သတင်းထုတ်လွှင့်ချက် - ( EP - 92 )
ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
ပြောပြပေးမယ့် သတင်းတွေကတော့ ---- ကော့သောင်းမှာ ရာအိမ်မှူးနဲ့ ဇနီး နေအိမ်မှာပဲ ပစ်သတ်ခံလိုက်ရပါတယ်။
ခိုးဝင် တရုတ် ၇ ယောက် အင်းတော်မှာ ဖမ်းမိခဲ့ပါတယ်။ ကန့်ဘလူမှာတော့ အရပ်သား ၅ ဦး မိုင်းထိပြီး ဒဏ်ရာရခဲ့ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ရှမ်းမြောက်၊ တန့်ယန်းမြို့ နယ်အတွင်းက ဒေသခံ အမျိုးသား ၃ သုံးယောက်ကို စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ် သွားခဲ့တဲ့ အကြောင်းနဲ့အတူ တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။