သတင်းထုတ်လွှင့်ချက် - ( EP - 86 )
ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။
ပြောပြပေးမယ့် သတင်းတွေကတော့ ---- ဧရာဝတီတိုင်းမှာ ဆန်၊ စပါးဈေးတွေ စံချိန်တင် မြင့်တက်နေပါတယ်။ နတ္တလင်းမှာတော့ ဒေသန္တရ အမိန့်နဲ့ ဆိုင်ကယ်စီးခွင့်ကတ်တွေ ပြုလုပ်နေရပါတယ်။
စစ်ကောင်စီ ထောက်ပို့ ယာဉ်တန်းကို ခြုံခို တိုက်ခိုက်ခဲ့တယ်လို့ ကျားကွန်မန်ဒိုအဖွဲ့က ပြောလိုက်တယ်ဆိုတဲ့ သတင်းနဲ့ လက်လုပ်မိုင်းစမ်းသပ်နေချိန် ပေါက်ကွဲမှု ဖြစ်ပွားပြီးတော့ မိုးဗြဲ PDF တစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။
သထုံမှာတော့ စစ်ကောင်စီ လက်နက်ကြီးကြောင့် သံဃာတော် ၂ ပါး၊ ကိုရင် ၁ ပါး ဒဏ်ရာရခဲ့ပါတယ်။
ထောင်ဝင်စာ ပိတ်ထားချိန် ပုသိမ် အကျဉ်းထောင်ဝန်ထမ်းတွေက အကျဉ်းသားတွေရဲ့ အိမ်အထိ ပိုက်ဆံလာတောင်းတွေရှိနေပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ရှမ်းမြောက်ပိုင်းက စစ်ရှောင်တွေကို နေရပ်ပြန်ကြဖို့ စစ်ကောင်စီက ဖိအားပေးပြောဆို လာတာကြောင့် စစ်ရှောင်တွေ အခက်တွေ့နေကြတဲ့အကြောင်း သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။