သတင်းထုတ်လွှင့်ချက် - ( EP - 85 )
ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
ပြောပြပေးမယ့် သတင်းတွေကတော့ ---- ဖားကန့်မှာ မြေစာကမ်းပါးပြိုကျပြီး အမျိုးသားလေးယောက် ပွဲချင်းပြီး သေဆုံးသွားပါတယ်။ လောင်းလုံးမှာ non-CDM ဝန်ထမ်းတွေ တပတ်အတွင်း နုတ်ထွက်ဖို့ LLPDF သတိပေးလိုက်ပါတယ်။
မွန်ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် သေနတ်ထိမှန်သေဆုံးသွားပါတယ်။ တနင်္သာရီဒေသက တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ တကောင်းက ရွာတစ်ရွာကို စစ်တပ်က မီးရှို့ခဲ့တဲ့အပြင် ရွာသားလေးယောက်ကိုပါ သတ်သွားတဲ့အကြောင်းနဲ့အတူ တခြား စိတ်ဝင်စားစရာ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။