Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 73 )

ဒီဇင်ဘာလ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ကျောက်ကြမ်းပိုးတွေ ဈေးကောင်းရနေလို့ ပူတာအို ဒေသခံတွေက ပြောပါတယ်။ ဒဂုံတက္ကသိုလ်ကျောင်းသား ခုနှစ်ယောက် သေဒဏ်ချမှတ်ခံလိုက်ရပါတယ်။ 

မီးဖြတ်မှုတွေ လုပ်ဆောင်နေသူလို့ ဆိုတဲ့ လျှပ်စစ်အင်ဂျင်နီယာ ပစ်သတ်ခံလိုက်ရပါတယ်။ မြောင်းမြ NLD အမတ် ၂ ယောက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံလိုက်ပါတယ်။ 

ဒါ့အပြင် PDF တွေ ဖမ်းထားတဲ့ ဗိုလ်မှူး တစ်ယောက် သေဆုံးသွားတယ်ဆိုတဲ့သတင်းနဲ့ ရှမ်း - ကယားနယ်စပ်၊ မိုးဗြဲမြို့မှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၃ ယောက် မိုင်းနင်းမိပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တဲ့အကြောင်း သတင်းပေးပို့ချက်နဲ့ အတူ တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက် ပေးထားပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။