သတင်းထုတ်လွှင့်ချက် - ( EP - 78 )
ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- မော်လမြိုင်တက္ကသိုလ် ရူပဗေဒကျောင်းသားတစ်ဦး ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံရပါတယ်။
ဖားကန့်မှာ ဖမ်းဆီးခံထားရတဲ့သူ အများအပြား ပြန်မလွတ်သေးဘူးဆိုတဲ့ သတင်းနဲ့ စစ်ကိုင်းမြို့နယ် မြင်းဆည်ရွာက အိမ်အလုံးရေ ၁၀၀ ကျော် မီးရှို့ခံရတဲ့သတင်းတွေ ပါဝင်ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲက အဖွဲ့ ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ နေပြည်တော်မှာ တွေ့ဆုံနေတဲ့အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။