Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 80 )

ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။

တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- လွတ်ငြိမ်းနဲ့ လွတ်လာတဲ့ ဆရာဝန် ထောင်ဝမှာ ပြန်အဖမ်းခံ ခဲ့ရပါတယ်။ ဈေးဝယ်ထွက်တဲ့ ရဲတစ်ယောက် ပစ်သတ်ခံရတဲ့သတင်းနဲ့ NLD မြို့နယ် အတွင်းရေးမှူးနဲ့ လူငယ် ၅ ယောက်ကို ထောင်ဒဏ် ၁၀ နှစ်စီချလိုက်ပါတယ်။

ဒါ့အပြင် နိုင်ငံရေး အကျဉ်းသား ၄ ယောက်ကို နှိပ်စက်တဲ့အတွက် ထောင်တွင်း ဆူပူမှုဖြစ်ခဲ့ တယ်ဆိုတာနဲ့ အုတ်ဖို လဝကနဲ့ အမျိုးသား မှတ်ပုံတင်ရေးရုံးကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက် ခံခဲ့ရပါတယ်။ 

သတင်းပေးပို့ချက်တွေထဲမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား မီဒီယာတချို့ လုံခြုံရေး အခြေအနေနဲ့ ရပ်တည်မှု အခက်အခဲတွေကြောင့် ပျောက်ကွယ်သွားတယ်လို့ နိုင်ငံတကာ မြန်မာ သတင်း BNI က ပြောဆိုလိုက်တဲ့အကြောင်းနဲ့အတူ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ကြရမှာပါ။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။