Listen

Description

သတင်းထုတ်လွှင့်ချက် - ( EP - 90 )

ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။

ပြောပြပေးမယ့် သတင်းတွေကတော့ ---- မင်းတုန်းမှာ ရွာအုပ်ချုပ်ရေးမှူးတစ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရပါတယ်။

ဘုရားသုံးဆူ ရဲစခန်းကို ကရင် ပူးပေါင်းတပ်တွေက ဝင်တိုက်ခိုက်ခဲ့ပါတယ်။

ဟင်္သာတမှာ ရဲတပ်ဖွဲ့ မိုင်းခွဲ တိုက်ခိုက်ခံရပြီး အရပ်သား ၁၅ ဦးကျော် အဖမ်းခံလိုက်ရပါတယ်။ 

သတင်းပေးပို့ချက်တွေထဲမှာတော့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနား KBC စစ်ရှောင်စခန်းက စစ်ရှောင်တွေ ဖေဖော်ဝါရီလကုန်မှာ နေရပ်ပြန်ကြမယ်လို့ ပြောတဲ့ အကြောင်းနဲ့အတူ တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ရှိပါတယ်။

သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။