Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 87 )

ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။

ပြောပြပေးမယ့် သတင်းတွေကတော့ ----  စစ်ကောင်စီ လက်နက်ကြီးကြောင့် ထီးချိုင့်မှာ ကလေး ၁ ယောက် အပါအဝင် ၅ ယောက် ဒဏ်ရာရသွားပါတယ်။

 ရှေ့တန်းပို့ခံရမှာကို စိုးတဲ့ ပျူစောထီးတချို့တိမ်းရှောင်နေရပါတယ်။  မိုးကုတ်က ရဲတစ်ယောက် သေနတ်နဲ့ပစ်ခတ်ခံလိုက်ရပါတယ်။ ခရီးသည်တင်ကား ပစ်ခံရပြီူ အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်ယောက် သေဆုံးတဲ့သတင််းနဲ့ ရေး မြစ်ကူးတံတားကြီးဂိတ်ကို ရေဘီလူး အဖွဲ့ ဝင်တိုက်ခိုက်တဲ့သတင်းတို့ကို ကြားရမှာပါ။

 သတင်းပေးပို့ချက်တွေထဲမှာတော့ ရေခဲတောင်ရှိရာ ပူတာအိုဒေသက ထွက်တဲ့ ဆေးဘက်ဝင် ရှ ပင်က တစ်နှစ်ထက် တစ်နှစ်ပိုမိုရှားပါးသွားတယ်လို့ ဒေသခံတွေက ပြောတဲ့အကြောင်းတွေကို နားဆင်ကြရမှာပါ။ 

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။