Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 70 )

နိုဝင်ဘာလ  ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- မူဆယ်ပေါက်ကွဲမှုကြောင့် ဒေသခံတွေ စိုးရိမ်၊ အရပ်သားထိခိုက်မှုအတွက် ပြည်သူ့ လုံခြုံရေးနှင့် ကာကွယ် ရေးအဖွဲ့ က တောင်းပန်လိုက်ပါတယ်။ တာမိုးညဲမှာ တိုက်ပွဲကြောင့် နေအိမ်အချို့ ပျက်စီးခဲ့ပါတယ်။  နိုဝင်ဘာအတွင်း စစ်ကောင်စီနဲ့ PDF (မန္တလေး) တို့အကြား တိုက်ပွဲ ၈ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ထားဝယ်၊ သရက်ချောင်းမှာ စစ်ဘက် လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရတာနဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် အောင်အောင်မြင်မြင်နဲ့ ကျယ်ကျယ်ပြန့်ပြန် ဖြစ်ပေါ်လာမှာကို စစ်ကောင်စီ က လိုလားမှုမရှိဘူးလို့ ဘာ့ကြောင့် ပြောဆိုလိုက်တာလဲဆိုတဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။