Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 74 )

ဒီဇင်ဘာလ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ပုလောမြို့(ပလော)က စီးပွားရေး ဘဏ်နဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံး သေနတ်နဲ့ ပစ်ခံရပါတယ်။ ဒေးဒရဲနဲ့ မော်လမြိုင်ကျွန်းမှာ စစ်သားလူထွက်အုပ်ကြီးနဲ့ တပ်ထောက်ခံသူ သားအမိတို့ ပစ်ခတ်ခံခဲ့ရပါတယ်။

အင်းသား စာပေ ပြဌာန်းရေးမူကြမ်း စစ်ကောင်စီနဲ့ ပူးပေါင်း အတည်ပြုလိုက်တယ်ဆိုတာနဲ့ KBC ဥက္ကဋ္ဌဟောင်းကို တရားစွဲရန် ပြင်ဆင်နေပါတဲ့ သတင်းအပြင်  ပုသိမ်မှာ ဧည့်စာရင်း မတိုင်သူ အယောက် ၃၀ ကို ဖမ်းပြီး တယောက်ကို ကျပ် ၅ သောင်းစီ တောင်းယူနေတယ်ဆိုတဲ့ သတင်းတွေပါဝင်ပါတယ်။

ဒါ့အပြင် သတင်းလွှာထဲမှာတော့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး လက်ရှိ မြန်မာနိုင်ငံမှာရော ဘယ်လိုအခြေအနေမျိုး တွေ ဆက်ရှိနေသေးလဲဆိုတာကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။