Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 72 )

နိုဝင်ဘာလ  ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----  သီပေါမှာ စစ်ကောင်စီနဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ လူတစ်ယောက် ထက်ပိုစီးတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးနေပါတယ်။ စစ်ကောင်စီက ဖားကန့်မှာ စစ်ရှိန်မြင့်နေပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်ကို ထားဝယ်ပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့တဲ့ သတင်းနဲ့ ရွှေကျင် NLD တိုင်းလွှတ်တော် ကိုယ်စားလှယ်ရဲ့ အိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ပါတယ်။ 

ရှမ်း-ကယား နယ်စပ်၊ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်း ဒေသရှိ စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှု ပြဿနာတွေနဲ့ ကြုံတွေ့နေရပြီး စစ်ရှောင်တွေ ရေဝယ်သုံးနေရကြရတဲ့အကြောင်း သတင်းပေးပို့ချက်နဲ့ အတူ တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။