Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 88 )

ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။

ပြောပြပေးမယ့် သတင်းတွေကတော့ ----   ကျိုက်ထိုမှာ မူလတန်းကျောင်းအုပ်ဆရာမကြီး တစ်ယောက် ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရပါတယ်။

စစ်ကောင်စီ လက်နက်ကြီးကြောင့် လွိုင်ကော်မြို့နယ်အတွင်း လယ်သမားတစ်ဦး ဒဏ်ရာရရှိပါတယ်။ သံဖြူဇရပ်မှာတော့ ရပ်ကွက် အုပ်ချုပ်ရေးရုံး ဖောက်ခွဲခံရပါတယ်။

သတင်းပေးပို့ချက်တွေထဲမှာတော့ KIO ဌာနချုပ်လိုင်ဇာက စစ်ရှောင်စခန်းတစ်ခုမှာ နေအိမ်တွေ အမြန် ပြန်ဆောက်ပေးဖို့ အကူအညီတွေ လိုအပ်နေတဲ့အကြောင်းနဲ့ တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်ဒေသဘက် ကြံစိုက်တောင်သူတွေရဲ့ အခက်အခဲတွေကြောင်း သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။ 


သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။