ ရိုဟင်ဂျာ ၃၅ ယောက်ကို ဘိုကလေး တရားရုံးကနေ နှစ်ရှည်ထောင် ဒဏ်တွေ ချမှတ်လိုက်တဲ့ သတင်းတွေကို နားဆင်ရမှာပါ။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။