သတင်းထုတ်လွှင့်ချက် - ( EP - 83 )
ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။
ပြောပြပေးမယ့် သတင်းတွေကတော့ ---- ကျုံဒိုးမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အယောက် ၉၀ ကျော် ကျဆုံးခဲ့ပါတယ်။ ဖားကန့်မှာတော့ စစ်ကောင်စီတပ်စခန်းဂိတ်တွေ ဒီရက်ပိုင်း ဆက်တိုက် တိုက်ခိုက်ခံနေရပါတယ်။
ဘောလခဲမှာ စစ်တပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးဖို့ စီစဉ်နေပါတယ်။ မြစ်ကြီးနားက စစ်တပ်ပိုင် မြဝတီဘဏ်ခွဲ ဗုံးခွဲခံရပြီး အစောင့် စစ်သား ၂ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ကန့်ဘလူမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ရှမ်းမြောက်က တရုတ်-မြန်မာနယ်စပ်ဂိတ်တွေ ဝင်ထွက်သွားလာနိုင်ဖို့ အတွက် ယာယီ နိုင်ငံကူးလက်မှတ်တွေ စတင်လုပ်ပေးနေတဲ့ အကြောင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။