Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 71 )

နိုဝင်ဘာလ  ၂၅ ရက်၊ ၂၀၂၂ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----  ကော်ဘရာစစ်ကြောင်းရဲ့ ရိက္ခာကား မြဝတီမြို့နယ်ထဲမှာ တိုက်ခိုက်ခံရပြီး ရဲမေ ၂ ယောက်အပါအဝင် ၃ ယောက် သေဆုံးခဲ့ပါတယ်။ ကချင်ပြည်နယ်၊ အင်ဂျန်းယန် စစ်ရှောင်တွေ ရိက္ခာ အခက်တွေ့နေပါတယ်။ ရေး စခန်းမှူးကို ရေးဘီလူးအဖွဲ့ ပစ်ခတ် ရှင်းလင်းခဲ့ပါတယ်။

ဒါ့အပြင်  ဖျာပုံမှာ ရဲတပ်ဖွဲ့ဝင်ရဲ့ ဇနီးအပါအဝင် လူ ၃ ယောက်ကို အကြမ်းဖက် ဥပဒေနဲ့ စစ်ကောင်စီက တရားစွဲလိုက်တာနဲ့ ညောင်ရွှေမှာ ရဲစခန်း ထောက်ခံစာအတွက် ငွေအမြောက်အများကောက်ခံနေတဲ့ သတင်းအပြင် စစ်ကောင်စီ ဒရုန်းရဲ့ ဗုံးစထိမှန်ပြီး ဆေးကုသနေသူ ဖမ်းခံရပြီး မိသားစုနဲ့ အဆက်အသွယ်မရသေးတဲ့ သတင်းတွေနဲ့အတူ တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။