podcast
details
.com
Print
Share
Look for any podcast host, guest or anyone
Search
Showing episodes and shows of
Alex Khine
Shows
AskAlex
Facebook boost တဲ့အခါ audience ထည့်ပြီး သုံးတာနဲ့ audience မထည့်ပဲသုံးတာ ဘာကွာလဲ? (Ko Alex အမြင်)
Q: Facebook boost audience ရွေးတဲ့အခါ narrow audience ထည့်တာ။ custom audience / look a like ထည့်သုံး တာ recommended budget အတိုင်းသုံးပေးမယ့် result လုံးဝမကောင်းတာတွေ ကြုံရပေါင်းများလို့ပါ။ အပေါ်မှာပြောခဲ့တာတွေမထည့်ရင် campaign ကအဆင်ပြေတယ်။ ဘာကြောင့်လဲဆိုတာ ပြောပြပေးပါ လားခင်ဗျ။ (Ko Alex အမြင်) A: (ကို alex) ကျွန်တော်တစ်ခုပြောချင်တာ ကတော့ သူ့ချည်းပဲမသုံးဘဲနဲ့ CBO နဲ့သုံးစေချင်ပါတယ်။ ပြီးတော့ custom audience က result မကောင်းဘူး၊ ကောင်းတယ်ဆိုတဲ့စကားလုံးက ဘယ်လိုမျိုး objective ပြောလဲတော့ ကျွန်တော်လည်း မသိဘူး။ အရင်တုန်းကလို video view ကိုအခြေခံပြီးတော့ message ကိုသွားထားတာမျိုးလား။ ဒါမှမဟုတ် page engage တစ်ခုလုံးကို custom audience ဆောက်၊ look a like ဆောက်ပြီးတော့မှ get message ကိုသွားထားတဲ့ဟာမျိုးလားပေါ့နော်။ ကျွန်တော်တို့လည်းဒီမှာမရေးထားဘူးဆိုတော့ ပြောလို့ မရဘူး။ ဘာတစ်ခုအကြံပေးချင်လဲဆိုတော့ CBO နဲ့သာ run။ အဲ့တော့ကျွန်တော်တို့လည်း CBO နဲ့ run တယ်။ CBO ထဲမှာ ads set နှစ်ခုသုံးခုလောက်ထည့်လို့ရတယ်။ ကျွန်တော်တို့က နည်းနည်းလေးကျယ်တဲ့ narrow audience မလုပ်ထားတဲ့ ads set တစ်ခုဆောက်လိုက်။ အဲ့တာကို ads နဲ့ run ချလိုက်။ ပြီးလို့ရှိရင် အဲ့ဒီ narrow ထည့်ပြီးတော့မှ ass set ဆောက်ပြီးတော့ run ကြည့်။ နောက်ဆုံး custom audience နဲ့ look a like ကိုပဲ run ကြည့်ပေါ့နော်။ ဘယ် ads set က cost per result အနည်းဆုံးလဲဆိုတဲ့ဟာကို သိလာပြီဆိုရင် Facebook ကအဲ့တာကိုပိုပြီး boost လုပ်ပေးလိမ့်မယ်။ ကျွန်တော်တို့ရဲ့တာဝန်ကဒါပဲ။ ပြောမယ်ဆိုရင် ကျွန်တော်တို့က lowest engage fruit ကိုရအောင်ယူရမှာဖြစ်တဲ့အလျောက် အရမ်းကြီး နည်းနေတဲ့ custom audience ဆိုရင် look a like audience ကလည်းနည်းတယ်။ look a like audience က ၁၀၀ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်ထိ ဘယ်လောက်လောက်ရာခိုင်နှုန်းတူလဲဆိုတာ ပေါ်မှာမူတည်ပြီးတော့ cost တွေကတက်လာနိုင်တာဆိုတော့ ဖြစ်စေချင်တာကတော့ CBO နဲ့ run ပြီး တော့အကုန်လုံးကို Facebook ကိုပုံအပ်ထားတာက ပိုပြီးတော့သင့်တော်မယ်လို့တော့ မြင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2023-05-05
02 min
AskAlex
Facebook page ကို Security အမြင့်ဆုံး ဘယ်လိုထားရမလဲ?
Q: မင်္ဂလာပါ ကို Alex ခင်ဗျား Facebook page ကို Security အမြင့်ဆုံး ဘယ်လိုထားလို့ရပါသလဲ၊ ကိုယ့် account hack ခံရရင်တောင် page ပါမသွားအောင် လုပ်လို့ရပါလားခင်ဗျ။ A: Security အမြင့်ဆုံးဆိုတဲ့ဟာက ကျွန်တောိထင်တယ် two-factor authentication လို့ခေါ်တဲ့ two-factor ခံထားတယ်ဆိုလို့ရှိရင် ဖြစ်နိုင်တယ် ဒါသည်အမြင့်ဆုံးသုံးလို့ရတဲ့ဟာ အဲ့ဟာလည်း hack ခံရပါတယ်၊ ကိုယ့်ရဲ့ account hack ခံရရင်တောင် page ပါမသွားအောင်ကျတော့ ကျွန်တော်တို့ page ကို business manager နဲ့ ချိတ်ထားတယ်ဆိုလို့ကတော့ account ကို hack ရင်တောင်မှ business manager ကို hack တာမဟုတ်တဲ့အတွက်ကြောင့် ကျန်ခဲ့နိုင်ပါတယ်၊ business manager မှာလည်း တခြားသော admin တွေပေးထားလို့ရတဲ့အတွက်ကြောင့် အများကြီးပိုပြီးတော့ အဆင်ပြေလာနိုင်ပါတယ်၊ အဲ့တော့ business manager နဲ့ ချိတ်ထားစေချင်တယ်၊ နောက်တစ်ခုက ဘာလုပ်စေချင်လဲဆိုတော့ account hack သွားရင် ပြန် claim လုပ်တဲ့ process က Facebook တွေအဲ့account ကို ကျွန်တော်တို့ကပိုင်ပါတယ်ဆိုတဲ့ အဲ့ business ကို ပိုင်ပါတယ်ဆိုတဲ့ဟာမျိုးပြရတယ်၊ အဲ့လိုပြတယ်ဆိုရင် ဘာတွေလိုအပ်လဲဆိုရင် ပြောရရင် government document လိုတယ် အဲ့တော့ government registration လိုတယ် ဥပမာ DICA ရဲ့ registrationဘဲဖြစ်ဖြစ်ပေါ့နော် အဲ့လို registration တွေလိုပါတယ် အဲ့လိုမျိုးသေချာလေး လုပ်ချင်တယ်ဆိုလို့ရှိရင် ကျွန်တော်ကတော့ အမြဲအကြံပေးချင်တာကတော့ လုပ်ငန်း လိုင်စင်ဘဲ ဖြစ်ဖြစ် အသေးအလတ်စား လုပ်ငန်း လိုင်စင်ဘဲဖြစ်ဖြစ် company မှတ်ပုံတင်ဘဲဖြစ်ဖြစ် ကျွန်တော်ကတော့ လုပ်ထားစေချင်ပါတယ်၊ အဲ့တာမှသာလျှင် ပိုပြီးတော့ အဆင်ပြေမယ် ဥပမာ ကျွန်တော့ရဲ့ personal page alex khine ဆိုတဲ့ page ပါသွားတယ်ဆိုရင် ဘာလုပ်လို့ရလဲဆိုတော့ ကျွန်တော့ရဲ့ government ထဲမှာရှိနေတဲ့ passport ဘဲဖြစ်ဖြစ် ဒါမှမဟုတ် မှတ်ပုံတင်ဘဲဖြစ်ဖြစ် diving လိုင်စင်ဘဲဖြစ်ဖြစ် ပြနိုင်တယ်ဆိုရင်က Facebook က ပြန်ပြီးပေးလေ့ရှိပါတယ် အဲ့နည်းနဲ့ ပြန်ပြီး claim ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2023-05-03
02 min
AskAlex
Contents ကောင်းကောင်းရေးတတ်ဖို့ ဘယ်လို Train သင့်လဲ?
Q: Contents ကောင်းကောင်းရေးတတ်ဖို့ ဘယ်လို train သင့်လဲ ကို Alex..။ A: ဘယ်လို Train သင့်လဲဆိုတော့ (1)အချက် များများရေးပါ၊ (၂)အချက် များများရေးပါ (၃)အချက် များများရေးပါ၊ များများရေး ပြန်ကြည့်၊ ကျွန်တော်တို့ များများရေးဆိုတာ content ဘဲများများရေးဖို့မဟုတ်ဘူး content အနေအထားများများရေးပါ content topic ကိုလည်းများများရေးပါ content ဝေါဟာရတွေကိုလည်း များများရေးပါ၊ အဲ့လိုများများရေးခြင်း အားဖြင့် ကျွန်တော်တို့ကဘာဖြစ်လာလဲဆိုတော့ ကိုယ့်ရဲ့ ဘယ်လို content မျိုးတွေက ဘယ်အခြေအနေမျိုးမှာ ဘယ်သူ တွေကစိတ်ဝင်စားလဲဆိုတဲ့ date ကအကုန်လုံး ပြန်မြင်ရတယ် ဆိုတော့ များများသာရေးပါ။ ကျွန်တော်ကတော့ များများရေးဖို့အတွက်ကိုဘဲ အကြံပေးချင်ပါတယ်။ နောက်တစ်ခုက content marketing Hub ဆိုတဲ့ ဟာလေးတစ်ခုရှိတယ် content marketing institute ဆိုတဲ့ website လေးတစ်ခုရှိတယ် အဲ့ထဲမှာကျွန်တော်တို့ content ရေးတာနဲ့ပတ်သတ်ပြီး သွားဖတ်လို့ရတယ်၊ FYI မှာလည်း အလျင်းသင့်သလိုကျွန်တော်ပြောပေးပါ့မယ်၊ FYI မှာလည်းပြန်ပြီးတော့ credit လုပ်ပေးနေပါတယ် ကျွန်တော်တို့လည်း တစ်ထောင့်တစ်နေရာကနေ cooperate လုပ်ပေးနိုင်တာပေါ့ များများရေး မတူညီတဲ့ topic တွေ မတူညီတဲ့ journey တွေကို အခြေခံပြီးများများရေးပါ။ အဲ့တာဆိုရင်ပိုပြီးတော့ effective ဖြစ်နိုင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2023-05-02
02 min
AskAlex
Lookalike audience အကြောင်း (Ko Alex နဲ့ Ko Thant Htet Aung ဆွေးနွေး)
Q: lookalike audience နဲ့ ပတ်သတ်ပြီး မေးချင်လို့ပါ ဥပမာ ၃ရက်နေ့ကနေ စပြီး ကိုယ့်ရဲ့ page ကို engagement လုပ်တဲ့ audience တွေက (၁)ရက်နေ့မှာ ဆောက်ခဲ့တဲ့ lookalike audience မှာ auto သွား update ဖြစ်လားဗျာ၊ ဒါမှမဟုတ် (၃)ရက်နေ့နောက်ပိုင်း lookalike လိုချင်ရင် သပ်သပ်ပြန်ဆောက် ရလားဗျာ A: ပြန်ဆောက်ရမှာပေါ့ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ၁ရက်နေ့တုန်းက ဆောက်ခဲ့တဲ့ အချိန်မှာ အဲ့နေ့မှာ ဆောက်ခဲ့တဲ့လူတွေအထိဘဲပါအုန်းမှာပေါ့။ သူ့ဘာသူတော့ auto update မဖြစ်ဘူး သိသလောက်က အရင်လ previous ဘယ်နှစ်ရက် ဆိုတဲ့ဟာမျိုးကို ထည့်ရတယ် last day last day အများဆုံး တစ်နှစ်စာအထိပေးတယ် အဲ့နေ့က နေပြီး last ဘယ်နှစ်ရက်ထိ ဆိုတဲ့ဟာမျိုး ကျွန်တော်ပြောချင်တာက ၁ရက်နေ့မှာ ဆောက်ခဲ့တဲ့ audience ကို ၃ရက်နေ့မှာ ဆောက်ခဲ့တဲ့ audience မပါဘူးလေ ဒီမှာက ၃ရက်နေ့ကဆောက်ခဲ့တဲ့ engagement audience တွေက ၃ရက်နေ့မှာ ဆောက်ခဲ့တဲ့ lookalike audience active ဖြစ်သွားလားဆိုတော့ ဒီလိုမျိုးမြင်တာကွာ ငါပြောပြ မယ် ၁ရက်နေ့မှာ lookalike audience သွားဆောက်တယ် customer တွေကဆောက် လိုက် တယ် lookalike audience သည် customer audience ပေါ်မှာအခြေခံတာ audience audience က last ဘယ်နှစ်ရက် ဆိုတဲ့ ရက်နဲ့ဘဲ သက်ဆိုင်တာ ၁ရက်နေ့မှာ ဆောက် တယ်ဆို last 19 day ဆိုရင် လွန်ခဲ့တဲ့ ၃လ ဥပမာ ဇန်န၀ါရီလ ၁ရက် ဆိုလို့ရှိရင် အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ၊ အောက်တိုဘာ (၁)ရက်နေ့ကနေ ဒီဇင်ဘာ (၃၁)ရက်နေ့ အထိ ဇန်နဝါရီ(၁)ရက်နေ့မှာအကျုံးဝင်တယ်၊ အဲ့ဒီဟာသည် ၃ရက်နေ့ ရောက်သွားတဲ့ အချိန်မှ ာနားလည် သလောက်က အောက်တိုဘာ ၁ရက်နေ့မှာ မဟုတ်တော့ဘဲ ၃၁ ရက်နေ့မှာစပြီးတော့ ဇန်နဝါရီလ ၃ရက်နေ့ အထိကို ပြန်ပြီးတော့ update လုပ်တာ။ ဟုတ်တယ်။ ဒါပေမဲ့ ပထမတစ်ခါ ဆောက်ထားတဲ့ audience ထဲမှာ auto တော့ သွားမပေါင်းဘူး။ ဥပမာ ပေါင်းတယ်ဆိုတာ ၃ရက်နေ့မှာ စထားတဲ့ audience မှာတော့ အရှေ့က ရက်တွေအကုန်ပါမယ်လေ 365 နဲ့ဘဲ ဆောက်ဆောက် 90 နဲ့ဘဲ ဆောက်ဆောက် ၁ရက်နေ့မှာဆောက်ထားတဲ့ audienceက သူကအနောက်ကဟာကို ဆောက်ထားတာကို ဖြစ်တဲ့အတွက် ၁ရက်နေ့အရှေ့က ၂ရက်နေ့တို့ ၃ရက်နေ့တို့ကဟာတွေမပါဘူးလေ၊ running calculation လုပ်တာလား ဥပမာ ငါထင်ထားတဲ့ပုံစံမျိုးက ဥပမာ ၃လ ဆိုရင် ရက်၉၀ ဆိုလိုရှိရင် အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ အောက်တိုဘာ ၁ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ဆိုတဲ့ ဟာကြီးရှိတယ် ရက်ရွှေ့သွားတာနဲ့အမျှ ဒီလိုမျိုးရွေ့ သွားတာလားပေါ့။ ရက်ရွှေ့သွားတယ်ဆိုတာ အောက်တိုဘာ ၁ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ရက် အထိ က ၁ရက်နေ့မှာဆောက်ထားတဲ့ဟာ ဒါပေမဲ့ ၁ရက်နေ့ကနေ ၅ရက်နေ့ ဖြစ်သွား တယ်ဆိုလို့ရှိရင် အဲ့ဒေတာက ရွေ့သွားပြီး အောက်တိုဘာ ၅ရက်နေ့ကနေ ဇန်နဝါရီ ၅ရက်နေ့အထိ ဖြစ်သွားမှာလား ဖြစ်သွားမှာလေ ဥပမာ ကျွန်တော်တို့ ဆောက်တဲ့ဟာက ဇန်နဝါရီ ၁ရက်နေ့ကနေ 365 day ယူပြီးတော့ ဆောက်ထားတယ်ဆိုလို့ရှိရင် ၂၀၂၂ တစ်နှစ်လုံးပါမယ်ထားပါတော့ ဒါပေမဲ့ ကျွန်တော်တို့က ၂၀၂၄ အစမှာ ဆောက်လိုက်လို့ ရှိရင် 365 day ထဲမှာမှ ၂၀၂၃ ဟာဘဲပါမှာ ၂၀၂၂ ဟာတွေမပါတော့ဘူးလေ။ #marketing #digitalmarketing #market #career #askalex #askalexmm
2023-03-11
04 min
AskAlex
Content Writing ကို Competitor တွေရေးတာနဲ့မတူအောင် ဘယ်လိုရေးသင့်လဲ?
Q: Competitors တွေရေးတာကို ကြည့်ပြီး ဘယ်လိုကွဲထွက်အောင် လုပ်သင့်လဲ အကြံပေးပါဦးဗျ။ ဟိုးအရင့် အရင်က live တွေမှာတော့ အကို ပြောခဲ့ တယ်၊ compilator တွေရဲ့ content တွေကို အုပ်စုတွေခွဲပြီး လုပ်တာလိုမျိုးလေ။ အဲ့တာလေးပြန်ရှာမတွေ့ တော့လို့ပါ။ ဖြေပေးပါဦး ကို Alex A: အခြားသော compilator တွေရဲ့ content တွေအုပ်စုခွဲတဲ့အခါမှာ ခုနကပြော သလို topic ခွဲတာပါ၊ 7 P နဲ့ ခွဲလေ့ရှိတယ်၊ ဒါမှမဟုတ် product နဲ့ခွဲလေ့ရှိတယ်၊ ခုနကပြောတဲ့ culture relevant နဲ့ခွဲလေ့ရှိပါတယ်၊ အသေးစိတ်ပြန်ကြည့်ချင်တယ်ဆိုရင် ကျွန်တော့်ရဲ့youtube link လည်းရှိ တယ်ပြီးရင် ကျွန်တော်ရဲ့ tiktok link လည်းရှိပါတယ်။ tiktok မှာလည်း Alex khine ဆိုပြီးရှာရင် တွေ့လာ နိုင်ပါတယ်။ သွားကြည့်ကြည့်ပါ။ #marketing #digitalmarketing #market #career #askalex #askalexmm
2023-03-08
00 min
AskAlex
Media Buying လုပ်ဖို့ ဘယ်လိုအချက်အလက်တွေလေ့လာရမလဲ? (Ko Alex အမြင် : Summarize)
Q: Media Buying လုပ်ဖို့ ဘယ်လိုအချက်အလက်တွေလေ့လာရမလဲ? (Ko Alex အမြင် : Summarize) A: ကျွန်တော်မြင်တာ များများစားစားတော့မရှိဘူး ဒါပေမဲ့ အဲ့၂ခုပြီးသွားပြီဆိုလို့ရှိရင် ကိုယ့်ရဲ့ platform ကလူတွေအနေနဲ့ ဘာကြောင့်ဘယ်လိုသုံးနေလဲဆိုတဲ့ ဟာမျိုးတော့ သိသင့်တယ်လို့တော့မြင်တယ်။ အထူးသဖြင့် ကျွန်တော်တို့ Media Buyer တွေတော်တော်များများက ဘာကိုဘဲ ဦးစားပေးကြည့်ကြလဲဆို တော့ very technical သိတယ်မလား? media planner တွေ media buyer တွေအကုန်လုံးက number game ကို ကစားကြတာ များတယ်။ ဥပမာကျွန်တော်တို့ရဲ့ Facebook မှာ boost လုပ်မယ်ဆိုလို့ရှိရင် boost လုပ်ပြီးတော့မှ အဲ့ဒီဟာကို automize လုပ်ကြတယ်။ အဲ့အခါကျရင် ကျွန်တော်တို့ရဲ့ cost per result တွေကျလာတယ်၊ တက်သွား တယ်၊ပြီးရင် ကျွန်တော်တို့က Media Buyer တွေကို media planner တွေကိုဘာကိုပါနားလည်စေချင် လဲဆိုတော့ကျတော့ content marketing ကိုပါ နားလည်စေချင်တာပေါ့ အဲ့တာမှဘဲ content က ကိုယ် target ထားတဲ့သူက စိတ်ဝင်စားနိုင်၏ မစားနိုင်၏ ပြီးရင် ကိုယ်အရင်တုန်းက boost ခဲ့တဲ့ အပေါ်မှာ မူတည်ပြီးတော့မှ ဘယ်လိုမျိုး content မျိုးတွေက လူတွေပိုပြီးတော့ စိတ်ဝင်စားနိုင်မှာလဲ ဘယ်လိုမျိုး content မျိုးတွေက cost per result ကျနိုင်မှာလဲ ဆိုတဲ့ ပုံစံမျိုး historical data တွေရှိတယ် performance marketing ဘက်ကနေပြီးတော့မှ insert တွေရှိတယ်ဆိုရင်က ဒါသည်ကျွန်တော်တို့က နောက်ပိုင်း future မှာ content and creative team ဘက်ကနေ အလုပ်လုပ်မယ်ဆိုရင် ပြီးတော့ ကိုယ့်ရဲ့ ရောက်ချင်တဲ့ target မြင်ချင်တဲ့ contentတွေကို စျေးနှုန်းသက်သက်သာသာနဲ့ မြင်ရဖို့အတွက် ပိုပြီးတော့ ဖြစ်နိုင်ပါလိမ့်မယ်။ နည်းနည်းလေး summarize လုပ်ပေးတာပါ။ #marketing #digitalmarketing #market #career #askalex #askalexmm
2023-03-05
02 min
AskAlex
Media Buying လုပ်ဖို့ ဘယ်လိုအချက်အလက်တွေလေ့လာရမလဲ? (Ko Alex အမြင် : Objective)
Q: Media Buying လုပ်ဖို့ ဘယ်လိုအချက်အလက်တွေလေ့လာရမလဲ? (Ko Alex အမြင် : Objective) A: ကိုယ့်ရဲ့ objective ကို သိရမယ် ခုနကပြောသလိုဘာနဲ့တိုင်းမှာလဲ reach နဲ့တိုင်းမှာလား၊ digital စကားနဲ့ပြောမယ်ဆို reach နဲ့တိုင်းမှာလား၊ engagement နဲ့တိုင်းမှာလား၊ message နဲ့ ပြန်တိုင်းမှာလား စတဲ့ဟာတွေရှိတယ်၊ ကျွန်တော်တို့ online မှာဆိုရင်လည်း commercial၊ MRTV4 တို့ Skynet တို့ဘာတို့ညာတို့ commercial ထည့်တယ်ဆိုလို့ရှိရင် အဲ့ဒီ channel အဲ့ဒီဟာရဲ့ rating ကဘယ်လောက်ရှိလဲ၊ ဘယ်လောက်ကြည့်နေလဲ ဆိုတဲ့ data တွေရှိမယ် ကိုယ့်ရဲ့ objective ရအောင် ဘာလုပ်ချင်ဟာမျိုးတော့ ကိုယ့်အနေနဲ့ သိဖို့လိုတယ်။ အဲ့ဟာ ဒုတိယအချက်။ #marketing #digitalmarketing #market #career #askalex #askalexmm
2023-03-04
00 min
AskAlex
Media Buying လုပ်ဖို့ ဘယ်လိုအချက်အလက်တွေလေ့လာရမလဲ? (Ko Alex အမြင် : Target Audiences)
Q: Media Buying လုပ်ဖို့ ဘယ်လိုအချက်အလက်တွေလေ့လာရမလဲ? (Ko Alex အမြင် : Target Audiences) A: ကျွန်တော်မြင်တာ ကတော့ summarize လုပ်ပြရရင် (၃)ခုပေါ့နော် ကိုယ့်ရဲ့ target Audiences ကိုသိရမယ်၊ ဒါမှ digital မှာဆိုလို့ ရှိရင် onlineမှာဆိုလို့ရှိရင် ဘယ်ကို target ထားကြမလဲ အသက်အရွယ်တွေဘာတွေ ရွေးပြီးတော့မှ ဘယ်လို့ interest တွေကိုမူတည်ပြီးတော့မှ ဘာတွေလုပ်ကြမယ် ညာတွေလုပ်ကြမယ်၊ ကိုယ့်ရဲ့ target Audiences ကမဖြစ်မနေသိကိုသိရမယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2023-03-03
00 min
AskAlex
Engagement မရတဲ့ Page တစ်ခုကို ဘယ်လိုပုံစံနဲ့ ဆက် run ရမလဲ?
Q: Boosting Budget တွေသုံးသင့်သလောက်လည်းသုံး၊ အမျိုးမျိုးသော content idea တွေနဲ့လည်းတင်ပေမဲ့ ဘယ်လိုမှ engagement မရတဲ့ page တစ်ခုကို ဘယ်လိုလုပ်ရမလဲရှင့် ၊ သူတို့ကဘဲ ကိုယ့် product ကိုနားမလည်တာလား interested မဖြစ်လို့လား ဘယ်လိုပုံစံနဲ့ ဆက်သွားရမလဲ ဖြေပေးပါအုံးရှင့်။ A: သုံးသင့်သလောက်သုံးတယ်ဆိုတာ ဘယ်လောက် သုံးတယ်ဆိုတဲ့ဟာ မူတည်တာပေါ့ boost တယ်ဆိုရင်တော့ အနည်းဆုံးတော့ တစ်ဒေါ်လာဖိုး boost တယ်ဆိုရင်တောင်မှ ဆယ်ဂဏန်းလောက်တော့ ရတယ်ဟုတ်၊ engagement နဲ့ ဒီမှာဆိုရင်တော့ 1K လောက် ရတယ်။ အဲ့တော့ ဘယ်လိုမြင်လဲ? ကိုသန့်ထိုက်အောင်− engagement မရဘူးဆိုတဲ့ဟာကိုမှ comment မရတာကို ပြောချင်တာလား။ Engagement တွေကတော့ အခု 1K ဆိုလို့ရှိရင် engagement တွေချည်းဘဲပေါ့လေ။ Ko Alex - ကျွန်တော်မြင်တာကတော့ very much content နဲ့ဆိုင်တဲ့ဟာတွေ ဘာလို့လဲဆိုတော့ buying က ပြချင်တဲ့ သူဆီကို အဲ့ content ရောက်သွားတယ်ဆိုရင် buying က တာဝန်ကျေသွားပြီ၊ အဲ့တော့ objective က အကယ်လို့သာ engagement လိုချင်တယ် comment လိုချင်တယ် ဆိုလို့ရှိရင် အဲ့ဒီ content ထဲမှာ call to action ပုံစံမျိုးတွေ၊ ပြီးလို့ရှိရင် အဲ့ဒီ content ရဲ့ story telling approach တွေကတော့ အများကြီးပါသင့်တယ်လို့ထင်တယ် အခုဟာတော့ အဲ့ page ကိုကြည့်ကြည့်တာတော့ ကျွန်တော်တို့သတိထားမိတာ နံပတ်(၁) ရေးထားတဲ့ အရေး အသား content ထက်စာလို့ရှိရင် content တွေ topic တွေက နည်းနည်းရှုပ်တယ် ဆိုတော့ အဲ့ဟာတွေသည် customer စိတ်ဝင်စားတဲ့ဟာမျိုးဖြစ်နိုင်လားဆိုတဲ့ဟာမျိုး အရင်ကြည့်စေချင်ပါတယ်၊ ဒုတိယအချက်ကကျတော့ စာအရှည်ကြီးကို အပေါ်မှာရေးတာထက်စာလို့ရှိရင် ကျွန်တော် page မှ ကျွန်တော်ဘာနဲ့ရေးလေ့ရှိလဲဆို ကျွန်တော် ပုံတွေနဲ့ခွဲချလိုက်ပြီးတော့မှ ပုံ(၁)မှာ ဘာရှိတယ်၊ ပုံ (၂)မှာဘာရှိတယ်၊ ပုံ (၃)မှာ ဘာရှိတယ် သွားလိုက်တဲ့အချိန်မှာ နည်းနည်းလေးပိုပြီးတော့ ဖတ်ရတာ သက်တောင့်သက်သာရှိတာပေါ့၊ မဟုတ်ရင်ကစာအရှည်ကြီးရေးရတဲ့ဟာကို ဘယ်သူမှ မဖတ်ချင်ဘူးပေါ့၊ ကျွန်တော့ အနေနဲ့ မြင်တာက content marketing ကို အဓိက လုပ်စေချင်ပါတယ်။ content idea တွေအမျိုးမျိုးနဲ့ တင်တယ်ဆိုရင်တောင်မှ အလုပ်မဖြစ်ဘူးဆိုရင် ဘာကိုဆက်ပြီးအကြံပေးချင်လဲ ဆိုတော့ အလုပ်ဖြစ်တဲ့ page တွေကို သွားကြည့်ပြီးတော့မှဘဲ အလုပ်ဖြစ်တဲ့ page တွေရဲ့ ပုံစံမျိုးနဲ့ ၃၊၄၊၅၊ လလောက်ကို သွားမယ်ဆိုလို့ရှိရင် ပိုပြီးတော့အဆင်ပြေနိုင်မယ်လို့တော့ ထင်ပါတယ်။ ဒါမှမဟုတ်လဲ ကျွန်တော်တို့ဆီက ကူညီပေးလို့ရတယ် ဝင်ပြီးစျေးရောင်းတာပါ။ #marketing #digitalmarketing #market #career #askalex #askalexmm
2023-02-27
03 min
AskAlex
Marketer တစ်ယောက်အနေနဲ့ Personal brand တည်ဆောက်ဖို့ ပိုထိရောက်စေမယ့်နည်းလမ်းလေးအကြံပေးပါဗျ။
Q: Marketer တစ်ယောက်အနေနဲ့ လူတွေသိစေချင်တယ်ဆိုရင်၊ Personal brand တည်ဆောက်ချင်တယ်ဆိုရင် ကိုယ့်နဲ့ acc နဲ့ page မှာ ကိုယ်သိတာတွေ share သင့်တယ်လို့ ထင်လား။ ကိုAlexကကျတော့ ၂၀၁၆-၁၇ လောက်ကတည်းကဒီလိုလုပ်လာတာဆိုတော့ ဘယ်လို မျိုး လုပ်ရင် ပိုကောင်းမယ် ပိုထိရောက်မယ်ဆိုတဲ့ နည်းလမ်းလေးတွေအကြံပေးပါဦးဗျ။ A: Yes, ၁၀၀%-1000% share ပါ ပြောရမယ်ဆိုလိုရှိရင် junior တစ်ယောက်အနေနဲ့ အဲ့တာကို share လို့ရတယ် ကိုယ်က expert မဟုတ်သေးဘူးဆိုရင်တောင်မှ ဘယ်လို share လို့ရလဲဆိုရင် ဒီနေ့ ကျွန်တော်သိတဲ့တာက ဒါရှိတယ် အဲ့တော့ကျွန်တော်က ဒါကိုသိပြီး ဒီလိုမျိုးတွေးလိုက်တယ် ခင်ဗျားတို့ ဘယ်လိုမြင်လဲ ဆိုတဲ့ပုံစံမျိုးတွေ share လို့ရတယ်၊ ဒါသည် thought leadership အနေနဲ့ shareတာမဟုတ် ကျွန်တော်သည် ဒါကိုသိလိုက်တယ် ဒါကိုမြင်လိုက်တယ်၊ ဒါကိုကြားလိုက် တယ် ကျွန်တော်က ဒါကို ဒီလိုထင်တယ် ခင်ဗျားတို့ရောဘယ်လိုမြင်လဲဆိုတဲ့ ပုံစံမျိုးတွေ share တယ်ဆိုရင် အဓိက sharing sharing sharing post လုပ်ဖို့ပါဘဲ အဲ့ဒီတော့ Facebook မှာ မှမဟုတ်ဘူး Facebook၊ TikTok၊ YouTube၊ Linkedin၊ Spotify၊ google podcast, apple podcast၊ channel ၇ခုလုံးမှာတင်နေတာ ကျွန်တော့်ရဲ့ volunteer ညီမရဲ့ အကူအညီနဲ့ပေါ့ share ပါ sharing လုပ်တဲ့ဟာကို 100% အားပေးပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2023-02-17
01 min
AskAlex
Marketing အကြောင်းအရာတွေကို ဘယ်လို mindset မျိုးနဲ့ Sharing လုပ်ပေးဖြစ်ခဲ့ူတာလဲ?
Q: ကို Alex Marketing အကြောင်းတွေ Page နဲ့ acc မှာစ share တုန်းက ဘယ်လို mindset မျိုးနဲ့ လုပ်ခဲ့လဲဗျ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလဲ၊ ကိုယ့်ထက်ဂေါ်နေတဲ့ Senior တွေနဲ့ဆိုတော့ သိမ်ငယ်တာမျိုးမဖြစ်ဘူးလား၊ A: ဘယ်လို mindset မျိုးနဲ့ လုပ်ခဲ့တာလဲဆိုတော့ ကျွန်တော့ mindset ကတော့ရှင်းပါတယ်၊ တစ်ခုထဲဘဲ ကျွန်တော့ mindsetက ကျွန်တော်အရင်တုန်းက ၂၀၁၃ လောက်မှာ digital marketing ကိုကောင်းကောင်းလေးစခဲ့တယ်။ KFC နဲ့ကျွန်တော်စတယ်။ digital marketing လုပ်တယ်ဆိုတဲ့ဟာက Facebook မှာ post တင်တဲ့ဟာလောက်ဘဲရှိတာ ဘယ်လိုလုပ်ရမလဲ ဘယ်လိုရှာရ မလဲဆိုတာ မြန်မာပြည်မှာ ပြောတဲ့ဟာ တစ်ခုမှမရှိဘူး အဲ့တော့ အသားကုန်းလိုက်ရှာရတယ်၊ YouTube ကနေရှာတယ် Website ကနေရှာတယ် Google ကနေရှာတယ် အကုန်လိုက်ဖတ်နဲ့ သွားတာဆိုတော့ မြန်မာပြည်မှာ ငါမေးချင်တာ မေးလို့ရတဲ့လူရှိရင် ကောင်းမှာဘဲဆိုတဲ့ စိတ်တစ်ခုဘဲရှိတယ်၊ အဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ၊ marketing နဲ့ပတ်သက်လာတယ်ဆိုလို့ရှိရင် ကျွန်တော့်အနေနဲ့မေးသမျှကိုသိသလောက်တတ်သလောက်လေးဖြေပေးမယ်၊ လုပ်ပေးမယ် ဆိုတဲ့ ဟာမျိုးနဲ့လုပ်ပေးမယ်ဆိုတဲ့အဲ့စိတ်တစ်ခုဘဲရှိတာအခုထိလည်းအဲ့စိတ်တစ်ခုဘဲရှိတာ ကျန်တဲ့ဟာသည်ဘာမှလိုချင်တဲ့ expect တွေဘာတွေဘာမှရှိမနေဘူးအဲ့တော့ ကိုယ့်ထက်ဂေါ်နေတဲ့Senior တွေနဲ့ဆိုသိမ်ငယ်တာမျိုးမဖြစ်ဘူးလားဆိုတော့အဲ့စီနီယာတွေကဘာမှမရေးလို့ ကျွန်တော်လိုက်တွန်းနေတာ အကိုတွေအစ်မတွေက ဘာမှမရေးဘူးဆိုတာ သူတို့အလုပ်တွေအရမ်းရှုပ်တာဖြစ်တဲ့လျောက် သူတို့ရဲ့ အရမ်းကြီးနည်းတဲ့ personal time က အချိန်မပေးနိုင်တာလဲပါတာပေါ့ သိမ်ငယ်တာ မျိုးတော့ မရှိဘူးရယ် insecurity မရှိဘူး ကျွန်တော့ကို criticize လုပ်ခဲ့တဲ့သူတွေလည်း အများကြီးမြင်ခဲ့ဖူးပါတယ် ဒဲ့ကြီးဖဲ့တာကအစ ကောင်းစေချင်လို့ ပြင်စေချင်လို့ အကိုတွေအမတွေ ညီတွေ ညီမတွေနဲ့လည်း စကားပြောခဲ့ဖူးတယ်ဆိုတော့ သိမ်ငယ်တယ်ဆိုတာထက် ကျွန်တော့ရဲ့ positive feedback ကိုပေးတယ်ဆိုရင် ကျွန်တော်အဲ့အတိုင်းကို ကျွန်တော်စဉ်းစားတဲ့ပုံစံကို ဘယ်လိုမျိုးဖြစ်အောင်လုပ်လို့ရမလဲ စဉ်းစားပြီးလုပ်ကြည့်တယ် အသားလွတ်ကြီးကျုံးတယ် ဆိုရင်တော့ ကျွန်တော်ကဖတ်ပြီးတော့ အော်ငါ့ကိုကျုံးဖို့အတွက်က ငါ့ video ကိုလာပြီး ကြည့်ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျေးဇူးတောင် တင်ပါသေးတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2023-02-16
02 min
AskAlex
Page Represent ဖြစ်စေတဲ့ Content ကို ဘယ်လို Create လုပ်ရမလဲ...? (Part:2 -Branding)
Q: Hello Ko Alex ပုံမှန် post boost ဘဲလုပ်ဖူးတာမို့လို့ page promote လုပ်တဲ့အခါ ဘယ်လို content မျိုးကိုလုပ်သင့်လဲ၊ ပုံတစ်ပုံဘဲသုံးလို့ရပြီး content က page ကို represent ဖြစ်နေရမှာဆိုတော့ Thank! A: ကျွန်တော်က brand က ပြောမယ်ပေါ့ brand ဘက်ကတော့ ကျွန်တော်မြင်တာ အရမ်းကြီး push ဖြစ်တဲ့ content တွေထက်စာလို့ရှိရင် pull ဖြစ်တဲ့ contentကတော့ ပိုပြီးတော့အရေးကြီးမယ်နဲ့ တူတယ် ဥပမာဗျာ page like ဆိုတဲ့နေရာမှာ ဒီ page ကိုဘာကြောင့် like လုပ်သင့်လဲဆိုတဲ့ အရာက functional အနေနဲ့ဘဲပြလို့မရဘူး၊ ဥပမာ ကျွန်တော့်နာရီပေါ့လေ ဒီနာရီမှာအချိန်မှန်တယ်၊ ရှေးဟောင်း F နာရီပုံစံမျိုးနဲ့ ကြိုက်တဲ့သူတွေက ကျွန်တော်တို့ရဲ့ page ကို like လုပ်ထားပါတယ်ဆိုတဲ့ ပြောတယ်ဆိုတာထက် အဲ့ထက်ကိုပိုပြီး ကျွန်တော်တို့ရဲ့ culture Benefit ကို ဘယ်လိုမျိုး ချိတ်လို့ရမလဲပေါ့နော် ဥပမာ ဒီလိုနာရီမျိုးက ကျွန်တော်တို့ရဲ့ ရှေးဟောင်းပစ္စည်းပုံစံမျိုးတွေကို ကြိုက်တဲ့ End Date ပုံစံမျိုးတွေကြိုက်တဲ့သူတွေဆို ဒါသည် ဘယ်နှစ်ခုနှစ် ကနေပြီးတော့မှ ရှိတဲ့ပုံစံမျိုးနဲ့ စတဲ့စတဲ့ပုံစံမျိုးနဲ့ တူတယ်တို့ အဲ့တော့functionalတစ်ခုထဲကို သွားပြီးတော့ content create လုပ်တာထက်စာလို့ရှိရင် ကျွန်တော်တို့က cultural မှာလည်း ကျွန်တော်တို့ရဲ့ vintage , end date ဆိုတဲ့ဟာမျိုးကို ဘယ်လိုမျိုးပုံဖော်မှာလည်းဆိုတဲ့ ပုံစံမျိုးကို သိစေချင်တယ် ဆိုလိုချင်တာတော့ brand သည်ဘာလဲဆိုတာ သိဖို့အရေးကြီးတယ်,ဒီအချိန်မှာ product ကသိပ်အရေးမကြီးဘူးဥပမာ ကျွန်တော် တို့ရဲ့ level up ဆိုတဲ့ agency ကို မသိတဲ့သူ တစ်ယောက်အတွက်မှာ content marketing ကိုဘယ်လိုရောင်းသင့်ပါတယ်ဆိုတာကို သွားပြရင်ဘာမှမတိုးတက်သလိုမျိုးဘဲ level up ရဲ့လက်ခံ ထားတဲ့ culture တွေ သွားလေ့ရှိတဲ့ concert တွေ ကျွန်တော်တို့က ဒီ community ကို ဘယ်လိုမျိုး up လုပ်နေမလဲဆိုတဲ့ ပုံစံမျိုးတွေနဲ့ ချပြမယ်ဆိုရင်က သူတို့အနေနဲ့ကလည်း ကျွန်တော်တို့ pageကို မသိသေးတဲ့သူတွေကလည်း page ကို like ချင်တဲ့စိတ်ရှိတယ်၊ ဒါတစ်ပိုင်း နောက်စ်ပိုင်းကကျတော့ ဘာပြောချင်လဲဆိုတော့ အဓိက post ကို boost လုပ်ဖူးတယ်ဆိုရင်က ကျွန်တော်တို CTO ထဲမှာဘာထည့်လို့ရလဲဆိုရင်က ကျွန်တော်တို့ရဲ့ best performance post တွေရှိမှာဘဲ လွန်ခဲ့တဲ့ (၁)နှစ် (၂)နှစ် (၃)နှစ် ကဟာတွေပြန်ကြည့်လိုက် ပြန်ကြည့်လိုက်တဲ့ အချိန်မှာ product post မဟုတ်ဘဲ best performance post တွေကို အဲ့ CPO ထဲထည့်တယ်ဆိုရင်က ဒီဘက် page promote အနေနဲ့ page like ကိုတိုးအောင် လုပ်တဲ့နေရာမှာလဲအသုံးဝင်ပါတယ် ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ human nature မှာကိုက လူသားတွေက engage လုပ်နေပြီဆိုရင် အနည်းနဲ့အများတော့ ဒီ page လေးကဘာ page လဲမသိဘူး ဆိုပြီးအထဲကိုဝင်ကြည့်တတ်တဲ့ ပုံစံမျိုးတွေရှိတာဆိုတော့ကျတော့ ကိုယ့်ဆီမှာ reaction comment တွေအရမ်းများတဲ့ post တွေရှိရင် အဲ့post တွေကို page promote ထဲမှာပြန်ပြီးတော့ သုံးလို့ရနိုင်မယ် အဲ့လိုမျိုးလည်းကျွန်တော်အနေနဲ့ သုံးခဲ့ဖူးပါတယ် effective လည်းဖြစ်ခဲ့ဖူးပါတယ် အဲ့ဒီတော့ ၂ခုကို brand ဘက်ကနေပြောပေးတာပါ၊ #marketing #digitalmarketing #market #career #askalex #askalexmm
2023-01-23
03 min
AskAlex
Page Represent ဖြစ်စေတဲ့ Content ကို ဘယ်လို Create လုပ်ရမလဲ...? (Part:1 -Media Buying)
Q: Hello Ko Alex ပုံမှန် post boost ဘဲလုပ်ဖူးတာမို့လို့ page promote လုပ်တဲ့အခါ ဘယ်လို content မျိုးကိုလုပ်သင့်လဲ၊ ပုံတစ်ပုံဘဲသုံးလို့ရပြီး content က page ကို represent ဖြစ်နေရမှာဆိုတော့ Thank! A: နှစ်ခု လုပ်လို့ရတယ် တစ်ခုကတော့ call to action ရေးမဲ့စာကြောင်း၊ page ကိုဘာဖြစ်လို့ like ရမှာလဲ၊ follow လုပ်ရမှာလဲ ဆိုတဲ့အကြောင်းအရာတစ်ခုခု အဲ့ဟာနဲ့ စာကြောင်းအရှည်ကြီးမဟုတ်ဘဲနဲ့ အတိုလေးလည်းရတယ် ပြီးတော့ ပေးချင်တဲ့ ကျွန်တော်တို့ products ရဲ့ USB ဘာတွေရှိလဲ ဒါမှမဟုတ် emotion နဲ့ ချိတ်ထားတဲ့ဟာဘဲဖြစ်ဖြစ် တစ်ခုခုဘာရှိလဲ အဲ့တာကို virtual နဲ့ content ပေါ်မှာရေးပေါ့နော်၊ page live ကို run မယ်ဆိုလို့ရှိရင် ပုံကတော့ square နဲ့ တစ်ပုံဘဲ သုံးလို့ရတယ် ကျွန်တော်တို့က cb ကိုဖွင့်ပြီးတော့ campaign budget organization ဖွင့်ပီးတော့ ads set တွေအများကြီး ခွဲလိုက်လို့ရတယ် ကျွန်တော်တို့ဆီ ဥပမာ page like အတွက် အသစ် creative လုပ်ထားတာတော့ မဟုတ်ဘူး ကျွန်တော်တို့engagement ကောင်းနေပြီးသား post လေးတွေရှိတယ် အဲ့ဟာကို ကျွန်တော်တို့က page like အတွက်ပိုပြီးတော့ page like နဲ့ call to action စာသားလေးတွေပြောင်းပြီး very virtual နဲ့သုံးလို့ရတယ် တစ်ခုထဲသုံးစရာမလိုဘူး ကျွန်တော်တို့ CPO နဲ့ဖွင့်ပြီးလို့ရှိရင် content အကောင့်နဲ့ ၄ ၅ ၆ ခုနဲ့ဖွင့် ပြီးရင် CPU နဲ့ run လိုက် ပြီးရင် ၁,၂ ရက်ကို စောင့်ကြည့်လိုက် ဘယ်ဟာတွေက cost တွေများနေလဲ ပြီးတော့ ဘယ်ဟာတွေက cost တွေနည်းနေလဲ အဲ့တော့ cost တွေများတဲ့ဟာတွေကိုပိတ်လိုက် ပြီးတော့ ထပ်ပြီးတော့ content အသစ်တွေစမ်းချင်ရင် အဲ့မှာထပ်ထည့်ပြီးတော့စမ်းသွားလို့ ရတယ်ပေါ့၊ ကိုသန်းထက်အောင် က Media ပိုင်းကို ပြောတာ..။ #marketing #digitalmarketing #market #career #askalex #askalexmm
2023-01-22
02 min
AskAlex
Content Writer ကနေ Strategist ပိုင်းကို ဘယ်လိုပြောင်းရမလဲ..?
Q: မင်္ဂလာပါကို Alex။ ညီမအခုလက်ရှိ agency တစ်ခုမှာ junior content writer အနေနဲ့လုပ်နေပါတယ်။ ညီမက content writer မှာမဟုတ်ဘဲ marketing strategy တွေချတာ။ outdoor marketing campaign တွေ run တာ၊ KOL တွေနဲ့ ချိတ်ဆက်တဲ့အပိုင်းတွေကိုလည်းလေ့လာပြီး career ကိုပို upgrade လုပ်ချင် ပါတယ်။ အဲ့ဒါဘယ်လိုလမ်းကြောင်းနဲ့သွားလို့ရမလဲဆိုတာလေးရယ်၊ A: နှစ်ပိုင်းမေးထားပါတယ်။ ပထမတစ်ပိုင်းက အခုလက်ရှိ agency တစ်ခုမှာ junior content writer အနေနဲ့ လုပ်နေပါတယ်။ ညီမက content writer မှာမဟုတ်ဘဲ marketing strategy တွေချတာ။ outdoor marketing campaign တွေ run တာ၊ KOL တွေနဲ့ ချိတ်ဆက်တဲ့အပိုင်းတွေကိုလည်းလေ့လာပြီး career ကိုပို upgrade လုပ်ချင်ပါတယ်ဆိုတာက အဲ့တာက content writing ဆိုတာထက် ကျွန်တော်မြင်တာက account manager ၊ account team ဘက်ကိုပြောင်းမယ်ဆိုရင်တော့ အဲ့တာတွေကအကုန်လုံး၊ ကိုယ်တိုင် marketing strategy မချရဘူးဆိုရင်တောင်မှ ဝိုင်းကူရမှာပေါ့လေ။ ဆိုတော့ content writer ကိုလုပ်တာ မျိုးမဟုတ်ဘဲနဲ့ account management team ဘက်ကိုကူးလိုက်ပါ။ အဲ့တာဆိုရင် ဒီပြောလိုက်တာ အကုန်လုံးသည် လုပ်ရနိုင်ချေများပါတယ်။ ပြီးတော့ outdoor marketing campaign တွေ run တာနဲ့ KOL ချိတ်ဆက်တဲ့အပိုင်းတွေကျတော့ ကိုယ့်ရဲ့ client တွေနဲ့လည်းဆိုင်သေးတယ်ဗျ။ ကိုယ့်ရဲ့ client တွေ က ဒီ agency ကိုထားပါတော့၊ digital marketing ထဲက၊ social media marketing ထဲက၊ content marketing ထဲကပဲလာအပ်၊ ဥပမာ post တင်ဖို့လောက်ပဲအလုပ်လာအပ်တယ်ဆိုရင်တော့ ဒီ agency သည် post တင်ဖို့လောက်ပဲလုပ်ရတာများတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ ဥပမာ- Mango တို့၊ river orchid တို့၊ blade တို့ဘာညာတို့ဆိုရင်က 360 agency လို့ခေါ်တယ်။ integrated marketing ကိုသွားတဲ့ဟာမျိုး တွေ။ နောက်ဆုံးကြော်ငြာဝင်ရရင် ကျွန်တော်တို့ level up ပဲ 360 marketing သွားတယ်ပေါ့နော်။ ၃၆၀ သွားနေတဲ့ agency အကြီးကြီးတွေရှိတယ်။ အဲ့တော့ သူတို့ကတော့ digital တစ်ခုတည်းအပြင်ကိုမှ တခြားသော billboard တွေ၊ radio တွေ၊ production တွေ၊ KOL တွေ၊ brand ambassador တွေ၊ PR တွေစတဲ့ဟာတွေအကုန်လုံးကို ထည့်ပြီးတော့လုပ်ရလေ့ရှိတယ်။ အဲ့တာတွေကိုစိတ်ဝင်စားတယ်ဆို ရင်တော့ အဲ့တာကိုခေါ်နေတဲ့ agency တွေကိုသွားလျှောက်ပေါ့နော်။ ကြော်ငြာထပ်ပြီးဝင်ရရင် ကျွန်တော် တို့လည်း 360 လုပ်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2023-01-20
03 min
AskAlex
Challenging ဖြစ်တဲ့ industry မှာ ကျရှုံးမှုတွေကြုံလာရင် ဘယ်လိုစိတ်ထားနဲ့ ကျော်ဖြတ်ရမလဲ..?
Q: challenging ဖြစ်တဲ့ ဒီ industry မှာ ကျရှုံးမှုတွေကြုံလာရင် ဘယ်လိုစိတ်ထားနဲ့ ကျော်ဖြတ်ရမလဲ၊ ကို Alex ရောဘယ်လိုကျော်ဖြတ်ရမလဲ သိချင်ပါတယ်ဗျ။ A; နောက်ဆုံးမှာ challenging ဖြစ်တဲ့ ဒီ industry မှာ ကျရှုံးမှုတွေဖြစ်လာပြီဆိုရင် ဘယ်လိုစိတ်ထားနဲ့ဖြတ်ကျော်ရမလဲဆိုတော့ ကျွန်တော်က တော့ကြိုက်တယ်။ အဲ့လိုမရှိဘူးဆိုရင် ဘယ်လိုဆက်ပြီး goal ရမလဲဆိုတာ သိမှာမဟုတ်ဘူး။ အမြဲတမ်း အဆင်ပြေနေတယ်ဆိုရင်တော့ ငါလုပ်တာမှန်တယ်ဆိုတဲ့ စိတ်ကြီးကဝင်နေတာ။ ကျွန်တော်တို့တောင် သုံးလေးခုလောက်အဆင်ပြေတယ်ဆိုရင် ငါစောက်ရမ်းတော်တယ်ဆိုတဲ့ အတွေးတွေဝင်လာတာပေါ့နော်။ အဲ့တော့ failure ဖြစ်တဲ့ဟာမျိုးကို သဘောကျတယ်။ အဓိက failure မှာဘယ်လိုမျိုး learn လုပ်ပြီးတော့ ဘယ်လိုမျိုး next ဆက်သွားမလဲဆိုတာ ကြည့်တာများတယ်။ နည်းနည်းပါးပါးတော့ အဆဲခံရတာပေါ့လေ။ အရင်တုန်းက ကျွန်တော်ရဲ့ operate life ဆယ်နှစ်၊ ဆယ့်တစ်နှစ်မှာ မှားသွားတဲ့ဟာတွေအများကြီး ရှိပါတယ်။ အဲ့တာတွေအကုန်လုံးကို report ထဲမှာ ကိုယ့်ရဲ့ supervisor ကို၊ ကိုယ့်ရဲ့ manager ကို၊ ကိုယ့်ရဲ့ business owner ကို ဘာတွေအမြဲပါလဲဆိုတာကို report တယ်။ ကျွန်တော်တို့ကတော့ ဘာတော့ကောင်း ကောင်းလုပ်ခဲ့တယ်၊ ဘာတော့လိုသွားတယ်၊ ဘာတွေ learning ရခဲ့တယ်၊ နောက်တစ်ခေါက်ဆိုရင်တော့ ဘာတွေတော့ရှောင်မယ်၊ ဘာတွေတော့လုပ်ပါ့မယ်ဆိုတဲ့ပုံစံမျိုးကို သင်ယူတယ်ပေါ့နော်။ နောက်တစ်ခုက ဘာလဲဆိုတော့ failure တွေက ကျွန်တော်ကနည်းနည်းလေး zoom up လုပ်ကြည့်လိုက်တယ်။ ကျွန်တော် တို့က failure တစ်ခုကြုံလာပြီဆိုရင် အဲ့ဒီ failure တစ်ခုတည်းကိုပဲ ကြည့်နေတဲ့ဟာမျိုး ဖြစ်တာပေါ့နော်။ ဆိုတော့ zoom out လုပ်ကြည့်လိုက်တယ်ဆိုတဲ့ဟာက ဒီ failure တစ်ခုတည်းမဟုတ်ဘဲနဲ့ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ပေါ့နော်။ ကျွန်တော်ဆိုရင်အခု အသက်သုံးဆယ်။ zoom out လုပ်ကြည့်လိုက်တဲ့ချိန်မှာ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ် ကျောင်းမှာကတည်းက ကျွန်တော်အမှားလုပ်မိလို့ failure တွေအများကြီးပဲ။ စာမေးပွဲကျတာတော့မဟုတ်ဘူးပေါ့နော်။ ဥပမာ- ဘောလုံးကန်လည်းရှုံးတာပဲ။ အဲ့ဒီမှာမှ တက္ကသိုလ်မှာ ဆိုလို့ရှိရင် draft out လုပ်ထားခံရတယ် ကျလို့ဆိုတော့ အဲ့ဒီဟာလည်း ကျွန်တော့်ရဲ့ failure ပဲပေါ့နော်။ အဲ့ဒီကနေ Technoland ၂၀၁၁ ကနေဒီနေ့အထိကြားထဲမှာ ကျွန်တော်လုပ်ခဲ့တဲ့ failure တွေကအများကြီး ပဲ။ အဲ့တော့ zoom out လုပ်လိုက်တဲ့အချိန်မှာ failure တွေကြောင့် ဘာတွေသိလာရလဲ။ ဒီအချိန် ၂၀၂၂ မှာ ၂၀၁၁ က failure ကိုသွားစဉ်းစားတယ်ဆိုရင် ရယ်စရာကြီးဗျာ။ အဲ့အချိန်တုန်းကတော့ လုံးဝခေါင်းမီး တောက်နေတာ။ ဒါပေမဲ့ ဆယ်နှစ်လောက်ကြာသွားတဲ့အချိန်မှာ ချာတိတ်အမှားပဲပေါ့ဗျာ။ ဒီအချိန် မှာလည်း အသက်သုံးဆယ်အရွယ် Alex Khine က အသက်သုံးဆယ်အမှားကို မှားနေအုံးမှာပဲ။ ဆိုတော့ zoom out လုပ်ကြည့်ကြည့်ပါ။ အရမ်းကြီးမခံစားရတော့ဘူးပေါ့နော်။ big coin တို့ဘာတို့ကို trade လုပ်ခဲ့တယ်ပေါ့နော်။ အခုကျွန်တော် save လုပ်ထားတာလေးတွေ၊ invest လုပ်ထားတာလေးတွေရှိတယ်။ big coin industry ထဲမှာ စကားလေးတစ်ခွန်းရှိတယ်။ what in doubt, sold out. တစ်ပတ်လောက်ထိပဲ charge ကိုကြည့်တယ်ဆိုရင်က အရမ်းတက်လိုက်ကျလိုက်ဖြစ်တာရှိတယ်။ ဒါပေမဲ့ ဆယ်နှစ်လောက်ကို ကြည့်တဲ့အချိန်မှာ career of progress ကတက်နေမှာပဲ။ ကိုယ့်ကိုကိုယ်သံသယဝင်လာတယ်ဆိုရင်က ငါစောက်သုံးမကျလို့ ဒါကြီးကမှားသွားတာထက်စာရင် zoom out လုပ်ကြည့်လိုက်၊ လွန်ခဲ့တဲ့ငါးနှစ်ကနေ ဒီနေ့အထိ ဘာတွေ goal ခဲ့ပြီးပြီလဲ၊ ဘာတွေ learn လုပ်ခဲ့ပြီးပြီလဲ။ ဒီ failure ပေါ်မှာရော ငါ့အနေနဲ့ဘာကို ဆက်ပြီး learn လုပ်လို့ရမှာလဲ ကြည့်တယ်ဆိုရင်တော့ တော်တော်လေးစိတ်သက်သာရာရမှာပါ။ ကျွန်တော်ကတော့အဲ့နည်းနဲ့ ကိုယ်ဟာကိုယ်ဖြေတယ်ပေါ့နော်။ #marketing #digitalmarketing #market #career #askalex #askalexmm
2023-01-14
05 min
AskAlex
Career Change နဲ့ ပတ်သတ်ပြီး ဘယ်ကနေ ဘယ်လိုစလုပ်ရမလဲ..? (Digital Marketing)
Q: လေးစားအားကျရပါသော ကို Alex ခင်ဗျာ။ career change နဲ့ပတ်သက်ပြီး အကြံဉာဏ်လေးရယူချင် လို့ပါ။ digital marketing ကိုမထိခလုတ်လေ့လာပြီး part time သဘောမျိုး ကြုံသလိုဝင်လုပ်နေတာ 2 နှစ်ရှိပါပြီ။ professional တစ်ယောက် specialist တစ်ယောက်ဖြစ်အောင် ထဲထဲဝင်ဝင် လေ့လာလုပ်ကိုင် လိုပါတယ်။ ဘယ်ကနေ ဘယ်လိုစသင်ယူသင့်ပါသလဲ၊ တစ်ရက်ကိုအချိန်ဘယ်လောက် အနည်းဆုံးပေးရ သလဲ။ A: ဘယ်လိုကနေစပြီးသင်ရမလဲဆိုတော့ part time အနေနဲ့မလေ့လာဘဲနဲ full time အနေနဲ့လေ့လာသင့် ပါတယ်။ agency တစ်ခုခု၊ business တစ်ခုခုကို full time အနေနဲ့ဝင်ပြီးလေ့လာပါ။ ကျွန်တော်ကတော့ ထိလိုက်မထိလိုက်လုပ်တာ သိပ်မကြိုက်ဘူး။ ကျွန်တော်အခုဆိုရင် HR လေ့လာနေတာ။ ဘာဖြစ်လို့လဲ ဆိုတော့ marketing agency ကကျတော့ လူတွေကို build လုပ်ထားတဲ့ business industry ဆိုတော့ ကျတော့ HR ကိုပိုပြီးတော့ learn လုပ်နေရတယ်ပေါ့နော်။ digital marketing ကို learn လုပ်ချင်တယ်ဆို ရင်တော့ company တစ်ခုခုကိုဝင်တာ အကောင်းဆုံးပဲ။ part time နဲ့မဝင်ဘဲ full time နဲ့သာဝင်၊ အဲ့ဒါအကောင်းဆုံးပဲ။ တစ်ရက်ကို ၈ နာရီလောက်ပေးရမှာဆိုတော့ သူတို့ဆီကမြင်နေရတာအကုန်လုံးက ကိုယ့်အတွက်လည်းသင်ပေးနိုင်တဲ့ mender တစ်ယောက်ရလာနိုင်တယ်။ မတူညီတဲ့ exposure တွေရလာ နိုင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2023-01-12
02 min
AskAlex
Engagement နဲ့ boost ပြီးသားကို Message ပြန်ပြောင်းလုပ်လို့ရလား..?
Q: engagement boost ပြီးသားကို message နဲ့ပြန်လုပ်တာဘယ်လိုမှရွေးလို့မရဘူး။ အကုန်ရွေးလို့ရတယ်။ boost ထားတဲ့ဟာကိုပဲပြန်ရွေးလို့မရဘူး။ ပြီးတော့ leads တို့ engagement, traffic အဲ့ထဲမှာလည်း calls, message ကတော်တော်ဗရှုပ်သွားသလိုပဲ။ တစ်ချက်လောက်ရှင်းပြပေးပါအုံး ကို Alex။ A: ကိုသန့်ထိုက်အောင် - ပထမဆုံး engagement နဲ့ boost ပြီးသားကို message နဲ့ပြန်လုပ်လို့မရတော့ဘူး ဆိုတာက ကျွန်တော်တို့က အဲ့ boost တစ်ခုမှာ run လို့ပြီးသွားတဲ့အချိန်မှာ campaign နောက်တစ်ခုဆောက် မယ်ဆိုရင် အဲ့ campaign ကလည်း အရှေ့ကရွေးထားတဲ့ objective နဲ့မတူဘူးဆိုရင် ပြန်ပြောင်းလို့မရဘူး။ အဲ့တော့ကျွန်တော်တို့လည်း ဘာလုပ်လေ့ရှိလဲဆိုတော့ တစ်ချို့ content တွေကို engagement နဲ့အရင် boost ပြီးမှ message နဲ့ပြန်လိုက် boost ကြည့်တဲ့ဟာတွေလည်း ရှိတာပေါ့နော်။ အဲ့တော့ကိုယ်က message နဲ့ပဲ boost ရင် boost မယ်လို့စဉ်းစားထားလို့ရှိရင် engagement campaign နဲ့ဆောက်လိုက် ကတည်းက Ads ပေါ်မှာ call to action (send message) ကိုတစ်ခါတည်းထည့်ထားပေါ့နော်။ မထည့် ထားဘဲနဲ့ engagement နဲ့ run ပြီး message နဲ့ပြန်ချင်တယ်ဆိုရင် app က run ပြီးသားဖြစ်သွားတဲ့ အတွက် post ကို edit မပေးတော့ဘူး။ call to action ပေးမထည့်တော့ဘူး။ ကို Alex - သူကဆိုလိုချင် တာက one post, one content ကို objective တစ်ခုတည်းနဲ့ပဲ boost လို့ရတာပေါ့နော်။ ကိုသန့်ထိုက်အောင် - objective တစ်ခုဆိုတာထက် သူနဲ့ similar ဖြစ်တဲ့ objective တွေပြန်ရွေးလို့ရတယ်ပေါ့နော်။ ဉပမာ- video ဆိုရင် engagement နဲ့ run တဲ့ဟာကို video view နဲ့ပြန် run လို့ရတယ်။ ဒါပေမဲ့ကိုယ်က call to action တစ်ခုခုကိုပြန်ထည့်ပြီးတော့ run ချင်တဲ့ ဉပမာ- traffic နဲ့ပြောင်းမယ်တို့၊ send message မှာထည့်မယ်တို့၊ what app ကို drive တဲ့ဟာထည့်မယ်တို့ဆိုရင် call to action တွေကပေးမထည့်တော့ ဘူး။ ဘာလို့လဲဆိုတော့ Ads က run ထားပြီးသားဖြစ်သွားတဲ့အတွက် လုံးဝပေးမထည့်တော့ဘူး။ အဲ့တော့ နဂိုတည်းက message နဲ့ run မယ်လို့စဉ်းစားထားတာရှိရင်တော့ တစ်ခါတည်း engagement နဲ့မ run ခင်ကတည်းက အဲ့ post ပေါ်မှာ call to action လေးထည့်ပေါ့နော်။ ဥပမာ- ကိုယ်က website ကိုပဲ drive ချင်တာဆိုရင်တော့ learn more တို့ဘာတို့ထည့်ပေါ့နော်။ #marketing #digitalmarketing #market #career #askalex #askalexmm
2023-01-04
02 min
AskAlex
AB test သုံးနည်းနဲ့ ဘာအတွက်သုံးတာလဲ..?
Q: AB test သုံးနည်းလေးနဲ့ ဘာအတွက်သုံးတယ်ဆိုတာလေး ပြောပြပေးလို့ရမလားဗျ။ တစ်ချို့ post တွေကိုပုံနှိပ်လိုက်ရင် ဖုန်းခေါ်တာတို့ စာတန်းပို့တာတို့ကကော ဘယ်လိုလုပ်တာလဲအကို ကျေးဇူးပါ။ A: နောက်တစ်ပိုင်းက ကျတော့ AB test ဆိုတာ creative ကိုစမ်းချင်တာလား၊ audience ကိုစမ်းချင်တာလား၊ placement ကို စမ်းချင်တာလား၊ ၃ ခုရွေးလို့ရတယ်ပေါ့နော်။ AB test ကိုရွေးပြီးသွားပြီးတော့ campaign တစ်ခုခုကို ကြိုက်တဲ့ objective နဲ့လုပ်လိုက်ပေါ့နော်။ ပြီးရင် AB test ကိုဖွင့်လိုက်တာနဲ့ ကျွန်တော်တို့က duplicate လုပ်မှာလား၊ ဒါမှမဟုတ်ရင် ရှိပြီးသား assent တစ်ခုနဲ့သွားပြီးတော့ ယှဉ်မှာလားဆိုပြီးတော့ ရွေးခိုင်းတယ် ပေါ့နော်။ အဲ့တော့ AB test မဖွင့်ခင်မှာ assent ကိုနှစ်ခု duplicate လုပ်ထားတယ်ဆိုရင် အဲ့ assent နှစ်ခု ကို creative မတူဘူးဆိုရင် သူ့ရဲ့ AB test ဖွင့်ပေးလို့ရှိရင် ဘယ်ဟာကိုယှဉ်ချင်တာလဲ၊ ဘယ်ဟာကို test ချင်တာလဲဆိုပြီးတော့ မေးတဲ့အချိန်မှာ သုံးခုရှိတယ်။ creative ကိုရွေးလို့ရတာရယ်၊ audience ကိုရွေးလို့ ရတာရယ်၊ placement ကိုရွေးလို့ရတာရယ်။ အဲ့မှာကျွန်တော်တို့ စမ်းချင်တဲ့ဟာလေးကို ထည့်လိုက်ပေါ့ နော်။ အဲ့အချိန်ကျရင် Ads Set နှစ်ခုမှာ Ads level နှစ်ခုကမတူတော့ဘူး။ အဲ့တော့ audience ကိုစမ်းမယ် ဆိုရင် Ads set level မှာကိုယ်တွေပြောင်းချင်တဲ့ မတူတဲ့ audience နှစ်ခုကိုထားမယ်။ တကယ်လို့ creative ကိုစမ်းချင်တယ်ဆိုရင် Ads level မှာ creative နှစ်ခုကိုထားမယ်။ placement ကိုစမ်းမယ်ဆိုရင် တော့ Ads set မှာပဲ placement ကိုစမ်းလို့ရတယ်ပေါ့နော်။ အဲ့ဟာကိုရွေးပြီးတော့ run ထားလိုက်ရုံနဲ့ သူ့ဟာသူစမ်းလိမ့်မယ်။ ပြီးရင် winner post ဆိုပြီးတက်လာလိမ့်မယ်။ AB test နဲ့စမ်းလို့ရှိရင် Ads manager ရဲ့ audience တွေဘာတွေပြတဲ့ ညာဘက်အပေါ်ထောင့်လေးမှာ AB testing ဘယ်ဟာကို စမ်းထားတယ်ဆိုတဲ့ဟာလေးနဲ့ score ဘယ်လောက်ဆိုတဲ့ဟာလေး ထွက်မှာပေါ့နော်။ Ko Alex - ဆိုတော့ AB testing ကိုအရိုးရှင်းဆုံးပြောရမယ်ဆိုရင် ကိုသန်းထွန်းအောင်ပြောသလိုပဲ creative ကိုစမ်းမှာလား၊ target ကိုစမ်းမှာလား၊ ဘယ်နေရာမှာပြလဲဆိုတဲ့ placement ကိုစမ်းမှာလားပေါ့နော်။ အဲ့တာတွေ အကုန်လုံးစမ်းကြည့်ပြီးတော့မှ ကျွန်တော်တို့ဘယ်နေရာရဲ့ result တစ်ခုကိုရဖို့ contribution အမြင့်ဆုံး ဖြစ်လဲဆိုတဲ့အပေါ်မူတည်ပြီးတော့ ကျွန်တော်တို့က post လေးငါးခုရှိမယ်ဗျာ။ message အများဆုံး ဝင်လာတဲ့ post ကဘယ် post လဲပေါ့နော်။ အဲ့တာကိုစမ်းကြည့်ပြီးတော့ အများဆုံးဝင်လာတဲ့ post ကို ပိုက်ဆံပိုသုံးပြီးတော့ ဉပမာ- ၅ ကျပ်စီသုံးပြီးတော့ ဒေါ်လာ ၂၅ နဲ့ အရင်ဆုံး run ချတယ်။ အများဆုံး result ရတဲ့ message အများဆုံးရတဲ့ post ကို ဒေါ်လာ၁၀၀ သုံးတာတို့၊ ၂၀၀ သုံးတာတို့ဆိုတဲ့ ပုံစံမျိုးကို marketing မှာ testing လုပ်တယ်လို့ခေါ်ပါတယ်။ ဒါပေမဲ့အခုဟာက AB testing ကတော့နည်းနည်းလေး manually ဆန်သွားတယ်။ ကိုယ့်ဟာကိုယ် ဘယ် post ကိုပိုက်ဆံဘယ်လောက်ထုတ်ရမလဲ၊ ဘယ်လောက်ထည့်ရ မလဲဆိုတဲ့ပုံစံမျိုးကို ကိုယ့်ဟာကိုယ်သွားရွေးရတာ။ CBO ကကျတော့ platform ကိုယ်တိုင်က automatically boost လုပ်ပေးသွားတာ။ ဆိုတော့ကိုယ့်အနေနဲ့က post လေးငါးခု၊ Ads set သုံးလေးခု ရှိတယ်ဆိုရင် အဲ့တာတွေအကုန်ပစ်ထည့်လိုက်တာနဲ့ ဟိုဘက် platform ကနေဘယ်ဟာသည် win content ပေါ့နော်။ win Ads set ဆိုတာကို သူ့ဟာသူညှိပေးပြီးတော့မှ boost ပေးသွားတာဆိုတော့ ဘယ်ဟာကိုပိုပြီးတော့ အားပေးလဲ။ ကိုသန့်ထိုက်အောင် - AB test ကတော့တကယ်လို့ ကိုယ်ကမစမ်း ဖူးဘူး။ ဘယ်လိုမျိုးလေးထွက်တာကို သိချင်တယ်ဆိုရင်တော့ စမ်းကြည့်လို့ရတာပေါ့။ CBO ကတော့ အလုပ်ရှုပ်ပိုသက်သာတာပေါ့။ ပြီးတော့ budget လည်းပြန်ခွဲစရာမလိုဘူး။ ဒါပေမဲ့ တခါတလေကျရင် cold audience နဲ့ warm audience တွေခွဲထားတဲ့အချိန်လည်း ရှိတယ်ဗျာ။ ကျွန်တော်တို့ page ကို စမသိသေးတဲ့သူတွေ၊ ကျွန်တော်တို့ brand ကိုလုံးဝမသိသေးတဲ့သူတွေကို ပြချင်တဲ့အချိန်ပေါ့ဗျာ။ တစ်ချိန်တည်းမှာ နှစ်ခုလုံးကိုလုပ်ချင်တဲ့အချိန်မှာ exclude လုပ်ပြီးတော့ assent တွေခွဲလိုက်တာ။ အဲ့အချိန်မှာမှ page ကိုသိပြီးသားလူတွေကို နည်းနည်းပဲပြမယ်။ နည်းနည်းပဲ budget သုံးမယ်ပေါ့။ ဒါပေမဲ့အဲ့မှာ CBO ပြောင်းသုံးလိုက်မယ်ဆိုရင် audience ကြိုက်တဲ့ဟာနဲ့၊ cost per result နည်းတဲ့ဟာကို သူ့ဟာသူရွေးပြီးတော့သုံးပေးသွားတာ။ Ko Alex - cost ကိုကြည့်တာ။ တခြားဘယ်ဟာမှမကြည့်တော့ဘူး။ အဲ့တော့ fun အသစ်ပဲဖြစ်ဖြစ်၊ တစ်ခါမှမမြင်ဘူးတဲ့အဟောင်းပဲဖြစ်ဖြစ်၊ ဝယ်နေကျ customer ပဲဖြစ်ဖြစ်၊ သူကတော့ cost per result အနည်းဆုံးပေးရတဲ့ဟာကိုပဲ ဆက်ပြီးပိုက်ဆံထည့်ပေးပြီး CBO ကနေ boost လုပ်မယ်ပေါ့နော်။ #marketing #digitalmarketing #market #career #askalex #askalexmm
2023-01-03
05 min
AskAlex
roas/purchase တိုင်းလို့မရတဲ့ campaign ရဲ့ ads result ကောင်းမကောင်းကို ယေဘူယျအားဖြင့် ဘယ် matrix နဲ့တိုင်းလို့ရလဲဗျာ။ (Ko Alex Khine အမြင်)
Q: roas/purchase တိုင်းလို့မရတဲ့ campaign ရဲ့ ads result ကောင်းမကောင်းကို ယေဘူယျအားဖြင့် ဘယ် matrix နဲ့တိုင်းလို့ရလဲဗျာ။ (Ko Alex Khine အမြင်) A: ကျွန်တော်အဲ့မှာမြင်တာက နှစ်ခုမြင်တာပေါ့နော်။ တစ်ခုကကျတော့ roas/purchase တိုင်းလို့မရဘူးဆိုတာကကျတော့ နံပါတ်တစ်ကအဲ့ဒီလုပ်တဲ့ campaign ရဲ့ objective ကစျေးဝယ်ဖို့လားပေါ့နော်။ ကျွန်တော်တို့ sale objective အထိကိုသွားချင်တာလား။ အဲ့တာဆိုရင်တော့ ကျွန်တော်ထင်တယ်။ အကုန်လုံးက boost လုပ်တဲ့ဟာမျိုးကကျတော့ get message နဲ့ပဲသွားကြတာများမယ်နဲ့တူတယ်။ အဲ့လိုမဟုတ်ဘူး ကိုယ့်ရဲ့ campaign ရဲ့ objective ကိုက brand awareness ပိုပြီးသွားချင်လို့၊ ပေါက်ချင်လို့ဆိုရင်တော့ ဒါသည်ကျွန်တော်တို့ရဲ့ objective က reach များရင်သော်လည်းကောင်း၊ engagement များရင်သော်လည်းကောင်း၊ video view များရင်သော်လည်းကောင်း ဖြစ်ရမှာ။ အဲ့တော့ ကိုသန့်ထက်အောင်ပြောသလိုပဲ။ အစတည်းကတော့ ကိုယ့်ရဲ့ client သော်လည်းကောင်း၊ manager သော်လည်းကောင်း၊ boss သော်လည်းကောင်းနဲ့ သိရမှာပေါ့လေ။ ဒီ campaign သည်ဘာဖြစ်ချင်တာလဲဆိုတဲ့ အဓိက objective တစ်ခုလိုတယ်။ အဲ့အချိန်မှာ ဘာပါထပ်ပြီးညှိရလဲဆိုတော့ reach ကများချင်သလောက်ရတယ်။ ကျွန်တော်တို့ရဲ့ target Ads Set က ချဲ့ရင်ချဲ့သလောက်ကို cost per result ကကုန်ကျမှာဆိုတော့ ဒီ target ပေါ်မှာသွားမှာဆိုတဲ့ဟာမျိုးနဲ့ ဒီ objective ဆိုတဲ့ဟာမျိုးနဲ့ အရင်ဆုံးတော့ပြောပြဖို့လိုတယ်ပေါ့နော်။ ပြီးတော့မှပဲ KPI matrix ကိုဆက်လုပ်ပေါ့လေ။ reach ကိုပြမှာလား၊ engagement ကိုပြမှာလား၊ website ကိုဆွဲခေါ်တဲ့ learning page view ပေါ့နော်။ အဲ့တာတွေကိုသွားမှာလားဆိုတဲ့ ပုံစံမျိုးတော့ define လုပ်သင့်တယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-12-26
02 min
AskAlex
Social Media Marketing လုပ်တဲ့အခါ ဘယ် Tools တွေကို သိထားသင့်ပြီး အသုံးပြုသင့်လဲ..?
Q: Amateur Digital Marketer တစ်ယောက်အနေနဲ့ Social Media Marketing လုပ်တဲ့အခါ မဖြစ်မနေ သိထားရမယ့် သုံးသင့်တဲ့ Tools တွေကိုပြောပြပေးပါကို Alex. A: အရင်ဆုံး tool တွေအကြောင်းမပြောခင် Marketing ကို learn လုပ်စေချင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ tool သုံးတဲ့ Marketer မဖြစ်စေချင်ပါဘူး၊ ကိုယ်လိုချင်တာလေးကို ခေါင်းထဲမှာရှိတယ် ဆိုရင် အဲ့လိုချင်တာကို ဘယ် tool ကနေပေးလဲဆိုတာ လိုက်ရှာလို့ရတယ်၊ ဥပမာ ကျွန်တော်တို့ toolတွေ အများကြီးရှိတယ်ဗျာ ပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့သုံးနေတဲ့ tool ဆိုလို့ရှိရင် StreamYard ဆိုတဲ့ tool သုံးတယ်၊ တစ်လကို ဒေါ်လာ ၂၅ ပေးရတယ်၊ နောက်တစ်ခုက fan page karma ဆိုတဲ့ tool သုံးတယ် တစ်လကို ဒေါ်လာ ၃၀၀ ပေးရတယ်၊ linkedIn learning သုံးတယ် တစ်လ ဒေါ်လာ ၂၀၀ လောက်ပေး ရတယ်၊ campaign asia ကျွန်တော်တို့ဝယ်တယ် တစ်လ ဒေါ်လာ ၂၀၀ လောက်ပေးရတယ်၊ ဒါကကျွန်တော် တို့ team တစ်ခုလုံးအတွက်ကို ကျွန်တော်လုပ်ပေးနေတဲ့ဟာမျိုး ဒါပေမဲ့ ကျွန်တော်တို့ လိုချင်နေတဲ့ ဟာမျိုး တွေက ဒီ toolတွေမှာ ရှိတဲ့အချိန်မှာ ဒီ tool တွေကိုဝယ်ရတာ အဲ့လိုမျိုးမဟုတ်ဘဲနဲ့ comment အနေနဲ့က တခြားသော တစ်ခုခုလိုချင်တယ် ဆိုရင် တခြားသော ဥပမာ canva ဆိုလိုရှိရင်က တော်တော်များများ Digital Marketer လို့ဆိုတဲ့ content creator တွေသုံးနေကြတဲ့ tool တစ်ခုကို canva က canva လိုမျိုးဘဲ အခြားသော app တွေအများကြီးရှိပါတယ်၊ ဆိုတော့ ကိုယ်ဘာလိုလဲဆိုတဲ့ ဟာအပေါ် မူတည်ပြီး tool တွေအများကြီးရှိတယ်၊ ဒါပေမဲ့ တစ်ခုအကြံပေးချင်တာကတော့ Marketing foundation လေးကို သိစေချင်ပါတယ်၊ toolတွေကတော့ ကျွန်တော်စောစောက ပြောသလိုဘဲ ကျွန်တော်တို့သုံးနေတဲ့ toolတွေက အောက်မှာချရေးပြပါမယ်၊ ကျွန်တော်တို့ StreamYard ဆိုတဲ့ tool ရှိတယ် fan page karma ဆိုတဲ့ tool ရှိတယ် page တွေများတယ် ကျွန်တော်တို့သုံးနေတာ canva ရှိတယ်၊ campaign asia ရှိတယ်၊ linkedIn learning ရှိတယ်၊ ကျန်တဲ့ဟာတော့ ကျွန်တော်ခေါင်းထဲမှာ ရုတ်တရက်ကြီး မှတ်မိမနေဘူး ဒီဟာတော့ လက်ရှိအချိန်မှာ ကျွန်တော်သုံးနေတယ်ပေါ့။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-12-22
02 min
AskAlex
Fake Account တစ်ခုကို ဘယ်လိုအထိရောက်ဆုံးနဲ့ အမြန်ဆန်ဆုံးထိန်းချုပ်နိုင်မလဲ...?
Q: fake account တစ်ခုကို ဘယ်လိုအထိရောက်အမြန်ဆန်ဆုံးထိန်းချုပ်နိုင်မလဲခင်ဗျာ။ A: post တင်ပြီး boost ချလိုက်ပါ။ အဲ့တာအထိရောက်ဆုံးနဲ့ အမြန်ဆုံးပါပဲ။ ဆိုတော့အဲ့နေရာမှာ အဓိကက ကျွန်တော်ရဲ့ Alex Khine page ပေါ့လေ။ ဘယ်လိုမျိုးသွားလဲဆိုတော့ facebook.com/alexkhine page ဆိုတဲ့ link ရှိတယ်။ username ရှိတယ်။ ဒီ username ကိုအဓိကသုံးတာပေါ့နော်။ အထိရောက်ဆုံး ထိန်းချုပ် ကတော့ post တင်ပြီး boost ချလိုက်ပါ။ နောက်တစ်နည်းကကျတော့ verification badge ချုပ်တာပေါ့နော်။ ဒါက fake page လုပ်တယ်ဆိုတာက ကိုယ့်အတွက်ကိုယ် fake လုပ်နေတဲ့လူတွေပေါ်လာပြီ ဆိုတဲ့အကြောင်းကို ဟိုဘက်ကိုသွားပြီးအကြောင်းကြားလို့ရတယ်။ platform ကိုသွားအကြောင်းကြား ပြီးတော့မှ ငါတို့ရဲ့အစစ်ကဒီမှာ ဘယ်နေ့ကစပြီးဖွင့်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ page history ကိုဓာတ်ပုံ ရိုက်လိုက်၊ အဲ့တာကိုဟိုဘက် platform ကိုပြတယ်ဆိုလို့ရှိရင် ဟိုဘက် platform က verification process လည်း run ပေးသလို ဟိုဘက် page အတုကိုလည်း report လုပ်တယ်ဆိုလို့ရှိရင် သူတို့ကိုဖြုတ်ချ ပေးပါတယ်။ ဒါပေမဲ့ အမြန်ဆုံးနဲ့အထိရောက်ဆုံးကတော့ post တင်လိုက်တာအကောင်းဆုံးပဲ။ ဥပမာဗျာ ဘဏ်တွေဆိုရင် အလိမ်ခံရလွန်းလို့ ဒီ page က original page ပါ။ အစစ်အမှန်ပါ။ ဒီ page ကိုပဲဆက်သွယ် ပါဆိုတဲ့ဘက်ကို သွားကြတာပိုပြီးတော့များပါတယ်။ အဲ့တော့ ကျွန်တော့်အနေနဲ့အကြံပေးချင်တာကတော့ page ကိုပဲဆက်သွယ်ကြပါဆိုတဲ့ ပုံစံမျိုးကိုပဲ push လုပ်စေချင်ပါတယ်။ ပြီးရင် verification badge လေး လျှောက်မယ်ဆိုရင်တော့ ပိုပြီးတော့အဆင်ပြေနိုင်မယ်လို့တော့ ယူဆပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-12-18
02 min
AskAlex
Career နဲ့ ဝါသနာ တခြားစီဖြစ်နေတဲ့သူတွေအတွက် Professional life ကို ဘယ်လိုပြောင်းလဲရမလဲ..?
Q: career နဲ့ဝါသနာကတခြားစီဖြစ်နေတဲ့သူတွေအတွက် ဘယ်လိုမျိုး portfolio တည်ဆောက်ပြီး professional အဖြစ်ပြောင်းလဲရတာလေး ပြောပြပေးပါလား။ A: career နဲ့ဝါသနာကတခြားစီဖြစ်နေတဲ့သူတွေအတွက် ဘယ်လိုမျိုး portfolio တည်ဆောက်ပြီး professional အဖြစ်ပြောင်းလဲရလဲဆိုတာက အကြံပေးချင်တာက မတူဘူးဆိုရင် ဝါသနာကို social media မှာ drive သာလုပ်။ ပြောမယ်ဆိုရင် blogger တွေ အထူးသဖြင့် မြန်မာနိုင်ငံက blogger တွေ career နဲ့ ဝါသနာတစ်ထပ်တည်းကျတဲ့လူ တော်တော်ရှားတယ်။ blogging ကနေ ပိုက်ဆံရှာလို့ရမဲ့ဟာက အရမ်းနည်းနေသေးတာကိုး။ အဲ့ခါကျတော့ ဝါသနာကဝါသနာပဲ။ အဲ့ဒီကနေ drive လုပ်ကြတယ်။ blog လုပ်ကြတယ်။ ဒီဘက်အသက်မွေးဝမ်းကျောင်းတစ်ခုခုပေါ့နော်။ marketing ပဲဖြစ်ဖြစ်၊ business ပိုင်းပဲဖြစ်ဖြစ်၊ logistics ပိုင်းပဲဖြစ်ဖြစ်၊ financial ပိုင်းပဲဖြစ်ဖြစ် တစ်ခုခုပေါ့။ ကိုယ့်ဝါသနာပါတဲ့ဟာကို social media ပေါ်မှာ drive လုပ်လို့ရနေတာပဲ။ ကျွန်တော်ကတော့လုပ်စေချင်တယ်။ နှစ်တွေအများကြီး drive သွားတယ်ဆိုရင်သေချာတယ် ဝါသနာကို professional အဖြစ်ပြောင်းကိုပြောင်းလို့ရတယ်။ အဓိကကပျက်မသွားဖို့ပဲ။ ဝါသနာကို content create လုပ်တဲ့အပိုင်းတွေ။ ကိုယ်က piano တီးတယ်ဆိုရင် ဘယ်သူနားထောင်ထောင်မထောင်ထောင် တစ်ရက်ကိုနာရီဝက်လောက်တီးနေတယ် ဆိုရင်တောင်မှ ကိုယ့်ရဲ့လက်ကမှန်လာပြီဆိုရင် အနည်းဆုံးတော့ လေးငါးခြောက်နှစ်ကြာလာပြီဆိုရင် နားထောင်တဲ့လူတွေများလာမှာပဲ။ ဖြစ်စေချင်တာက ကျွန်တော်ဒီ Alex Khine ကိုစလာတာ ၂၀၁၇ လောက်တည်းက။ ခြောက်နှစ်ရှိပြီ။ အခု live ကိုကြည့်တဲ့လူက ၁၂ ယောက်ပဲရှိတယ်။ ကျွန်တော်က ဒီ live ကိုအယောက်တစ်ထောင်၊ တစ်သိန်းကြည့်ဖို့အတွက် လုပ်နေတာမဟုတ်ဘဲနဲ့ ကျွန်တော်ပြောထားခဲတဲ့ ဟာတွေကို သိမ်းထားခဲ့ချင်လို့ live လုပ်နေတာဖြစ်တဲ့အတွက် ၁ ယောက်ပဲကြည့်နေနေ ဒီလိုမျိုးမေးခွန်း ရှိနေရင် ကျွန်တော်အနေနဲ့ဆက်ပြီး ဖြေနေရမှာပဲ။ ဒီမှာလည်း ဝါသနာပါတဲ့လူတွေအကုန်လုံးကိုလည်း social media မှာ content ကိုအသားကုန်သာလုပ်။ တဖြည်းဖြည်းနှစ်အနည်းငယ်ကြာတဲ့အခါ professional ဖြစ်လာလိမ့်လို့ ယုံကြည်တယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-12-17
03 min
AskAlex
Facebook chat support နဲ့ ဘယ်လိုစကားပြောလို့ရလဲ..?
Q: Facebook chat support နဲ့ ဘယ်လိုစကားပြောလို့ရလဲအကို mail ကပို့ရင်လည်း တခါမှပြန်မပို့လို့ အဲ့ဒါလေးကောဖြေပေးလို့ရမလားဗျ A: Facebook chat support ကကျွန်တော်သိသလောက်က ဘယ်ကနေသွားပြောတာလဲဆိုတော့ facebook.com/business/help ဆိုတဲ့အထဲကပါ ကျွန်တော်ဝင်ပြမယ် ကျွန်တော်ပြောလို့ ရသေးလား မသိဘူး ။ help ထဲမှာ ပုံမှန်ကတော့ ကျွန်တော်တို့ ဝင်ရတာပေါ့ get started ကိုနှိပ်မယ်ဆိုရင်က ကျွန်တော့ အကောင့်နဲ့ ကျွန်တော် နောက်ကနေဝင်ကြည့်လိုက်အုန်းမယ်၊ ကျွန်တော် screen လေး နောက်တစ်ခု ထပ် share ပါမယ်၊ ကျွန်တော်တို့အခု Facebook ဝင်ထားတဲ့ အကောင့်က သုံးမရဘူး၊ သုံးမရဘူးဆိုတာက ဖွင့်ထားတာ မကြာသေးဘူးဆိုတော့ ဝင်မရဘူး ကျွန်တော်ရဲ့ ကိုယ်ပိုင်အကောင့် ရှိတယ် ကိုယ်ပိုင်အကောင့်နဲ့ ချိတ်ပြပါမယ်။ ဒီထဲမှာ ကျွန်တော်တို့က facebook.com/business/help မှာသွားထားတာပါ ဒီဟာလေးကိုတွေ့မယ် အောက်ကိုဆင်းမယ် ဒီအောက်ထဲမှာ help ထဲမှာ get started ကိုနှိပ်လိုက်တယ် ဆိုရင်က အောက်က box လေးကျလာလိမ့်မယ် လိုချင်တဲ့ ကိုယ့်ရဲ့ အကောင့် တစ်ခုကိုရွေးပါ၊ အဲ့မှာ content support ဆိုတာ ရှိတယ် အဲ့ဒီမှာ ကျွန်တော့်ရဲ့ Alex khine ဆိုတဲ့ အကောင့်အဲ့တာကိုရွေးလို့ရတယ် အဲ့တော့ ဒီထဲမှာဘဲကျွန်တော်တို့က chat လုပ်လို့အဆင်ပြေတယ် အဓိကတော့ ဆိုလိုချင်တာ facebook.com/business/help ထဲကသွားယူရတာပါ၊ အဲ့ဒီကနေပြီးတော့ ဝင်လို့ရပါတယ်၊ ပြလို့မရလို့ ကျွန်တော် screen share မရလို့ ကွန်ပျုတာနဲ့ ပြလိုက်တာ.. အဲ့ဒီကနေ ဝင်ပြီးတော့ chat လို့ရပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-12-12
05 min
AskAlex
Engagement နဲ့ Boost ပြီးသား Post ကို Message နဲ့ ပြောင်း boost ရင် ပြပြီးတဲ့သူတွေဆီပဲထပ်ပြတာလား..?
Q: Hi Ko Alex! Same post ကို target audience မပြောင်းဘဲ objective မှာ engagement နဲ့ boost ပြီးမှ message ပြောင်း boost ရင်ပြပြီးသားသူတွေပဲ သွားပြမှာလား။ A: objective ပြောင်းတယ်ဆိုတာက campaign ပြောင်းသွားတာလေနော်။ campaign ပြောင်းတယ်ဆို ကတည်းက ပြပြီးသားသူတွေကိုလည်း ပြနိုင်ပါတယ်။ တခြားသူတွေကိုလည်း ပြနိုင်ပါတယ်။ objective နဲ့ Facebook ကဘယ်လိုပြန်ပြီး map လုပ်လည်းဆိုတော့ Facebook အနေနဲ့က engagement နဲ့ပဲ boost လိုက်တယ်ဆိုရင် အဲ့လို post မျိုး တခြားသော post တွေသန်းနဲ့ချီပြီး တစ်ကမ္ဘာလုံးမှာ နေ့တိုင်းကို တက်နေတာ။ အဲ့လိုအချိန်မှာ Facebook ကကျွန်တော်တို့လို post တွေကို engage လုပ်နေတဲ့ target ထားတဲ့လူတွေကို အရင်ဆုံးသွားပြသေးတယ်။ အဲ့လူတွေက engage လုပ်တဲ့အချိန်မှာ ဆက်ပြီးပြသွားတာ ပေါ့နော်။ message လည်းထိုနည်းတူစွာပဲ ကျွန်တော်တို့လို post တွေကို message ပို့နေတဲ့လူတွေ ရှိတယ်။ အဲ့လူတွေကို ဦးစားပေးပြပေးတာပါ။ တစ်ခါတစ်လေကျရင် ကျွန်တော်တို့က engage လုပ်တတ် ပြီးတော့ message ပို့တဲ့သူကတစ်ယောက်တည်း ဖြစ်နေနိုင်တယ်။ အဲ့တာဆိုရင် ပြပြီးသားသူကိုလည်း ပြနိုင်သလို တခြားအပြင်လူကိုလည်း Facebook အနေနဲ့ ဆက်ပြီးတော့ပြနိုင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-12-08
01 min
AskAlex
Contents ကောင်းကောင်းရေးတတ်ဖို့ ဘယ်လို Train သင့်လဲ..?
Q: Contents ကောင်းကောင်းရေးတတ်ဖို့ ဘယ်လို train သင့်လဲ ကို Alex..။ A: ဘယ်လို Train သင့်လဲဆိုတော့ (1)အချက် များများရေးပါ၊ (၂)အချက် များများရေးပါ (၃)အချက် များများရေးပါ၊ များများရေး ပြန်ကြည့်၊ ကျွန်တော်တို့ များများရေးဆိုတာ content ဘဲများများရေးဖို့မဟုတ်ဘူး content အနေအထားများများရေးပါ content topic ကိုလည်းများများရေးပါ content ဝေါဟာရတွေကိုလည်း များများရေးပါ၊ အဲ့လိုများများရေးခြင်း အားဖြင့် ကျွန်တော်တို့ကဘာဖြစ်လာလဲဆိုတော့ ကိုယ့်ရဲ့ ဘယ်လို content မျိုးတွေက ဘယ်အခြေအနေမျိုးမှာ ဘယ်သူ တွေကစိတ်ဝင်စားလဲဆိုတဲ့ date ကအကုန်လုံး ပြန်မြင်ရတယ် ဆိုတော့ များများသာရေးပါ။ ကျွန်တော်ကတော့ များများရေးဖို့အတွက်ကိုဘဲ အကြံပေးချင်ပါတယ်။ နောက်တစ်ခုက content marketing Hub ဆိုတဲ့ ဟာလေးတစ်ခုရှိတယ် content marketing institute ဆိုတဲ့ website လေးတစ်ခုရှိတယ် အဲ့ထဲမှာကျွန်တော်တို့ content ရေးတာနဲ့ပတ်သတ်ပြီး သွားဖတ်လို့ရတယ်၊ FYI မှာလည်း အလျင်းသင့်သလိုကျွန်တော်ပြောပေးပါ့မယ်၊ FYI မှာလည်းပြန်ပြီးတော့ credit လုပ်ပေးနေပါတယ် ကျွန်တော်တို့လည်း တစ်ထောင့်တစ်နေရာကနေ cooperate လုပ်ပေးနိုင်တာပေါ့ များများရေး မတူညီတဲ့ topic တွေ မတူညီတဲ့ journey တွေကို အခြေခံပြီးများများရေးပါ။ အဲ့တာဆိုရင်ပိုပြီးတော့ effective ဖြစ်နိုင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-11-30
02 min
AskAlex
Page Name တူရင် Copyright မိပြီး Restricted ဖြစ်နိုင်လား..?
Q: page name ကလည်းတူနေတယ်။ ဒါပေမဲ့ ကိုယ်တွေကအရင်စ run တာပါ။ food product တွေရောင်း တာချင်းလည်း တူပါတယ်။ အဲ့လိုမျိုးဆို ကိုယ့် page copyright မိပြီး restricted ဖြစ်တတ်လား ကို Alex။ A: ဟိုဘက် page က blue mark ရထားလား မရထားလားဆိုတာပေါ်မူတည်တယ်။ အဲ့လိုမဟုတ်ဘဲနဲ့ page name တူတယ်၊ product တွေလည်းတူတယ်ဆိုပေမဲ့ logo မတူဘူး၊ ဟိုဘက်ကလည်း blue mark ရှိမနေ ဘူးဆိုရင် copyright မိဖို့ကအရမ်းဖြစ်ခဲပါတယ်။ report ထုခံရရင်တော့ မသိဘူးပေါ့နော်။ အဲ့တာကျတော့ another story ဖြစ်သွားပြီ။ ကျွန်တော့်အနေနဲ့ပြောရရင် ဒီလောက်နဲ့တော့ copyright မိဖို့အရမ်းခဲယဉ်း ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-11-22
01 min
AskAlex
Blue Mark ရသွားရင် Page ပျက်နိုင်သေးလား...?
Q: Page က Blue Mark ရသွားရင် Policy ညှိတာတို့ report ထုတာတို့ဆိုရင်ရော page ပျက်နိုင်လား ဆရာ။ A: Blue Mark က Blue Mark ပါ Blue Mark ရလို့ ဘာမှ အခွင့်ထူးမရပါဘူး၊ Blue Mark ရတဲ့အချိန်မှာ အခွင့်ထူးက တစ်ခုဘဲရတယ်၊ page အတုတွေပေါ်လာပြီဆို သူတို့ကို report ထုလို့ရတယ် ဥပမာ ကျွန်တော် Alex Khine page ကျွန်တော်ရဲ့ personal branding လုပ်ထားတဲ့ page တစ်ခု အဲ့ဟာမှာမှ နောက်ထပ် Alex Khine ဆိုပြီး နောက်ထပ် 3,၄ယောက်က page လုပ်တယ် ကျွန်တော်မျက်နှာကြီးနဲ့ အဲ့လိုလုပ်တဲ့အချိန်မှာ ကျွန်တော်သည် Blue Mark ရထားတယ် ဒီမှာကြည့်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြလို့ရတယ်၊ ကျွန်တော် Blue Markရထားတယ်ဆိုရင် သူတို့ရဲ့ page အတုတွေကို ကျွန်တော် Fan တွေ မဟုတ်ဘူး ဆိုရင်တောင် မှ အဲ့Page တွေကို clean လုပ်လိုက်လို့ရှိရင်က လာပြီးတော့ ကျွန်တော်နဲ့ ပေါင်းလိုက်တယ် ဟိုဘက်က Page အတုတွေ ပျက်သွားတယ်၊ ကျန်တဲ့ policy ညှိတာတွေ report ထုခံရတာတွေ commercial guide line နဲ့ မညီတာတွေ ads policy နဲ့ မညီတာတွေ အကောင့်ကျမြဲကျပါတယ်၊ Page ပျက်မြဲပျက်ပါတယ်၊ Page quality ကျမြဲကျ ပါတယ်၊ အဲ့ဒါကတော့ facebook ရဲ့ page verification အဲ့ဒီ web space လေးတစ်ခုရှိတယ် အဲ့ထဲမှာရေးထားတာပါ..။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-11-11
01 min
AskAlex
Career ခနခနပြောင်းတာက ရေရှည်မှာအဆင်ပြေနိုင်လား
Q: career ခနခနပြောင်းတာက ရေရှည်မှာအဆင်ပြေနိုင်လား ကို Alex. A: ခနခနတော့မပြောင်းနဲ့လေ၊ အခု ကိုညီဇော်လတ်မေးထားတာက car spa နဲ့ computer service ၂ခုရှိတာဆိုတော့ main test ၂ခု ၃၊၄ နှစ် လောက်မှာ ၂ခုပြောင်းတာဆိုတော့ ကျွန်တော်မြင်တာကတော့ ပြောင်းလို့ရတယ် ၃၊၄၊၅ နှစ်ပေါ့လေ တစ်ခုကတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ဘဲ လိုတာပေါ့ ကိုယ့်လိပ်ပြာ ကိုလုံဖို့ဆိုတာက ကိုယ့်ရဲ့ 100%က career ထဲမှာပေးခဲ့လား မပေးခဲ့လား တနေကုန်အိပ်ပြီး အပေါင်းအသင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ခဲ့တဲ့လူမျိုးလား၊ ဒါမှမဟုတ် ငါ business ကို career ကို ၁၀၀% ပေးခဲ့တယ် ဆိုတာ ကိုယ်အသိဆုံးဘဲ၊ ကိုယ် Fail တယ်ဆိုတာ ဘယ်သူ့ကိုမှ လက်ညှိုးမထိုးနဲ့ ကိုယ်ကို့ကို လက်ညှိုးထိုးဖို့ဘဲရှိတာ၊ အဲ့တော့ကျတော့ ရေရှည်မှာ အဆင်ပြေနိုင်လားဆိုတော့ကျတော့ ကိုယ် 100% committed ဖြစ်တယ်ဆိုလို့ရှိရင် အဆင်ပြေနိုင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-11-08
01 min
AskAlex
Retail Business/ Retail Page တွေကို ဘယ်လိုပုံစံ Run ရလဲ..? Part (2) Brand Guide Line
Q: product စုံတဲ့ page တွေမှာ brand တစ်ခုအောက်ကဆိုပေမဲ့ target မတူ ads တွေမတူလို့ engage ဖြစ်ပုံ လည်းမတူပါဘူး။ အခုလို target လမ်းကြောင်းအစုံ run နေတဲ့ page တစ်ခုက organic reach ကိုဘယ်ပုံစံ နဲ့ effect ဖြစ်နိုင်ပါသလဲအစ်ကို။ organic reach တွေကျလာတာမျိုးကြုံလာနိုင်လား။ ဘယ်လိုဖြစ်သင့် တယ်လို့ထင်ပါသလဲ။ အစ်ကို Alex ရေဖြေကြားပေးပါဦး။ A: ဒီမှာလည်း ကျွန်တော်တို့ရဲ့ target ပေါင်း များစွာသွားလို့ရတယ်။ ဒါပေမဲ့ ဘုံတစ်ခုကိုအရင်ဆုံးရွေးရတယ်။ ဥပမာ- umbrella တစ်ခုပေါ့လေ။ အဲ့ umbrella ကဘယ်လိုလဲဆိုတာ ကိုယ့်ထီးကိုကိုယ့်ဟာကိုယ်သိရတာပေါ့လေ။ ကျွန်တော်တို့ brand သည် life style တစ်ခုကိုသွားမယ် ။ သူရဲ့ life တစ်ခုလုံးကို protect လုပ်ပေးနေပါမယ်။ ပြီးပြီဒါဆိုလို့ရှိရင်။ ကျွန်တော်တို့ရဲ့ brand သည် customer တွေအတွက်ကို protector တစ်ယောက်အနေနဲ့ ရှေ့ကနေကာပေးနေမဲ့ သူငယ်ချင်းတစ်ယောက် hero တစ်ယောက်အနေနဲ့ ရှိနေပေးပါမယ်ဆိုတဲ့ ပုံစံမျိုးကိုသွားလို့ရတယ်။ အဲ့တာဆိုရင် ကျွန်တော်တို့ရဲ့ brand communication တွေအကုန်လုံးသည် ဒီလမ်းကြောင်းကြီးပေါ့နော်။ guide line တစ်ခုဖြစ်သွားလိမ့်မယ်။ အဲ့ပေါ်မှာပဲဆက်လျှောက်သွားမယ်ဆိုရင် ဘယ် brand ပဲဝင်လာလာ brand guide line ရှိသွားပြီ။ အဲ့ဒီ brand guide line ရှိသွားပြီဆိုရင်တော့ အများကြီးပိုပြီးတော့အဆင်ပြေတယ်။ အထူးသဖြင့် အဲ့ဒီ brand guide line က SME တွေဆီမှာမရှိတာများတယ်။ ပြောရင် SME owner တွေကအကုန်လုပ်နေရတာဆို တော့ ကိုယ်ချင်းစာတယ်။ ကျွန်တော်တို့လည်း level one မှာ SME owner တွေနဲ့စကားပြောပြီဆိုရင် အဲ့ဟာစပြောရတယ်။ ရောင်းတာတွေကတော့ဟုတ်ပြီ။ communication ကဘယ်လိုမျိုးသွားမှာလဲဆိုတဲ့ brand guide line ကိုစတည်ရတယ်။ ပြီးမှ နောက်ဆက်တွဲ content တွေဘာတွေညာတွေ သွားရတယ်။ ကျွန်တော်တို့ agency နဲ့ဆက်ပြီးလက်မတွဲတော့ဘူးဆိုရင်တောင်မှ နောက်ထပ်သော agency ပဲဖြစ်ဖြစ်။ ဥပမာ- ကိုယ့်ရဲ့ brand ကနေရာတစ်ခုရသွားလို့ in house ခန့်မယ်ဆိုရင်ပဲဖြစ်ဖြစ် guide line တစ်ခု ရှိနေတဲ့အချိန်မှာ ကျွန်တော်တို့ကထွက်သွားတာနဲ့ brand ကြီးက ဂျွမ်းထိုးမှောက်ခုံဖြစ်မသွားတော့ဘဲနဲ့ ဒီလမ်းလေးပေါ်မှာရောက်နေပြီဆိုရင်က အများကြီးပိုပြီးတော့အဆင်ပြေနိုင်တယ်။ အဲ့တော့ SME marketing လုပ်တဲ့အချိန်မှာ ကျွန်တော့် level one က partner ကိုသောမတ်စ်က အဲ့ဒီဟာနဲ့စပြီးတော့ ရှင်းပြပေးရတယ်။ အဲ့ကတစ်ဆင့် အခုပြောထားတဲ့ organic reach ပေါ့လေ။ ဆွဲတင်ရတာ။ consistency ဆိုတာအဲ့မှာအများကြီး အရေးကြီးတယ်။ brand ရဲ့ tone of voice ကို consistence ဖြစ်နေအောင် ပြီးတော့မှ ကျွန်တော်တို့က product နဲ့ပြန်ချိတ်တာ။ product သည်နောက်ဆုံးမှစဉ်းစားတာ။ အဲ့လောက် ကြီးစဉ်းစားနေစရာမရှိဘူး။ ဘာစဉ်းစားလဲဆိုတော့ customer စဉ်းစားတယ်။ သူတို့ဝါသနာပါတဲ့ topic တွေ brand တွေဘာတွေရှိလဲဘာတွေရှိလဲ စဉ်းစားတယ်။ brand guide line ထဲမှာ ဘယ်လိုမျိုး communication နဲ့သွားမှာလဲ။ အဲ့နှစ်ခုစဉ်းစားပြီးပြီဆိုတော့မှ တတိယတစ်ခုအနေနဲ့ product ကဝင်လာ တာ။ customer က trend တွေဖြစ်နေတယ်။ ဒါတွေစိတ်ဝင်စားနေတယ်။ brand ကဒီလို guide line ရှိ တယ်။ ငါတို့ရဲ့ protector ဆိုတဲ့ marketing concept ကို၊ protector ဆိုတဲ့ brand personer ကို ဒီ customer တွေကိုငါတို့ကသွားမယ်။ customer တွေကဒါတွေစိတ်ဝင်စားနေတယ်၊ လုပ်ချင်နေတယ်၊ ကြားချင်နေတယ်။ အဲ့တော့ ငါတို့ရဲ့ brand ကဒါ။ content တစ်ခုထွက်လာတယ်။ အဲ့ဒီ content မှာမှ အဲ့ဒီ့ customer ရဲ့ challenge နဲ့ brand ဖြစ်နိုင်တဲ့ဟာနဲ့ထွက်လာပြီဆိုတော့မှ ဒီဘက် product ကို စွတ်ထည့်ပြီးတော့မှ ဒီ product ကြောင့် ဒီ customer challenge က ပြေလည်သွားပါမယ်ဆိုတဲ့ ပုံစံမျိုး ရောက်ပါတယ်။ အဲ့ဒီ triangle လေးပေါ့လေ။ အမြဲတမ်းထည့်ပြီးတော့ စဉ်းစားပေးရတယ်။ အဲ့တာဆိုရင် တော့ organic reach ကျဖို့ခဲယဉ်းလာပါလိမ့်မယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-11-04
05 min
AskAlex
Retail Business/ Retail Page တွေကို ဘယ်လိုပုံစံ Run ရလဲ..? Part (1) Target and Communication
Q: product စုံတဲ့ page တွေမှာ brand တစ်ခုအောက်ကဆိုပေမဲ့ target မတူ ads တွေမတူလို့ engage ဖြစ်ပုံ လည်းမတူပါဘူး။ အခုလို target လမ်းကြောင်းအစုံ run နေတဲ့ page တစ်ခုက organic reach ကိုဘယ်ပုံစံ နဲ့ effect ဖြစ်နိုင်ပါသလဲအစ်ကို။ organic reach တွေကျလာတာမျိုးကြုံလာနိုင်လား။ ဘယ်လိုဖြစ်သင့် တယ်လို့ထင်ပါသလဲ။ အစ်ကို Alex ရေဖြေကြားပေးပါဦး။ A: စိတ်ဝင်စားတာမတူတဲ့သူတွေ ဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်ဖြစ်နိုင်တာလဲဆိုတော့ CMHL ကထွက်လာတာပါ။ city mart လောက်မတူတဲ့ product တွေဘယ်မှာမှမရှိဘူး။ အကုန်တင်ရောင်းတာ။ ပြောမယ်ဆိုရင် retail business ဗျာ။ တခြားဟာတွေလိုမျိုး ဥပမာ Uniliever လိုမျိုး retail business လို့ပြောရမှာပဲ။ လက်လီ business တွေရဲ့ page တွေကပေါင်းစုံတင်တာ။ ဒါပေမဲ့သိရမှာက ပေါင်းစုံတင်တယ်ဆိုတဲ့နေရာမှာ target audience ကဘယ်သူလဲပေါ့လေ။ ပထမဆုံး ဘယ်သူကို စျေးရောင်းမှာလဲဆိုတာတော့ 100% သိသင့်တယ်လို့ ယူဆတယ်။ ဘယ် level up မှာဖြစ်ဖြစ် level one မှာပဲဖြစ်ဖြစ် ဘာကိုပဲလုပ်လုပ် ကျွန်တော်ရဲ့ နံပါတ်(၁) သည် customer ဘယ်သူလဲဆိုတာကို စမေးတာ။ ကျွန်တော့်ကို ဘာ product ရောင်းတယ်ဆိုတာနောက်မှပြော။ customer ဘယ်သူ့ကို target ထားချင်တာ လဲဆိုတာ စမေးလေ့ရှိတယ်။ customer ကို 100% နားလည်နေပြီဆိုရင် ဘာလုပ်လို့ရလဲဆိုတော့ ဥပမာ- အခု city mart လုပ်နေတဲ့ပုံစံတွေပေါ့လေ။ ခုနကပြောသလို city mart လောက်ပစ္စည်းစုံတဲ့ဟာ ဘယ်Brandမှာမှမရှိဘူး။ SKU ပေါင်း သိန်းနဲ့ချီရှိတယ်။ City Mart ဆို အကုန်လုံးလည်း သတိထားမိမှာပါ။ ကျွန်တော်တို့သွားနေတဲ့ အိမ်ရှင်မတွေဘက်ကို ဦးစားပေးသွားတယ်။ အဲ့မှာ အကုန်လုံးရှိတယ်။ ဟင်း ချက်စရာတွေ၊ အသားတွေ၊ ဟင်းသီးဟင်ရွက်တွေ ခေါက်ဆွဲတွေ ပီးရင် စာရေးကိရိယာတွေ၊ ပီးရင် ဘာတွေရှိသေးလဲ.. အီလက်ထရောနစ်ပစ္စည်းတွေရှိတယ်။ Ocean ဆိုရင်ပိုတောင်စုံသေး။ တီဗွီ၊ ရေခဲသေတ္တာ၊ မီးခံသေတ္တာ၊ ဘီရိုတွေကအစရှိတယ်။ အကုန်ရှိတယ်။ Brand ခနထား။ ကျွန်တော်တို့က ကိုယ့်ရဲ့ target audience ကို အရင်ဆုံးသတ်မှတ်လိုက်ရတယ်။ ငါတို့ အိမ်ရှင်မတွေကို target ထားမယ်။ အိမ်ထောင်ဦးစီးတွေကို target ထားမယ်။ အဲ့တာတွေအရင်ဆုံး သတ်မှတ်လိုက်ပြီးတော့မှ ကျွန်တော့်တို့ရဲ့ communication တွေအကုန် လုံးသည် အဲ့လူတွေအတွက်ကိုသွားတယ်။ ကျန်တဲ့ဟာက ဖြည့်တဲ့ပုံစံမျိုးနဲ့ပဲသွားတာ။ အရင်ဆုံး define လုပ်လိုက်တာ။ Target ဘယ်သူ့ဆီသွားမှာလဲ။ Define လုပ်လိုက်ပြီဆိုရင် ကျွန်တော်တို့ရဲ့ product spectral တွေ ရှိလိမ့်မယ်။ ဆေးတွေရှိမယ်။ အလှကုန် တွေရှိမယ်။ ဘာတွေရှိမယ်ညာတွေရှိမယ်။ အဲ့ဒီဟာတွေတစ်ခုလုံးကို brand တစ်ခုတည်းမှာရောင်းကြည့် ကြရအောင်။ ကျွန်တော်သာဆိုရင် life Style ကိုရောင်းမှာ။ ကျွန်တော် product ကိုမရောင်းတော့ဘူး။ တူတဲ့တခြား product လည်းရှိမှာပဲ။ နောက်ပိုင်းလူတွေဝယ်လာတာကလည်း product ကိုနောက်ဆုံး အချိန်မှစဉ်းစားတော့တာ။ နောက်ဆုံးဆိုင်မှာသွားပြီးကြည့်တော့မှပဲ product ကိုစဉ်းစားတော့တာ။ အဲ့လောက်ကြီးတွေးတဲ့ဟာမရှိဘူး။ အရင်ဆုံးက အဲ့ဒီ spectral ကြီးတစ်ခုလုံးက ဘယ်ဘက်ကိုသွားမှာလဲ။ ဘယ်လိုမျိုး big idea။ customer တွေစိတ်ဝင်စားတဲ့ဟာတွေနဲ့ ဒီဘက်က brand ဘက်ကလုပ်ပေးနိုင်တာတွေနဲ့ ကြားထဲက နေရာလေးတစ်ခုရှိတယ်။ အဲ့တာကိုရအောင်ရှာရမှာ။ အဲ့တာဆိုရင် ကျွန်တော်တို့ရဲ့ brand preposition တစ်ခုရသွားပြီ။ အိမ်ရှင်မတွေအတွက် target ထားမယ်။ အိမ်ရှင်မတွေက ဘာလုပ်ရတယ် ညာလုပ်ရတဲ့ဟာတွေ ရှိတယ်။ သူတို့အတွက်စျေးဝယ်တာအစုံအလင်ရနိုင်မယ်ဆိုတဲ့ communication နဲ့ city mart ကသွားတယ်။ အိမ်ရှင်မက အိမ်အတွက်ကိုဝယ်နေခြမ်းနေလုပ်နေရတာကိုး။ ဆိုတော့အိမ်ရှင်မကိုပဲတည်ပြီးတော့ communication လုပ်ရပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-11-03
06 min
AskAlex
Brand လူသိဖို့ လုပ်သင့်တဲ့ အဆင့် (၃) ဆင့်
Q: မင်္ဂလာပါ ကို Alex ညီမကလေ ကိုယ့် brand ကို လူသိဖို့ Influencer ကိုငှားတာထက်စာရင် customer ကို promotion ပေးလိုက်တာကပိုကောင်းမယ်လို့ မြင်မိပါတယ် အကို့အမြင်လေး share ပေးပါအုံး။ A: productက လူလည်းသိနေပြီ လူလည်းယုံနေပြီ၊ အဲ့အချိန်ကျတော့ sale ကို push လုပ်တယ်ဆိုရင် ဘာနဲ့တူလည်းဆိုတော့ စောနက မဧကရီပြောသွားသလိုမျိုး promotion လို့ပေးလေ့ရှိတာ အဆင့်(၃)ဆင့်နဲ့ ပုံမှန်က run လေ့ရှိတယ် video ဖောက်ချလိုက်တယ်၊ Boost လိုက် တယ်၊ လူတွေသိသွားတယ် အဲ့အချိန်မှာ influencer ထပ်ငှားတယ် ဘယ် brand ရဲ့ဟာမျိုးမဆို ကြည့် ကြည့်ပါ ကျွန်တော်တို့ product အသစ်ထွက်ပြီဆိုလို့ရှိရင် video ဖောက်ချတယ်၊ ကြော်ငြာတွေ တက်လာတာပေါ့ ကျွန်နော်တို့ cosmetic ဘဲပြောပြော tech ဘဲပြောပြော အစားအသောက်ဘဲပြောပြော ပြောချင်တဲ့ brand ကိုပြော ကျွန်တော်တို့ ဒုန်းဆိုပြီးတော့ awareness တွေဆီမှာ video ကြီးနဲ့ဖောက်ချလာတယ်၊ ဒါမှမဟုတ် post ကြီးနဲ့ ဖောက်ချလာတယ် ဒါမှမဟုတ် live ကြီးနဲ့ ဖောက်ချလာတယ်၊ ဒုတိယအဆင့်အနေနဲ့က campaign တွေ run တဲ့အချိန်မှာအများသောအားဖြင့်က PR campaign၊ influencer creator တွေ KOO တွေ သုံးကျတာများလာတယ်၊နောက်ဆုံးအဆင့် ရောက်တော့မှဘဲ customer ကို promotion ပေးတာဆိုတော့ကျတော့ အဲ့ဒီအဆင့် ၃ဆင့်နဲ့ ပုံမှန်အတိုင်း က ဖြတ်သန်းရပါတယ်။ ဒါကကျွန်တော်တို့လုပ်ခဲ့တဲ့ experience လည်းပါတာပေါ့လေ အဲ့တာကတော့ ပုံမှန်အတိုင်းသွားလေ့ရှိပါတယ်။ အဲ့အဆင့်၃ဆင့်ကို balance out လုပ်လိုက်ပြီးတော့မှ သွားနိုင်မယ် ဆိုရင် အများကြီးပိုပြီးအဆင်ပြေတာပေါ့။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-11-02
01 min
AskAlex
Brand လူသိဖို့ Influencer ဌားတာနဲ့ Promotion ပေးတာ ဘယ်ဟာပိုကောင်းမလဲ..?
Q: မင်္ဂလာပါ ကို Alex ညီမကလေ ကိုယ့် brand ကို လူသိဖို့ Influencer ကိုငှားတာထက်စာရင် customer ကို promotion ပေးလိုက်တာကပိုကောင်းမယ်လို့ မြင်မိပါတယ် အကို့အမြင်လေး share ပေးပါအုံး။ A: ဒီနေရာမှာ ညီမပြောထားတာ ၃ ပိုင်း ပြောထားတာ လူသိစေချင်တာရယ် influencer ငှားတဲ့ဟာရယ်၊ customer promotion ပေးတဲ့ဟာ အဲ့တော့ လူသိစေချင်တာက matric နဲ့တိုင်းမယ်ဆိုရင် အဲ့တာက ကျွန်တော်တို့က brand awareness ကိုတိုင်းတာ brand awareness ဆိုရင် အကောင်းဆုံးက video တွေရိုက်ချပြီးတော့မှ boost လိုက် ဘာလုပ်လုပ်လူပိုသိတယ် video တွေရိုက်ချလိုက် အဲ့တာကို boost ချလိုက် အများကြီးသိသွားလိမ့်မယ်၊ ခုနက ကိုသန့်ထက်အောင် ပြောသွားသလို video view တစ်ခုကို 0.005 to 0.001 လောက်ဘဲရှိတာဆိုတော့ မြန်မာငွေနဲ့ တွက်ကြည့်မယ်ဆိုလို့ရှိရင် ၃၀၀၀စျေးဆိုလို့ရှိရင် မြန်မာငွေ ၁၅ကျပ်ကနေ ၃၀လောက်ဘဲရှိပါတယ် လူတစ်ယောက်ကြည့်ဖို့အတွက်ကို ဆိုတော့ လူသိဖို့ဆိုရင်တော့ ကျွန်တော်က အကြံပေးလေ့ရှိတာက video နဲ့ play ပါ။ very effective ။ influencer ငှားတဲ့ဟာကျတော့ ဘယ်မှာသွားပြီး effective ဖြစ်လဲဆိုတော့ brand trust building လုပ်တဲ့အချိန်မှာ awareness ဆိုရင် video နဲ့သွားတယ်၊ trust building လုပ်တဲ့အချိန်ဆို creator တွေငှားတယ်၊ KOI တွေငှားတယ် influencerတွေငှားတယ် ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ reproduction လို့ခေါ်မှာပေါ့ သူတို့အရင်တုန်းကတည်းက ဒီလူတစ်ယောက်ကို skin care နဲ့ ပတ်သက် လာတယ်ဆိုလို့ရှိရင် ဒီလူတစ်ယောက်ကို food နဲ့ပတ်သက်လာတယ်ဆိုရင် ဒီလူတစ်ယောက်ကိုtech နဲ့ပတ်သက်လာရင် ယုံကြည်ပြီးသားအချိန်မှာ ကျွန်တော်တို့က အဲ့ဒီလူနဲ့ collaborate လုပ်လိုက်ပြီး တော့မှ ကျွန်တော်တို့ရဲ့ပစ္စည်းဟာ ဒီလိုဒီလိုလေး ကောင်းပါတယ်၊ ဒီလိုဒီလိုလေး သုံးလို့ရပါတယ် ပြောလိုက်တာက ကျွန်တော်တို့ Brand ကနေပြီးတော့မှ ဒါကြီးသုံးပါ ဒါကြီးကောင်းပါတယ် ပြောတာ ထက်စာရင် ပိုပြီးရှုပ်တယ်၊ အဲ့တော့ ဆိုလိုချင်တာက influencer ငှားတာသည် ကျွန်တော်တို့က trustကို building လုပ်တဲ့အချိန်မှာအရမ်းသုံးရတယ်၊ ဘယ်လိုမျိုးအချိန်တွေမှာ အရမ်းသုံးလဲဆိုတော့ ပစ္စည်း ထုတ်ခါစ ပစ္စည်းအသစ်ထွက်မယ်ဆိုလိုရှိရင်က influencer ငှားပြီးသုံးတာများတယ် ဘာလဲဆိုတော့ ဒီ influencer တွေက သူတို့သုံးကြည့်တယ် ကြိုက်တယ်ဆိုတဲ့အချိန်မှာ သူတို့က review ရေးတာ သူတို့ရဲ့ user experience ကိုပြန်ပြောပြတာ brand ကတော့လေ ကျွန်တော်တို့ brand ဘဲဟာ ကျွန်တော်တို့ content တွေထဲမှာတော့ level up ကောင်းတယ်ပေါ့ အေးပေါ့လေ ကိုယ့် brandမှ ကောင်းတယ်မပြောရင် ဘယ် brand ဘယ်သူကလာပြီးကောင်းတယ် ပြောမှာလဲနော်၊ ကျွန်တော်တို့ brandတွေ ကောင်းပါတယ်၊ ဒါပေမဲ့ လူတွေအနေနဲ့ ဘယ်လောက်ထိယုံနိုင်လဲ တစ်ချက်လေးစဉ်းစားကြည့်ကြည့်ပေါ့နော်၊ ကျွန်တော်က မယုံဘူး၊ ပွင့်ပွင့်လင်းလင်းပြောတာ၊ User review ကို အရင်ဆုံးရှာဖတ်ကြတယ်၊ ကျွန်တော်တို့ နောက်ဆုံးဗျာ post တင်လိုက်တယ်ဆိုရင်တောင် အဲ့post အောက်မှာရှိနေတဲ့ comment တွေ Facebook အဖွဲ့တွေ Facebook community တွေမှာရှိနေတဲ့ review တွေ contentတွေ feedback တွေ comment တွေ လိုက်ပြီးရှာဖတ်လေ့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က user experience တစ်ခုကို နားထောင်ချင်လို့ အဲ့တော့ influencer ငှားတာက brand trust မျိုးလုပ်တဲ့အချိန်မှာ ဒီ product life cycle က အရှေ့ဆုံးရောက်နေတယ် အစောဆုံးအချိန်မှာ ကျွန်တော်တို့ ဒီ productကို သိပ်မယုံကြည်သေးဘူး လူသိသွားပြီ သိပ်မယုံကြည်သေးတဲ့အချိန်မှာ influencer ကိုငှားလေ့ရှိပါတယ်၊ အဲ့ နေရာမှာမှ ကျွန်တော်တို့ နောက်တစ်ဆင့်ထပ်တက်တယ် ကျွန်တော်တို့ product life cycleမှာ mature ဖြစ်သွားတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-11-01
04 min
AskAlex
page တစ်ခုချင်းစီရဲ့ တစ်လစာ invoice ကိုဘယ်လိုဆွဲထုတ်လို့ရနိုင်မလဲ..?
Q: page တစ်ခုချင်းစီရဲ့ တစ်လစာ invoice ကိုဘယ်လိုဆွဲထုတ်လို့ရနိုင်မလဲ ကို Alex ။ A: (ကိုသန်းထက်အောင်) ဒုတိယတစ်ခုလည်း အဲ့ဒီ ads account တွေကကျကျနေတာတွေရှိတယ်။ ကျွန်တော်တို့က တစ်ခါတစ်လေကျရင် page နှစ်ခုသုံးခုကိုလည်း ads ပွင့်နေတဲ့ account တွေနဲ့ run လိုက်ရတဲ့အခါတွေလည်းရှိတယ်။ အဲ့အချိန်ကျရင် client တွေအတွက်ကို budget တွေ ကျွန်တော်တို့သုံးခဲ့တဲ့ page တစ်ခုချင်းစီအတွက်ကို budget တွေပြန်ပြီးဖယ်ပေးတာပေါ့နော်။ အဲ့လိုဖယ်ပေးရတဲ့အချိန်မှာ ads reporting ဆိုတာရှိတယ်။ ads reporting ထဲသွားပြီးလို့ရှိရင် create အသစ်လုပ်လို့ရတယ်။ ကျွန်တော်တို့ လိုချင်တဲ့ ads account ကိုရွေးလိုက်ပေါ့လေ။ ရွေးပြီးသွားလို့ရှိရင် ညာဘက်မှာ breakdown တွေ metric တွေ ကျွန်တော်တို့ထည့်ချင်တာတွေ ဒါကျွန်တော်တို့ report မှာထည့်ချင်တာတွေ အများကြီးထည့်လို့ ရတာပေါ့လေနော်။ country, region, gentle တွေကအစ အကုန်လုံးထည့်လို့ရတယ်။ အဲ့အချိန်မှာ page name လေးကိုထည့်လိုက်ပေါ့နော်။ ထည့်ပြီးရင် page name မှာ run ခဲ့တဲ့ page တစ်ခုချင်းစီရဲ့ နာမည်တွေအကုန်လုံးကျလာလိမ့်မယ်။ ပြီးရင် budget တွေထည့်တာ၊ cost per result တွေထည့်လို့ ရတာတွေလည်းပါတယ်။ ပြီးရင် download ဆွဲတဲ့ဟာရှိတယ်။ file ကို format မျိုးစုံနဲ့ဆွဲလို့ရတယ်။ ကျွန်တော်တို့ကတော့ ပုံမှန်ဆွဲနေကျ comer separated နဲ့ပဲဆွဲတယ်။ download ဆွဲပြီးရင် page name တွေအကုန်ပါလာတာဖြစ်တဲ့အတွက် sources ပြန်ခံပြီးတော့ page တစ်ခုချင်းစီအတွက် budget တွေ ပြန်ထုတ်လို့ရတာပေါ့နော်။ အဲ့လိုလေးလုပ်လို့ရပါတယ်။ ဆိုလိုချင်တာက ads reporting panel ကို ရောက်သွားပြီဆိုရင် ပထမဆုံးဘယ် ads account အတွက် report လုပ်မှာလဲဆိုတဲ့ဟာရွေးပေးရတယ်။ အဲ့အချိန်မှာတစ်ခါတည်း နှစ်ကောင့်သုံးကောင့်ရွေးလို့ရသလို တစ်ခုချင်းစီလည်းရွေးလို့ရတယ်။ အဲ့အချိန် မှာ page name လေးထည့်လိုက်ရတာပေါ့လေ။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-10-24
03 min
AskAlex
Second Hand run တဲ့အခါ content နဲ့ design ကို ဘယ်လိုသွားသင့်လဲ..?
Q: second mobile ကို run တဲ့အခါမှာရော content နဲ့ design တွေကို ဘယ်လိုမျိုးသွားသင့်ပါလဲ ကို Alex။ A: ကျွန်တော်ဝယ်ထားတဲ့ ပစ္စည်းတော်တော်များများကတော့ second hand တွေ ။ brand new နဲ့ second hand နဲ့က သိပ်မှမကွာတာ။ ဆိုတော့ second hand ဝယ်ပေါ့နော်။ ဒါပေမဲ့ second hand ဝယ်တဲ့အချိန်မှာ အကြောက်ဆုံး fear ကဘာလဲဆိုတော့ campaign တွေ content တွေ creation တွေ design creation တွေသွားတဲ့အချိန်မှာ အဲ့ဒီ customer fear ကိုပြန်ပြီးဖြေပေးရတာပေါ့နော်။ fear ကဘာလဲဆိုတော့ ဂျင်းထည့်ခံရမှာကြောက်တာ။ နှစ်ဂျင်းရှိတယ်။ စျေးဂျင်းနဲ့ ပစ္စည်းဂျင်း။ ပစ္စည်းကောင်းတယ်စျေးအရမ်း များတယ်ဆိုတဲ့ဟာနဲ့ စျေးအရမ်းပေါတယ်ပစ္စည်းကလည်းစုတ်ပျက်သတ်နေတာပဲဆိုတဲ့ဟာ။ အဲ့လိုဂျင်း ထည့်ခံရမှာကြောက်တဲ့ဟာကို ဒီ second hand mobile ကနေဘယ်လိုမျိုး solution ပေးနိုင်လဲပေါ့နော်။ customer fear ကို functional နဲ့တည့်ချိတ်တာ။ အဲ့ဒီပုံစံမျိုးနဲ့ စဉ်းစားကြည့်ပါ။ ကျွန်တော်တို့သည် အမြဲတမ်း customer base ကိုစဉ်းစားတာဆိုတော့ customer သည် ဘယ်လိုလူလဲဆိုတာသိဖို့ အရမ်းအရေးကြီး တယ်။ ဆိုလိုချင်တာက သူ့ရဲ့အသက်တွေ၊ နေတဲ့မြို့နယ်တွေ၊ ကိုယ့်ရဲ့ဆိုင်ဖွင့်ထားတဲ့မြို့နယ်၊ ပြီးရင် ပတ်ချာလည်ဘယ်နှစ်မိုင်အတွင်းကို သွားမှာလဲဆိုတာတွေ၊ သူ့ရဲ့စိတ်ဝင်စားတဲ့ဟာတွေ၊ hobbies တွေ၊ ဝင်ငွေတွေ၊ ရာထူးတွေ စတာတွေအကုန်လုံးသိပြီဆိုတော့မှပဲ brand direction ကိုအရင်ဆုံးတည်ပြီးတော့ ဒုတိယအဆင့်အနေနဲ့ content topic တွေဘာတွေဆက်ပြီးစဉ်းစာတာဆိုတော့ အခုဟာကရုတ်တရက် ကြီး content နဲ့ design အတွက်မေးတာဆိုတော့ အဲ့ဒီဟာအတွက် အဖြေမရှိပါဘူး ဆောရီးပါ။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-10-20
02 min
AskAlex
Niche အရမ်းဖြစ်တဲ့ Market ကို ဘယ်လို Brand တည်ဆောက်မလဲ..?
Q: မင်္ဂလာပါ ကို Alex ရေ။ consideration stage မှာ competitor တွေများနေတယ်ဗျာ။ product ရဲ့ core value ကလည်း အတူတူပဲလိုဖြစ်နေတော့ differentiation လုပ်ဖို့လည်းမလွယ်လောက်ဘူး ယူဆတယ် ဗျ။ ကိုယ့် branding ကိုပဲ တည်ဆောက်သင့်လားဗျာ။ တခြား idea လေးများရှိနိုင်ဦးမလားဗျ။ နောက် တစ်ခုက custom audience ဆောက်ဖို့အတွက် လူအရမ်းနည်းနေတယ်ဗျ။ market က niche အရမ်း ဖြစ်နေတာမို့လည်းပါတယ်ဗျ။ အဓိကက retargeting လုပ်ချင်တာပါ။ frequency များများလေးပြချင် လို့ပါ။ အခုကအနည်းဆုံး size ဘယ်လောက်ဖြစ်သွားပြီလဲ။ real estate market ပါဗျ။ A: အဲ့တော့ဘယ်လောက်ကြီးပဲ niche ဖြစ်တဲ့ core value တူတဲ့ brand ဖြစ်နေနေ differentiation က လုပ်လို့ရပါတယ်။ differentiation လုပ်လို့မရဘူးဆိုရင် ဘာလို့ကိုယ့် brand ကိုဝယ်တော့မှာလဲပေါ့လေ။ ကျွန်တော့်အမြင်ပါ။ ဥပမာ- Pepsi နဲ့ Coca Cola နဲ့ဆိုလို့ရှိရင် brand ဖြုတ်ကြည့်လိုက် အဲ့နှစ်ခု ဘာကွာလဲ။ ဘာမှမကွာဘူး။ ရေထဲကို သကြား၊ ဆိုဒါ၊ ဂတ်စ် ထည့်ပြီးရောင်းနေတဲ့ အဖွဲ့တွေ။ အဲ့တော့ ဘာမှမကွာဘူး။ ဥပမာ- Star cola ရယ် Pepsi ရယ် Coca Cola ရယ်ကို differentiation လုပ်ပါဆိုလို့ရှိရင် brand နဲ့လုပ်လို့ရတယ်။ အဲ့တော့ real estate မှာလည်း brand တွေနဲ့လုပ်လို့ရတာပဲ။ real estate ကို တကယ်အောင်မြင်နေတဲ့အဖွဲ့တွေ အများကြီးပဲ။ ဥပမာ- စိုးစံတို့ I Myanmar house တို့စတဲ့ဟာတွေ အများကြီးရှိတယ်။ ကိုယ့်အနေနဲ့က ဘယ် story ပေါ်မှာဘယ်လိုမျိုး differentiate လုပ်ကြမလဲဆိုတဲ့ ပုံစံမျိုုးနဲ့ မူတည်ပြီးသွားလို့ရတယ်။ အနည်းဆုံးတော့ ကိုကောင်းထက်သာဆီမှာ brand NARKHI type တော့ရှိသင့်တယ်။ brand NARKHI type ၁၂ မျိုးရှိတဲ့အထဲကနေ ဘယ်ဟာနဲ့ကိုက်လဲဆိုတာမျိုးမှာ မူတည်ပြီးတော့ brand ရဲ့ core message ကိုအရင်ဆုံးတည်ပေါ့လေ။ core message နဲ့ brand NARHKI type နှစ်ခုပေါင်းလိုက်တယ်ဆိုလို့ရှိရင် brand differentiation ဖြစ်သွားပါလိမ့်မယ်။ ဆိုလိုချင်တာကဗျာ Coca Cola ရဲ့ core message က happiness ဆိုတာကိုသွားထားတာ။ Pepsi ရဲ့ core message က ကျတော့ next generation ဆိုတာမျိုးသွားထားတာ။ အမြဲတမ်းသစ်လွင်နေတဲ့ ဟာမျိုးဘက်ကိုသွားထာ တာ။ အဲ့မှာမတူတဲ့အချိန်မှာ Coca Cola ရဲ့ brand NARKHI type ပုံစံက innocent ဖြစ်တဲ့ဘက်ကို ပိုသွားတယ်။ Pepsi ရဲ့ဟာကကျတော့ form ဖြစ်တဲ့ဟာမျိုးကို ပိုသွားမယ်နဲ့တူတယ်။ ကျွန်တော့် personal အမြင်ပေါ့လေ။ အဲ့တော့ brand တွေရဲ့ core message မတူတဲ့အချိန်မှာ သူတို့ရဲ့ content တွေ လည်းကွဲသွားတယ်။ ကိုယ့်ဟာကိုယ်လည်း differentiation လုပ်လို့ရမယ်လို့လည်း ယုံကြည်ပါတယ်။ market က niche ဖြစ်တယ်ဆိုလို့ရှိရင်က retargeting လုပ်နေမဲ့အစား ခုနကပြောသလို အဲ့ထဲမှာရှိနေတဲ့ influencer တွေ KOL တွေကိုချိတ်ဆက်ပြီးတော့မှ သူတို့နဲ့ long term content ထုတ်ချလိုက်ပြီးတော့ပါ။ တစ်လကို ၁၀ post လောက်ကို run တာကပိုပြီးတော့ affective မဖြစ်နိုင်ဘူးလား။ ကျွန်တော်ကတော့ အဲ့လိုပဲမြင်တယ်။ ပြီးတော့မှ ကိုယ့်ရဲ့ message နဲ့ပဲဖြစ်ဖြစ် video ကိုပဲဖြစ်ဖြစ်ကို ပြလိုက်ပြီးတော့မှ ကျွန်တော်တို့ video ကိုလာကြည့်မယ်။ message လာပို့မယ်ဆိုရင် အဲ့လူတွေကို retargeting ပြန်လုပ်လို့ ရတယ်။ retargeting run ကြမယ်ဟေ့ဆိုတဲ့ဟာက technician အတွေးပါ။ ဘာလို့လဲဆိုတော့ ဒီ platform က retargeting လုပ်လို့ရတယ်ဆိုပြီး လုပ်ကြမယ်ဆိုတဲ့ဟာမျိုးတွေးလိုက်တာ ဖြစ်ဖို့များတယ်။ အဲ့လိုမတွေးဘဲ ကျွန်တော်တို့ platform ကိုမတွေးဘဲနဲ့ customer ကိုအရင်ဆုံးတွေးကြည့်ဗျာ။ customer သည်ဘယ်ပေါ်မှာ attention တွေပေးနေတာလဲဆိုတာ သိရမယ်ဆိုလို့ရှိရင် ကိုကောင်းထက်သာရဲ့ brand ကို build လုပ်ရတာပိုပြီးလွယ်ပါလိမ့်မယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-10-19
04 min
AskAlex
Facebook Group တွေကို နောက်ပိုင်းမှာ ဖယ်ရှားလာနိုင်ချေရှိလား..?
Q: page access ရထားတဲ့သူက Facebook group တွေထဲ post တွေ share မိရင် နောက်ပိုင်းမှာ penalty ပေးမယ်လို့ ကြားမိတယ်ဗျာ။ Facebook group တွေတောင်နောက်ပိုင်း ဖယ်ရှားပစ်မလားပဲနော်။ A: Facebook Group တွေကတော့ တစ်သက်လုံး Facebook ကဖယ်မှာတော့ မဟုတ်ဘူး။ တစ်သက်လုံးတော့ ပြောလို့မရပေမဲ့ ရေတိုမှာတော့ ဖယ်မှာမဟုတ်ဘူး။ Facebook ရဲ့ ၂၀၁၈ update တုန်းက ဇူကာဘတ် ပြောခဲ့တဲ့ Facebook သည် friends and families တွေရဲ့ meaningful conversation တွေကို drive လုပ်ချင်တာ။ friends and families တွေရဲ့ meaningful conversation ဆိုတာ Facebook group တွေမှာအဖြစ်များတာ။ ပြီးတော့ Facebook group တွေကို သူတို့က Empower လုပ်ချင်လို့ Facebook community ဆိုတဲ့ တစ်နှစ်မှာတစ်ခါ advance လုပ်နေတာပေါ့လေ။ အဲ့တော့ ဘယ်တော့မှာတော့ Facebook community တွေကိုဖျက်ပစ်မှာတော့မဟုတ်ဘူး။ Facebook community သည် Facebook ရဲ့ strength တစ်ခုထဲမှာပါတယ်။ Facebook ရဲ့လူသုံးအများဆုံး feature ထဲမှာပါတယ်။ ဒါပေမဲ့ page access ရထားတဲ့သူက Facebook group တွေထဲ post တွေ share ရင် penalty ပေးမယ်ဆိုတာလည်း ကျွန်တော့်အမြင် မဟုတ်ဘူး။ မဟုတ်ဘူးဆိုတာ Facebook ကဘယ်လိုအလုပ်လုပ်လဲဆိုတော့ native content ကိုဦးစားပေးတယ်။ native content ဆိုတာက ကျွန်တော်ဆိုရင် page ပေါင်းသောင်းခြောက် ထောင်ရှိတယ်။ ကျွန်တော့် client page တွေကျွန်တော်ရဲ့ company ငါးခုရဲ့ business entity ငါးခုရဲ့ page တွေလည်းရှိနေတာ ဆိုတော့ ထားပါတော့။ ကျွန်တော့်အခု Alex Khine page မှာမြင်မှာပါ။ FYI page ရဲ့ content ကို Alex Khine page မှာလာ share တယ်ဆိုရင် engagement ကကျကိုကျတယ်။ ပြေးကြည့်စရာမလိုဘူး။ ဘာလို့ လဲဆိုတော့ native မဟုတ်လို့။ Alex Khine page ပေါ်မှာအဲ့ဒီ content ကြီးရေးနေတာမဟုတ်ဘူး။ FYI မှာ ရေးပြီးတော့မှ ဒီမှာလာ share တာ။ ဆိုတော့ group တွေလည်းအတူတူပဲ။ group ထဲမှာသွားရေးရင် engagement တက်တယ်။ သွားရေးတဲ့သူက page access ရရမရရ။ group ထဲမှာရေးပြီးတော့ page ကို mention ခေါ်လို့ရတယ်။ page က post ကြီးကို group ထဲမှာသွား share ရင်ကျတော့ native content မဖြစ်တဲ့အတွက်ကြောင့် engagement ကျကိုကျတယ်။ engagement ကျရင် reach ကျတယ်။ organic reach ကျရင် penalty လို့ပဲခေါ်နေကြလားမသိဘူး။ ဘာလို့လဲဆိုတော့ organic reach တွေ 28Day မှာကျလာပြီဆိုရင် Facebook ကဘာပြောလဲဆိုတော့ ဒီကောင်တင်တဲ့ post ကိုလူတွေကစိတ်မဝင်စားဘူး။ အဲ့တော့ ဒီကောင့်ကိုနောက်ပိုင်း post တွေမပြနဲ့တော့။ ဘာလို့လဲဆိုတော့ ဒီကောင်က လူစိတ်မဝင်စား တာကိုတင်တယ်ဆိုရင် ဒီကောင့် post တွေများတယ်ဆိုရင် Facebook ကိုဘယ်သူမှ သုံးမှာမဟုတ်တော့ဘူး။ ဒီကောင့် post တွေကို reach လျှော့ အဲ့တာကို penalty လို့ခေါ်တာဖြစ်တယ်။ အဲ့လိုလျှော့ရင်း လျှော့ရင်းနဲ့ သေသွားကြတာ။ ဆိုတော့အကြံပေးချင်တာက page access ရရမရရ လုပ်စေချင်တာက native content လုပ်ကြပါ။ ဒါလည်းကိုယ့်ရဲ့ business model marketing strategy ပေါ့လေ။ ကျွန်တော့်ရဲ့ FYI page ကိုသွားကြည့်မယ်ဆိုရင် link တွေကြီးပဲမြင်ရမယ်။ FYI media ရဲ့ link ကို page လာပြီးတင်ထားတာလေ။ ပြောရမယ်ဆိုရင် ကို Alex က page reach ကျတယ်လည်းပြောတယ်။ ဘာလို့ FYI မှာ link တွေပဲချတာ လည်းဆိုတော့ အဲ့တာကျွန်တော့် marketing strategy။ ကျွန်တော့်ခေါင်းထဲမှာ reach ကျတာက အဲ့လောက်ကြီးမရှိဘူး။ long term ကိုသွားတဲ့အချိန်မှာ media ဖြစ်တဲ့အလျှောက် media ကဘယ်နည်း နဲ့မှ စျေးရောင်းမှာမဟုတ်ဘူး။ ရောင်းမယ်ဆိုရင်လည်း ကျွန်တော့်မှာနောက်ထပ် strategy တစ်ခုရှိတယ် ပေါ့လေ။ အဲ့တော့ ဘယ်နည်းနဲ့မှ marketing media page မှာစျေးရောင်းမှာမဟုတ်တဲ့အတွက် page ကို ဝင်လာတယ်။ see first လုပ်ထားတယ် save လုပ်ထားမယ်ဆိုရင် Facebook ကအဲ့လူတွေကို ပိုပြီးပြပေးတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်မှန်းတာက တစ်လနှစ်လငါးလသွားမှာမဟုတ်ဘူး။ ကျွန်တော်သည် ဒါကို at least သုံးလေး ငါးနှစ် ဒီ brand ကို build လုပ်ရမှာ။ အဲ့အချိန်မှာ ဖြေးဖြေးချင်းတက်သွားလည်း ကျွန်တော့်စိတ်ထဲမရှိဘူး။ ကြားထဲမှာတော့ ကျွန်တော့်ရဲ့ favorite အနေနဲ့ run စရာတွေရှိလာမှာပေါ့လေ။ ဒါပေမဲ့ဒါသည် FYI marketing ကို drive လုပ်မဲ့ strategy ဖြစ်တဲ့အလျှောက် native ကိုတော့မတင်ဘူး။ ဒါပေမဲ့ အခုလိုမျိုး Facebook group တွေထဲမှာ post တွေ share ရင် penalty ပေးတယ်ဆိုလို့ရှိရင် သွား share မဲ့အစား native post တွေ native content တွေသွားတင်မှာ။ အဲ့တာက ပိုပြီးတော့အများကြီး affective ဖြစ်နိုင် ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-10-18
05 min
AskAlex
Commercial Videos အတွက် Copyright မငြိအောင် Background Music ဘယ်လိုရှာရမလဲ..?
Q: အစ်ကိုတို့ Facebook commercial video တွေအတွက် background music ကိုဘယ်ကရှာလဲ။ copyright မထိအောင်လို့ creator studio အပြင် တခြားနေရာကရှာတာမျိုးလေးတွေရော ရှိပါသလား။ A: တော်တော်များများက audio jungle ကနေဝယ်တာပါ။ commercial video ဆိုရင်တော့ ကျွန်တော်က ဝယ်သုံးစေချင်တယ်။ ပြောရမယ်ဆိုရင် ကျွန်တော့် TikTok, Instagram တင်နေတဲ့ Ask Alex ရဲ့ background music က audio jungle ကနေကျွန်တော်ဝယ်ပေးထားတာ။ ဆိုတော့ audio jungle မှာတော့ တော်တော်စုံစုံလင်လင်ရှိတယ်ပေါ့နော်။ ပြီးတော့ studio block ဆိုတဲ့ဟာတစ်ခုရှိတယ်။ အဲ့တာလည်း ဝယ်ရတာ။ commercial video တောင်ရိုက်နေမှတော့လည်း ကျွန်တော်ကတော့ဝယ်သုံးစေချင်တယ်။ ဘာလို့လဲဆိုတော့ ဘယ်လောက်မှပေးရတာမှမဟုတ်တာ။ ငါးဒေါ်လာ၊ ဆယ်ဒေါ်လာလောက်ပဲပေးနေရတာ။ အများဆုံးက ဒေါ်လာနှစ်ဆယ်လောက်ရှိတာပါ။ ဆိုတော့ကျတော့ commercial video တစ်ခုလုံး ရိုက်နေတာဆိုရင်တော့ ဝယ်သုံးပေါ့နော်။ အများကြီးပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-10-17
01 min
AskAlex
page ပုံစံအသစ်ကနေ အဟောင်းကို ပြန်ပြောင်းလို့ရလား..?
Q: page ပုံစံအသစ်ကနေ အဟောင်းကို ပြန်ပြောင်းလို့ရလားခင်ဗျာ။ ကို Alex အနေနဲ့ကရော ဘယ်ဟာကိုပို prefer ဖြစ်ပါသလဲ။ A: ကျွန်တော်သိထားတာကတော့ ရတယ်ပေါ့နော်။ ကျွန်တော်တို့ new format page ကနေ old format page ကိုပြန်ပြောင်းလို့ရတယ်။ ကျွန်တော့်အသိတစ်ယောက်ရေးထားတဲ့ link ဖြစ်မယ်ထင်တယ်။ ကျွန်တော့်အနေနဲ့က ဘယ်ဟာကိုပို prefer ဖြစ်လဲဆိုတော့ အခုသတိထားမိတာ level up ကကိုင်နေတဲ့ page တော်တော်များများက new format တွေပြောင်းလာကြတယ်။ ကျွန်တော်မြင်တာကတော့ Facebook က unforce လုပ်ချင်တာလားပေါ့နော်။ ဘာလို့လဲဆိုတော့ customer experience ကောင်းတယ်လို့ သူတို့မယုံ မချင်းကတော့ old format ကနေ new format ကိုပြောင်းစရာမရှိဘူး။ ဆိုတော့ page တော်တော် များများက new format page ကိုပြောင်းနေကြတာဆိုတော့ ကျွန်တော် prefer ဖြစ်ဖြစ်မဖြစ်ဖြစ် ပြောင်းတာကပြောင်းမှာပဲ။ အဟောင်းကိုပြန်ပြောင်းရင်တောင်မှ တစ်ချိန်ချိန်မှာအသစ်ပြောင်းလာနိုင်တယ်။ ဆိုတော့ကျတော့ prefer ဖြစ်ဖြစ်မဖြစ်ဖြစ် Facebook က by force နဲ့ပြောင်းဆိုရင်တော့ ပြောင်းရမှာပဲ။ ကျွန်တော့်အနေနဲ့ကတော့ page အဟောင်းကိုပြန်မပြောင်းစေချင်တော့ဘူး။ ကျွန်တော့် page အကုန်လုံး ကတော့ new format တွေများတယ်။ ကြားဖူးတာကတော့ အဟောင်းတွေကိုပြန်ပြောင်းရင် post တွေ ပျက်တယ်ကြားတယ်။ အရင်တစ်လလောက်မှာတင်ထားတဲ့ post တွေပျောက်သွားတယ်ပေါ့နော်။ အဲ့ဒီဟာတွေက ပြန်ရလားမရလား မသေချာဘူး။ ပြောချင်တာက old page ကိုမရမကပြန်ပြောင်း ပြီးတော့မှ နောက်ပိုင်းမှာလည်း ပြန်ပြောင်းခံရမဲ့အတူတူတော့ new page ကိုကိုယ့်ဟာကိုယ် ဘယ်လိုမျိုး adaptation လုပ်ကြမလဲဆိုတဲ့ဟာမျိုးလေး စဉ်းစားကြည့်စေချင်ပါတယ်။ ဒါမှလည်း အဆင်ပြေမှာပေါ့ နော်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-10-15
02 min
AskAlex
Marketing Sense ရှိဖို့ Marketing ကိုဘယ်ကနေစပြီး လေ့လာသင့်လဲ..?
Q: ကို Alex ရေ ကျွမ်းကျင်တဲ့ marketer တစ်ယောက်ဖြစ်ဖို့ marketing sense ရှိဖို့ marketing ကို ဘယ်ကနေဘယ်လို လေ့လာသင့်လဲအကြံပေးပါဦးဗျ။ A: ကျွန်တော်အမြဲတမ်းပြောလေ့ရှိတာက marketing သမားတစ်ယောက်ဖြစ်ဖို့က marketing ကိုစပြီး လေ့လာပါ။ marketing ကိုစပြီးလေ့လာပါဆိုတာက marketing foundation, marketing principle, marketing management ဆိုတာတွေရှိပါတယ်။ အဲ့ကနေစပြီးတော့ လေ့လာပါ။ အဲ့တာမှ 4p တို့ SCP တို့ MAR law တို့ PESTEL တို့ 7p တို့ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်။ အဲ့တာမှ SWOT analysis တွေဘာတွေသိကြမှာ။ အဲ့တာတွေသိတော့မှပဲ next level တစ်ခုဖြစ်တဲ့ အားလုံး learn လုပ်နေကြတဲ့ digital marketing ဆိုတဲ့ဟာတွေကိုလိုက်ပြီးကြည့်တာ ပိုပြီးကောင်းပါတယ်။ ထပ်ပြောမယ်နော်။ marketing principle တွေကိုလေ့လာကြပါ။ အဆင့်တွေခုန်ဖို့အတွက်ကို လောမကြီးပါနဲ့။ အရမ်းအရေး ကြီးတယ်လို့တော့မြင်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း လောပြီးလုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့နောက်ဆုံးတော့ ကျွန်တော်လည်း foundation ကိုပြန်လေ့လာ principle ကိုပြန်လေ့လာ management ကိုပြန်လေ့လာ။ ပြီးတော့မှ အဲ့ဒီဟာကို platform တစ်ခုချင်းစီပေါ်မှာ ဘယ်လိုမျိုးသုံးရမလဲဆိုတဲ့ ပုံစံမျိုးလေးနဲ့သွားရ ပါတယ်။ အဲ့တော့ marketing သမားဖြစ်ချင်တယ်ဆိုရင် marketing ကိုလေ့လာပါ။ platform တွေကို စစချင်းလေ့လာမယ်ဆိုရင် technician ပဲဖြစ်မှာပါ။ marketing သမားဖြစ်မယ်လို့ မထင်ဘူး။ အရေးကြီး တဲ့နောက်တစ်ချက်က practical အများကြီးရှိဖို့ပါ။ အဲ့တော့ digital marketing လောက် practical အများကြီးလိုတာ digital marketing ရှိတယ်ဗျာ။ တခြား marketing ထဲဝင်ချင်တယ်ဆိုရင်တော့ မသိဘူး ပေါ့နော်။ ဥပမာ- Event တို့ PR တို့ အဲ့လိုမျိုး traditional marketing ဆိုရင်တော့ နည်းနည်းအရင်းအနှီးကြီးတာပေါ့။ ဒါပေမဲ့ digital marketing ကအခုချက်ချင်း page ထောင်လို့ရတယ်။ အခုချက်ချင်း YouTube channel ထောင်လို့ရတယ်။ အခုချက်ချင်း website ရေးလို့ရတယ်။ in very minimum cost. ပိုက်ဆံနှစ်သောင်းလောက်ရှိရင် website တစ်ခုက ကိုယ့်ဟာကိုဖွင့်လို့ရနေပြီ။ ဆိုတော့ marketing foundation, marketing principle, marketing management သိသွားပြီဆိုရင် marketing ကိုသင်နေရင်းနဲ့မှ အခုလိုမျိုး Facebook တို့ YouTube တို့ TikTok တို့ LinkedIn တို့ website တို့မှာ practical ရအောင် learn လုပ်ပါ။ ကျော်ခွပြီးတော့မှ Facebook မှာ content ဘယ်လိုရေးရမလဲရှာနေတယ် ဆိုရင်တော့ အဆင်မပြေဘူး။ customer တောင်မှဘာစိတ်ဝင်စားနေလဲဆိုတဲ့ customer sentiment ကို မသိသေးဘူး။ ကိုယ်ကနေ post ရေးဖို့အတွက်ပြင်နေပြီဆိုရင် What’s a point? ဆိုတော့ကျွန်တော်က basic ကိုအရင်လေ့လာစေချင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-10-14
03 min
AskAlex
Level Up Company တည်ထောင်ခဲ့တဲ့ journey လေးမျှဝေပေးလို့ရမလား..?
Q: Level up ကို ကူပေးတဲ့ partner ရှိပြီးမှ company လုပ်တာလား၊ ၁ယောက်တည်း run နေရင်းမှ ဝန်ထမ်းခန့် Company ကောက်လုပ်ပစ်ခဲ့တာလား သိချင်ပါတယ်။ ko alex ဖြေလို့ရမယ်ဆို သိချင်ပါတယ်။ A: ကျွန်တော့အနေနဲ့ အရင်ဆုံး run ပါတယ်။ ၂၀၁၅ လောက်မှာစပြီး run ပါတယ်၊ အဲ့ကနေပြီးတော့မှ ကျွန်တော့ကို ကူပေးနေတဲ့ ကျွန်တော့ရဲ့ very first partner ကိုဇင်မောင်တို့ ကိုကောင်းထက်ကိုကိုတို့ ရှိလာပါတယ်၊ ပြီးတော့ ၂၀၁၈ မှာ Myanmar blogger community လုပ်တုန်းက ကျွန်တော်နဲ့ Cofounder ဖြစ်တဲ့ မဖြိုးပပအောင် လည်းရှိပါတယ် again short out ပါ သူတို့နဲ့ ကျွန်တော် freelance လုပ်ပါတယ် အရင်တုန်းက၊ ကျွန်တော် ၂၀၂၀ မှာ ကျွန်တော့ရဲ့ Cofounder ဘဲ မသက်ထားရွှေစင်ရှိတယ် short out ပါ ။ သူတို့တွေနဲ့ စဉ်းစားပြီးတော့မှ ၂၀၂၀ မှာတော့ ငါတို့တွေ Level up ဆိုတဲ့ agency လေးတစ်ခုစရအောင်ဆိုတဲ့ ပုံစံမျိုးနဲ့ စတာကတော့ ကျွန်တော်ကစတာ တစ်ယောက်ထဲက စတာ ကျွန်တော်ဒီ page ကို Alex Khine ဆိုတာစလုပ်တယ် ပြီးတော့ Consulting လေးတွေစဝင်တယ် ၂၀၁၅-၂၀၁၆ လောက်မှာ အဲ့မှာ တစ်ယောက်ထဲ run ရင်းနဲ့ ကျွန်တော့ကို ဝင်ကူပေးပါ့မယ် Marketing နဲ့ ပတ်သတ်တာတွေ သင်ပေးပါဆိုတဲ့အချိန်မှာ ကိုဇင်မောင်တို့ ကိုကောင်းထက်တို့ကို သိသလောက်လေး ပြန်sharing လုပ်ပေးတယ်၊ သူတို့ ပြန်sharing လုပ်ပေးနေရင်းမှ ၂ယောက်၃ယောက် ၄ယောက် တဖြေးဖြေးများ လာတော့ စလိုက်တော့တယ်လေ အဲ့တာနဲ့ company စလုပ်ဖြစ်ခဲ့တာဘဲ။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-10-12
02 min
AskAlex
Google Ads နဲ့ပတ်သက်ပြီး hand-on experience ဘယ်လိုရှာရမလဲ..?
Q: Hello bro! Google Ads နဲ့ပတ်သက်ပြီး hand-on experience ဘယ်လိုရှာရမလဲ။ Thank you for sharing bro. A: ကိုယ့်ဟာကို work press မှာ website ရေးလိုက်။ ပြီးရင် Google domain တစ်ခုဝယ်လိုက်။ Google domain ကတစ်နှစ်ကို ဆယ့်နှစ်ကျပ်လောက်ပဲရှိတယ်။ work press မှာသွားရေးရင် blue host ဘာညာ သရကာနဲ့ဆိုရင် ကျွန်တော်ထင်တယ်။ blue host ရဲ့ basic plan ကတစ်လကို share hosting plan နဲ့ပဲ ဆိုရင် တစ်လကိုငါးဒေါ်လာ။ ဆိုတော့ဟိုကောင်က တစ်နှစ်ကိုဆယ့်နှစ်ကျပ်ဆိုတော့ တစ်လကိုတစ်ကျပ် ပေါ့လေ။ ခြောက်ဒေါ်လာရှိတယ်။ သုံးဆယ့်ငါးနဲ့မြှောက်ရင် နှစ်သောင်းပေါ့နော်။ အဲ့တော့ website တစ်ခုကို နှစ်သောင်းနဲ့ run လို့ရပါပြီ။ အဲ့ဒီ website ကနေ Google Ads ကိုအဲ့ပေါ်မှာပြန်သုံးပါ။ အဲ့တော့ နှစ်ဒေါ်လာသုံးဒေါ်လာငါးဒေါ်လာလောက် ပြန်သုံးမယ်ဆိုရင် တစ်လကို ဥပမာ- အစမ်းပေါ့လေ တစ်ပတ် ကိုငါးဒေါ်လာလောက်နဲ့ပဲ boost ပြီးတော့ hand-on experience ကိုရှာလို့ရပါတယ်။ ကျွန်တော်လုပ်လာ တာကို ပြောပြတာ။ အရင်တုန်းကသိတယ်မလား Facebook boosting ထိုင်ရင် အကုန်လုံးကိုယ့်ပိုက်ဆံနဲ့ ကိုယ် boost လုပ်တာ။ ကျွန်တော့် Alex Khine ရုပ်ကြီးနဲ့ ဟိုဒီ boost လုပ်ကြည့်ပြီးတော့မှ ဒီ Facebook ads feature ကတော့ ဒါလေးတော့ဖြစ်တယ်။ ဒီ Google ads feature ကတော့ ဒါလေးတော့ဖြစ်တယ်။ ထားပါတော့ traffic boost မယ်ဆိုရင်တော့ cost per result ကဒီလောက်တော့ဖြစ်သွားနိုင်တယ်။ စတဲ့ data တွေရလာပြီဆိုတော့မှ client အတွက်ဆိုရင် ဘယ်နေရာလေးက ဘယ်လိုမျိုးသုံးလို့ရတယ်။ ကိုယ့် branded ဆိုရင် ဘယ်နေရာလေးက ဘယ်လိုမျိုးသုံးလို့ရတယ်ဆိုတော့ ကျွန်တော်ကတော့အဲ့ဒီ hand-on experience ကိုကိုယ့်ကိုကိုယ်ထဲကို invest ပြန်လုပ်ပြီးတော့မှ ကျွန်တော့် hand-on experience ရှာတာပါ။ ကျွန်တော်လုပ်လေ့ရှိတဲ့ပုံစံ ပေါ့လေ။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-10-08
02 min
AskAlex
Beyond Facebook မှာ အသုံးပြုသင့်တဲ့ platform ကို ဘယ်လိုရွေးချယ်ရမလဲ..?
Q: Facebook platform အပြင် FB သုံးလို့မရတော့ရင် လူအများသုံးမဲ့ဘယ် platform မျိုးကို ရွေးချယ်ရမလည်းရှင့် A: Facebook platform အပြင် FB သုံးလို့မရတော့ရင် လူအများသုံးမဲ့ဘယ် platform မျိုးကို ရွေးချယ်ရမလည်းဆိုတာ အဲ့တာလေ အရင်တစ်ခေါက်က ကျွန်တော်မေးခဲ့တဲ့ Post တစ်ခုရှိပါတယ်။ အဲ့ထဲမှာ သွားကြည့်ပါ။ ကျွန်တော်လည်း အဲ့က အကိုတွေ အစ်မတွေပြောခဲ့တဲ့ စကားတစ်ခွန်းဘဲ ပြန်ပြော ပါမယ်၊ ကိုယ့်ရဲ့ platform ဘာသုံးရမလဲဆိုတာ ကိုယ့်ရဲ့ market က ဘယ်မှာသုံးနေလဲဆိုတာမှာဘဲ မူတည်ပါတယ်။ ဥပမာ Task သမားတွေက Youtube ကိုသုံးသွားသလိုမျိုး match market က tiktok ကို သုံးနေသလိုမျိုး ကျွန်တော်တို့ ဥပမာ Premium market segment က Instagram ကို သုံးနေသလိုမျိုး ကျွန်တော်တို့သုံးတဲ့ platform တွေက တစ်ဖွဲ့နဲ့ တစ်ဖွဲ့တူလာမှာမဟုတ်တော့ဘူး ကျွန်တော်တို့ရဲ့ website ကို သုံးချင်တဲ့သူတွေရှိကောင်းရှိနိုင်မယ် ကျွန်တော်ကတော့ဘာအကြံပေးချင်လဲဆိုတော့ အရင်ဆုံးတော့ ကိုယ့်ဘာကို budget ဘယ်လောက်ရှိလဲဆိုတာ သုံးသပ်ကြည့် budget ရှိတယ်ဆိုလို့ရှိရင်တော့ platform အကုန်လုံးကို ဝယ်စေချင်တယ် ကျွန်တော်လည်း platform အကုန်လုံးရှိတယ်၊ ကျွန်တော်ရဲ့ Alex khine page ကြီးက ကျွန်တော်ဆီမှာ Linkedin လည်းရှိတယ် youtube facebook Instagram tiktok viber က FYI နဲ့ချိန်းတာဆိုတော့ FYI ဖြစ်သွားတယ်၊ ဖြစ်နိုင်မယ် အကုန်လုံးတော့ ရောက်စေချင်တယ်၊ ဒါမှလည်း ကိုယ့်ရဲ့ brand present က အကုန်လုံးမှာရှိမှာပါ၊ Facebook သုံးလို့ ရ၏ မရ၏ ဆိုတာထက် brand present က ကိုယ့်ရဲ့ budget ပေါ်မှာ မူတည်ပြီးတော့မှ brand present extension တစ်ခု လုပ်ထားသင့်တယ်လို့ ကျွန်တော်မြင်ပါတယ် ဒါက facebook သုံးလို့ရ၏ မရ၏ ဆိုတာထက်စာလို့ရှိရင်က လူတွေအနေနဲ့ facebook အပြင်ကို အခြားသော platform တွေကလည်း စသုံးနေပြီဆိုတော့ ကိုယ်က facebook တစ်ခုထဲသုံးနေတာက နောက်ထပ် shift တစ်ခုအနေနဲ့ ရောက်လာတာဆိုလို့ရှိရင်က ကိုယ်အနေနဲ့ တစ်အားနောက်ကျသွားတာကို ကျွန်တော်မြင်တယ် တခြားသော platform တွေမှာလည်း ကျွန်တော့်အနေနဲ့ ခြေလှမ်းစထားစေချင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-10-06
02 min
AskAlex
Industry Development Chart ကို ကြည့်လို့ရတဲ့နေရာရှိလား..?
Q: alex လုပ်ခဲ့တဲ့ blogger community မှာတုန်းကလို ဘယ် industry ကပိုပြီးလူစုနေတယ်ဆိုတာမျိုး Myanmar business မှာလည်း e-Commerce လုပ်ငန်း စက်ရုံလုပ်ငန်း အပ်ထည်လက်ခံ ဘယ်ဟာက ဒီနှစ်မှာ development အဖြစ်ဆုံးဆိုတဲ့ chart တွေကြည့်လို့ရတဲ့နေရာရှိလား။ A: ကို alex လုပ်ခဲ့တဲ့ blogger community မှာတုန်းကလို ဘယ် industry ကပိုပြီးလူစုနေတယ်ဆိုတာမျိုး Myanmar business မှာလည်း e-Commerce လုပ်ငန်း စက်ရုံလုပ်ငန်း အပ်ထည်လက်ခံ ဘယ်ဟာက ဒီနှစ်မှာ development အဖြစ်ဆုံးဆိုတဲ့ chart တွေကြည့်လို့ရတဲ့နေရာရှိလားဆိုတော့ မရှိပါဘူး။ မရှိပါဘူးဆိုတာ အမှန်တော့ msme ကနေ အရင်တုန်းကထုတ်ပေးတဲ့ဟာတွေရှိတယ်။ အခုမထုတ်တော့ဘူး။ ဟိုဟာလေ agent development band ကနေ ၂၀၂၀ အကုန်မှာထုတ်ထားတဲ့ report တစ်ခုရှိတယ်။ Myanmar MSME report ဆိုပြီးတော့ပဲ Google မှာရှာကြည့်ပါ။ ၂၀၂၀ မှာ survey ကောက်ပြီးတော့ ၂၀၂၁ အတွက် ထုတ်ထားတာ။ ဒါပေမဲ့ Excel နဲ့ထွက်လာတာ။ အဲ့တာမျိုးပဲရှိမယ်။ ကျန်တာတော့ ကျွန်တော့်အနေနဲ့ မမြင်ဖူးပါဘူး။ blogger community ကလည်း ဘာမှမရှိလို့ဆိုပြီး ကျွန်တော်ထုတ်တာပါ။ အခုထိလည်း ထုတ်ပါတယ်။ မဖြန့်တာပဲရှိတာပါ။ ဘာလို့လဲဆိုတော့ internal မှာက KOL marketing တွေ run နေရတာ ဆိုတော့လေ။ အဲ့တော့ ကျွန်တော်တို့ကြည့်ဖို့ ကျွန်တော်တို့ထုတ်ပါတယ်။ အဲ့တော့ report တွေက fyi marketing media မှာကျတော့ ဆက်ပြီးတော့ page subscription အနေနဲ့တင်ပေးဖို့ကိုလည်း စဉ်းစားထားတာရှိပါတယ်။ ကြော်ငြာဝင်မယ်ပေါ့နော် ကျွန်တော်တို့ကို subscribe လည်းလုပ်ကြပါဦးလို့။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-09-29
02 min
AskAlex
Digital Marketer အနေနဲ့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်မယ်ဆို ဘယ်လို စကေးတွေလိုအပ်မလဲ...?
Q: ကို Alex ရှင့်။ digital marketer တစ်ယောက်အနေနဲ့ နိုင်ငံရပ်ခြားမှာ အသက်မွေးဝမ်းကျောင်းပြုမယ် ဆိုရင် ဘယ်လိုစကေးတွေလိုမလဲရှင့်။ ဘယ်လိုအခက်ခဲတွေကြုံတွေ့နိုင်လဲ ပြောပြပေးပါ။ A: နံပါတ်တစ်လိုမှာက ဘာသာစကားပါ။ ကိုယ်က မြန်မာလိုပဲပြောလာတာလေ။ မြန်မာစာနဲ့ အင်္ဂလိပ်စာပဲ သိတာ။ တရုတ်စာတောင်သိပ်သိမနေဘူး။ ဆိုတော့ ဘာသာစကားအခက်အခဲက အများကြီးရှိပါတယ်။ ကျွန်တော်တို့ အခု မြန်မာနိုင်ငံကနေ တခြားနိုင်ငံကိုသွားမယ့်လူတွေများပါတယ်။ ကျွန်တော်တို့ team ထဲမှာ တောင်ရှိပါတယ်။ ကျွန်တော်ကတော့ နိုင်ငံခြားသွားမယ်ဆိုရင် သွားသာသွားလို့ အမြဲတမ်းအားပေးလေ့ ရှိတယ်။ သူတို့ရဲ့ opportunity လည်း အခုမှမဟုတ်ဘူး။ အရင်တည်းက နိုင်ငံခြားမှာသွားပြီးအလုပ် လုပ်ခွင့်ရတယ်ဆိုရင်သွား။ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁ မှာကတည်းက ကျွန်တော့်အနေနဲ့ပြောနေကျ နိုင်ငံခြားသွားလို့ရရင်သွား။ ဘာလို့လဲဆိုတော့ exposure တစ်ခုလိုတယ်။ အဓိက ဘာသာ စကားမှာပြဿနာရှိပါတယ်။ သူတို့ရဲ့ ဘာသာစကားကို အနည်းဆုံးတော့ ပြောတက် နားထောင်တက် 4 skills မှာ 2 skills လောက် တော့ လုပ်တတ်အောင်တော့ သင်ထားစေချင်တယ်။ ဒါမှလည်း သူတို့နဲ့စကားပြောတဲ့အခါ အဆင်ပြေ မှာပါ။ hard skills တွေကသိပ်ကိစ္စမရှိဘူး။ hard skills ဆိုတာ ဥပမာ- marketing skill တို့ digital marketing skill တို့ဘာတို့ညာတို့က သိပ်ကိစ္စမရှိဘူး။ ကျွန်တော်တို့ရဲ့ မြန်မာပြည်ရဲ့ digital marketer တွေရဲ့ hard skills ကိုယုံပြီးသား။ ဒါပေမဲ့ soft skills တွေမှာ အများကြီးလိုတယ်။ သူတို့ရဲ့ culture တွေ သိဖို့လိုတယ်။ သူတို့ရဲ့ language ကိုနားလည်ဖို့လိုတယ်။ သူတို့ရဲ့ market ကိုသိဖို့လိုတယ်။ အဲ့တော့ အဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ အရင်ဆုံး learn လုပ်ဖို့လိုပါတယ်။ ဘာရှိသေးလဲဆိုတော့ သူတို့ရဲ့ holiday တွေသိဖို့လိုတယ်။ သူတို့ရဲ့ behavior တွေသိဖို့လိုတယ်။ ဆိုတော့ soft skills တွေအကုန်လုံးသိပြီဆိုတော့ မှပဲ ဒါနိုင်ငံခြားကိုသွားပြီးအသက်မွေးတယ်ဆိုရင်တော့ ပိုပြီးတော့ကောင်းမှာပေါ့နော်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-09-28
02 min
AskAlex
Page Restricted ဖြစ်ရင် ပုံမှန်ထက်ပိုကြာနိုင်လား...?
Q: Page Restricted ဖြစ်ရင် ပုံမှန်ထက်ပိုကြာနိုင်သလား ပြန်ရနိုင်ချေများသလားအစ်ကို။ delivery page တစ်ခုပါ။ ပုံမှန်ပဲတင်နေကျကို page ကို restricted လုပ်ချသွားခဲ့တယ်။ သူတို့နဲ့စကားပြောထားပေမဲ့ ၄၈ နာရီကျော် ၄ ရက်မြောက်ရှိသွားတယ်ပေါ့။ ဘာကြောင့်ဖြစ်မှန်းလဲမပြောဘဲ လုပ်ချသွားတာမျိုးကျ အစ်ကိုတို့ကြုံဖူးလားရှင့်။ ဘယ်လိုမျိုးလုပ်ဆောင်ရမလဲ အဆင်ပြေမယ်ဆို အကြံဉာဏ်လေးရနိုင်မလားရှင့်။ A: ၄၈ နာရီကျော်တဲ့ဟာတွေ အများကြီးရှိပါတယ်။ နေ့တိုင်း follow up သာလုပ်ပါ။ နေ့တိုင်း follow up လုပ်လို့ တစ်ချို့ page တွေပြန်ရတာပေါ့နော်။ အဲ့လိုမဟုတ်ဘဲနဲ့ permanently restricted ဖြစ်သွားတယ် ဆိုရင်တော့ ရေစက်ချပြီးအမျှဝေလိုက်ပါ။ ပြန်မရပါဘူး။ ပြန်မရပါဘူးဆိုတာ နောက်ထပ်သုံးလေးငါးနှစ်လောက်ကြာရင်တော့။ ဘာလို့သုံးလေးငါးနှစ်လောက်ကြာတယ်ပြောရရင် ကျွန်တော့် Alex Khine အကောင့်က ၂၀၁၉ လောက်တည်းက page restricted ဖြစ်သွားတာ။ boost လုပ်လို့မရဘူး။ ၂၀၂၂ ဇန်နဝါရီမှာ ကျွန်တော့်အကောင့် ပြန်ရပါတယ်။ ဘာမှမလုပ်ဘဲနဲ့။ ဒါပေမဲ့ လေးနှစ်ကြာတယ်။ အဲ့တော့ page restricted ဖြစ်တယ် ကိုယ်ကလည်းပြောထားတယ်ဆိုရင် ကိုယ့်ဆီမှာ ticket id တစ်ခုရပါလိမ့်မယ်။ အဲ့ဒီ id ကိုပြပြီးတော့ သူတို့ရဲ့ Facebook check support မှာသွားသွားကြည့်ပါ။ နေ့ရှိသရွေ့ သွားကြည့်ပါ။ အဲ့တာမှ သူတို့ဘက်ကတစ်ယောက်မဟုတ်တစ်ယောက်ကနေ လုပ်ပေးပါလိမ့်မယ်။ ဘာမှမပြောဘဲလုပ်ချတာကတော့ marketing တစ်လောကလုံးကြုံနေရတာပါ စိတ်မပူပါနဲ့။ သွားသွားပြီး ကြည့်ကြပါ။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-09-27
01 min
AskAlex
Garage Sale ဆိုတာဘယ်လိုမျိုးလဲ..? (Second Hand အကြောင်း)
Q: GaryVee လုပ်တဲ့ garage sale အကြောင်းလေးပြောပြပါအုံး ကို Alex။ အဲ့ဒါဘယ်လိုမျိုးလဲဗျ။ အဲ့လိုမျိုး မြန်မာနိုင်ငံမှာ ဘယ်လိုပုံစံနဲ့လုပ်လို့ရမလဲ ရှင်းပြပေးပါဦး။ A: garage sale ကဟိုမှာက second hand ပြန်ရောင်းတာ။ ဟိုမှာ free market လို့ခေါ်တဲ့ဟာမျိုးတွေလည်း ရှိတယ်။ free market ဆိုတဲ့ဟာက အိမ်က second hand တွေအကုန်လုံးကို ပြန်ရောင်းတာပေါ့လေ။ garage sale ဆိုတာက ဂိုထောင်ရှင်းတဲ့ sale။ အဲ့နိုင်ငံမှာက second hand ပြန်ရောင်းတဲ့ အဲ့ဒီဂိုထောင် ရှင်းတဲ့ sale ကိုပြန်ရောင်းတဲ့ဟာက behavior တစ်ခုရှိတယ်လေ။ မြန်မာနိုင်ငံမှာကကျတော့ အခု online မှာရောင်းနေတဲ့ဟာတွေရှိတယ်။ အလွယ်ဆုံးပြောရရင် Macbook ရောင်းတဲ့ဟာတွေ iphone ရောင်းတဲ့ ဟာတွေ furniture ရောင်းတဲ့ဟာတွေ စာအုပ်ရောင်းတဲ့ဟာတွေ။ အခုဆိုရင် ဟိုတစ်နေ့ကလိုက်ဖတ်ရင်းနဲ့ parpinello ရဲ့စာအုပ်က စျေးတက်သွားတာ။ ငါးအုပ်ကို သုံးသောင်းတို့ဘာတို့ရောင်းနေကြတာ။ ဒါသည်လည်း Grab sale ကို flip လုပ်လိုက်တာ။ ဘယ်လိုခေါ်မလဲ ကျွန်တော်တို့ တစ်သောင်းခွဲနဲ့ဝယ်တယ် စာအုပ် ငါးအုပ်ကို။ အဲ့ကနေ ကိုယ့်ရဲ့ဒီဘက် group မှာသုံးသောင်းနဲ့ပြန်ရောင်းလိုက်တယ်။ အဲ့တာကို Grab sale လို့ခေါ်တာပါ။ ဘယ်လိုလုပ်လို့ရလဲဆိုတော့ အပြင်မှာရောင်းတဲ့ဟာထက်စာရင် မြန်မာပြည်မှာ online ရောင်းကြတာပိုများတယ်ဆို တော့လေ။ online က second hand group တွေကိုလိုက်ကြည့်ပြီးတော့မှ data တွေကိုစု။ စုပြီးတော့မှ အဲ့ data ကိုတန်တယ်ထင်လို့ရှိရင်ဝယ်။ ပြီးရင် ကိုယ့်ရဲ့ကိုယ်ပိုင် Facebook page, Facebook group တစ်ခုခုမှာပြန်ရောင်းမယ်ဆိုရင်တော့ ဖြစ်နိုင်မယ်လို့မြင်တယ်။ လုပ်ကြည့်လို့လည်းရပါတယ်။ တစ်ခုဝန်ခံ ချင်တာက ကျွန်တော်တော့မလုပ်ဘူး။ Grab sale တော့ ကျွန်တော်မလုပ်ဖူးဘူး။ Gary ကတော့ တစ်ချိန်လုံးလုပ်နေတာ။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-09-24
02 min
AskAlex
Creative Writer's Block ဖြစ်လာရင် ဘယ်လိုဖြေရှင်းရမလဲ..?
Q: မင်္ဂလာပါ ကို Alex။ ကျွန်တော်အခုလုပ်နေတဲ့ အလုပ်မှာက တစ်ယောက်တည်းနဲ့ graphic ၊ content ၊ video တွေလုပ်နေရတာပါ။ မေးချင်တာကတော့ အကုန်လိုက်လုပ်နေရင်းနဲ့ ဘာ idea မှထွက်မလာတော့ဘူးဗျာ။ ပင်ပန်းလို့ ဘယ်လိုဆက်လုပ်ရမလဲဗျ။ A: ကျွန်တော်တို့က အကုန်လိုက်လုပ်နေရင် ဘာ idea မှထွက်မလာဘူးဆိုတာက creative writer's block လို့ ခေါ်တယ်။ စာရေးဆရာတွေမှာ အဓိကဖြစ်တာပေါ့နော်။ အဲ့တော့ writer's block ကို ဘယ်လိုမျိုးရှင်းကြလဲ ဆိုတော့ အဓိက inspiration လိုက် ယူရတာ။ inspiration ဆိုတာနေရာတကာမှာရှိတယ်။ ကျွန်တော်တို့ထဲ မှာလည်း ရှိတယ်။ အပြင်ကပန်းခြံထဲမှာလည်း ရှိတယ်။ shopping mall ထဲမှာလည်းရှိတယ်။ inspiration ယူလို့ရတဲ့ဟာလည်းရှိတယ်။ အဲ့တော့ကျွန်တော်ကတော့ creative သမားမဟုတ်ဘူးပေါ့နော်။ ကျွန်တော်ကဘယ်သောအခါမှ creative သမားလို့မသတ်မှတ်ခဲ့ ဖူးဘူး။ ကျွန်တော်ကိုယ်တိုင်လည်း marketing strategy သာ ခေါင်းထဲက ထွက်တာ။ အဲ့တာကို out of the box ကိုဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာမျိုးကို ရုတ်တရက်စဉ်းစားရင် ကျွန်တော်ခေါင်းထဲက ထွက်မလာ ဘူး။ ဘာလုပ်လဲဆိုတော့ တခြားသော page တွေ တခြားသော case study ။ ကျွန်တော်ခုနကပြောတာ case study အရမ်းလိုက်ကြည့်တယ်။ ကြော်ငြာတွေအများကြည့်တယ်။ အဲ့ထဲမှာ ဥပမာ- အရမ်းကြိုက်တဲ့ ကြော်ငြာ Mercedes ရဲ့ခြင်္သေ့ကြီးကြော်ငြာ။ အမြဲတမ်းလည်းကျွန်တော့် Ask Alex မှာပြောပြနေတာ။ တောဘုရင်ဆိုတဲ့ စိတ်ဓာတ်ကို Mercedes ကုမ္ပဏီပိုင်ရှင်သူက အမြဲတမ်းခေါင်းကိုက်နေတာ။ ကားထဲမှာထိုင်နေတဲ့အချိန်မှာ ဘယ်လောက်ထိငြိမ့်ညောင်းတယ်ဆိုတဲ့ status တစ်ခုကိုပြလိုက်နိုင်တဲ့ပုံစံမျိုးဖြစ်သွားတယ်။ အဲ့တော့ ကားထဲမှာ ampere light တွေရှိတယ်။ ကားရဲ့ခုံက massage လုပ်ပေးတယ်။ ပြီးရင်ကားထဲကသီချင်းက လုံးဝ base boost လုပ်ပေးထားတယ်။ boss ဆိုတဲ့ status တစ်ခုကို စာတစ်ကြောင်းမှမပြောပဲနဲ့ အသံနဲ့ပဲ ကျွန်တော်တို့ကပြသွားတဲ့ဟာမျိုးပေါ့လေ။ အဲ့တော့ အသံဆိုတာ sound track တွေနဲ့ပြသွားတဲ့ ဟာကို အရမ်းကြိုက်တယ်။ ဆိုတော့ အဲ့ဒီ Mercedes ဆိုတဲ့ကြော်ငြာကို Nike မှာပြန်သုံးလို့ရတယ်။ ထားပါတော့ ရွှေဆိုင်တွေမှာပြန်သုံးလို့ရတယ်။ ကျွန်တော်တို့က idea ကိုဖလှယ်ပြီးသုံးလိုက်တာ။ ကျွန်တော်တို့ရဲ့ local မှာဘယ်လိုမျိုးတွေက ဘယ်လို business တွေက ဘယ်လို audience တွေရှိနေတာလဲ။ အဲ့ဟာနဲ့ကိုက်တဲ့ တခြားသောနိုင်ငံတွေမှာရော ဘယ်လိုမျိုး idea တွေမျိုးတွေ ခေတ်စားနေတာလဲ။ ကျွန်တော်တို့ ၁၉၈၀ ကနေ ဒီနေ့အထိ ကြော်ငြာတွေမနည်းမနောထွက်လာတာ။ အဲ့ဒီပုံစံမျိုးနဲ့ inspiration ယူပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-09-22
03 min
AskAlex
Blogger line မှာ လူပိုသိအောင် ဘယ်လိုလုပ်ကိုင်ရမလဲ..?
Q: Blogger lineမှာ လူပိုသိလာအောင် ဘာတွေနဲ့ချိတ်ဆက်အလုပ်လုပ်ရမလဲ next step ကို သွားဖို့ဘာတွေ လိုမလဲသိချင်ပါတယ် အမေးက out of the box ဖြစ်နေရင် sorry ပါ အဆင်ပြေရင် ဖြေပေးပါအုံးနော် ကျေးဇူးပါ။ A: Blogger industry က ကျွန်တော်မြင်တာက လုပ်သင့်တာကလေ co-operation တွေများများလုပ်၊ co-operation ဆိုတာက ကျွန်တော်တို့ရဲ့ ဆိုင်ရာဆိုင်ရာ တခြားသော blogger တွေရှိချင်ရှိမယ်။ ဒါမှမဟုတ် တခြားသော media တွေရှိချင်ရှိမယ်။ အဲ့လိုမျိုး co-operation တွေသာများများလုပ်စေချင်တယ်။ ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ Facebook က engagement များလေလေ reach ပိုရလေလေပဲဖြစ်တဲ့ အလျောက် ကျွန်တော်တို့ Alex Khaing page ကိုအရင်တုန်းကစတုန်းက အခုလည်းဘယ်လောက်မှ ပေါက်တယ်လို့ပြောတာမဟုတ်ဘူးနော်။ လေးသောင်းကျော်ပဲရှိတယ် fan page က။ ဒါပေမဲ့ ဆိုလိုချင် တာက ကျွန်တော်အရင် ၂၀၁၈ မှာ page ကိုစပြီးလုပ်တုန်းက co-operation တွေအများကြီးလုပ်ခဲ့တယ်။ blogger တွေတော့မဟုတ်ဘူးပေါ့နော်။ ကျွန်တော်ရဲ့ field က business field ဆိုတော့ business ထဲမှာရှိနေတဲ့ အစ်ကိုတွေအမတွေနဲ့ cooperate လုပ်ပြီးတော့မှ သူတို့ရဲ့အမြင်အတွေးတွေပါကြားအောင် ပေးခဲ့တာတွေရှိတယ်။ ကျွန်တော် အကြံပေးချင်တာတစ်ခုက ဒီ blogger industry မှာ နည်းနည်းလေးပိုပြီးတော့ လူသိများချင်တယ် line မှာလူပိုသိလာအောင်လုပ်ချင်တယ်ဆိုရင် next step ကတော့ ကျွန်တော်မြင်တာက co-operation သာလုပ်ပါ။ co-operation လုပ်ခြင်းသည် အကောင်းဆုံးပဲ။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-09-21
02 min
AskAlex
Consultant တစ်ယောက်ဖြစ်လာဖို့ ဘယ်လိုလုပ်ရမလဲ..? (Consultant Journey)
Q: အစ်ကို့လို consultant တစ်ယောက်ဖြစ်လာဖို့ ဘယ်လိုတွေလုပ်ရမလဲအစ်ကို။ အစ်ကို့ journey လေးရော ပြောပြလို့ရမလား။ branding ကို ဘယ်လိုတည်ဆောက်ခဲ့တယ်။ အခုလို speaker တစ်ယောက်အဖြစ် ဘယ်လိုရပ်တည်ခဲ့တယ်ဆိုတာလေး။ A: ကျွန်တော့် journey ကတော့ရှင်းပါတယ်။ ကျွန်တော် marketing လုပ်ပါတယ်။ ကျွန်တော် marketing လုပ်တဲ့အချိန်မှာ ၂၀၁၂ လောက်ကနေစလုပ်တယ်။ အရင်တုန်းက sale လုပ်ခဲ့တယ်။ Technoland နဲ့ J mart မှာ sale လုပ်ခဲ့တယ်။ J mart မှာ ၂၀၁၂ လောက်ကနေစပြီးတော့ marketing လုပ်ခဲ့တယ်။ ဒီနေ့အထိပေါ့လေ။ ၂၀၁၂ ကနေ ၂၀၁၆ လောက်တုန်းက learning လုပ်စရာ YouTube ရယ် စာအုပ်တွေရယ် website တွေရယ်ပဲရှိတယ်။ မြန်မာလိုဘယ်သူမှ မပြောပြကြဘူး။ ကျွန်တော်ရဲ့ English ကလည်းအဲ့လောက်ကြီး လန်ပြန်ထွက်နေတာမဟုတ်ဘူး။ ကျွန်တော်ကဘာတွေးလဲဆိုတော့ အမြဲတမ်းငယ်ငယ်တည်းက ကိုယ်တစ်ခုခုတိုင်ပတ်တယ်ဆိုလို့ရှိရင် ကူညီပေးမဲ့လူတစ်ယောက် လိုချင်တာပေါ့နော်။ အဲ့တုန်းက consultant ဆိုတဲ့ဟာလည်းသိမနေဘူး။ ဆိုတော့ကျွန်တော်က တစ်ယောက်ယောက်ကူညီပေးရင်ကောင်းမယ်ဆိုတဲ့စိတ်နဲ့ပဲ brand တွေကို လိုက်ပြီးကူညီပေးဖြစ်တယ်။ လိုက်ပြီးတော့အကြံပေးတာပေါ့လေ။ idea တွေအကုန်လုံးကစျေးပေါတယ်။ idea လောက်စျေးပေါတာ idea ပဲရှိတယ်။ ကျွန်တော်ရဲ့အမြင်။ ဘာလို့လဲဆိုတော့ Execution is the only thing that matter. ကျွန်တော် idea လျှောက်ပေးတယ်။ လျှောက်ပေးတဲ့အချိန်မှာ business တွေကလည်းသဘောကျတယ်။ ကျွန်တော့်ရဲ့ ပထမဦးဆုံး client ဆိုရင် ကျွန်တော့်အမ။ အမကကျွန်တော်ပြောတဲ့ဟာကို လေးလေးစားစားလက်ခံပြီးတော့ လိုက်လုပ်တယ်။ အဆင်ပြေတယ်။ ပြီးရင်ကျွန်တော့်ရဲ့ second client က KANOTE phone accessories နဲ့ Engle mobile gadgets တွေပေါ့။ အဲ့က အစ်ကိုနဲ့အမကိုလည်း လုံးဝကျေးဇူးအများကြီးတင်တယ်။ ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ အားကိုးခဲ့ကြတဲ့ အစ်ကိုတွေ အမတွေဆိုတော့ကျတော့။ ကျွန်တော်ကတော့ ဘာကြိုက်လဲဆိုတော့ ကြော်ငြာအရမ်းကြည့်တယ်။ ကြော်ငြာအသစ်တွေဆိုရင် ကြည့်ရတာအရမ်းပျော်တယ်။ နောက်တစ်ခုကကျတော့ case study လိုက်ဖတ်ရတာအရမ်းကြိုက်တာ။ အဲ့တော့ case study ဖတ်လို့ရတဲ့ site တွေအများကြီးပါ။ online ပေါ်မှာ campaign ASIA တို့ king lion တို့ tech cross စတဲ့ case study site တွေအများကြီးပဲ။ ဒါပေမဲ့ ပိုက်ဆံပေးဝယ်ရတယ်ပေါ့နော်။ ဒီမှာလည်း နည်းနည်းလေးကြော်ငြာဝင်ဖို့ရှိတာက FYI.Marketing ကလည်း case study တွေလာဖို့ရှိလိမ့်မယ်။ ဒါပေမဲ့ again ပေါ့လေ။ ခုနကပြောသလို ကျွန်တော်တို့က subscription model နဲ့သွားတော့မှာဆိုတော့။ subscribe လုပ်ထားတယ်ဆိုရင်တော့။ subscribe ဆိုတာက ပိုက်ဆံပေးပြီး နှစ်စဉ်ကြေးပေးရတာ။ အဲ့တော့နှစ်စဉ်ကြေးပေးမယ်ဆိုရင်တော့ case study တွေကိုအကုန်လုံးတင်ပေးထားမယ်။ မြန်မာလိုပါတင်ပေးထားမယ်ဗျာ။ အဲ့ဒီဟာကိုလာဖတ်လို့ရမယ်။ အခုလည်း နည်းနည်းလေးအကုန်လုံးနဲ့လည်း survery လုပ်ချင်တာက အခုကြည့်နေတဲ့လူ အစိတ် သုံးဆယ်လောက်ရှိတာဆိုတော့ FYI marketing ကို ကျွန်တော်တို့က ဘာတွေထပ်ထည့်ပေးရအုံးမလဲ။ ကျွန်တော်တို့က အဲ့ဒီစျေးနှုန်းတစ်ခုအနေနဲ့ သတ်မှတ်ပြီးတော့ တစ်နှစ်စာသွင်းခိုင်းတော့မှာဆိုတော့ free ပေးတဲ့ဟာလည်းပေးမှာပေါ့နော်။ ဒါပေမဲ့ subscription model ရှိတော့မှပဲ ဒီ့ထက်ပိုပြီးတော့ affective ဖြစ်နိုင်တဲ့ ဒီ့ထက်ပိုပြီးတော့ value ရနိုင်တဲ့ data တွေ inside တွေ case study တွေပါ ဆက်ပြီးပေးမှာဆိုတော့ကျတော့ case study တွေ ကျွန်တော်ဖတ်တယ်။ နောက်ဆုံးတစ်ခုကတော့ comment တွေ လိုက်ဖတ်တာများတယ်။ အဲ့တော့ post တွေ group တွေ page တွေ အဲ့ဒီ comment တွေ ကျွန်တော်လိုက်ဖတ်တယ်။ ပြီးတော့မှ လူတွေရဲ့ attention ကဘယ်မှာရှိနေလဲ။ ဘာလဲညာလဲဆိုတာကို ကိုယ့်ဟာကိုဆုံးဖြတ်ပြီးတော့မှ ဒါလေးတွေကို ကျွန်တော့်ရဲ့ Alex Khine ဆိုတဲ့ page မှာစလုပ်တယ်။ ၂၀၁၇ လား ၂၀၁၈ လားမသိဘူး။ သေချာမမှတ်မိဘူး။ အဲ့မှာစတယ်။ ပြောမယ်ဆိုရင် ကိုယ့်အခက်အခဲဆိုတာ သူများမှာလည်းရှိမှာပဲ။ ကျွန်တော်ကြုံခဲ့ရတဲ့ အခက်အခဲတွေအကုန်လုံးက အခုလူတိုင်းကြုံနေရတဲ့ အခက်အခဲတွေပဲ။ ဥပမာ- ၂၀၁၂ က alex ကို ၂၀၂၂ က alex ကဘယ်လို ဖြေရှင်းပေးနိုင်လဲဆိုတာကို အမြဲစဉ်းစားတယ်။ ကိုယ်ချင်းစာကြည့်တာဗျာ။ အဲ့ကနေ ၂၀၁၂ က alex အဆင်ပြေနိုင်မဲ့ content မျိုးလေးတွေကို ဒီအချိန်မှာလုပ်ပေးနေတာ။ ကျွန်တော့်အနေနဲ့ကတော့ အဲ့ဒါပဲ.. speaker လို့လည်း ကိုယ့်ကိုယ်ကိုမခေါ်ရဲပါဘူး။ entrepreneur တစ်ယောက်လို့လဲ မခံယူပါဘူး။ ကျွန်တော်သည် marketer တစ်ယောက်ပါ။ အဲ့တော့ marketing ကိုကျွန်တော့်ရဲ့ next generation ရော အရင် generation ကမသိတဲ့သူတွေရော ကျွန်တော့်ရဲ့ same generation ကကျွန်တော်နဲ့ profession မတူတဲ့လူတွေအတွက်ကိုပါ marketing အနေနဲ့ marketing emphasis အနေနဲ့လုပ်ပေးပါတယ်။ ကျွန်တော်အနေနဲ့ ခံယူထားတာအဲ့တာပါပဲ။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-09-18
05 min
AskAlex
Own, Earn and Paid Media အကြောင်း
Q: Own, Earn, and Paid Media အကြောင်းလေးသိချင်ပါတယ် ကို Alex ရေ။ A: အမှန်တကယ်က အဲ့တာ PESO ဆိုတဲ့ စကားလုံးလေးလုံးရှိပါတယ်။ Paid , Earn, Share, Own ပါ။ PESO မှာဘာပါလဲဆိုတော့ paid ဆိုတာက ပိုက်ဆံပေးရတဲ့ media တွေအကုန်လုံးကို paid media လို့ခေါ်ပါတယ်။ ပိုက်ဆံပေးရတဲ့ဟာတွေအကုန်လုံး၊ Facebook boost လုပ်ရတယ် paid media ။ ထားပါတော့ media မှာကြော်ငြာထည့်ရင် ကျွန်တော်တို့ရဲ့ FYI မှာ ကျွန်တော်တို့ client တွေကို ကျွန်တော်တို့ newsletter subscribers တွေကို reach လုပ်ချင်လို့ဆိုပြီး ကျွန်တော်တို့ကို ကြော်ငြာလာအပ်တယ်ဆိုလို့ရှိရင် ဒါသည်လည်း paid media ပါပဲ။ ပိုက်ဆံပေးရတဲ့ bill board တွေ TVC ကြော်ငြာတွေ ပြီးရင် radio တွေအကုန်လုံးက paid media အနေနဲ့ ကျွန်တော်တို့က သွားသုံးပါတယ်။ earned media ကကျတော့ အလကားရတဲ့ media ပေါ့နော်။ ဥပမာ- ကျွန်တော်တို့ press release လုပ်တယ်။ product launch လုပ်တဲ့အချိန်မှာ media တွေကိုဖိတ်တယ်။ ကျွန်တော်တို့ story အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီလိုအခက်အခဲတွေကို ဒီ product က ဒီလိုမျိုးဖြေရှင်းပေးနိုင်ပါတယ်ဆိုတဲ့ PR story telling နဲ့သွားတယ်ဆိုရင်က သူတို့သည် အဲ့ဒီ story ကို cover လုပ်ပေးတယ်။ သတင်းအနေနဲ့ ပြန်ရေး ပေးတယ်။ အဲ့ဒီဟာတွေအကုန်လုံးက earn media လို့ခေါ်ပါတယ်။ ထားပါတော့ ကျွန်တော်တို့ရဲ့ Facebook မှာ KOL ဘက်ကတစ်ယောက်ကနေ ကျွန်တော်တို့ရဲ့ review တင်ပေးလိုက်တယ်ဆိုလို့ရှိရင် ဒါသည် earned media ပါ။ shared media ရှိသေးတယ်။ Share Media ကျတော့ social media အကုန်လုံးပါ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် share လုပ်လို့ရနေတဲ့အတွက်ကြောင့် share media လို့ခေါ်ပါတယ်။ own media ကကျတော့ ကိုယ်ပိုင် own channel တွေပါ။ ပြောမယ်ဆိုရင် ကျွန်တော်တို့ရဲ့ website တွေ ရှိမယ်။ e-commerce တွေရှိမယ်။ Facebook page, Viber channel တွေရှိမယ်။ အဲ့တာတွေအကုန်လုံးက own media ပါ။ marketing plan ဆွဲပြီးဆိုလို့ရှိရင်က paid, earned, share, owned ဆိုတဲ့ PESO ကို ဘယ် platform မှာဘာလုပ်မှာလဲ။ ကျွန်တော်တို့ product launch တစ်ခုလုပ်မယ်ဆိုရင် ထားပါတော့ ဥပမာ Vitacup ပေါ့လေနော်။ Vitacup ကို Launch လုပ်မယ်ဆိုရင် owned မှာဘာလုပ် မှာလဲ earned မှာဘာလုပ်မှာလဲ paid မှာဘာလုပ်မှာလဲ share မှာဘာလုပ်မှာလဲဆိုတဲ့ plan ဆွဲချတယ်။ ပြီးတော့မှ ဘယ်ကာလမှာ ဥပမာ- August မှာဘာလုပ်မှာလဲ September မှာဘာလုပ်မှာလဲ October မှာဘာလုပ်မှာလဲ November မှာဘာလုပ်မှာလဲ own, earn, paid, share ရဲ့ ဘယ် channel တွေမှာ ဘာလုပ်မှာဆိုတဲ့ marketing plan ထွက်လာပါတယ်။ အဲ့ကနေဆက်ပြီးတော့ အလုပ်လုပ်ကြတာပါ။ အဲ့တာကတော့ own, earn, paid, share ရဲ့ အကျဉ်းချုပ်လေးပေါ့နော်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-09-08
03 min
AskAlex
Business Name ဘယ်လိုပေးရမလဲ..? Business Name ပြောင်းရင် Brand ထိခိုက်နိုင်လား..?
Q: Business အတွက် နာမည်တစ်ခုကို ဘယ်လိုပေးရမလဲ Ko Alex, Business နဲ့ relevant ဖြစ်တဲ့ နာမည် မစဉ်းစားတတ်လို့ နာမည်တစ်ခုပေးပြီးရင်ရော ပြန်ပြောင်းလို့ရလား brand ကိုထိခိုက်နိုင်လားအကို A: ကျွန်တော်ကတော့ နာမည်တစ်ခုပေးပြီးရင်တော့ ပြန်မပြောင်းစေချင်ဘူး ဘာလို့လဲဆိုတော့ ဒီနာမည်ကို နှုတ်ကျိုးသွားတဲ့ အချိန်မှာ လူတွေကနောက်ထပ်တစ်ခုကို ထည့်စဉ်းစားဖို့အတွက်က မလွယ်တော့ဘူး။ အဲ့တော့ Business နဲ့ relevant ဖြစ်တဲ့နာမည်ကို မစဉ်းစားတတ်လို့ဆိုတော့ အရင်ခေတ်ကလိုမျိုးဗေဒင်လည်းသွားမေးလို့မရဘူးလေနော်၊ မေးချင်ရင်တော့မေးလို့ရတယ်ပေါ့လေ ဥပမာ အင်္ဂါသား ကိုညီဇော်လတ် ဘာနဲ့စတဲ့နာမည်လေးပေးကြပါဆိုတဲ့ဟာမျိုးလေး ပြောကောင်းပြောနိုင်တယ်ပေါ့နော်။ ကျွန်တော်က ဘာလုပ်စေချင်လဲဆိုတော့ ခေါ်လို့ကောင်းမဲ့နာမည် ခေါင်းထဲကို ရောက်သွားစေမဲ့နာမည်မျိုး ပေးစေချင်တယ်။ ဥပမာ- ကျွန်တော်ပေးခဲ့တဲ့ ဟာမျိုးဆိုရင် level up ဆိုတဲ့ဟာမျိုးပေါ့လေ level up ဆိုတာက ငယ်ငယ်တုန်းကတည်းက game ဆော့လာတဲ့သူတွေဆိုလို့ရှိရင် သိတယ် ကျွန်တော်တို့ next level ကိုဆွဲခေါ်သွားတယ်ဆိုတဲ့ဟာမျိုး ပြီးတော့ level one ဆိုတဲ့ဟာမျိုးသွားတယ် level one ဆိုတာကလည်း ကျွန်တော်တို့ရဲ့ SME agency အတွက်ကို ကျွန်တော်ကသွားတာ ကျွန်တော် ၂၀၁၉ လောက်တုန်းက လုပ်ခဲ့ဖူးတဲ့ blogger တွေစုထားတဲ့ Media သေးသေးလေးတစ်ခုရှိပါတယ် ကျွန်တော်တို့ ကိုဗစ်ဖြစ်ပြီးတဲ့ချိန်မှာ ကျွန်တော်တို့မလုပ်ဖြစ်တော့တာ “လက်ဆောင်”ဆိုတဲ့ page လေး blogger media လေးပေါ့နော် အဲ့တာဆိုလို့ရှိရင်လည်း ကျွန်တော်တို့က content လေးတွေ လက်ဆောင်ပေးကြမယ်ဟေ့ဆိုတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့က ပေးလိုက်တာ Business နဲ့ relevant ဖြစ်တယ်မဖြစ်ဘူးဆိုတာက relevant ဖြစ်ရင်တော့ အကောင်းဆုံးပေါ့နော် ဒါပေမဲ့ နားထဲ ဝင်သွား ပြီးတော့ အဲ့စကားက ဥပမာ Jack Ma Alibaba ကိုသုံးတဲ့အချိန်မှာပြောတဲ့စကား ဘယ်လိုနာမည် ပေးရမလဲဆိုတာ စဉ်းစားတဲ့အချိန်မှာ အပြင်ထွက်ပြီးတော့မေးတယ် Alibabaကို သိလားဆိုတော့ သိတယ် Alibaba ကိုသိလားဆိုတော့ သိတယ် Alibaba နဲ့ E commerce နဲ့ ဘာမှမဆိုင်ဘူးပြောရရင် Alibaba ဗျာ ပြောရင် E commerce နဲ့ ဘာမှမဆိုင်ဘူး ဒါပေမဲ့ ပါးစပ်ဖျားမှာ အဲ့နာမည်ကစွဲသွားတယ်၊ A-li-baba ဆိုပြီး လူတွေရဲ့ခေါင်းထဲမှာစွဲသွားတယ်၊ အဲ့ဒီဟာကြောင့် ဆက်စပ်ပြီးသွားတာ Business နဲ့ relevant ဖြစ်တဲ့ နာမည် ဆိုတာထက် ခေါ်လို့လွယ်ပြီး ခေါင်းထဲစွဲနိုင်မဲ့နာမည်တစ်ခုကိုပေးနိုင်တယ်ဆိုလိုရှိရင်က အဲ့နာမည် ပေါ်မှာ မူတည်ပြီး branding လုပ်သွားလို့ရတယ်၊ နာမည်တော့ခဏခဏ မပြောင်းနဲ့ပေါ့နော်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-09-07
03 min
AskAlex
Instagram Shop အကြောင်း
Q: မင်္ဂလာပါ ကို Alex။ Instagram shop ဖွင့်တာနဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံလေး မျှဝေပေးလို့ ရမလားရှင့်။ ညီမလုပ်ကြည့်တာ website ရှိမှရမယ်ဆိုလို့ပါရှင့်။ Facebook shop လိုမျိုး website မရှိဘဲနဲ့ တခြားနည်းလမ်းရော ရှိမလားရှင့်။ A: ကျွန်တော်သိသလောက်ကတော့ မရဘူး။ website ရှိမှပဲ သူ့ရဲ့ requirement ထဲကတစ်ခုပေါ့။ အဲ့တော့ website ရှိမှပဲ ဘယ်လိုခေါ်မလဲ domain verification လုပ်ရတာ။ အဲ့တော့ ကျွန်တော်တို့ရဲ့ web domain ကို verify လုပ်ရတာဆိုတော့ website ရေးတာဘယ်လောက်မှ စျေးများတာမှမဟုတ်တာ။ domain ဝယ် တာက ဘယ်လောက်ရှိလဲ။ ကျွန်တော်အရင်တုန်းကဝယ်တာ ၁၂ ဒေါ်လာရှိတယ်။ hosting ဘာညာ ကလည်း ကိုယ့်မှာ site ရှိရင်ရှိသလောက် ဆယ်ဂဏန်းပတ်ချာလည်လောက်တော့ရှိမယ်။ website ရေး တာကတော့ ကိုယ့်ရဲ့ developer ပေါ်မူတည်ပြီးတော့ ကွာနိုင်တဲ့အတွက်ကြောင့် အများ ကြီးတော့ ဒီမှာပြောလို့မရဘူး။ ကိုယ့်ဒေါသနဲ့ကိုယ်ပေါ့လေ။ ထားပါတော့ သိန်းဂဏန်းကနေ သိန်းကို ဆယ်ဂဏန်း ကနေ ရာဂဏန်းလောက်ထိ ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်ပါ။ နောက်တစ်ခုကတော့ ကျွန်တော်တို့ level up မှာလည်း website ရေးပေးပါတယ်။ (ကြော်ငြာဝင်တာပါ)။ စိတ်ဝင်စားတယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ကူညီပေးလို့ရပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-09-05
01 min
AskAlex
Personal Branding ဘယ်လိုတည်ဆောက်မလဲ..? အပိုင်း (၅) Long Time
Q: အကိုက Marketing သမားဆိုတော့အားကျတယ်ဗျာ၊ ကိုယ်က Marketing ကိုစိတ်ဝင်စားတယ်။ ကျွန်တော်က TikTok တွေလုပ်နေတာဆိုတော့ Content Marketing လိုတယ်။ မိမိကိုယ်ကို Marketing လုပ်နေတာပေါ့ ကျွန်တော် က Gary Vee fan ပါ။အဲ့တာပြီး ကျွန်တော်က Personal Branding တည်ဆောက်နေတာဆိုတော့ ဆောင်ရန်ရှောင်ရန်လေးတွေ သိချင်ပါတယ် အကိုရေ အပိုင်း (၅) Long Time နောက်ဆုံးတစ်ခုကတော့ ကျွန်တော့်အနေနဲ့ ဘာအကြံပေးချင်လဲ ဆိုတော့လေ personal branding က ကျွန်တော်တို့ တစ်ရက် နှစ်ရက် လုပ်ရတဲ့ တစ်လ နှစ်လ၊ တစ်နှစ် နှစ်နှစ် လုပ်ရတဲ့ဟာမျိုးမဟုတ်ဘူး။ personal branding ဆိုတာ နှစ်ပေါင်းဆယ်စုနှစ်နဲ့ချီပြီးတော့ သွားလို့ရတယ် သွားကိုသွားရမှာ ko phyo khant အခု အသက် ဘယ်လောက်လဲ ကျွန်တော်မသိဘူး။ ကျွန်တော်ဆိုလို့ရှိရင် ၂၉ ရှိပြီ၊ ကျွန်တော် Ask Alex ကိုစတာ alex khine page ကိုစတာ အရမ်းတော့ မကြာသေးဘူး ရှိလှရင် ၅နှစ် ပေါ့လေ။ ကျွန်တော်အနေနဲ့ကတော့ ဒီဟာသည် မာရသွန် ပါ spirit မဟုတ်ပါဘူး အဲ့ဟာအတွက်ကိုလည်း ခဏခဏပြောပါတယ် ဘာလို့လဲဆိုတော့ ကျွန်တော်အမြဲတမ်းခေါင်းထဲထည့်ထားတဲ့ဟာက ဘာရှိလဲဆိုတော့ platform တွေက ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေမှာ ကျွန်တော်က Digital ခေတ်ဦးကိုမှီခဲ့တာပေါ့နော် အရင်တုန်းက HiFi တို့ Flickr တို့ထိကို မှီခဲ့တယ် Mirc တို့ မှတ်မိမယ်ထင်ပါတယ် VZO chat တို့ စတဲ့ စပေါ်တဲ့ ခေတ်ကို မှီခဲ့တာဆိုတော့ အဲ့ဟာတွေပျောက်သွားတယ်။ ပြီးတော့ Facebook ပေါ်လာတယ်။ Twitter ပေါ်လာတယ်။ ပီးတော့ Gtalk ပေါ်လာတယ်.. အခု Gtalk တောင်ပေါ်ပြီးပြန်ပျောက်သွားပြီ။ အခု Facebook ပေါ်လာတဲ့အချိန်မှာကို TikTok ပေါ်လာတယ် အရင်တုန်းကတော့ Musically ပေါ့လေ ဒါပေမဲ့ Musically ကနေပြီး TikTok ကဝယ်လိုက်တယ် ။ ဝယ်ပြီးတဲ့အခါမှာ TikTok ဖြစ်သွားတယ်။ Platformတွေက အဲ့လိုဘဲ ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေမှာဘဲ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ Branding က Should be Consistent ကျွန်တော်ဆို အမြဲတမ်း ဘာလုပ်လေ့ရှိလဲဆိုတော့ platform အသစ်ထွက်ပြီဆိုလို့ရှိရင် အဲ့ platform ကို ကျွန်တော်စမ်းကြည့်တယ် ကျွန်တော်တို့ Youtube ကိုလည်း အရင်တုန်းကတည်းက post တွေတင်ပေးနေတာပေါ့နော် ပြီးလို့ရှိရင် TikTok မှာ လူတွေရှိ နေတဲ့အချိန်မှာ TikTok ကို သွားပြီးတော့ share ကြည့်တယ် post တွေတင်ကြည့်တယ် ကျွန်တော့်အကောင့် သည် LinkedIn မှာလည်းရှိတယ် Instagram မှာလည်းရှိတယ် Podcast တွေမှာလည်း ရှိတာ ဆိုတော့ကျတော့ ကျွန်တော်ကတော့ အဲ့ဒီ့ မာရသွန်ကိုပိုပြီး တော့ကြည့်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ တခါတလေဗျာ အရင်တုန်းက Vimeo ဆိုတဲ့ဟာမျိုးသုံးလားမသိဘူး Vimeo ဆိုတဲ့ဟာက TikTok ပုံစံမျိုးဆန်တယ် သူက video အတိုလေး အတိုလေးတွေ ရိုက်ပြီးတော့ တင်ကြတာဆိုတော့ကြတော့ ပြီးတော့ Vimeo လည်းပျောက်သွားတာဘဲ platform တစ်ခုထဲပေါ်မှာ ကိုယ့်ရဲ့ဟာကြီးကိုထားတာမျိုးမဟုတ်ဘဲနဲ့ ကျွန်တော်က platform ပေါင်းစုံမှာ ရှိစေချင်တယ်၊ ဒါမှဘဲ ကျွန်တော်တို့ရဲ့ branding က personal branding ဘဲလုပ်လုပ် commercial branding ဘဲလုပ်လုပ် branding ကပိုပြီးတော့အဆင်ပြေနိုင်မယ်လို့တော့ ကျွန်တော်ယူဆတယ်။ အဲ့တော့မှ platform တက်သွားတယ် platform နဲ့အတူတူ ကိုယ်လိုက်တက်လာတယ် platform ကျသွားပြီးဆိုလို့ရှိရင်က ကိုယ်က တခြားနေရာမှာ ခြေကုပ်ယူထားတယ်ဆိုလို့ရှိရင် ဘယ်လိုအကြောင်းကြာင်းနဲ့ဘဲကျကျ attention ထပ်ရလာနိုင်တဲ့ platform တွေပေါ်မှာ ကိုယ်ကရှိနေတယ်ဆိုလို့ရှိရင် အများကြီး ပိုပြီးတော့ ကိုယ့်အတွက် လည်း အဆင်ပြေလာနိုင်တယ် အဲ့တာလေးတော့ ကျွန်တော်အကြံပေးချင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-09-03
04 min
AskAlex
Personal Branding ဘယ်လိုတည်ဆောက်မလဲ..? အပိုင်း (၃) Collaboration
Q: အကိုက Marketing သမားဆိုတော့အားကျတယ်ဗျာ၊ ကိုယ်က Marketing ကိုစိတ်ဝင်စားတယ်။ ကျွန်တော်က TikTok တွေလုပ်နေတာဆိုတော့ Content Marketing လိုတယ်။ မိမိကိုယ်ကို Marketing လုပ်နေတာပေါ့ ကျွန်တော် က Gary Vee fan ပါ။အဲ့တာပြီး ကျွန်တော်က Personal Branding တည်ဆောက်နေတာဆိုတော့ ဆောင်ရန်ရှောင်ရန်လေးတွေ သိချင်ပါတယ် အကိုရေ အပိုင်း (၃) Collaboration အရေးကြီးတာ နောက်တစ်ခုက ကျွန်တော်မြင်တာ collaboration အင်မတန် အရေးကြီးတယ်၊ collaboration လုပ်စေချင်တယ် ဘာလို့လဲဆို collaboration က ကျွန်တော်တို့သည် Personal Branding လုပ်နေတဲ့ creator တွေအတွက်ကို အများကြီး အရေးပါတယ်၊ collaboration လုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ pageကို ကြည့်နေတဲ့သူတွေကလည်း တခြားသော တစ်ယောက်ရဲ့ အတွေးအမြင်ကို ရနိုင်တယ်၊ တခြားသောသူတွေရဲ့ followerတွေကလည်း ကျွန်တော်တို့ဆီဝင်လာနိုင်သလို ကျွန်တော်တို့ရဲ့ follower တွေကလည်း တခြားသူတွေရဲ့page ကို သွားပြီး follow လုပ်နိုင်တာပေါ့နော်.. ဒါဆို Win Win. ပြောမယ်ဆို ကျွန်တော်နဲ့ အရင်တုန်းက Tech အကိုတွေ TBHS က ကိုအောင်ချမ်းမြေ့တို့နဲ့ ကျွန်တော်လုပ်ဖူးတယ်၊ သူတို့ရဲ့ ဒီ Monetization ပေါ်မှာ ကိုဒီးဒီးရော ကိုအောင်ချမ်းမြေ့ရော ဖိတ်ပြီးတော့ ကျွန်တော်ပြောဖူးပါတယ်၊ Monetization ကို ဘယ်လိုလုပ်ကြလဲ ၊ creator monetization ဘယ်လိုလုပ်ကြလဲဆိုတဲ့ အကြောင်းနဲ့ပတ်သတ်ပီး ကျွန်တော် ပြောဖူးတယ်၊ ကျွန်တော့်ရဲ pageကို သူတို့နှစ်ယောက်ရဲ့ follower တွေကလည်းသိသွားတယ် ကျွန်တော့ရဲ့ follower တွေကလည်း သူတို့ကို သိသွားတယ်ဆိုတဲ့ အချိန်မှာ ကျွန်တော်တို့ (၃)ယောက်လုံးရဲ့ follower base က ပိုပြီးတော့များလာတာပေါ့နော်။ ဒါကတော့ collaboration ကျွန်တော်ကတော့ completion အစား collaboration ကိုပိုပြီးတော့သဘောကျတယ်ဆိုတော့ collaboration ကျွန်တော်တို့ လုပ်လို့ရတယ်။ နောက်တစ်ခုက Gary Vee fan ဆိုပိုသိမှာပေါ့ Gary Vee အကြောင်းမသိတဲ့သူတွေဖို့က ကျွန်တော်ကတော့ create လုပ်ရတာထက်စာလို့ရှိရင် document လုပ်ရတာပိုကြိုက်တယ်၊ ကျွန်တော်ကိုယ်တိုင်လည်း create လုပ်လေ့သိပ်မရှိဘူးဆိုတာက ဒါကြီးကိုဖြစ်ကိုဖြစ်ရမယ်ဆိုပြီးတော့ ဒါကြီးကို အားထုတ်ပြီးလုပ်မနေဘူး။ ကျွန်တော်ရဲ့ Ask Alex liveက အခုဖြေနေတာ အခုမှ မေးခွန်းတွေဖတ်ကြည့်တာ ဒီမေးခွန်တွေဖတ်ကြည့်ပြီးမှ အခုတခါထဲ ခေါင်ထဲရှိတဲ့ဟာတွေ ပြောပြတာပေါ့နော် ဥပမာ ကိုယ်က အပြင်သွားတယ် ကိုယ့်ရဲ့ရုံးမှာ ဗူးတွေဘာတွေထည့်တယ် အွန်လိုင်းရှော့ပင်တွေ၊ ဒါမှမဟုတ် စားသောက်ဆိုင်တွေ ကိုယ့်ရဲ့ Daily life တစ်ခုလုံးကို videoတွေရိုက်ထားပြီးတော့မှ အဲ့ဟာကို ပြန်ပြီးတော့ ဥပမာ ဟင်းချက်တယ်ဆိုလို့ရှိရင် ဘယ်ဟာ ဘယ်လိုချက်တယ်ဆိုတဲ့ဟာမျိုးကို video content တစ်ခုနဲ့ document လုပ်လို့ရတယ်၊ အဲ့ document လုပ်တဲ့ဟာကို ကျွန်တော်တို့က ပြန်ပြန်ပြီးတော့ သုံးလို့ရတာပေါ့လေ၊အဲလိုဆို အများကြီးပိုပြီးတော့ အဆင်ပြေတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-09-01
03 min
AskAlex
Personal Branding ဘယ်လိုတည်ဆောက်မလဲ..? အပိုင်း (၂) Media Buying
Q: အကိုက Marketing သမားဆိုတော့အားကျတယ်ဗျာ၊ ကိုယ်က Marketing ကိုစိတ်ဝင်စားတယ်။ ကျွန်တော်က Tiktok တွေလုပ်နေတာဆိုတော့ Content Marketing လိုတယ်။ မိမိကိုယ်ကို Marketing လုပ်နေတာပေါ့ ကျွန်တော် က Gary Vee fan ပါ။အဲ့တာပြီး ကျွန်တော်က Personal Branding တည်ဆောက်နေတာဆိုတော့ ဆောင်ရန်ရှောင်ရန်လေးတွေ သိချင်ပါတယ် အကိုရေ အပိုင်း (၂) Media Buying A: နောက်တစ်ခုကျတော့ boost လုပ်တာ ကျွန်တော်ကတော့ boost လုပ်လို့မရဘူး အပိတ်ခံထားရလို့ လုပ်ချင်တယ်.. မရဘူး။ နောက်တစ်ခုက ကိုယ့်ရဲ့ content ၊ တချို့တွေကျတော့ boost လုပ်တဲ့ တချို့ creator တွေကျတော့ boost လုပ်တဲ့ဟာကို ခါးခါးသီးသီး မကြိုက်ကြဘူးပေါ့နော်၊ ဘာလဲဆိုတော့ ဒါကစစ်မှန်တဲ့ဟာမျိုးမဟုတ်ဘူးဆိုပြီး ခံယူချက်တွေရှိကြတယ်၊ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့လေ ဒါပေမဲ့ ကျွန်တော် မြင်တာကတော့ boost လုပ်သင့်တယ်၊ boost လုပ်ခြင်းသည် ကိုယ့်ရဲ့ content ကိုလူတွေဆီ ရောက်အောင် Facebook၊ YouTube ဘာညာတွေကနေပြီးတော့ ပို့ပေးလိုက်တာ။ ကျွန်တော်ကတော့ boost လုပ်သင့်တယ်ထင်တယ် ကျွန်တော်ကိုယ်တိုင်လည်း boost လုပ်တယ် ကျွန်တော့်ရဲ့ alex khine pageကို ဒါမှလည်း ကျွန်တော့် contentတွေက လူတွေဆီရောက်သွားမှာကို လူတွေကြိုက်တာမကြိုက်တာ like လုပ်တာ မလုပ်တာ comment ပေးတာ မပေးတာ share လုပ်တာ မလုပ်တာ ဒါသူတို့အပိုင်းဖြစ်သွားပြီ၊ ဒါပေမဲ့ ကျွန်တော် content တွေသည် သူတို့ဆီကို ရောက်ဖို့ကတော့ boost လုပ်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ အဲ့ဟာက တစ်ပိုင်းပါ ဒါကို လုပ်ချင်လည်းလုပ် မလုပ်ချင်လည်း မလုပ်နဲ့ပေါ့နော်၊ ကျွန်တော်ကတော့ဖြစ်နိုင်မယ်ဆိုရင်တော့ လုပ်စေချင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-08-31
01 min
AskAlex
Personal Branding ဘယ်လိုတည်ဆောက်မလဲ..? အပိုင်း (၁) Mentality
Q: အကိုက Marketing သမားဆိုတော့အားကျတယ်ဗျာ၊ ကိုယ်က Marketing ကိုစိတ်ဝင်စားတယ်။ ကျွန်တော်က TikTok တွေလုပ်နေတာဆိုတော့ Content Marketing လိုတယ်။ မိမိကိုယ်ကို Marketing လုပ်နေတာပေါ့ ကျွန်တော် က Gary Vee fan ပါ။အဲ့တာပြီး ကျွန်တော်က Personal Branding တည်ဆောက်နေတာဆိုတော့ ဆောင်ရန်ရှောင်ရန်လေးတွေ သိချင်ပါတယ် အကိုရေ အပိုင်း (၁) Mentality A: Personal branding နဲ့ပတ်သက်လာရင် ကျွန်တော်ကတော့ ဘာကို ဦးတည်ပြီးလုပ်ဖို့ ပြောချင်လဲဆိုတော့ personal branding ဆောက်တဲ့သူတွေအများစုက တစ်ယောက်ထဲလုပ်ရတာကို ကျွန်တော်တောင် ကံကောင်းလို့ ကျွန်တော့် personal branding ကိုလုပ်ပေးတဲ့ team ရှိတာပေါ့၊ ဒါတောင် ကိုယ့်ဘာသာကိုယ် comment တွေဖြေတာဆိုတော့ တော်တော်များများက ကိုယ့် Page တွေကို ကိုယ့်ဘာသာ run ရတာဆိုတော့ကျတော့ ကျွန်တော်ကတော့ ဘာကိုပြောချင်လဲဆိုတော့ expendable ဘယ်လိုဖြစ်အောင် လုပ်ကြမလဲပေါ့ ဥပမာ personal branding လုပ်တာ တစ်ယောက်ထဲလုပ်တာဘဲ သို့သော် ကိုယ်ရဲ့ content တွေကို နေရာတကာမှာ ရောက်သွားအောင် ဘယ်လိုမျိုးတင်ရမလဲဆိုတဲ့ဟာမျိုးလေးတော့ တစ်ချက်လေး စဉ်းစားစေချင်တယ်။ အဲ့တာကြောင့်လဲ ကျွန်တော်က Ask Alex ကို run နေတာပေါ့နော် Ask Alex က အခု long form content ကို ကျွန်တော်ရဲ့ facebook. Youtube. LinkedIn သုံးခုမှာတင်တယ်၊ ပြီးတော့ ကျွန်တော့် team က မေးခွန်းတွေ အကုန်လုံးကို ပြန်ဖြတ်ပြီးတော့မှ Podcast တွေတင်တယ်၊ ပြီးရင် TikTok မှာတင်တယ်၊ Podcast မှာတင်တယ်၊ Facebook. Youtube စတဲ့ channel တွေမှာပြန်ပြီးတော့တင်လိုက်တဲ့ဟာမျိုးလေးတွေ ရှိတယ်ပေါ့နော် ကျွန်တော်တို့က ဒီvideo တစ်ခုထဲကိုဘဲ များများစားစားပြန်ပြီးတော့ဖြန့်ချလို့ရတာပေါ့လေ၊ အဲ့ဒါမျိုး ကျွန်တော်လုပ်ပါတယ်၊ တစ်ခုကတော့ personal branding သွားတယ်ဆိုလို့ရှိရင် နည်းနည်းလေးအကြံပေးချင်တာကလေ media ဆန်ဆန်မျိုး ကျွန်တော်က သွားစေချင်တယ်၊ Mentality ပေါ့နော် company brand တွေဘာတွေ ထက်စာလို့ရှိရင်က ကိုယ့်ဘာသာကိုယ် Media တစ်ခုလို့ ခံယူလိုက်ပြီးတော့မှ ကိုယ်ပြောနေတဲ့ topic နဲ့ဆိုင်တဲ့ တခြားသောဟာမျိုးလေးတွေပါ cover လုပ်လိုက်တယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေနိုင်တယ်။ Media တစ်ခုက ဒီဟာတစ်ခုဘဲ ပြောနေတာမဟုတ်ဘဲနဲ့ ဥပမာ ကျွန်တော်ရဲ့ FYI Marketing Media မှာဆိုလို့ရှိရင် Marketing အကြောင်းတော့ပြောတယ် Digital Marketing အကြောင်းပြောတယ် Facebook Marketing အကြောင်း ပြောတယ် ဒါပေမဲ့ ကျွန်တော်တို့က အဲ့ဟာနဲ့ ဆက်စပ်ပြီးတော့မှ အခြားသော Instagram. Youtube, Tiktok ဆိုတဲ့ ပုံစံမျိုးလေးတွေ ဆက်ပြီးပြောတဲ့ဟာမျိုးလေးတွေ ရှိတယ်ပေါ့နော်၊ နောက်တစ်ခုကကျတော့ တော်တော်လေး အခြားသော content creator တွေနဲ့ သဘောထားခြင်းကွဲလွဲကောင်း ကွဲလဲနိုင်တယ်ပေါ့ ကျွန်တော်ကတော့ ဘာကိုပါ လုပ်စေချင်လဲဆိုတော့ (၂)ပိုင်းပေါ့။ (၁)ပိုင်းကကျတော့ ဘာတွေဖြစ်နေလဲ ဘယ်လိုမျိုး trend တွေရှိနေလဲ ဆိုတဲ့ ကိုယ့်ရဲ့ content ထဲမှာ ဘယ်လို trend တွေဖြစ်နေလဲ ဆိုတဲ့ဟာတော့ သိသင့်တယ်၊ ဥပမာ trend လို့ပြောတဲ့ဆိုလို့ရှိရင်က trend chart လုပ်ဖို့အတွက်စာလို့ရှိရင် အဲ့ trend ပေါ်မှာ ကိုယ့်ရဲ့ အမြင်ကိုပါ ကိုယ်ပြောပြလို့ရတာပေါ့ ဥပမာ အနီးစပ်ဆုံး ပြောမယ်ဆိုရင် ဟိုတနေ့က ကိစ္စ Facebook ပိတ်တာမပိတ်တာ တစ်ပိုင်းထားတော့ ဒါပေမဲ့ Facebook က ကျော်ပြီးတော့ ဘယ်ကိုသွားကြမလဲဆိုတဲ့ ဆွေးနွေးလို့ရတဲ့ post လေးတစ်ခု ကျွန်တော် တင်ခဲ့တယ်ပေါ့နော် အဲ့မှာလည်း ဝိုင်းပြီးတော့ ဆွေးနွေးခဲ့ကြတယ်၊ ကျွန်တော်ကလည်း အဲ့ဒီ post ထဲမှာ comment လာမန့်ကြတဲ့ လူတွေရဲ့မန့်တွေအကုန် လိုက်ဖတ်ပြီး ပြန်သုံးသပ်တယ်ပေါ့နော်။ ဘယ် Industry ကတော့ ဘယ်ကိုသွားသင့်နေပြီ ဆိုတဲ့ပုံစံမျိုးလေးပေါ့ ဘယ်လိုမျိုး attention ဘယ်ဘက်မှာရှိလဲ သိတယ်ဆိုရင် attention ပေါ်မူတည်ပြီး ဘယ်လိုမျိုး attention တွေဆက်သွားနိုင်မလဲ ဆိုတာမျိုးကို လိုက်ရှာရတာကို hide the culture ဆိုတဲ့ဟာမျိုးလုပ်စေချင်တယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ကျတော့ attention ရှာတာမျိုးတော့မဟုတ်ဘူးပေါ့နော် ဒါပေမဲ့ ဘယ်တွေကိုသွားနေတာလဲ ဘယ်သူတွေက ဘာတွေကို စိတ်ဝင်စား နေတာလဲဆိုတဲ့ အကြောင်းအရာလေးကတော့ ကိုယ့်အနေနဲ့ သိသင့်တယ်လို့တော့မြင်တယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-08-30
05 min
AskAlex
Affiliate Marketing မြန်မာနိုင်ငံမှာ ခေတ်စားလာနိုင်လား..?
Q: Affiliate Marketing မြန်မာနိုင်ငံမှာ ခေတ်စားလာနိုင်လားဗျ။ A: Measure လုပ်လို့ရတယ်ဆိုရင် ခေတ်စားလာနိုင်ပါတယ်။ Affiliate Marketing ဆိုတာ referrer ကိုသွားတာ၊ ဒီလူကြောင့် ဒီ click ရတယ်ဆိုတဲ့ဟာကို Measure လုပ်လို့ရတဲ့တစ်ရက်ကျလို့ရှိရင် Affiliate Marketing က ထောင်တက်လာပါလိမ့်မယ်။ ကျွန်တော်ခဏခဏ try ကြည့်တယ် အဆင်မပြေဘူး။ Affiliate Marketing, Amazon, eBay, Taobao, Alibaba လုပ်နေတဲ့ဟာတွေအကုန်လုံးက သူတို့မှာ Affiliate program ရှိတယ်၊ Amazon Affiliate program ရှိတယ်၊ AAP ရှိတယ် AAP ကမှ ကျွန်တော်တို့က အကောင့်သွားဖွင့်တယ် ဘဏ်ကဒ်ထည့်ထားတယ် အဲ့ထဲကိုဘယ် product ထည့်မယ်ဆိုပြီး product link သွားထည့်တယ်ဆိုရင် သူတို့ဘက်က link ထွက်လာတယ်၊ bitly လိုဘဲ အဲ့ link ကို ကျွန်တော်တို့ရဲ့ content ထဲမှာထည့်ရေးရုံဘဲ မဟုတ်ရင်တော့ Affiliate Marketing သည် မြန်မာနိင်ငံမှာ ခေတ်စားဖို့က တိုင်း မှမရတဲ့ဟာကို ကိုယ်ကြောင့် effective ဖြစ်ပါတယ်ဆိုပြီးတော့ ဘယ်လိုကျမ်းကျိန်ပြောမလဲ၊ တိုင်းလို့ရတဲ့ နေ့ကျလို့ရှိရင် ခေတ်စားလာပါလိမ့်မယ်၊ တိုင်းလို့မရရင်တော့ ခေတ်မစားပါဘူး၊ ကျွန်တော်တို့ဆီက မြင်ရတာ traffic လောက်ဘဲမြင်ရတာ ဒါပေမဲ့ အဲ့ဒီလူကြောင့်ဝယ်သွားလား၊ မဝယ်သွားလားဆိုတဲ့ Data ကထွက်မနေဘူး၊ ကျွန်တော် Samsung မှာခဏခဏ လုပ်ဖူးတယ်၊ ကျွန်တော်တို့ဘာလုပ်လဲဆို ဝယ်မယ်ဆိုလို့ရှိရင် Samsung Alex ဆိုတဲ့ဟာလေးနဲ့ promo code လေးနဲ့ လာဝယ်ပါဆိုတဲ့ဟာမျိုး လူတွေကျတော့မေ့တယ်လေ ခေါင်းထဲမရှိဘူး link လေးကိုနှိပ်လိုက်တာသူတို့အတွက် ပိုအဆင်ပြေတယ်။ ခေါင်းထဲရှိမနေဘူးဆိုတော့ Samsung ဘာလဲမသိဘူး။ Alex ဘာလဲမသိဘူး ဆိုတဲ့ code တွေနဲ့ပဲလာဝယ်ကြတာဆိုတော့ Samsung Alex ဆိုတဲ့ code ကြီးနဲ့က ဘယ်သူ့မှာလာမဝယ်ဘူး.. (အာ့တုန်းက link က Samsung Alex Link တော့မဟုတ်ဘူးပေါ့နော်) ဆိုတော့ ကျွန်တော့်ဆီက လူတွေသွားတယ် တကယ်လည်း ဝယ်နေတာ ဒါပေမဲ့ ကျွန်တော် code နဲ့ဝယ်နေတာ မဟုတ်ဘူး ဒီမှာက Affiliate Marketing ကအဲ့လိုမျိုး တိုင်ပတ်တယ်ပေါ့လေ။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-08-29
02 min
AskAlex
Content Writer တွေအနေနဲ့ creativeဖြစ်တဲ့idea အဆန်းတွေကို ဘယ်လိုထုတ်မလဲ..?
Q: Ko Alex မင်္ဂလာပါ ညီမကလက်ရှိမှာ content writer တစ်ယောက်ပါ။ creative idea အသစ်အဆန်းတွေဘဲ အမြဲ ထုတ်နိုင်ဖို့ ဘာတွေလေ့လာရမလဲ ပြောပြပေးပါရှင့်။ A: ကိုယ်တွေလို ရူးနေတယ်ဆိုလို့ရှိရင် ဖြစ်နိုင်တယ်။ ကိုယ်တွေက ဂြိုလ်သား ဦးနှောက်တွေ၊ ဘာတွေမှန်းမသိဘူး ခေါင်းထဲပေါ်လာတာ။ အဓိက ကတော့လေ ဒီခေတ်မှ မဟုတ်ဘူး ကျွန်တော် စီနီယာတွေ သူတို့ပြောပြတဲ့ဟာတွေ ကြားရတာ လွန်ခဲ့တဲ့ ဆယ်စုနစ်က လွန်ခဲ့တဲ့ အနှစ်(၂၀)(၃၀) လောက်က agency တွေ ဘာလုပ်လေ့ရှိလဲဆိုတော့ ကျွန်တော်ကတော့ ဘာကိုအကြံပေးချင်လဲ ဆိုတော့ အဲ့ Mad Men ဆိုတဲ့ Agency Creative Director တစ်ယောက်ရဲ့ အကြောင်းကို ရိုက်ထားတဲ့ video အရမ်းလှတယ် အရမ်းမိုက်တယ် ကျွန်တော်ဆို ဟိုငယ်ငယ်လေးထဲက သဘော အရမ်းကျတာ Mad Men ဆိုတဲ့ ဇာတ်ကားကိုကြည့်ပါ။ အဲ့ထဲမှာ Don ကို အရမ်းသဘောကျတယ် ။ အဲ့က Don Draper အရမ်းမိုက်တယ်။ သူတို့ထဲမှာဆိုလို့ရှိရင် ဘာလုပ်ရလဲဆိုတော့ သူတို့ဆီမှာ reference စာအုပ်ကြီးတွေရှိတယ် ကျွန်တော်တို့ဆီမှာဆိုရင် case study လို့ခေါ်ရမှာပေါ့ reference ထဲမှာ ဘယ်လို color နဲ့ စပ်ပြီးသုံးရမလဲ၊ ဘယ်လိုမျိုး trend တွေက ဘာကြောင့်ဖြစ်လာတာလဲဆိုတာတွေ အများကြီးရှိတယ်။ အဲ့ concert တွေအကုန်လုံးကိုသူတို့က စာအုပ်တွေထဲထည့်ထားတာ ဘာအကြံပေးချင်လဲဆိုတော့ case study တွေ များများလေ့လာပါ ကြော်ငြာများများကြည့်ပါ။ လူတွေရှိနေတဲ့ group တွေဆီ များများဝင် comment တွေလည်း များများဖတ်။ ပြောမယ်ဆို idea အသစ်အဆန်းဆိုတာက ကျွန်တော့်အနေနဲ့ ဘာမြင်လဲဆိုလိုရှိရင် idea ဆိုတာက repeated ဗျာ။ ထပ်နေတာ။ ဒါပေမဲ့ တစ်ခုရှိတာက မြန်မာပြည်မှာ တခါမှမလုပ်ဖူးရင် မြန်မာပြည်အတွက်အသစ်ဘဲ ဥပမာ England က Idea တစ်ခုအရမ်းသဘောကျတယ် အဲ့တော့ မြန်မာနိုင်ငံမှာအဲ့ဒါကို တခါမှ မလုပ်ဖူးဘူး ဆိုရင် အဲ့တာကို မြန်မာ culture နဲ့ England က idea ကို reference inspire ယူလို့ရတယ်။ အဲ့ဟာကို ယူလာပြီးတော့မှ ကျွန်တော်တို့ရဲ့ မြန်မာပြည်က cultureနဲ့ ဘယ်လိုမျိုး fix in လုပ်ပြီးတော့မှ content လုပ်ကြမလဲဆိုတဲ့ ပုံစံမျိုးကို Art Director တွေဆီက စဉ်းစားကြပါတယ်။ Creative Director တို့ art Director တို့ကလည်း စဉ်းစားကြပါတယ်။ case study သာနာနာဖတ် ကျွန်တော်ဆိုလည်းတစ်ချိန်လုံး Thaiက ကြော်ငြာတွေ ထိုင်ထိုင်ကြည့်နေတာ၊ ကြော်ငြာများများကြည့်၊ group တွေထဲက commentတွေကို များများဖတ် group တွေထဲက commentတွေလောက် gossip တို့ဘာတို့ဖြစ်နေတာပါ့၊ ကျွန်တော်က အခုပြောတာတွေ လိုက်ကြည့်တယ်။ လူတွေက ဘာကိုကြိုက်နေလဲ၊ ဘယ်လိုပေါ်မှာ attention တွေရှိနေလဲဆို တဲ့ဟာကို မြင်ရတာဆိုတော့ အဲ့ဟာကိုဆွဲယူပြီးတော့မှ ဒီဘက် ကျွန်တော်တို့ရဲ့ client တွေပေါ်ကို ဘယ်လိုမျိုးလုပ် လို့ရလဲဆိုတဲ့ ဟာလေး ဆက်စပ်ပြီးတော့ စဉ်းစားလို့ရတယ်။ ဒီအကြောင်းအရာက တခြားသောနိုင်ငံတွေမှာ ဖြစ်ပြီးသား တော်တော်များတယ်။ တစ်ကမ္ဘာလုံးမှာ187 နိုင်ငံလားမသိဘူးရှိပြီသား အဲ့ဟာကို ကျွန်တော်တို့က case study ယူတယ် ကျွန်တော်တို့ရဲ့ အကြောင်းအရာကို ကျွန်တော်တို့ရဲ့ cultureနဲ့ ပြန်ကြည့်တယ် ဘယ်လိုပေါင်းလို့ရလဲ။ အဲ့တာကို ပြန်စဉ်းစားတယ်။ အဲ့လိုမျိုးပံစံမျိုးနဲ ကျွန်တော်တို့သွားလေ့ရှိပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-08-27
04 min
AskAlex
စျေးကြီးတဲ့ Product တွေကို ဘယ်လိုရောင်းမလဲ..?
Q: စျေးကြီးတဲ့ product or service တွေကို marketing လုပ်ရင် ဘယ်လိုမျိုးသွားသင့်ပါသလဲဗျ။ boosting ဆိုရင်ရော ဘယ်လို target ရွေးသင့်လဲဗျ။ သင်တန်းကြေးများတဲ့ ပညာရပ်တွေကိုသင်ပေးတဲ့ ကျောင်းအနေနဲ့ သွားရမယ့် marketing လေးကို သိပါရစေခင်ဗျ။ boost အပိုင်းဆိုရင် ဘယ်လိုသွားသင့်လဲ အကြံလေးလိုချင်ပါတယ်ဗျ။ A: အဲ့တော့ စျေးကြီးတဲ့ product နဲ့ service တွေကိုသွားမယ်ဆိုရင်တော့ စျေးမရောင်းတဲ့နည်းနဲ့ပဲသွားမှ အဆင်ပြေမှာပါ။ ဘာလို့လဲဆိုတော့ စျေးအရမ်းရောင်းနေတယ်ဆိုရင် စျေးရောင်းလို့မရဘူး။ ဒါက ကျွန်တော့်အမြင်ပါ။ စျေးကြီးတယ်ဆိုတဲ့နေရာမှာ ဘာ့ကြောင့်စျေးကြီးတယ်ဆိုတဲ့ why ဆိုတဲ့ ဟာကို အရင်ဆုံးဖြေရမှာ။ ပိုက်ဆံဘယ်လောက်ပဲ ရှိရှိဗျာ။ သင်တန်းကြေးများတဲ့ ပညာရပ်တွေကို သင်ပေးတဲ့ ကျောင်းအနေနဲ့ဆိုတော့ သူ့ရဲ့ choice ကအရမ်းများသွားပြီ။ ကျွန်တော်တို့ဟာကို မသင်ဘဲနဲ့ နိုင်ငံတကာမှာသင်နေတဲ့ သင်တန်းတွေ ဒါမှမဟုတ် တခြားတခြားသော online course တွေကို သွားတက်မှာလားဆိုတဲ့ဟာတွေရှိတယ်။ အဲ့ထက်ပိုပြီး ပိုက်ဆံရှိတဲ့သူမျိုးတွေဆိုရင်လည်း မြန်မာနိုင်ငံမှာ ကျောင်းမတက်တော့ဘဲနဲ့ တခြားနိုင်ငံမှာကျောင်းသွားတက်လို့ရနေတဲ့ အခြေအနေမျိုးတွေ ဖြစ်သွားတာကိုး။ သွားလည်းသွားတက်နေကြတာကိုး။ ဆိုတော့ ကျွန်တော်ကတော့ ဘာမြင်လဲဆိုတော့ အဲ့ဒီ စျေးကြီးတယ်ဆိုတဲ့ product တွေရောင်းမယ်ဆိုလို့ရှိရင် စျေးမရောင်းတဲ့ပုံစံနဲ့ သွားစေချင်ပါတယ်။ ဥပမာ- Mercedes ဆိုရင် သူကဘာနဲ့ရောင်းလဲဆိုတော့ social အခြေအနေတစ်ခုကို ရောင်းတယ်။ Mercedes ရဲ့ကြော်ငြာတွေထဲမှာ ကျွန်တော့်ခေါင်းထဲမှာ အခုထိမြင်နေတဲ့ ကြော်ငြာ တစ်ခုက ခြင်္သေ့ကြီး ရုံးမှာလုံးဝခေါင်းခဲနေပြီးတော့မှ Mercedes ကားထဲဝင်သွားပြီးတော့ သီချင်းဖွင့်လိုက်တာနဲ့ ခြင်္သေ့ကြီးက ငြိမ့်သွားတယ်ဆိုတဲ့အထာပေါ့လေ။ အဲ့တာက ခြင်္သေ့ဆိုတဲ့ဟာက ပြောမယ်ဆိုရင် တောရဲ့ဘုရင်ပေါ့နော်။ ဒီထဲမှာလုံးဝ social status တစ်ခုကိုပြလိုက်တာ။ အဲ့တော့ ဒီ Mercedes ကို စီးတဲ့လူတွေက social status အမြင့်ဆုံးဆိုတဲ့ဘက်ကို သွားထားတာ။ အဲ့လိုဆန်ဆန်မျိုး လုပ်စေချင်တယ်ပေါ့နော်။ ဆိုတော့ကျတော့ စျေးကြီးတဲ့ products တွေကို ရောင်းမယ်ဆိုရင် ပိုပြီးတော့ value ပေးရပါတယ်။ ဆိုလိုချင်တာက စျေးကြီးတယ်ဆိုရင် လူတွေက တစ်ခါထဲနဲ့ ဝယ်ချင်တဲ့စိတ် ပေါ်ချင်မှပေါ်လိမ့်မယ်။ content တစ်ခုကိုမြင်တယ်ဆိုလို့ရှိရင် တစ်ခါထဲနဲ့ဝယ်ချင်တဲ့စိတ် ပေါ်ချင်မှပေါ်လိမ့်မယ်။ အဲ့တော့ သူတို့ attention ကို သူတို့သွားနေတဲ့ နေရာတိုင်းမှာလိုက်ဖို့ လိုအပ်တယ်။ အဲ့တော့ ဒီနေရာမှာ boosting ဘယ်လိုမျိုးရွေးတယ်ဆိုတဲ့ဟာက အင်မတန်လွယ်တဲ့ဟာ။ ကျွန်တော်တို့ Facebook ပဲသွားသွား၊ programmatic ပဲသွားသွား ကျွန်တော်တို့က mobile, handset, device တွေနဲ့ရွေးလို့ရတာဆိုတော့ အဲ့တာက ကျွန်တော်တို့သင်တန်းကျောင်းရဲ့ သင်တဲ့ topic ပေါ်မှာမူတည်ပြီးတော့မှ interest consensual targeting သွားလို့ရတယ်။ ဘယ် interest ဘယ် interest ရှိတယ်။ ပြီးလို့ရှိရင် သူတို့သည် ဘာဖုန်းကိုင်တယ်ဆိုလို့ရှိရင် တော်ရုံတန်ရုံက သူတို့ရဲ့ target ကို hit ဖြစ်သွားတယ်။ အရေးကြီးတာက boosting targeting ဆိုတာထက် content ကဘာလုပ်မလဲဆိုတာက အင်မတန်အရေးကြီးတယ်လို့ ကျွန်တော်ကမြင်တယ်။ အဲ့တော့ ဘယ်လို card ကို play မှာလဲပေါ့။ ဥပမာ- ကိုယ့်ရဲ့သင်တန်းကျောင်းက အရမ်းကြာနေပြီ။ Strategy First လိုမျိုး သင်တန်းကျောင်းဆိုရင် legacy card ကို play လို့ရတယ်။ legacy card ဆိုတာ ဒီကျောင်းကသင်လိုက်တဲ့ မွေးထုတ်လိုက်တဲ့ တပည့်တွေအကုန်လုံးက ကုမ္ပဏီကြီးတော်တော် များများမှာ marketing head တွေဖြစ်နေကြပြီဆိုလို့ရှိရင်။ ဥပမာ- ကျွန်တော်ကော ကျွန်တော်နဲ့အတူတူ Strategy First ကို တက်ခဲ့ကြတဲ့ အစ်ကိုတွေအမတွေ အကုန်လုံးသည်လည်း ကိုယ့်ကျောင်းကို ပြန်ညွှန်တယ်။ ဆိုတော့ ကျွန်တော်လည်းအမြဲတမ်း Strategy First ကိုတက်တယ်လို့ ပြောပြလေ့ရှိတယ်။ အဲ့လိုမျိုးပဲ အဲ့ဒီ legacy card ကို ပေးလို့ရတယ်။ ဒါသည် Testimonials ပဲပြောပြော ကိုယ့်ရဲ့ကျောင်းသားဟောင်းတွေပဲပြောပြော Strategy First ကို အမြဲတမ်းပြန်ညွှန်တာကြောင့် သွားလို့ရတဲ့ဟာမျိုးရှိတယ်။ နောက်တစ်ခုကကျတော့ ကျွန်တော်ဒီမှာ Ask Alex လုပ်နေကြသလိုမျိူး value တွေပေးတဲ့ဟာ။ အဲ့တော့ သင်တန်းကျောင်းအနေနဲ့ သင်တန်း ကျောင်းမှာသင်တာက တစ်ပိုင်းဗျာ။ တစ်ကယ့်အပြင်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေရှိတယ်။ practical လက်တွေ့လုပ်ငန်းခွင်တွေမှာ။ အဲ့တော့ လက်တွေ့လုပ်နေရတဲ့အချိန်မှာ ဘယ်လိုမျိုးဖြေရှင်း ရလဲဆိုတဲ့ဟာကို ကျောင်းသားဟောင်းတွေရဲ့ ပြန်ပြီးချိတ်ပေးပြီး သွားလို့ရတဲ့ ပုံစံမျိုးတွေ လုပ်လို့ရတယ် ပေါ့နော်။ ဒါပေမဲ့ again ပါ။ စျေး စျေး ဆိုတဲ့ဟာမျိုးတွေထက်စာရင် ကျွန်တော်ကတော့ စျေးရောင်းတဲ့ post တွေ ဥပမာ- ဒါတွေဒါတွေ သင်တန်းမှာ ဒါတွေ သင်မယ်။ အဲ့တော့ အဲ့ဒီအတွက်ကို ကျွန်တော်တို့က ဒီလောက်စချုပ်တယ်ဆိုတဲ့ဟာမျိုးထက်စာရင် သင်တန်းကျောင်းရဲ့ branding ကို တည်ဆောက်တာက အများကြီးပိုပြီးတော့ affect
2022-08-25
07 min
AskAlex
Marketing 5.0 က မြန်မာနိုင်ငံ Culture အရ အသုံးချလို့ရနိုင်လား..?
Q: ကို Alex ရေ.. Marketing 5.0 အကြောင်း short program လေးလုပ်ပြီး ဆွေးနွေးပွဲလေးလုပ်ဖို့ အစီအစဉ် ရှိလား။ တချို့က seminar အသေးလေးတွေ စလုပ်နေတာတွေ့ရလို့ပါ။ အခြားနိုင်ငံတွေလည်း ဒါကို စမ်းသုံးနေကြပြီ။ မြန်မာနိုင်ငံရဲ့ culture အရ အသုံးချလို့ရလာနိုင်လား။ ဖြေပေးပါဦးနော်။ A: Marketing 5.0 က လုပ်နေပြီလားဆိုတဲ့ တစ်ချို့တစ်ဝက်က လုပ်နေပြီ။ ဒါပေမဲ့ အကုန်လုံးလုပ်ဖို့ အတွက်က မလွယ်သေးဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ marketing က လောလောဆယ် Marketing 2.0 ကို မနည်းကျော်နေရတဲ့အဆင့်။ customer တွေကို အရေးကြီးပါတယ်ဆိုတဲ့ points မရမချင်း value base marketing မသွားမချင်း။ ကျွန်တော်တို့ဆီမှာ အများဆုံးလုပ်နေကြတာက Marketing 1.0 Product Centric , Product features ကိုပဲ ပတ်ချာလှည့်ပြီးတော့ ပြောနေကြတဲ့ marketing state တစ်ခုမှာ တိုးထွက်နေရတဲ့ corporate brand တွေအကုန်လုံးက ထွက်သွားပြီ။ Marketing 3.0 လောက်ကို သွားနေကြတဲ့ အခြေအနေတစ်ခုပေါ့။ Marketing 3.0 ကနေ Marketing 4.0 ကိုတက်ဖို့အတွက်က ခုနကပြောတဲ့ Omani-channel ကို ကျွန်တော်တို့ သွားလို့ရတဲ့အချိန်ကျတော့မှ Marketing 4.0 ရဲ့ state က complete ဖြစ်မှာဆိုတော့ကျတော့ အဲ့ဒီ value marketing ကနေစပြီးတော့ Omani-channel ကို ရွေ့နေကြတယ်ပေါ့။ ဒါပေမဲ့ အများစုက လက်ရှိအချိန်မှာက digital ပေါ်မှာ စျေးတက်ရောင်းတာ။ ကျွန်တော်တို့က marketing လို့ သုံးမရဘူး။ digital channel တစ်ခုကိုသုံးပြီး product marketing လုပ်နေကြတာ။ Marketing 2.0 ပုံစံမျိုးလောက်အထိပဲ ရှိနေသေးတာဆိုတော့ Marketing 5.0 အထိက regional နဲ့သွားမယ်ဆိုရင် ရန်ကုန်ကတော့ ဖြစ်နိုင်တယ်။ မန္တလေးတောင်မှ Marketing 4.0 ကို အခုမှ တဖြည်းဖြည်း traditional ဖြစ်တဲ့အဆင့်ပဲ ရှိနေသေးတယ်။ ရန်ကုန်ကတော့ Marketing 5.0 အနေနဲ့ဖြစ်နိုင်တယ်။ တစ်တိုင်းပြည်လုံးအနေနဲ့ကတော့ မဖြစ်နိုင်သေးဘူး.. ဒါ ကျွန်တော့် အမြင်ပါ။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-08-20
02 min
AskAlex
Marketing 5.0 အကြောင်းအနှစ်ချုပ်
Q: ကို Alex ရေ.. Marketing 5.0 အကြောင်း short program လေးလုပ်ပြီး ဆွေးနွေးပွဲလေးလုပ်ဖို့ အစီအစဉ် ရှိလား။ A: Marketing 5.0 ကျတော့ community ဘက်ကို ပိုပြီး support ပေးတဲ့ပုံစံမျိုးဖြစ်တယ်။ အဲ့တော့ Marketing 4.0 မှာ ဘာသတိထားမိလဲဆိုတော့ အကုန်လုံး data, data တွေဆိုပြီး အော်ခဲ့ကြတာပေါ့။ လူတွေရဲ့ data point တွေ ရလာပြီဆိုရင် အဲ့ data point တွေက အများကြီး အသုံးချလို့ရတယ်။ ကျွန်တော်ဆိုလည်း Samsung မှာ ဘယ်လောက်ထိသုံးလို့ရလည်း ဆိုတဲ့ဟာကို Adobe ဘက်ကနေလာပြတဲ့အချိန်မှာ အကုန်မြင်ရတယ်။ အဲ့တော့ data ပိုင်တယ်ဆိုလို့ရှိရင် Donald Trump တောင် သမ္မတဖြစ်သွားတာဆိုတော့ data point တွေသည် အရေးကြီးတယ်ဆိုတဲ့ နေရာရောက်လာတာပေါ့။ data-dripping marketing ဆိုပြီးအကုန်လုံးက digital marketing ကို data-dripping ဆိုပြီး ဟုတ်သော်ရှိ မဟုတ်သော်ရှိ အော်ကြတယ်။ မြန်မာနိုင်ငံကို ပြောတာပေါ့နော်။ မြန်မာနိုင်ငံလောက် data ရှာရခက်တာ မြန်မာနိုင်ငံပဲရှိတယ်။ ဆိုတော့ မြန်မာနိုင်ငံရဲ့ data point တွေကလည်း အရမ်းကြီးများမနေဘူး။ Facebook profile လောက်၊ ဖုန်းနံပါတ်လေး၊ နေရပ်လိပ်စာလောက်နဲ့အကုန်လုံးက အဆင်ပြေနေကြတာများတယ်။ ကြီးကြီးကျယ်ကျယ်ကောက်နေကြတဲ့ company တွေရှိတယ်။ အဲ့ဒီ company တွေကလည်း ဒီဘက်က data ကို business inside အနေနဲ့ ပြန်ပြီးတော့ translate လုပ်ပြီးတော့ business inside ကိုမှ marketing အနေနဲ့ ပြန်ပြီးတော့ အသုံးချနိုင်တဲ့ company လက်တစ်ဆုပ်စာတောင် မရှိဘူး။ ဆိုတော့ အရမ်းနည်းတယ်ပေါ့နော်။ အဲ့တော့ မဖြစ်တဲ့ ကြားထဲကနေ ဖြစ်အောင်လုပ်နေကြတဲ့ marketing သမားတွေကိုလည်း respect ပါ။ Marketing 5.0 မှာကြတော့ data ကို အခြေခံလိုက်တဲ့အချိန်မှာ သုံးခုထွက်လာတယ်။ တစ်ခုကဘာလဲဆိုတော့ Contextual Marketing ရယ် Augmented Marketing ရယ် နောက်တစ်ခုက ဘာမှန်းမသိဘူး။ အဲ့တော့ Contextual Marketing လုပ်တယ်ဆိုတဲ့ဟာမျိုးကြတော့ ခုနပြောတဲ့ data set အခြေခံတာ။ ဥပမာ- Donald Trump ရဲ့ targeted ဆိုတဲ့ video တစ်ခုရှိတယ်။ The Great Heart ဆိုတဲ့ ဇာတ်ကားကို ကြည့်ဖူးတယ်ဆိုလို့ရှိရင် ဒီဇာတ်ကားရဲ့ documentary ရိုက်ထားတဲ့ဟာက Marketing 5.0 ကိုတော်တော်ကြီးကို အများကြီးပြသွားတာ။ Contextual Marketing တွေ အများကြီးသုံးပြသွားတယ်။ လူတွေကို profile ထဲထည့်သွားတာ။ Donald Trump ကိုကြိုက်တယ်ဆို သူတို့ရဲ့ profile ကတစ်ခု။ ပြီးရင် Hillary Clinton ကို ကြိုက်တဲ့ profile ကတစ်ခု တခြားသောကြိုက်တဲ့ profile တွေဆောက်လိုက်ပြီးတော့ segments တွေပြန်ခွဲချလိုက်တာ။ ပြန်ခွဲချပြီးတော့ Donald Trump ကို ကြိုက်တယ်ဆိုလို့ရှိရင် ဘယ်လိုမျိုးဆက်အားပေးရမလဲဆိုတဲ့ဟာမျိုးသွားတယ်။ Hillary Clinton ကို ကြိုက်တယ်ဆိုလို့ရှိရင် မတူတဲ့ page တွေအများကြီးကနေပြီးမှ fake new တွေ ဖြန့်ချတာ။ ဖြန့်ချပြီးတော့ fake new တွေအများကြီးကနေ Hillary Clinton သည် ဘာဖြစ်တယ် ညာဖြစ်တယ် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပြောကြတာပေါ့လေ။ အဲ့ campaign ကို run တာ။ အဲ့အချိန်မှာ profile links ဆောက်သွားတဲ့ဟာတွေ သူတို့ပြောသွားတဲ့ဟာတွေ အရမ်းမိုက်တာ။ အဲ့ဒီဟာက Contextual Marketing ပေါ့။ နောက်တစ်ခုက Augmented Marketing ကကျတော့ ပြောရရင် AR တွေ VR တွေ ပါလာတာ။ ကျွန်တော့်အမြင် Sale Plural မဖြစ်နိုင်ဘူးမဟုတ်ဘူး ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အရင်တစ်ပတ်နှစ်ပတ်ကနေ ကိုစိုးထက်အောင်တို့ တောက်လျှောက်သွားတဲ့ မြို့ပြဆိုတဲ့ app တစ်ခု ကျွန်တော်သတိထားမိလိုက်တယ်။ အဲ့ဒီ AR, VR တွေက မဖြစ်နိုင်ဘူးတော့မဟုတ်ဘူး။ commercial သုံးဖို့အတွက်ကကျတော့ Sale Plural ။ AR, VR က မြန်မာနိုင်ငံမှ မဟုတ်ဘူး။ International မှာတောင် big brand တွေ ဥပမာ- Jonson and Jonson တို့တောင်မှ AR, VR ကို ၁၀၀ ရာခိုင်နှုန်း အသုံးမချနိုင်သေးတဲ့ အခြေအနေတစ်ခု ရှိနေသေးတာဆိုတော့ Augmented Marketing သည် ဝုန်းကနဲ တစ်နှစ်နှစ်နှစ်အတွင်းမှာ တက်လာနိုင်မယ်လို့တော့ မမြင်ပါဘူး။ နောက်ဆုံး တစ်ခုကတော့ Predictive Marketing ။ ဘာလဲဆိုတော့ ခုနကပြောတဲ့ data point တွေနဲ့ သွားတဲ့ဟာ။ ကျွန်တော်တို့က consensual marketing မှာ လူတွေရဲ့ profile တွေကို Contextual အနေနဲ့ ဆောက်လိုက်ပြီးလို့ရှိရင် Predictive Marketing ကို run ကြတယ်။ ပြောရရင် ကျွန်တော်တို့အခုလုပ်နေပြီ။ ဥပမာ- shop.com ကျွန်တော်တို့ လူတွေက ဝယ်နေတဲ့ data point တွေရှိတယ်။ Ecommerce platform တွေမှာ ဝယ်နေတဲ့ data point ရပြီဆိုရင် အလွယ်ဆုံး ဥပမာပေးရရင် ကျွန်တော့် training တွေ Corporate section တွေ မှာပေးနေကျ ဥပမာ- messenger ကို ဖတ်လိုက်။ customer တစ်ယောက်စီလာပြီးပြောတဲ့ဟာတွေကို checking လုပ်လို့ရတယ်။ label တပ်လိုက်။ ကျွန်တော်တို့က နှစ်ပတ်တစ်ခါဝင်တာလား တစ်လတစ်ခါဝင်တာလား ဆိုတဲ့ data တွေ ထွက်လာလိမ့်မယ်။ ဘယ်လမှာ ဝယ်သွားတယ်ဆိုတဲ့ data ထွက်လာပြီဆိုရင် နောက် လ same day လောက်မှာ အစ်ကိုရေ ဒါလေးရောက်လာလို့ ဝယ်အုံးမလားဆိုတဲ့ manual လုပ်ရတယ်။ အဲ့တာတွေ
2022-08-19
09 min
AskAlex
Marketing 1.0,2.0,3.0,4.0 အကြောင်းအနှစ်ချုပ်
Q: ကို Alex ရေ.. Marketing 5.0 အကြောင်း short program လေးလုပ်ပြီး ဆွေးနွေးပွဲလေးလုပ်ဖို့ အစီအစဉ် ရှိလား။ တချို့က seminar အသေးလေးတွေ စလုပ်နေတာတွေ့ရလို့ပါ။ အခြားနိုင်ငံတွေလည်း ဒါကို စမ်းသုံးနေကြပြီ။ မြန်မာနိုင်ငံရဲ့ culture အရ အသုံးချလို့ရလာနိုင်လား။ ဖြေပေးပါဦးနော်။ A: ကျွန်တော်တို့ Marketing 5.0 က technology for community ဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ ထွက်လာတဲ့စာအုပ် ပေါ့နော်။ Marketing 1.0,2.0,3.0,4.0,5.0 ဆိုပြီးပေါ့နော်။ Marketing 5.0 အကြောင်းမပြောခင် 1,2,3,4 ကို အရင်ပြောပြမယ်။ မသိတဲ့သူတွေအနေနဲ့လဲသိသွားအောင်ပါ။ ဘာတွေလဲဆိုရင် 1 က product centric, 2 က customer centric, 3 က culture centric ပေါ့နော်။ 3 မှာက value base တွေပါလာပြီပေါနော်။ ကျွန်တော်တို့အခုလုပ်နေတာတွေက 3.0 ပဲရှိသေးတယ်။ customer centric တောင် သိပ်မလုပ်ကြသေးပါဘူး။ Marketing 1.0 မှာ အကောင်းဆုံး ဥပမာဆိုရင် Henry Ford ရဲ့ Ford ကားပဲ။ you can buying any color as service like ဆိုတဲ့ဟာ ဝယ်နေသမျှကာလပတ်လုံး ကြိုက်တဲ့အရောင်ရွေးဆိုတဲ့ဟာမျိုး သူတို့က product ကို ဦးတည်ပြီးရောင်းရတဲ့ အချိန်မှာ 1.0 နဲ့သွားခဲ့ရတာ။ product post တွေတင်တယ်။ product နဲ့ဆိုင်တဲ့ product features နဲ့ဆိုင်တဲ့ ဟာတွေနဲ့ သွားကြတာ။ ဒုတိယတစ်ခုက customer centric ။ customer centric ဖြစ်လာတဲ့အချိန်မှာ Marketing 1.0 တုန်းက Nobody giving damn about customer service ဗျာ။ ငါပဲရောင်းတာ ငါ့ဆီကပဲဝယ်လို့ရတယ်ဆိုတဲ့ အထာကြီးနဲ့ရောင်းတာပေါ့နော်။ နင်ဝယ်ချင်ရင် ငါ့ဆီလာဝယ် ငါရောင်းတဲ့စျေးနဲ့လာဝယ်။ ငါ့ဟာပဲဝယ်လို့ရမယ်ဆိုတဲ့ ဘက်ကိုသွားထားတယ်။ Marketing 2.0 မှာကျတော့ customer centric ဖြစ်သွားတယ်။ အဲ့အချိန်မှာ warranty ပေးတာတွေဘာတွေ customer တွေကြိုက်နိုင်တဲ့ ဝရုန်းသုန်းကား Tatic တွေပါလာတာပေါ့နော်။ Marketing 3.0 မှာကျတော့ value centric ဖြစ်သွားတယ်။ ဘာပါလာလဲဆိုတော့ ခု run နေတဲ့ content marketing ဆန်ဆန်ပုံစံမျိုးတွေ ပါလာတယ်။ အဲ့ဒီမှာ (3I) ဆိုတဲ့ဟာကတော့ တော်တော်နာမည်ကြီးကြီးပေါ့နော်။ Marketing 3.0 က value ပေါ်မှာမူတည်ပြီးတော့ Customer ဘာတွေကြိုက်တတ်လဲပေါ်မှာမူတည်ပြီးတော့ (3I) က brand identity, brand integrity, brand image ဆိုပြီးပေါ့နော်။ အဓိကကတော့Positioning ရယ် differentiation ရယ် brand ရယ်ပါပဲ။ အဲ့တော့ ဘယ်လိုမျိုး Positioning မျိုးယူမှာလဲ။ ဘယ်လိုမျိုး differentiation မျိုးနဲ့သွားမှာလဲ။ ပြီးရင် brand ကရော ဘယ်လိုပေါ်မှာ တည်မှာလဲဆိုတဲ့ ဘယ်လို brandingနဲ့သွားမှာလဲဆိုတာမျိုးပေါ့။ culture နဲ့ brand ကို ဘယ်လိုမျိုးပြန်ချိတ်မလဲ။ Marketing 3.0 မှာကျတော့ global brand တွေက local culture တွေနဲ့ ပြန်ချိတ်ကြတယ်။ အရင်တုန်းက customer service ကတော့ သိတယ်မလား။ global brand တွေအနေနဲ့ပဲ နေကြတယ်။ local culture ကို အဲ့လောက်ကြီး interest မဖြစ်ကြဘူး။ ၂၀၁၇ လောက်က Coca Cola တွေ ရွှေတိဂုံဘုရားမှာ ပေးဝေတာတွေရှိတယ်။ အဲ့လိုမျိုး activation တွေကအစ local culture ဘက်ကို ပြန်ပြီးအားပိုထုတ်လာတာတွေ သတိထားမိတယ်။ ဆိုတော့ ဒါတွေက Marketing 3.0 ။ Marketing 4.0 မှာကျတော့ digital ဘက်ကို ပြောင်းသွားကြတယ်။ content marketing ဘာညာဆိုပြီး digital ဘက်ကို ပြောင်းသွားကြတယ်။ Marketing 4.0 ကိုပြောမယ် ဆိုရင် Omani-channel မဖြစ်မချင်းပေါ့လေ။ Omani Channel ဆိုတာ website မှာတစ်ခုရေးထားတယ် social media မှာတစ်ခု application မှာတစ်ခု ဝယ်တာကတစ်ခု ဆိုင်ရဲ့ဆိုင်းဘုတ်မှာ ချိတ်ထားတာကတစ်ခု ဒါမျိုး channel ဖြစ်လို့မရဘူး။ Omani-channel Marketing ရဲ့ အဓိကအနှစ်သာရက Seamless Marketing လိုဟာ online နဲ့ offline ကဟာတွေကို အကုန်လုံးချိတ်ထားတာ။ အဲ့တော့ Marketing 4.0 သည် Omani-channel ဖြစ်သွားတော့မှ promotion တစ်ခုဆိုရင် Marketing Model , Customer Journey Model ပေါ့ AIDA မှာawareness, interest, desire, advocate ဆိုတဲ့ AIDA model တစ်ခုလုံးက ဘယ် platform မှာ ဘာကိုသွားကြတယ်။ campaign တစ်ခုတည်းကိုပဲ ဘယ် platform က ဘာကိုသွားကြမယ်ဆိုတဲ့ဟာ အကုန်လုံးက အချိတ်အဆက်မိနေရတာ။ အဲ့ဒါကို Omani-channel marketing လို့ခေါ်တယ်။ digital တစ်ခုတည်ဆောက်တတ်ရုံနဲ့ Marketing 4.0 ကို သုံးနေတာမဟုတ်ဘူး။ Marketing 4.0 ကိုသုံးမယ်ဆိုရင် online, offline နှစ်ခုလုံးကို Omani-channel approach နဲ့သွားနိုင်တော့မှပဲ ဒါသည် Marketing 4.0 ကို အပြည့်အဝအသုံးချတယ် ဖြစ်တာပေါ့။ အဲ့တော့ digital ကို သုံးနေတယ်။ ဒါပေမဲ့ Marketing 4.0 ကို သုံးနေတာမဟုတ်သေးဘူး။ အများစုကလည်း offline marketing သွားဖို့အတွက်က mid size level လောက်ထိစျေးကြီးတယ်။ Mid size company လောက်အထိက offline ကို သိပ်မသွားနိုင်ကြဘူး။ စျေးကြီးလို့။ အဲ့တော့ Trade marketing ဘက်ကို ဝင်ကြတာပေါ့နော်။ ဒီ brand marketing မှာ Event တွေ Activation တွေ သွားဖို့အတွက်က အင်မတန်ခဲယဉ်းတာဆိုတော့ အကုန်လုံးက Trade
2022-08-18
07 min
AskAlex
CBO နဲ့ Ads Set Budget ဘယ်လိုကွာလဲ..?
Q: Ko Alex ရေ CBO နဲ့ ads set budget က ဘယ်လိုကွာလဲဗျ။ A: ဘယ်လိုကွာလဲဆိုတော့ ဘာမှမတူတာပါ။ CBO က Campaign Budget Optimization ကိုခေါ်ပါတယ်။ CBO က Ads Set အများကြီးကို boost လုပ်ချင်တယ်ဆိုလို့ရှိရင် CBO on မထားဘူးဆိုရင် ads set တစ်ခုချင်းစီမှာ သွားပြီး ပိုက်ဆံထည့်ရတယ်။ effective ဖြစ်မဖြစ်က အမြဲတမ်းဝင်ကြည့်နေရတာ။ ဥပမာ- ads set a,b,c,d,e မှာ ads set b ရယ် d ရယ်က cost per result အရမ်းကျနေတယ်ဆိုလို့ရှိရင် ကျွန်တော်တို့က a ရယ် c ရယ် e ရယ် ကို ကိုယ့်ဟာကို သွားပိတ်ရတယ်။ CBO ကကျတော့ ads set ထဲမှာ ပိုက်ဆံမထည့်ရဘဲနဲ့ campaign level မှာ ပိုက်ဆံဘယ်လောက်ဆိုပြီး ပေးလိုက်တာပါ။ a,b,c,d,e မှာ ခုနကပြောသလို b ရယ် d ရယ်က course per result ကသက်သာနေတယ်ဆိုလို့ရှိရင် Facebook အလိုအလျောက် b ရယ် d ရယ်ကို ပိုက်ဆံပိုသုံးပေးလိုက်ပါတယ်။ အဲ့တော့ CBO သွားတာကတော့ ပိုပြီးတော့ effective ဖြစ်တာပေါ့နော်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-08-16
01 min
AskAlex
Engagement Campaign run တာ in review time ကြာရင် ဘာလုပ်ရမလဲ..?
A: ကျွန်တော် campaign တစ်ခုကို engagement နဲ့ run ထားတာ in review မှာတင် 24 hours ကျော်နေပါပြီ။ အခုထိ Ad မတက်သေးပါဘူး။ အဲ့တာရပ်ပလိုက်ပြီး အသစ်ပြန်စရမလား။ ဆက်ပြီးဘဲစောင့်နေရမလား ကို Alex ရေ။ Q: Ad အကောင့်က အသစ်ဆိုလို့ရှိရင်တော့ 24 hours ကျော်နိုင်ပါတယ် စောင့်လိုက်ပါ။ မဟုတ်ဘူးသုံးနေတာကြာနေပြီ နှစ်နဲ့ချီနေပြီ အခုမှစဖြစ်တယ်ဆိုလို့ရှိရင် ရပ်လိုက်ပါ၊ ပြီးတော့မှပြန်ပြီး Boost ကြည့်ပါ။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-08-12
00 min
AskAlex
Ads ထဲမှာပါတဲ့ 7-Days Clicks or 1-Day view attributes ဆိုတာ ဘာလဲ..?
Q: ကို Alex ရေ ads ထဲမှာပါတဲ့ 7-Days Clicks or 1-Day view attributes ဆိုတာဘယ်လိုမျိုးကို ပြောချင်တာလဲဗျာ A: အဲ့တာက attribution windowကို ဆိုလိုတာပါ၊ attribution windowကိုပြောရရင် ကျွန်တော်တို့ကြော်ငြာတစ်ခုကို မြင်လိုက်တဲ့အချိန်ကနေစပြီးတော့မှ ကျွန်တော်တို့လုပ်စေချင်တဲ့ action ကိုဘယ်နေ့မှာလုပ်လဲဆိုတဲ့ပုံစံမျိုးကို attribution window လို့ခေါ်ပါတယ်၊ ဒါ Media buyer တွေသိရမဲ့ အချက်ပါ attribution windowက ထိုင်အော်နေလို့ မထူးဘူး။ကျွန်တော် ပုံလေးတစ်ပုံပြမယ်။ attribution windowကို ဘယ်လိုပြရမလဲဆိုတော့ ကျွန်တော်တို့ attribution window, 1-day view 28-day click ဆိုတဲ့ဟာလေးရှိပါတယ်။ 1-day view နဲ့ 28-day Click ဆိုတာဘာကိုပြောတာလဲဆိုတော့ 1-day view တစ်ရက်ကြည့်သွားတယ် ကျွန်တော်တို့ first day မှာကြည့်သွားတယ် ကျွန်တော်တို့ first day မှာ ကြည့်သွားပြီးတော့မှ ၂၈ရက်နေ့အတွင်းမှာ ကျွန်တော်တို့ click လုပ်တဲ့ဟာ ဒီထဲမှာလည်း facebookကနေပြီးတော့ ပြောတာနဲ့တူပါတယ် ဒီလိုမျိုးဟာမျိုးတွေ attribution windowမှာက ဘယ်နှစ်ရက်ကြည့်ပြီးတော့ ဥပမာ ကျွန်တော်တို့ 1dayမှာ ကြည့်တဲ့သူတွေက ဘယ်နှစ်ရက်အတွင်း (၇ ရက်အတွင်း)မှာလား ဒါမှမဟုတ် (၂၈ ရက်အတွင်း)မှာလား ကျွန်တော်တို့ website ကိုရောက်သွားတဲ့သူတွေ ဘာလို့လဲဆိုတော့ စဉ်းစားကြည့်ကြည့်ဗျာ အရင်ဆုံး attribution windowက facebook ကဘယ်လိုနေရာမျိုးမှာပြန်ပြီးအသုံးချလဲဆိုတာရှင်းပြမယ် attribution window တွေကို facebookက ကျွန်တော်တို့ ကြော်ငြာတွေကို automize လုပ်တဲ့နေရာတွေမှာ အဓိကသုံးကျတဲ့ဟာမျိုးများတယ်၊ ကျွန်တော်တို့ကြော်ငြာလိုက်တယ် ကြော်ငြာလိုက်ပြီးလို့ရှိရင် ကျွန်တော်တို့ရဲ့ target ထဲမှာမှ target ဆိုတာ မီလီယံ နဲ့ချီပြီးရှိတာ မီလီယံနဲ့ချီပြီးရှိတဲ့ target ထဲမှာမှ ကျွန်တော်တို့ရဲ့ကြော်ငြာကို ဘယ်သူက စိတ်ဝင်စား မလဲဆိုတဲ့ signal တွေကို facebook ကအဲ့ဒီ attribution window နဲ့သွားတိုင်းပါတယ်။ အဲ့တော့ ကျွန်တော်တို့ကြော်ငြာကို စိတ်ဝင်စား နိုင်မယ့်သူတွေကို ဦးစားပေးပြီးတော့ ပြပေးတယ်။ အဲ့တော့ အဲ့ဒီ သွားတိုင်းတယ်ဆိုတဲ့နေရာမှာ ဘယ်လိုမျိုး facebook ကတိုင်းလည်းပေါ့နော် အဲ့တော့ စဉ်းစားကြည့် ကျွန်တော့်တို့ လူတစ်ယောက်အနေနဲ့ ကျွန်တော်အနေနဲ့ ပစ္စည်းတစ်ခု ဝယ်ချင်တယ် ဥပမာ ကျွန်တော်ရှူဆေးဝယ်ချင်တယ် ဒါပေမဲ့ ကျွန်တော်ကို ပထမနေ့မှာ ကြော်ငြာလာပြတယ် ကြည့်လိုက်တယ် ကျွန်တော်ကျော်သွားတယ် ဒုတိယနေ့မှာ ကြော်ငြာလာပြတယ် ကြည့်လိုက်တယ်ကျော်သွားတယ် တတိယနေ့မှာ မပြတော့ဘူး ဒါပေမဲ့ ကျွန်တော် နှာစေးလာတော့ ရှူဆေးဗူးဝယ်ချင်လို့ဆိုပြီးတော့ ပထမ၂ရက် မှာမြင်လိုက်တဲ့ cheraim brand (ရှုဆေး) နာမည်လေးရိုက်ထည့်လိုက်တယ် သူ့ရဲ့ page ရောက်သွားတယ် သူ့ရဲ့ pageမှာ ကျွန်တော်က website မှာဖြစ်ဖြစ် messenger မှာဖြစ်ဖြစ် ဝယ်တယ် ကျွန်တော်တို့က ဒီထဲမှာဆိုလို့ရှိရင် 7-day clickကို ကျွန်တော်တို့ကသွားကြည့်ရတယ် ပထမနေ့မှာ ကြော်ငြာပြပေမဲ့ ကျွန်တော်ရဲ့ action သည် (၃)ရက်မြောက်နေ့မှာမှ ကျွန်တော်လိုချင်တဲ့ resultတစ်ခုပေးတာ customer အနေနဲ့ လိုချင်တဲ့ result တစ်ခုပေးတာ message လိုချင်တယ်ဆိုလို့ message ads run ပြတယ် အဲ့တော့ message ads run ပြတဲ့ အချိန်မှာ ကျွန်တော်တို့က 1-day view 1-day click ဆိုလို့ရှိရင် ပထမနေ့မြင်တဲ့နေ့မှာ click လုပ်မသွားဘူးဆိုလို့ရှိရင် အဲ့ဒီလူကိုမပြတော့ဘူး အဲ့တော့ facebook ရဲ့ automization ကလည်း အရမ်းကြီးရှုပ်သွားနိုင်တယ်။ အနည်းဆုံးတော့ အမြဲတမ်း ဒီမှာ ပြောလေ့ရှိတာက 7-day click ကို ဦးစားပေးလေ့ရှိတယ်။ ဘာလို့ဆို ပထမနေ့မှာကြော်ငြာပြပေမယ့် နောက်ထပ်(၃)ရက်လောက်နေတော့မှ အဲ့ဒီ userက ခေါင်းထဲကပေါ်လာပြီးတော့ ငါနှာစီးနေတယ် အဲ့ cheraim ဆိုတဲ့ brand လေး သွားဝယ်ဦးမှ ဆိုပြီးတော့မှ ကျွန်တော်တို့ရဲ့ Page ကြီးကို ဝင်လာပြီးတော့ message လေးပေးသွားတာလေးက 7-day click attribution window ပါ အဲ့တော့ ဒီမှာ ကိုထူးဟန်မေးသွားတာလေး 7-day click ဆိုတဲ့ဟာက ကျွန်တော်တို့က 1-day view attribution ပြီးတဲ့အချိန်မှာ (၇)ရက်အတွင်း အဲ့လူဟာ ကျွန်တော်တို့ လိုချင်တဲ့ Website ကိုဘဲသွားသွား Messenger ကိုဘဲသွားသွား ကျွန်တော်တို့ဘာလိုချင်လဲပေါ့နော် ကျွန်တော်တို့ ရွေးခဲ့တဲ့ objectiveပေါ်မှာမူတည်ပြီးတော့မှ ပေးလာတဲ့ action တွေ အဲ့ဒီဟာတွေကို facebook ကကြည့်တယ် ကျွန်တော်တို့ (၃)ရက် လောက် (၄)ရက်လောက် (၅)ရက်လောက်နေရင် ကျွန်တော်တို့ လိုချင်တဲ့ result ကိုပေးတဲ့ သူတွေနဲ့ဆင်တဲ့ အခြားသော သူတွေကို target ထားပေးပြီးတော့ ကျွန်တော်တို့ရဲ့ကြော်ငြာတွေကို facebook ရဲ့ AI က automize လုပ်ပါတယ်။ ဒါကတော့ attribution window အကြောင်း အကျဉ်းချုံးပါ အဲ့ထက်အများကြီးသိချင်တယ်ဆိုရင် ကိုယ့်ဘာကို googel မှာရှာကြည့်ပါ။ အဲ့တော့ attribution window လို့ခေါ်ပါတယ် စိတ်ဝင်စားစရာကောင်းတယ် အဲ့ဟာတွေအကုန်လုံးက အဲ့တော့ attribution တစ်ခု နဲ့တစ်ခု attribution window မတူတဲ့အချိန်မ
2022-08-11
07 min
AskAlex
IT သင်တန်းကျောင်းတွေအတွက် Content အပြင် ဘာ Marketing Campaign တွေလုပ်လို့ရသေးလဲ။
Q: IT Class တွေဖွင့်တဲ့ သင်တန်းကျောင်းအတွက် Content အပြင်အခြား ဘာ Marketing Campaign တွေ plan တွေလုပ်သင့်လဲဗျ။ နောက်ပြီး IT class တွေဆိုတော့ အရမ်းကြီးကွန့်ရေးလို့လည်းမရဘူး။ နောက်ပြီး တစ်လတစ်ခါ အတန်းတွေပဲဆိုတော့လည်း content ရေးရတာ အရမ်းခေါင်းစားပါတယ်။ ဒီစာပဲမထပ်ချင်တော့ ဒါကိုပဲ တစ်လတစ်ခါ စာပြောင်းရေးရတာ အဆင်မပြေလို့ပါ။ သူက အခြားလို အရမ်းလေကျယ်ပြီး ကွန့်ရေးလို့လည်း မကောင်းလို့လေ။ နောက်တစ်ခုက Reel မှာ video တင်ရင် reel လို့မပေါ်ဘဲ Facebook post အဖြစ်ပဲပေါ် နေတယ်။ အဲ့တာဘယ်လိုများဖြစ်တာလဲ မသိဘူးခင်ဗျ တစ်ချက်လောက် ဖြေပေးပါအုံး။ A: ကျွန်တော်ထင်တာကတော့ အစ်ကိုက long form content တစ်ခုလိုနေတာ။ long form content ဆိုတာ ဘာလဲဆိုတော့ အစ်ကိုက creation ဆိုတာမျိုးကို အများကြီးတွေးနေတာပေါ့နော်။ အဲ့တော့ အဲ့ဒီ creation ဆိုတာ မျိုးထက် document လုပ်တဲ့ပုံစံမျိုး တစ်ချက်စဉ်းစားကြည့်ပါလား။ document လုပ်တယ်ဆိုတာ ပြောမယ်ဆိုရင် ကျွန်တော်အခုလုပ်နေတာအားလုံးက documentation တွေ။ ကျွန်တော့်ရဲ့ Ask Alex ကို ကျွန်တော်လုပ်တယ်။ Ask Alex ကို ကျွန်တော့်ရဲ့ Facebook, YouTube, LinkedIn မှာ launch လုပ်တယ်။ မေးခွန်းတွေဖြတ်တယ်။ Instagram, TikTok, LinkedIn, YouTube, Podcast မှာ short version တွေအနေနဲ့ ပြန်ချုံ့တယ်။ ပြန်တင်တယ်။ ပြီးရင် လူတွေစိတ်ဝင်စားတဲ့ အပိုင်းတွေကို ကျွန်တော်တို့က စာအနေနဲ့ ပြန်ရေးပြီး တင်တယ်။ ဆိုလိုချင်တာက နာရီဝက်၊ တစ်နာရီစာရှိနေတဲ့ long form တစ်ခုကို content တွေအများကြီး ရအောင် ပြန်ဖြတ်တယ်။ အဲ့အခါကျတော့ ကျွန်တော်တို့က content လည်တာ ပိုမြန်တယ်။ ပြီးတော့ ပိုပြီးတော့ လူသက်သာတယ်။ အဲ့လိုမဟုတ်ဘဲ အကုန်လုံး အစအဆုံး အသစ်ရေးနေရင် အသစ်အသစ်တွေကို ကျွန်တော်တို့က ကြာလာလေ Brain က အရည်ခမ်းသွားကော။ ဆိုတော့ ကျွန်တော့်အနေနဲ့ long form content တစ်ခုကို စဉ်းစားစေချင်တာပေါ့နော်။ ကျွန်တော်တို့ ဘယ်လိုမျိုး long form content တစ်ခုလဲဆိုတော့ ဉပမာ- ကျွန်တော်တို့ သစ်သီးဖျော်ရည်မွှေစက်တစ်ခုကို YouTube မှာ အဲ့ဒီစက်ရဲ့ ဓားတွေက ဘယ်လောက်ထိထက်လဲ ကြော်ငြာတာ။ အဲ့တော့ စဉ်းစားကြည့်။ မွှေစက်တစ်ခုတည်း ရောင်းနေတာ။ ကျန်တာဘာမှမရောင်းဘူး။ အဲ့တော့ IT class ကမှ နည်းနည်းစိတ်ဝင်စားဖို့ကောင်းသေးတယ်။ သူက ဒီဓားပဲ ဒီမွှေစက်ပဲရှိနေတာ။ အဲ့တော့ သူက ဘာလုပ်လဲဆိုတော့ ဒီမွှေစက်က ဘယ်လိုမျိုးပစ္စည်းတွေကို အမှုန့်ဖြစ်သွားအောင် ကြိတ်နိုင်မလဲဆိုတဲ့ ပုံစံမျိုးအထိကို သူတို့ကပြတာပေါ့နော်။ အဲ့တော့ သူတို့က အစမှာတော့ ဘာတွေနဲ့ သွားလဲဆိုတော့ ငှက်ပျောသီး၊ ပန်းသီး၊ စတော်ဘယ်ရီသီးတွေကို ထည့်ပြတယ်။ တဖြည်းဖြည်းနဲ့ လူတွေက အပြောင်အပျက်အနေနဲ့ အုတ်နီခဲထည့်ကြည့်ပါလားဆိုတော့ အုတ်နီခဲထည့်ပြတယ်။ ပြီးတော့ iphone ကအစ သူတို့ထည့်ပြီး မွှေပြတယ်။ အဲ့တော့ အဲ့လိုမျိုးနည်းတူ ကျွန်တော်တို့က concept တစ်ခုတည်းရဲ့အောက်မှာပဲ ကိုယ့်ရဲ့ဟာကို document ပြန်လုပ်သွားတဲ့ ပုံစံမျိုးလုပ်လို့ ရမယ်ဆိုရင်တော့ content အများကြီးစဉ်းစားတာထက်စာရင် program တစ်ခုပေါက်သွားတာ ပိုကောင်းတာပေါ့။ အဲ့တော့ ကျွန်တော်အမြဲတမ်း ပြောတယ်လေ media လိုပါပဲ။ ဒါက brand တွေက commercial content လို မတွေးဘဲ Media အနေနဲ့ entertainment နဲ့ ဒီဘက် commercial နဲ့ information နှစ်ခုပေါင်းပြီးမှ content ကို ထုက်နိုင်မယ်ဆိုရင် ကျွန်တော်တို့က အများကြီး ပိုချဲ့လို့ရတယ်။ ကျွန်တော်တို့က Facebook တစ်ခုတည်းမှာပဲ ရှိသေးတာ။ အဲ့တော့ ကျွန်တော်တို့ LinkedIn, YouTube, TikTok, Instagram တွေကို ဘယ်လိုသွားကြမှာလဲ။ အဲ့တော့ Facebook တစ်ခုတည်းတောင် stack ဖြစ်နေတယ်ဆိုလို့ရှိရင် အဲဒီဟာတွေအကုန်လုံးကို လုပ်ဖို့အတွက် အင်မတန် ခဲယဉ်းသွားလိမ့်မယ်။ အဲ့တော့ ကျွန်တော်အစောပိုင်းကပြောတဲ့ long form content တစ်ခုကိုထုတ်ပြီးတော့ short form content တွေနဲ့သွားတဲ့ ပုံစံမျိုးကတော့ အများကြီးအဆင်ပြေလာနိုင်မယ်လို့တော့ ကျွန်တော် မြင်ပါတယ်။ #marketing #digitalmarketing #market #career #askalex #askalexmm
2022-08-06
04 min
AskAlex
Facebook Media Buying အတွက်အသင့်တော်ဆုံးသင်တန်း။
Q: ကို Alex ရေ Facebook Media Buying သင်တန်း ဘယ်မှာတက်သင့်လဲဗျ။ အခြေခံတော့ သေချာသိပြီးပါပြီ။ Advance Level အထိသင်ချင်တာပါဗျ။ A: Facebook Media Buying ဆိုတာက Facebook Boosting ပေါ့နော်။ Facebook Media Buying ဆိုရင်တော့ Facebook မှာ Blueprint ဆိုတဲ့ website ရှိပါတယ်။ ကျွန်တော်က Facebook ရဲ့ Blueprint မှာတက်ဖို့အားပေးပါတယ်။ Blueprint လောက်လည်းစုံတဲ့သင်တန်းမရှိပါဘူး။ ဘာလို့ဆို Facebook က Features အသစ်ထွက်တိုင်း Blueprint မှာသွားပြီး update လုပ်ပေးပါတယ်။ Training တွေလည်းယူလို့ရပါတယ်။ ပြီးတော့ Facebook က certificate လည်းပေးတဲ့အတွက် အဆင်ပြေပါတယ်။ အဲ့ site မှာ certification အတွက်လည်းဖြေလို့ရတယ်။ Certification ကဘာတွေရသေးလဲဆို Digital Marketing Associated တို့ Media Buying အတွက်ဆိုလည်း Media Planning Professional တို့ Media Buying Professional ဆိုပြီးဖြေလို့လည်းရပါတယ်။ ကျန်တဲ့ Marketing Developer အတွက်လည်းဖြေလို့ရသလို Creative ပိုင်းကိုသွားချင်တယ်ဆိုရင်လည်း Creative Strategy Professional ဆိုတာရှိတယ်။ Media Buying Professional အတွက်စာမေးပွဲဖြေမယ်ဆိုရင်တော့ total 105 min အတွင်းဆိုတော့ 2 နာရီနီးပါးလောက်တော့ကြာပါမယ်။ ဒီမှာက Media Buying အတွက်စုံစုံလင်လင်ပါတာဖြစ်လို့ ဒီမေးခွန်းအတွက် အဆင်ပြေမယ်လို့တော့ထင်ပါတယ်။ ပြီးတော့ ဒီမှာက Core Course တွေဖြစ်တဲ့ Optimize ဘယ်လိုလုပ်ရမလဲ၊ ပြီးရင် Parameter တွေဘယ်လိုဆောက်ရလဲ၊ Personalize ဘယ်လိုလုပ်ရလဲ၊ Campaign Resources တွေကိုဘယ်လိုဖတ်ပြီးတော့ analyze လုပ်ရလဲဆိုတာတွေက Meta Blueprint မှာ သင်လို့ရပါတယ်၊ ဖြေလို့ရပါတယ်၊ သင်လည်းသင်စေချင်ပါတယ်။ အဲ့တော့ Media Buying အတွက်သင်ချင်တယ်ဆိုရင်တော့ Meta က Blueprint က အဆင်အပြေဆုံးပါ။
2022-06-07
04 min
AskAlex
Rebranding လုပ်ရင် သိထားရမယ့်အချက်တွေ။
Q: Business တစ်ခုကို Rebranding လုပ်တော့မယ်ဆိုရင် သိထားရမယ့်အချက်လေးတွေ သိချင်လို့ပါ အစ်ကို။ A: Rebranding လုပ်တော့မယ်ဆိုရင် ဘာကြောင့် Rebranding လုပ်ရမယ်ဆိုတဲ့အပေါ်အများကြီးမူတည်တာပေါ့။ Business ကအရမ်းကြီး ဟောင်းသွားလို့လား? ဥပမာ - ဦးချိန်တီအစားကြေဆေးကို အမှုန့်နဲ့မဟုတ်ဘဲ capsule နဲ့ထုတ်ချင်လို့ rebranding လုပ်မှာလား။ ဒါမှမဟုတ် reputation မကောင်းတော့လို့ rebranding လုပ်ချင်တာလား။ ဥပမာ - Tik Tok ဆိုရင်လည်း China ကမလို့ boycott လုပ်ကျတဲ့သူတွေရှိတယ်။ အဲ့တော့ Tik Tok သည်မြန်မာနိုင်ငံမှာ rebranding လုပ်ချင်တယ်ဆိုလည်းရတယ်။ အဓိကကတော့ ဘာကြောင့် rebranding လုပ်ချင်တာလဲဆိုတဲ့ ရည်ရွယ်ချက်လို့အပ်တယ်။ Rebranding လုပ်ရတဲ့ရည်ရွယ်ချက်ကို အသေးစိတ်ပြောပြရရင် အများကြီးမလို့မပြောတော့ဘူး။ Rebranding လုပ်မယ်ဆိုရင်တော့ ဖြစ်လာတဲ့ Brand အသစ်အတွက် mission တွေ၊ vision တွေ၊ positionတွေကိုတော့ သိထားရမယ်။ ဥပမာအနေနဲ့ Alex Khine ဆိုတဲ့ ကျွန်တော့် Brand အဟောင်းက Marketing ကို Position ယူထားတာ ဒါပေမဲ့ ကျွန်တော်က Alex Khine ကို Marketing တစ်ခုတည်းအတွက်မဟုတ်ဘဲနဲ့ entrepreneurship အတွက် Rebranding ပြန်လုပ်မယ်ဆိုရင် ကျွန်တော့် Brand က Marketing အတွက်တင်မဟုတ်ဘဲနဲ့ entrepreneurship အတွက်ပါဖြစ်သွားတော့ entrepreneurship နဲ့ပတ်သတ်တဲ့ financial problem, logistic problem, warehousing problem စတဲ့ entrepreneurship နဲ့ပတ်သတ်တဲ့ position တွေကိုခိုင်ခိုင်မာမာသိထားဖို့လိုအပ်တယ်။ ကျန်တာတွေကတော့ marketing လုပ်တဲ့ဟာတွေပါပဲ rebranding လုပ်လိုက်တဲ့အခါ marketing ပြောင်းသွားမှာလား ပြောင်းသွားမယ်ဆိုလည်း သတ်ဆိုင်တဲ့ market ရဲ့ customer insights တွေလိုအပ်တယ်။ နောက်ထပ်တစ်ခုက brand association လိုအပ်မယ်ပေါ့။ Brand Association ဆိုတာက ကျွန်တော်တိုရဲ့ logo ကကောဘာနဲ့သွားပြီး associate ဖြစ်နေမှာလဲဆိုတာမျိုးပေါ့။ ဥပမာ - ကျွန်တော့် Agency Level Up ဆိုရင်လည်း futuristic နဲ့ assciate ဖြစ်ချင်တဲ့အတွက် Level Up ရဲ့ Content တွေအကုန်လုံးက အရောင်ပြေးလေးတွေကို ပိုသုံးတယ်။ ကျွန်တော့်ရဲ့နောက်ထပ် Agency Level One ဆိုရင်လည်း SME တွေအတွက်ရည်ရွယ်ထားတာဖြစ်လို့ ပျိူးပင်တွေကို ပျိုးထောင်နေသလိုမျိုးခံစားရစေချင်တာဖြစ်တဲ့အတွက် မြေကြီး အရောင်၊ ပျိုးပင်အရောင်တွေကို အဓိကသုံးတယ်။ အဲ့တော့ Rebranding မှမဟုတ်ပါဘူး Brand အသစ်တစ်ခုလုပ်တော့မယ်ဆိုရင် Brand ကိုမြင်လိုက်တာနဲ့ ဒါပါလားဆိုတဲ့ဟာမျိုးသိသွားအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ idea ရှိဖို့လိုအပ်ပါတယ်။ ပြောရမယ်ဆိုရင် Marketing Plan ပြန်ဆွဲရမှာပေါ့။ အဓိကကတော့ ဘာ့ကြောင့် Rebranding လုပ်ရလဲဆိုတာကို သိတယ်ဆိုရင် Marketing Plan ဘယ်လိုပြန်ဆွဲရမလဲဆိုတာကို ပြန်စဉ်းစားလို့ရပါပြီ။
2022-06-05
04 min
AskAlex
KPI ကို ဘယ်လိုသတ်မှတ်ရမလဲ?
Q: မင်္ဂလာပါ ကို Alex ရှင့်။ Facebook Marketing အတွက် KPI သတ်မှတ်တာလေးရှင်းပြပေးလို့ရမလားရှင့်? A: ကျွန်တော်ကတော့ KPI ကို ၃လ၊ ၆လ၊ ၉လ data တွေကိုကြည့်တာထက် Business objective ကိုစကြည့်တယ်။ ဒီနှစ်မှာ Market Expansion မလုပ်တော့ဘဲနဲ့ Sales Retention တက်ချင်တာလား။ ဒါမှမဟုတ် Market Expansion လုပ်ချင်တာာလား ဆိုတဲ့အပေါ်မူတည်ပြီးတော့ Marketing KPI တစ်ခုကိုသတ်မှတ်တယ်။ ဆိုတော့ Sales Retention ဆိုရင်လည်း အရင်တုန်းက data တွေအရ existing customer retention rate ကို တစ်နှစ်စာလောက်ပြန်ကြည့်တယ်။ ပြီးရင် new customer acquisition rate ကဘယ်လောက်ရထားလဲဆိုတာကိုကြည့်တယ်။ အဲ့ data တွေကိုပြပြီးရင် ဘာလုပ်လဲဆိုတော့ ဘယ် platform ကို ဘာအတွက်သုံးမလဲဆိုတာကို စဉ်းစားတယ်။ ဘာလို့ဆို အခုက Facebook တစ်ခုတည်းမဟုတ်တော့ဘဲ တခြား platform တွေပါလူတွေကသုံးလာကြတာကိုး။ အဲ့တော့ Facebook ကို ဘယ်လိုနေရာမျိုးအတွက်သုံ းမှာလည်းဆိုတာကိုစဉ်းစားကြတယ်။ ဥပမာ - customer acquisition အတွက် Facebook ကိုသုံးမယ်ဆိုရင် လွန်ခဲ့တဲ့ ၃လ၊ ၆လ data တွေကိုပြန်ကြည့်ပြီး customer acquisition သည် ပိုက်ဆံဘယ်လောက်သုံးရင် engagement, reach, message ဘယ်လောက်ရသွားနိုင်လဲဆိုတာမျိုးပေါ့။ ပုံဆွဲပြီးတော့လည်း ပြထားပါတယ်။ ဆိုတော့ Awareness, Interest, Decide, Advocate ဆိုပြီးရှိမယ်။ လွန်ခဲ့တဲ့ သုံးလ၊ ခြောက်လ လောက်က data မှာ reach 1 သန်းရှိပြီး လူအယောက် 5 သိန်းကပဲ engagement လုပ်သွားပြီးတော့ message ပို့တာသည် လူအယောက် 2 သောင်းခွဲပဲရှိမယ်ဆိုရင် ဒါက engage လုပ်သွားတဲ့သူတွေကနေ 95% ကျသွားတာပေါ့။ အောက်ဆုံးကတော့ ကျွန်တော်တို့ ခုနကပြောတဲ့ ဘယ်နယောက်ဝယ်သွားတယ်ဆိုလို့ရှိရင် ဘယ်နှစ်ယောက်ပြန်လာဝယ်တယ်ဆိုတဲ့ retention ပေါ့။ ကျွန်တော်ဆွဲထားတဲ့ chart ကနေကြည့်ပြီးဘာကိုသိရမလဲဆိုတော့ awareness ကနေ interest ကိုသွားတဲ့အချိန်မှာ အဲ့လောက်အထိမကျဘဲ interest ကနေမှ တကယ်လာဝယ်တဲ့သူက 20k ပဲရှိတာဆိုတော့ 95% drop ဖြစ်သွားတာ။ အဲ့အချိန်မှာ ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ engage ကနေပြီးတော့ message ပိုများအောင် KPI သတ်မှတ်ပေးရတယ်။ အဲ့တော့ ခုနကဆွဲပြသွားတာက consumer journey ပါ။ လွန်ခဲ့တဲ့ 3လ၊ 6လ၊ 9လ လောက်က consumer journey ကိုပြန်ကြည့်ပြီးတော လိုနေတာကိုဖြည့်ပါတယ်။ ဖြည့်ရမယ့်ဟာကို KPI သတ်မှတ်ပြီးတော့မှ အဲ့တာကိုဆွဲတင်ပါတယ်။ အဲ့တော့မှ ခုနက 95% drop rate ရှိနေတာကို 70% ဘဲရှိအောင် 25% တက်လာအောင် ဘာလုပ်ကြမှာလဲဆိုတာကို စဉ်းစားပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က conversion ဖြစ်ဖို့ message များများဝင်လာဖို့ ဖြစ်တယ်။ ခုနက ကျွန်တော်ပြောခဲ့တဲ့ awareness က market total place ရဲ့ 50% ရှိတယ်ထား reach တွေ engagement တွေများဖို့ဆိုတာထက် message ဝင်တာနည်းနေတဲ့အတွက် သိပြီးသား customer တွေကို ဝယ်အောင်ဆိုပြီး conversion campaign တွေလည်း run ပေးဖူးပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီပုံစံမျိုးနဲ့ KPI ကိုသတ်မှတ်တာပါ။
2022-06-05
05 min
AskAlex
Brand Strategist တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မလဲ?
Q: Brand Strategist တစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လို skill set တွေနဲ့ Experience တွေလိုအပ်မလဲဗျ ကို Alex. A: အဓိကကတော့ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ analytical mindset တစ်ခုတော့ လိုအပ်မယ်ပေါ့နော်။ ကျွန်တော့်ကို အခု coach လုပ်ပေးနေတဲ့ ကျွန်တော့်ဆရာမ Eileen ဆို ဘာပြောလဲဆိုတော့ သူ့သူငယ်ချင်း Ramon ဆိုလို့ရှိရင် Report တစ်ခုခုဖတ်လို့ရှိရင် Report ဆိုတော့ number တွေ chart တွေပါတော့ အဲ့ number တွေ chart တွေက ကနေသလိုကို ခံစားနေရတယ်လို့ပြောဖူးတယ်။ ကျွန်တော်လည်း အတူတူပဲ။ အဲ့ numbers တွေကို သုံးပြီးတော့ ဒီဘက်မှာ business action point ဖြစ်ဖို့ဘာလုပ်လို့ရနိုင်လဲဆိုတာကို ကျွန်တော် မြင်ရတယ်ပေါ့။ ဥပမာ - ဒီနှစ်မှာ agriculture တက်လာတယ်ထားပါတော့ ကျွန်တော်တို့ Level Up Marketing Group အနေနဲ့ Agriculture နဲ့ပတ်သတ်ပြီးဘာလုပ်ရမလဲ စဉ်းစားကြတယ်။ Agriculture နဲ့ပတ်သတ်တဲ့ client တွေကို ဆက်ပြီး chase လုပ်မှာလား၊ ဒါမှမဟုတ် ဒီ Agriculture နဲ့ပတ်သတ်တဲ့ ကြော်ညာမျိုးတွေဆက်လုပ်မှာလား၊ စတဲ့ analytic ဖြစ်ရမယ့် skill set တွေလိုအပ်ပါမယ်။ Experience ကဘာတွေလိုအပ်မလဲဆိုတော့ - ကျွန်တော်ကတော့ Operational Experience ကိုအရမ်းတန်ဖိုးထားတယ်။ ဘာလို့လဲဆို Strategist တစ်ယောက်က operation မလုပ်ဘူးဆိုရင် သူ့ရဲ့ထွက်လာတဲ့ Strategy တွေက ဘယ်လိုပြောရမလဲဆိုရင် အပေါ်ကကျလာတဲ့ Strategy က မြေပြင်နဲ့ချိတ်ဆက်လို့မရတဲ့ Strategy တွေဖြစ်နေမှာဆိုတော့ ကျွန်တော်တော့အဲ့တာကို မကြိုက်ဘူး။ Operation အပိုင်းပြီးရင်တော့ Campaign တွေလုပ်ပါ။ ပြီးတော့ KFC မှာကျွန်တော်ကိုယ်တိုင် comment တွေဖြေဖူးတယ်။ Samsung မှာ copy ရေးဖူးတယ်။ ပြီးတော့ ပုံတွေလည်းဆွဲဖူးတယ်။ KOLs တွေနဲ့လည်း deal လုပ်ဖူးတယ်။ ကျွန်တော်ကတော့ ကျွန်တော့ JD (Job description) ပါပါမပါပါ အကုန်လုံးကို taste လုပ်ရတာကကြိုက်တဲ့အတွက် အကုန်လုံးကို လိုက်လုပ်ဖြစ်တယ်။ ပြီးတော့ ကျွန်တော်ငယ်ငယ်ကတည်းက Level Up လို Marketing Agency တစ်ခုလုပ်ချင်တာဆိုတော့ KFC တုန်းကဆိုလည်း ဆိုင်တစ်ဆိုင်ဖွင့်မယ်ဆိုရင် စည်ပင်မှာလုပ်ငန်းလိုင်စင် ဘယ်လိုလျှောက်ရမလဲသိချင်လို့ဆိုပြီး စည်ပင်နဲ့သွားညှိတယ်။ ကျွန်တော့် Experience ကတော့ Marketing ထဲမှာလုပ်လာတာ ဆယ်နှစ်လောက်ရှိပြီဆိုတော့ မလုပ်ဖူးတာအတော်ကိုရှားတယ်။ မလုပ်ဖူးတာဆိုလို့ press release မရေးတာပဲရှိတာ။ ဆိုတော့ Operational Experience ကိုရအောင်ယူပါ။ ဒီအချိန်မှာ လခနည်းလို့ JD ကဒီလောက်များလို့ဆိုတာတွေလည်းတွေ့ပါတယ်၊ နားလည်းနားလည်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ဖြစ်ချင်တဲ့ပုံစံမျိုးပေါ်မူတည်ပြီးတော့ လုပ်ပါလို့ပြောချင်ပါတယ်။ ကျွန်တော်ကတော့ ငယ်ငယ်က အလုပ်စဝင်ကတည်းက လခနည်းသည်ဖြစ်စေများသည်ဖြစ်စေ အရေးမကြီးပါဘူး။ အဲ့တော့ ကျွန်တော်အပေါ်ကပြောခဲ့သလိုမျိုး Experience တွေရှိရင်တော့ Strategist တစ်ယောက်အနေနဲ့ မြေပြင်နဲ့နီးစပ်တဲ့ Strategy တွေထွက်လာမယ်လို့ ထင်ပါတယ်။
2022-06-03
08 min
AskAlex
Non-fungible Token (NFT) ဆိုတာဘာလဲ?
Q: Ko Alex ရေ NFTs အကြောင်းလေး Knowledge sharing လုပ်ပေးပါ။ A: NFT ဆိုတာ Non-fungible Token ရဲ့ အရှည်ခေါက်ပါ။ NFT ဆိုတာက Blockchain ပေါ်မှာသွားပြီး အလုပ်လုပ်တာ။ ဒီ NFT ကိုအခုခေတ်စားနေတဲ့ Bitcoin, Ethereum စတဲ့ cryptocurrency နဲ့ Blockchain ပေါ်သွားပြီး အရောင်းအဝယ်လုပ်ရပါတယ်။ NFT ကဘယ်လိုထွက်လာလဲဆိုရင် မြန်မာနိုင်ငံကထားလိုက်ဦး နိုင်ငံခြားမှာဆိုတော်တော်ဆိုးဖြစ်နေပြီ။ အဲ့တာဘာလဲဆို Artist တွေရဲ့ Hardcopy ကိုဝယ်တဲ့သူက တော်တော်ကြီးကိုရှားသွားပြီ။ အရင်တုန်းကမှ ကျွန်တော်တို့က အခွေတွေကို ဝယ်စုတဲ့ အကျင့်ရှိတယ်။ ကျွန်တော်ဆို အရင်တုန်းက ကျွန်တော်ကြိုက်တဲ့ Artist တွေကို အားပေးချင်လို့ အခွေတွေကိုဝယ်စုတဲ့ အကျင့်ရှိတယ်။ ခုနောက်ပိုင်းကျ လူတွေက Spotify, YouTube, ကုန်ကုန်ပြောရရင် ကျွန်တော်တို့ အရင်တုန်းက Myanmar နိုင်ငံမှာ ခေတ်စားခဲ့တဲ့ Joox တို့ပေါ်လာတဲ့အချိန်မှာ သီချင်းခွေတွေကိုဝယ်မစုတော့ဘူး။ ဆိုလိုချင်တာက Analog ကနေ Digital ကြီးကိုပြောင်းလာတယ်။ ကတ်ဆက်ကနေ စီဒီ၊ စီဒီကနေ အခု NFT။ ပြောရရင်တော့ ဒါက Trend (ခေတ်ရေစီးကြောင်းတစ်ခုပေါ့) ပြောရရင် NFT က Original Content တစ်ခုလို့ပြောလို့ရတယ်။ ဥပမာ - ကျွန်တော်တို့ ဒီ CD ေခွဆိုလို့ရှိရင် copy လုပ်ကြတယ်၊ Priate လုပ်ကြတယ်ပေါ့လေ။ ပြီးတော့ လှည်းတန်းမှာသွားရောင်းကြတယ်။ ဒီသီချင်းဘဲကို CD ခွေကို copy လုပ်ပြီးနားထောင်တဲ့သူတွေနဲ့ Original ခွေကိုနားထောင်ကြတဲ့သူချင်း ခံစားရတဲ့ feeling ကကွာတယ်။ Original ကိုဝယ်ပြီးအားပေးတာဆိုတဲ့ Pride တစ်ခုရှိတယ်။ ဒီ NFT ကို Artist ကိုယ်တိုင်ကလည်း ရောင်းလို့ရတယ်။ အခုဆို Eminem, Snoop Dog တို့ဆိုလည်း NFT တွေထုတ်လာကြပြီ။ ပြီးတော့ NFT ကို CD နဲ့ပဲ ဥပမာပေးရရင် ထားပါတော့ ဒီ CD က တစ်ကမ္ဘာလုံးမှာမှ limited edition အနေနဲ့ အချပ် ၁၀၀ ထွက်တယ်ထားပါတော့။ အဲ့အခွေတစ်ရာထဲမှာ တစ်ခွေပိုင်တယ်ဆိုတဲ့ pride ရတယ်။ အဲ့လိုဘဲ NFT ကိုလည်း Limit နဲ့သတ်မှတ်လို့ရတယ်။ ပြီးတော့ အဲ့ဒီ NFT ကိုအချင်းချင်းပြန်ရောင်းလို့ရတယ်။ NFT အစစ်ဟုတ်မဟုတ်ကိုတော့ ဘာနဲ့စစ်လဲဆိုရင် NFT ရဲ့အနောက်မှာ code 16 လုံးလားမသိဘူးပါတယ်။ အဲ့ code တွေအကုန်လုံးက ဒီ NFT ကအစစ်အမှန်ဆိုတာကို သက်သေပြတာပါ။ အဲ့တော့ NFT ကို brand တွေအနေနဲ့က ဘယ်လိုသုံးလို့ရမလဲဆိုတာကို ဆက်စဉ်းစားကြည့်ရင် NFT ကို brand အနေနဲ့ သုံးလို့ရတဲ့ ပုံစံမျိုးက ဥပမာအနေနဲ့ ကျွန်တော်တို့ Level Up က NFT ထုတ်တယ်ထားလိုက်ပါတော့ အဲ့ NFT ကိုဝယ်တဲ့သူတွေကို Level Up က content creation free 3 လ လုပ်ပေးမယ်။ ဒါမှမဟုတ် တစ်လကို content 6 ပုဒ် အလကားလုပ်ပေးမယ်ဆိုပြီးလည်းလုပ်လို့ရတယ်။ ဒါမှမဟုတ် Royalty Program တစ်ခုခုနဲ့တွဲလိုက်လို့ရတယ်။ Artist တစ်ယောက်ယောက်က ဥပမာ - Eminem ကသူ့ NFT ဝယ်တဲ့သူတွေကို သူ့ show တွေကို NFT ပြပြီး free ကြည့်လိုရပါတယ်ဆိုတာမျိူးလုပ်လို့ရတယ်။ ဘာဆက်ဖြစ်လာနိုင်သေးလဲဆို ကျွန်တော်ခန့်မှန်းထားတာတော့ Facebook မှာဘာ post တင်ထားလဲဆိုတာကို ဝင်ကြည့်လို့ရသလိုမျိုး တစ်ချိန်ချိန်မှာ ကျွန်တော်တို့ဘာ NFT ကိုဝယ်ထားလဲဆိုတာမျိုးကို ကြည့်လို့ရမယ်လို့ထင်ပါတယ်။ ဥပမာ - Metaverse မှာဝယ်ထားတဲ့ NFT ကိုချိတ်ထားသလိုမျိုး လုပ်လို့ရနိုင်ဖို့ chance များမယ်လို့ထင်ပါတယ်။ အဲ့အချိန် virtual world မှာ ကျွန်တော်ပိုင်တဲ့ NFT က ဆယ်ခုပဲရှိတဲ့ Monalisa ပန်းချီကား NFT ထဲက တစ်ခုဆိုရင် ကြွယ်လို့ရမှာပေါ့လေ။ အဲ့လိုမျိုး NFT ကို Brand တွေ၊ Celebrity တွေအနေနဲ့ ဘယ်လိုမျိုးသုံးလို့ရနိုင်မလဲဆိုတာမျိုးကို ကျွန်တော်ကတွေးမိသလောက် sharing လုပ်ပေးတာပါ။
2022-06-02
08 min
AskAlex
Engagement ကောင်းကောင်းရပေမယ့် ဈေးဘာလို့မရောင်းရတာလဲ?
Q: Engagement ကောင်းပြီးဈေးမရောင်းရတာဘာလို့လည်း ကို Alex? Customers တွေကို Engagement အဆင့်မှာတင်မဟုတ်ဘဲ ဈေးဝယ်လာအောင် ဘယ်လိုလုပ်ရမလဲ? ကျေးဇူးပါ အစ်ကို။ A: ကျွန်တော်ကတော့ နှစ်ပိုင်းမြင်တယ်။ ဝယ်ဖို့အတွက် အဆင်သင့်မဖြစ်သေးတာရယ် Product အကြောင်’ကိုနားမလည်တာရယ်။ သူ့ရဲ့ Challenge ကိုကျွန်တော်တို့ဘက်ကနေ မပြနိုင်တာ။ ဥပမာ အနေနဲ့ ကျွန်တော် funnel ( ကတော့) နဲ့ပြောပြမယ်။ Funnel မှာ အပိုင်းသုံးပိုင်းရှိတယ်။ Brand awareness, Consideration နဲ့ Conversion ဆိုပြီး အစဉ်လိုက်ရှိမယ်။ အပေါ်ဆုံးကတော့ Branding ပေါ့ ကျွန်တော်တို့ Brand အကြောင်းသိသွားမယ်။ ဒုတိယကတော့ consideration ပေါ့ engagement ကဒုတိယအဆင့်မှာဝင်လာတယ် Customer ကကျွန်တော်တို့အကြောင်းကိုသိပြီးတော့ like, share လုပ်တယ် စတာတွေပေါ့။ အဲ့တော့ ခုဒီမေးခွန်းမှာက ဘာဖြစ်လဲဆိုတော့ တတိယ funnel ကိုဆင်းမလာဘူး၊ Message မပို့လာဘူးပေါ့။ Media Buying Strategy (Boosting) လုပ်တဲ့အချိန်မှာ ပထမဆုံးအဆင့် awareness သိဖို့ content တွေကိုသွားပြရတယ်။ အဲ့အချိန်မှာ retainer strategy တစ်ခုထွက်လာတယ်။ Marketing Agency တွေလုပ်ပေးနေရတာလည်းနှစ်ခုရှိတယ် campaign ရယ် retainer ရယ်၊ always on ရယ်။ Always on ကကတော့ ပုံမှန်လေး post တင်တယ်၊ ပုံမှန်လေး boost ထားတယ်။ ကျွန်တော်တို့က retainer အတွက် တစ်နှစ်လုံး budge ရဲ့ 40% လောက်ကိုသုံးတယ်။ ပြောရရင် တစ်နှစ်လုံး budge က သိန်း ၁၀၀ ဆိုရင် always on အတွက် boosting အတွက်ကို သိန်း ၄၀ လောက်သုံးတယ်ပေါ့လေ။ ကျန်တဲ့သိန်း ၆၀ ကမှ Campaign တွေအတွက်ကိုသွားတယ်ပေါ့။ အဲ့တော့ ကျွန်တော်တို့ Product ကိုလူမှတ်မိနေအောင် အမြဲမြင်နေအောင် လူစိတ်ဝင်စားမယ့် content လေးတွေရေးတယ်၊ ပုံလေးတွေဆွဲတယ်ပြီး boost တယ်ဆိုတော့ လူတွေက ဒါကိုအမြဲမြင်တယ်ပေါ့လေ။ အဲ့တော့ Top of the funnel မှာ customer တွေကကျွန်တော်တို့ရဲ့ကြော်ညာတွေကို မြင်မယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ page ကို like သွားဖို့အတွက်ကို မမြင်ဖူးသူတွေကို ဦးစားပေး boost လုပ်လို့ရတယ်။ အဲ့လိုဆိုရင် ကျွန်တော်တို့ရဲ့ page ကိုမမြင်ဖူးတဲ့သူတွေက ကျွန်တော်တို့ရဲ့ content တွေကိုမြင်ရပြီး like လုပ်မယ် အဲ့တာဆိုရင် funnel ရဲ့အပေါ်ဆုံးအပိုင်း (Tofu) ကပြီးသွားပြီ။ အဲ့တာပြီးရင် Mofu ဆိုပြီး Mid Funnel လာမယ်။ Mid Funnel မှာကျ ကျွန်တော်တို့ရဲ့ page ကို like လုပ်ထားတဲ့သူတွေကို retarget ပြန်ထားလို့ရတယ်။ ပြီးတော့ ဒီအဆင့်မှာ Campaign တွေ run ကျတဲ့ပုံစံမျိုးရှိတယ်။ ဥပမာ - သင်္ကြန်၊ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ New Year၊ Christmas စတဲ့ Campaigns၊ Promotions တွေကို Mofu အတွက် အဓိကထား run တယ်။ ဒီ Campaign, Promotion နဲ့သက်ဆိုင်တဲ့ video တွေကြည့်တဲ့သူတွေ၊ Page ကိုနဂိုကတည်းက like လုပ်ထားတဲ့သူတွေကို retarget ပြန်ထားပြီးတော့ message ads သော်လည်းကောင်း၊ ဒါမှမဟုတ် contents တွေကို စျေးဝယ်စေချင်လုပ်ပြီးတော့ run တယ်။ Top Funnel (Tofu) မှာလုပ်တဲ့အဓိက အကြောင်းအရင်းက engagement ရအောင်၊ Brand ကိုသိအောင် ၊ Brand positioning ကိုလူတွေမြင်လာအောင်လုပ်တာ။ ဒုတိယတစ်ခုဖြစ်တဲ့ Mofu မှာကျတော့ လူတွေရဲ့ challenge တွေ၊ လူတွေရဲ့ goals တွေကိုသိအောင် လို့ချပြတာ။ သူတို့ရဲ့ challenge တွေက ဒါတွေပါလားဆိုပြီးသိသွားတဲ့အချိန်ကျမှ ကျွန်တော်တို့ရဲ့ solution ကဒါပါဆိုပြီးတော့မှ စျေးရောင်းတယ်။ ဘာလို့ဆို Brand ကိုသိပြီးသားသူကိုမှ စျေးရောင်းရတာ အဆင်ပြေမှာ။ ပြီးတော့နောက်တစ်ဆင့်ဖြစ်တဲ့ Bofu (Bottom Funnel) မှာဘာလုပ်ရလဲဆိုတော့ conversion မဖြစ်ခင်မှာ engagement ကနေ lead ကိုဆွဲခေါ်ရတယ်။ Messenger ကိုရောက်အောင် Phone Number ထားခဲ့အောင်ဆွဲခေါ်ပေးရတယ်။ အဲ့တာပြီးတော့မှ Sales Team ကနေ conversion ကိုရောက်အောင်ပြောင်းပေးရတာ။ Engagement ကောင်းကောင်းရနေပေမယ့် Conversion မကောင်းနိုင်ဘူး။ ဘာလို့ဆို Marketing က MQL (Marketing Qualified Lead) ဖြစ်အောင်လူထည့်ပေးလို့ရတယ်။ ရောက်လာတဲ့လူကို ရောင်းရမယ့်တာဝန်ကတော့ Sales ရဲ့တာဝန်ဖြစ်သွားပြီ။ ဆိုင်ပေါက်ဝကိုလူခေါ်လာပေးပြီးသွားရင် Marketing ရဲ့တာဝန်ကပြီးသွားပြီ။ အဲ့တာကို Sales ကနေပြီးတော့ customers တွေရဲ့ challenge တွေ၊ pinpoints တွေနားထောင်ပြီးတော့ ရှိတဲ့ solution နဲ့ သူတို့ရဲ့ challenge ကိုမူတည်ပြီးတော့ ဘယ်လိုရောင်းရမလဲဆိုတာ စဉ်းစားရမယ်။ ဘာလို့ဆို သူတို့ဘာလိုချင်လည်းသိတော့မှ ဘာရောင်းရမလဲသိမှာကိုး။ အဲ့ဒီ lead ကိုမှ SQL (Sales Qualified Lead) ဖြစ်သွားပြီး conversion ကိုရောက်ဖို့ဆွဲခေါ်ရမှာပါ။ ကျွန်တော်လည်း အဲ့ဒီ့နည်းလမ်းနဲ့ကျွန်တော့် clients တွေကိုလုပ်ပေးနေပါတယ်။
2022-05-30
06 min
AskAlex
Boost လုပ်ရင်ထိရောက်အောင် ဘယ်လိုလုပ်ရမလဲ?
Boosting လုပ်တဲ့အချိန်မှာ Audience နည်းတာနဲ့များတာ ဘယ်ဟာကပို စျေးသက်သာပြီး ပိုထိရောက်လဲ? စျေးသက်သာတာနဲ့ ထိရောက်တာကမတူပါဘူး ပေါချောင်ကောင်းဆိုတဲ့နေရာမှာ စျေးသက်သာတာက စျေးသက်သာတာနဲ့ ထိရောက်တာက မတူပါဘူး ဥပမာ − ကျွန်တော်တို့ reach လိုချင်တယ်ဆိုရင် audience များချင်ရင် တစ်နိုင်ငံလုံးကိုချိန်လို့ရတယ်။ လူဦးရေ ၂၅သန်းကို သိန်း ၂၅၀ ရှိတယ်။ ကျွန်တော်အကြံပေးချင်တာကတော့ Audience နည်းတာများတာထက်စာလို့ရှိရင် Audience မှန်ဖို့အတွက်ကိုပိုပြီး ဦးစားပေးစေချင်ပါတယ်။ Audience နည်းတာများတာထက် Audience မှန်လားမမှန်လားကပိုပြီး အရေးကြီးပါတယ်။ Audience မှန်လားမမှန်လားက ဘယ်မှာသွားပြီးသိသာလည်းဆိုတော့ ကျွန်တော်တို့ ဘယ်လိုလူတွေကို စျေးရောင်းမှာလဲဆိုတဲ့ Target တစ်ခုလိုတယ်။ ကိုယ်စျေးရောင်းမယ့် Target ကိုသိပြီးပြီဆိုရင် အမျိုးမျိုးထပ်ကြည့်ရသေးတယ်။ Target သုံးလေးမျိူးလောက် အထိစမ်းကြည့်ရတယ်။ စမ်းကြည့်ပြီးတော့မှ အဆင်ပြေတဲ့ Target ကိုသုံးရတာပါ။ အဲ့တာကို A/B testing လို့ခေါ်တယ်။ အဲ့တော့ စျေးသက်သာတာ မသက်သာတာက issue မဟုတ်ဘူး ဥပမာ − ကျွန်တော်တို့ အသက် ၁၆ နဲ့ ၄၅ ကြားကို target ထားလိုက်ရင် ကျွန်တော်တို့ product ကိုဝယ်နိုင်ချင်မှ ဝယ်နိုင်မယ်။ အသက် ၂၅ နဲ့ ၄၅ ကြားကို target ထားလိုက်တယ်ဆိုပါတော့ အသက် ၂၅ နဲ့ကိုက်ညီတဲ့ ဝင်ငွေတွေ၊ အသိဉာဏ်တွေရှိမယ်။ မြို့နဲ့ချိန်မယ်ဆိုရင်လည်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ နေပြည်တော်တို့ကို ထားထားမယ်ဆိုရင်လည်း အဲ့မြို့တွေမှာရှိတဲ့ လူတွေက experience တွေ၊ knowledge တွေရှိပြီးသားမလို့အဆင်ပြေပေမယ့် Reach များပြီး စျေးသက်သာချင်လို့ နယ်တွေကိုပါထားလိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ product နဲ့သက်ဆိုင်တဲ့ knowledge၊ ကျွန်တော်တို့ product ကိုဘယ်လိုသုံးရမလဲမသိတဲ့အတွက် Facebook ကိုဘဲပိုက်ဆံပေးလိုက်ရသလိုဖြစ်သွားမယ်။ ကျွန်တော်ယူဆတာကတော့ Audience နည်းတာများတာ၊ စျေးသက်သာမသက်သာတာထက် audience target မှန်ဖို့က အရေးကြီးတယ်လို့ယူဆပါတယ်။ ပြီးတော့ Facebook မှာအမြင်မှားနေတာတစ်ခုက boosting ချိန်ပေးပါဦးဆိုပြီးလာလာပြောကြတာတွေရှိတယ်။ Boosting မှန်တယ်ဆိုရင် Target ကတစ်ခုဘဲရှိတော့တာဆိုတော့ ဘာမှချိန်စရာကိုမလိုတော့တာ။ ဥပမာ - ကျွန်တော့်ကိုချိန်နေတဲ့ Target ကကျွန်တော့် Engage မလုပ်တာဘဲရှိမယ်။ ကျွန်တော် ရေမွှေး၊ နာရီ၊ ဖိနပ်ကြိုက်တယ်။ ကျွန်တော့်ကို အဲ့ဒီ့ကြော်ညာတွေလာပြရင် ကျွန်တော်ကြည့်တယ် Engage မလုပ်တာဘဲရှိတာ။ အဲ့တော့ ကျွန်တော် Engage မလုပ်တာသည် Target မှားလို့မဟုတ်ဘူး အဲ့ဒီ Content ကိုစိတ်မဝင်စားတာ။ အဲ့တော့ဒီကလူတွေ အများစုက content ကိုစျေးရောင်းဖို့လောက်ဘဲ စဥ်းစားနေပြီးတော့ အဲ့ဒီ content တွေမှာ Engagement မရတာတို့ မရောင်းရတာဆိုတဲ့ အချိန်တစ်ခုဖြစ်သွားခဲ့ရင် ငါစျေးမရောင်းရတော့ဘူး Target ပြန်ချိန်ရတော့မယ်ဆိုတဲ့ ပုံစံမျိုးလုပ်နေကြတာများတယ်။ ကျွန်တော်ကတော့ Target ပြန်ချိန်းဖို့ဆိုတာထက် အဲ့ Target စိတ်ဝင်စားမယ့် Content မျိုးတွေကိုလုပ်စေချင်ပါတယ်။ လူတွေဆိုတာက စိတ်ဝင်စားမှဝယ်ချင်မှာလေ ကျွန်တော်ကတော့ စျေးသက်သာတာ မသက်သာတာထက် ကိုယ် Target ထားတဲ့ Audience က ကိုယ့် content ကိုစိတ်ဝင်စားလား စိတ်မဝင်စားဘူးလားဆိုတာကိုပြန်ပြီးတော့ သုံးသပ်ပြီးတော့ လုပ်စေချင်ပါတယ်။
2022-05-24
05 min
AskAlex
Boost လုပ်ရင် တွေ့ရတဲ့ A/B Test, Impression, Reach ဆိုတာဘာတွေလဲ?
Q: FB မှာ boost လုပ်ရင်လေ A/B Test တို့ impression, daily unique reach ဆိုတာဘာတွေလဲ အစ်ကို? A: A/B test ကိုအရင်ပြောရရင် ဥပမာအနေနဲ့ ကျွန်တော့်ကို Sharpie (ဘောပင်) ကနေ ကြော်ညာပြတယ်ပေါ့။ ပထမတစ်ခုက ကျွန်တော့်ကို ကောင်မလေးလှလှလေးပုံဆွဲပြတယ် နောက်တစ်ခုက ကောင်လေးချောချောလေးပုံဆွဲပြမယ်။ ကျွန်တော် ဘယ်ဟာကိုစိတ်ဝင်စားမယ်ထင်လဲ? ကျွန်တော်ကောင်မလေးကိုဘဲ စိတ်ဝင်စားတော့ 100% သေချာတယ်။ ဆိုတော့ A/B test ဆိုတာအဲ့တာပါ။ ကျွန်တော်တို့ customer segment တစ်ခုတည်းကို content နှစ်ခုသွားပြလို့ရတယ်။ အဲ့ဒီ့ A ရယ် Bရယ်ကို customer ဘယ်ဟာကိုပိုစိတ်ဝင်စားလဲဆိုတာကိုကြည့်တယ်။ Customer ပိုစိတ်ဝင်စားတဲ့ဟာကို ပိုပြီးတော့ boost လုပ်တယ်။ နောက်ထပ်တစ်ခုက ကျွန်တော်တို့ ခုနက ကောင်မလေးချောချောလေးပုံကိုမှ ယောက်ျားလေးကို ၁၈ - ၂၇၊ ၂၈ -၃၇ နဲ့ ၃၈ - ၄၇ ဆိုပြီးတော့ segment ထပ်ခွဲတယ်။ အဲ့သုံးခုထဲမှာမှ ဘယ် segment က စိတ်ဝင်စားမှုပိုများလဲဆိုတာကို ဆက်တိုင်းလို့ရတယ်။ အဲ့တာလည်း A/B Testing ပါ။ အဲ့ဒီနည်းနဲ့ကျွန်တော်တို့ A/B test လုပ်ပြီးတော့ boost လုပ်ကြပါတယ်။ နောက်ထပ် impression နဲ့ reach။ အရှင်းဆုံးပြောရရင် Impression ဆိုတာမြင်တဲ့ အကြိမ်အရေအတွက်၊ လူတစ်ယောက်တည်းက content တစ်ခုကို တစ်ရက်တည်း ငါးခါ မြင်လို့ရတယ်၊ ခြောက်ခါမြင်လို့ရတယ် အဲ့တာက impression။ Reach ကကျတော့ လူအရေအတွက်။ ထားပါတော့ ကျွန်တော်က ဒီ content ကိုသုံးခါမြင်တယ် အစ်ကိုက နှစ်ခါမြင်မယ်။ ဒါဆို total impression က ငါးခုရှိမယ်။ Reach ကကျတော့ အစ်ကိုရယ်၊ ကျွန်တော်ရယ်ဘဲရှိတဲ့အတွက်ကြောင့် total 2 reach ဘဲရှိမယ်။ အဲ့တာ Impression နဲ့ Reach ရဲ့ကွာခြားချက်ပါ။
2022-05-20
02 min
AskAlex
Business Suite နဲ့ Creator Studio ဘာတွေကွာလဲ?
Facebook မှာ Business Suite နဲ့ Creator Studio ရဲ့ အားသာချက်၊ အားနည်းချက်လေးတွေသိချင်ပါတယ်။ Business Suite ဆိုတာက business အတွက်လုပ်ထားပေးတဲ့ platform တစ်ခုပါ။ Business Suite မှာ post တာတွေ အပြင်ကို business ရဲ့အောက်ထဲမှာ ads manager, audience, data ပြန်ကြည့်တဲ့ analytics တို့ အစရှိတဲ့ tools တွေအပြင်၊ billing လုပ်တဲ့ အပိုင်းတွေက အစ business suite မှာ facebook ကထည့်ပေးထားတာပါ။ Creator Studio ကကျတော့ ဘယ်သူတွေအတွက် ပိုသုံးသင့်လဲဆိုတော့ creators တွေပေါ့လေ။ Creators တွေဆိုတာက blogger တွေ vlogger တွေ cele တွေ artists တွေတင် မဟုတ်ဘဲနဲ့ ဘယ်လိုမျိုးတွေပါလုပ်ပေးလဲဆိုတော့ company page တွေရဲ့ creator တွေ၊ post တင်တဲ့သူတွေ၊ creative တွေ စတဲ့ marketing သမားတွေ creative လုပ်ဖို့အတွက်ဘဲ creator studio မှာပြန်ပြီးလုပ်ပေးထားတာပါ။ ကျွန်တော်တို့ business အရသွားမယ်ဆိုရင် business suite ကပိုပြီး detail ဆန်ပါတယ်။ creator studio ကတော့ post တွေကို creative လုပ်ရတဲ့အပိုင်းတွေ post တွေရဲ့ data တွေကိုပြန်ကြည့်ရတဲ့ အပိုင်းတွေမှာ ပိုပြီးတော့ in detail ဆန်ပါတယ်။ ကွာတဲ့ အပိုင်းကတော့ အဲ့နှစ်ပိုင်းပါ။ post တွေတင်တဲ့ အပိုင်းလောက်ဆိုရင်တော့ ဒီနှစ်ခုက ထူးထူးခြားခြားကွာသွားမယ်လို့တော့ မထင်ပါဘူး။ အဲ့ထက်ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်းပိုပြီးတော့ လေ့လာမယ်ဆိုရင် ဘာကွာသွားမလဲဆိုရင်တော့ boosting မှာအများကြီးကွာပါတယ်။ Facebook မှာ boost လုပ်မယ်ဆိုရင်က business suite ထဲမှာ boost လုပ်မယ်ဆိုရင်က အများကြီးပိုပြီးတော့ အဆင်ပြေတယ်။ ဥပမာအနေနဲ့ creator studio မှာ boost လုပ်မယ်ဆိုရင် အများဆုံး target ပေးလို့ရတာက အသက်တွေ၊ location တွေ၊ interest keyword တွေအဲ့တာတွေကို creator studio မှာ ကျွန်တော်တို့ပေးလို့ရတယ်။ ဒါပေမယ့် Business suite မှာဘာတွေပိုလာလည်းဆိုတော့ reach တွေ၊ video view တွေကနေ အသေးစိတ် boost လို့ရတယ်။ ပြီးတော့ ကျွန်တော်တို့ website တွေကို လူများများလာအောင်လုပ်ချင်တယ်၊ message များများဝင်အောင်လုပ်ချင်တယ် စတာတွေကို business suite မှာ အသေးစိတ်လိုက်ကြည့်ပြီး boost လုပ်လို့ရတယ်။ Creator Studio မှာကျတော့ boost လုပ်လို့ရပေမယ့် business suite လောက် အသေးစိတ်မရဘူး။ ကျွန်တော်တို့ artist တွေ၊ creator တွေ၊ cele တွေအနေနဲ့လည်း စီးပွားရေးအနေနဲ့သွားလိုရှိရင်တော့ business suite ကိုသုံးဖို့ အကြံပေးချင်တယ်။ အဲ့လိုမဟုတ်ပဲနဲ့ ကိုယ်က post တင်ရုံ၊ ဒါမှမဟုတ် ကိုယ့် page ရဲ့ performance တွေ - engagement, reach ဘယ်လောက်ရတာလောက်ဘဲကြည့်ချင်ဆိုရင်တော့ creator studio ကပိုပြီးသင့်တော်ပါတယ်။ အဲ့တော့ Creator Studio နဲ့ Business Suite အဓိကကွာတာကတော့ အဲ့နှစ်ချက်ပါ။ စီးပွားရေးအတွက်ဆိုရင်တော့ business suite ကိုကျွမ်းကျွမ်းကျင်ကျင်လုပ်ထားဖို့ အကြံပေးချင်ပါတယ်။
2022-05-19
04 min
AskAlex
Marketing Plan ဘယ်လိုဆွဲရမလဲ?
Marketing Plan ဘယ်လိုဆွဲရမလဲ? Marketing Plan ကတော့ တစ်ယောက်နဲ့တစ်ယောက်ဆွဲတဲ့ ပုံစံချင်းကမတူဘူး။ ဥပမာ - ကျွန်တော့် Level Up မှာဆိုရင်လည်း ကျွန်တော့် Strategies Partner တွေဆွဲတဲ့ ပုံစံနဲ့ ကျွန်တော့်ပုံစံနဲ့က မတူဘူး။ အဲ့တာကြောင့် ကျွန်တော်တို့ Company တစ်ခုထဲမှာဘဲ စကားများပြီး ငြင်းရတယ်။ ကျွန်တော်ကတော့ အဲ့တာကိုသဘောကျတယ်။ ဘာလို့ဆို ကျွန်တော်တို့ အဲ့လိုငြင်းရတော့ ကျွန်တော်မသိသေးတာတွေ သိရပြီး သူတို့ဆိုလည်း သူတို့မသိသေးတာတွေသိရတယ်။ Marketing Plan က တသတ်မတ်ကြီး ရှိရမယ်လို့တော့ မရှိဘူးပေါ့ ကျွန်တော်တို့က ဘယ်လိုပုံစံမျိုးသွားလဲဆို နံပါတ်တစ်အရေးကြီးတာ ကတော့ brief ပါ။ Brief ဆိုတာက ကိုယ့်ရဲ့ boss ကဘဲဖြစ်ဖြစ်၊ ကိုယ့် client ကဘဲဖြစ်ဖြစ် သူတို့ဆီကနေဘယ်လို Market မျိုးသွားချင်တာလဲ ဆိုတာပါ။ ဆိုလိုချင်တာက သူတို့ product ကိုသူတို့ အသိဆုံး ကျွန်တော်တို့ marketer က product အကြောင်းဘာမှ မသိဘူး။ မြန်မာနိုင်ငံက marketer အများစုက advertising/marketing ထက်စာလို့ရှိရင် communication ဘက်ကိုပိုလုပ်ရတဲ့သူတွေ၊ promotion plan တို့ဆိုတာကလည်း ကျွန်တော့် အတွေ့အကြုံအရ ကျွန်တော်တို့ ကိုင်ရခဲတယ်။ ဆိုတော့ အခုမေးထားတဲ့ မေးခွန်းက marketing plan ဆိုတာထက် communication plan လို့ကျွန်တော်ယူဆပါတယ်။ Communication plan ဆိုရင်တော့ ကျွန်တော်တို့ brief အရင်တောင်းတယ်။ Brief မှာသုံးပိုင်းပြန်ခွဲတယ်။ Customer အကြောင်းမေးတယ်။ Company အကြောင်းမေးတယ်။ Competitor/Market အကြောင်းမေးတယ်။ ကျွန်တော်တို့ brief ကိုသေသေချာချာနားလည်သွားရင် Market ကို analysis အရင်စလုပ်တယ်။ ဘာလို့ analysis အရင်စလုပ်ရလည်းဆို တစ်ချို့အချိန်တွေမှာ company က target ထားတဲ့ market နဲ့ တကယ်ဝယ်နေတဲ့ market နဲ့က မတူဘူး။ အဲ့တော့ ကျွန်တော်တို့က market analysis လုပ်ပြီးတော့မှ အဲ့ data တွေထွက်လာတယ်။ အဲ့ data နဲ့ ကျွန်တော်တို့ဆီက Strategy, Creative, Media Buying သမားတွေကိုခွဲပေးလိုက်တယ်။ အဲ့တော့ Strategy သမားက အဲ့ data တွေနဲ့ Market ကိုအရင်လေ့လာပြီးတော့ Company နဲ့ Customers တွေကို ဘယ်လိုချိတ်ပေးရမလဲဆိုတာကို အရင်လေ့လာတယ်။ Customer Behavior တွေပေါ့။ ဥပမာ - Customer တွေက ဘယ်အချိန်ဆို ကျွန်တော်တို့ client brand ရဲ့ communication channel တွေကို စသုံးတတ်လဲဆိုတာတွေပေါ့။ ပြီးရင် Brand အကြောင်းကို လေ့လာတယ်။ Brand analysis ပေါ့။ ပြီးရင်တော့ Competitors တွေအကြောင်းကို analysis လုပ်တယ်။ သူတို့ ဘယ်လိုမျိူး content တွေနဲ့ Market ကိုဖောက်နေသလဲပေါ။ Unique Position ပေါ့ အဲ့နေရာမှာကျွန်တော်တို့ဘဲရှိမယ် သူတို့မယူရသေးတဲ့နေရာကိုလိုက်ကြည့်ရတယ်။ ပြီးတော့ Brand analysis/ SWOT (Strength, Weakness, Opportunity, Threat) analysis ဆွဲတယ်။ အဲ့ထဲမှာ Brand ရဲ့ facts, insight တွေထည့်ပေးတယ်။ အဲ့တော့ customer နဲ့ brand အကြောင်းသိသွားတဲ့ အချိန်မှာ၊ key idea တစ်ခုထွက်လာတယ်။ အဲ့တော့မှ ထွက်လာတဲ့ key idea ကို creative team က creative strategy/ content pillar ဘယ်လိုချမလဲဆိုတာကို စလုပ်တယ်။ ပြီးရင် media buying team ကလည်း ခုနကချပေးလိုက်တဲ့ customer data တွေအရ ဥပမာ - ဘယ်အသက်ကနေဘယ်လောက်အထိ၊ geography, demography စတာတွေကို Facebook interest ထဲမှာထည့်လိုက်ပြီးတော့ potential market size ကိုဆွဲထုတ်လိုက်ပြီးတော့ အဖြစ်နိုင်ဆုံး market size/ priority အမြင့်ဆုံး market size ကို အရင်ဆုံး reach ရအောင်သွားတယ်။ ပြီတော့မှ ဒုတိယ၊ တတိယ priority ကိုသွားတယ်။ နောက် Creative Team ကနေ content idea တွေထုတ်လာပေးတဲ့အချိန်မှာ Media Buying Team က ဘယ် content ကို ဘယ်လောက်အထိ boost လုပ်မယ်ဆိုတာကို အကြမ်းဖျင်းရေးချလိုက်ပြီးတော့မှ အဲ့တာတွေ အကုန်လုံးကို ပေါင်းလိုက်ပြီးတော့မှ ကျွန်တော်တို့ client ကိုပြပါတယ်။ အဲ့တာက ကျွန်တော်တို့ဆွဲနေတဲ့ Marketing Proposal, marketing plan ပါ။
2022-05-18
07 min
AskAlex
Daily Tasks တွေမှာ လူမနစ်သွားအောင် ဘယ်လိုလုပ်ရမလဲ?
Daily Task တွေမှာ နစ်မသွားအောင် ဘယ်လိုလုပ်ရမလဲ? Daily Task ကို manage နိုင်ဖို့က အရေးကြီးတယ်။ ကျွန်တော်ဆို နောက်ဆုံးကျွန်တော်လုပ်ခဲ့တဲ့ Yoma Bank ကိုရောက်တော့မှ ဘာလုပ်ဖို့သိလာလည်းဆို speak up လုပ်ဖို့ပါ။ အဲ့တာကြောင့် အလုပ်တွေအရမ်းများလာပြီ၊ အရမ်းပိလာပြီဆိုရင် ကျွန်တော်အကြံပေးချင်တာက speak up လုပ်ဖို့ပါ။ ဒါတွေက တစ်ယောက်တည်းလုပ်ရတဲ့ အရာတွေမဟုတ်ဘဲ Team နဲ့လုပ်ရတဲ့ အရာတွေဆိုတော့ အလုပ်တွေမနိုင်တော့ရင် ကိုယ့် Team ကို ငါမနိုင်တော့ဘူး၊ ငါကိုကူပါဦးလို့ပြောမှ ဘေးက အဆင်ပြေတဲ့ ကိုယ့် partners တွေက ဝင်ကူနိုင်မှာပါ။ အဲ့တော့ အဲ့လိုပုံစံမျိူးနဲ့ နစ်မသွားအောင် လုပ်နိုင်ပါတယ်။ ကိုယ့်လုပ်နေတဲ့ Company culture ကလည်း အလုပ်တွေကို တစ်ယောက်တည်းတာဝန်ယူရတာထက်စာရင် teamwork ပြန်ချိတ်ပြီး run ပေးနိုင်မယ်ဆိုရင် ပိုပြီးအဆင်ပြေမယ်လို့တော့ ယူဆပါတယ်။
2022-05-17
01 min
AskAlex
ကျွန်တော် အလုပ်နဲ့ learning ကိုဘယ်လိုတွဲလုပ်လဲ?
Ko Alex 18hr challenge ကို burn out ဖြစ်မသွားအောင်ဘယ်လိုလုပ်ရမလဲ? နောက်တစ်ခုက အလုပ်နဲ့ Learning ကိုဘယ်လိုတွဲလုပ်ရမလဲဗျ။ ကျွန်တော် ၂ နည်းနဲ့ပြောပြမယ်။ တစ်နည်းက ကျွန်တော် အခုအချိန်မှာလုပ်နေတဲ့ ပုံစံပေါ့ နောက်တစ်နည်းကကျတော့ ကျွန်တော် အရင်တုန်းက ဘယ်လိုလုပ်ခဲ့လည်းဆိုတာပေါ့။ အခုကတော့ ကျွန်တော့် partners တွေရှိတော့ learning ကိုပိုပြီးလုပ်လို့ရပေမယ့် အလုပ်လုပ်တယ်ဆိုတာကလည်း part of learning ပါ။ မြန်မာကလူတွေက delicate မလုပ်တတ်ဘူး အရင်တုန်းကလည်း ကျွန်တော့်မှာ အဲ့အကျင့်ရှိခဲ့တယ်။ Delicate မလုပ်တတ်ဘူးဆိုတာက ကိုယ့်ရဲ့ partners တွေ ကိုယ့်ကိုဝိုင်းကူပေးနေတဲ့သူတွေကို အလုပ်တွေမလွှဲပေးဘဲနဲ့ အကုန်လုံး သိမ်းကျုံးပြီးကိုယ့်ဆီမှာထား ထားတတ်တဲ့အကျင့်ကိုပြောတာ။ ကျွန်တော့်ဆရာမ Ellien ဆိုကျွန်တော့်ကို delicate လုပ်ဖို့အမြဲပြောတယ်။ ပြီးတော့ priority ခွဲပြီး အလုပ်တွေကိုခွဲပေးဖို့ အမြဲသင်ပေးတယ်။ သူသင်ပေးတဲ့ အကျင့်ကြောင့်ဘဲ ကျွန်တော်ဒီအချိန်မှာနည်းနည်းလေးပိုပြီးတော့ အဆင်ပြေသွားတာပေါ့လေ။ ပြီးတော့ 18hr challenge ကို burn out မဖြစ်အောင် ဘယ်လိုလုပ်လဲဆိုတော့ ကျွန်တော့်မှာ ထမင်းစား၊ ရေသောက်လုပ်တဲ့ personal time ရှိတယ်ဗျာ။ အဲ့ personal time တွေမှာ ကျွန်တော် podcast ကနေ learning လုပ်တယ်ပေါ့။ ပြီးတော့ ကျွန်တော် Amazon ကနေ audio book တွေဝယ်ထားတယ်။ ကားမောင်းလို့ ကားပိတ်တဲ့အချိန်တွေ စတဲ့အချိန်တွေမှာ နားထောင်တယ်ပေါ့။ ဒါကြောင့်မလို့ podcast သည်နောက်ပိုင်းလူတွေရောက်လာနိုင်တဲ့နေရာဖြစ်နိုင်တယ်။ အဲ့တာကြောင့် ကျွန်တော့် askalex ကို podcast ကို အသည်းအသန်ရွှေ့တာ။ ကျွန်တော့် learning process ကဘယ်လိုလည်းဆိုတော့ podcast နားထောင်နေတာဘဲဖြစ်ဖြစ်၊ စာဖတ်နေတာဘဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်နေတာဘဲဖြစ်ဖြစ် learning တစ်ခုခုရအောင် ကျွန်တော်ကြည့်တယ်။ အဲ့တာတွေလုပ်နေတဲ့ အချိန်မှာ ကျွန်တော့် ခေါင်းထဲမှာ ဘယ်လိုတွေ အလုပ်လုပ်နေလဲဆိုတော့ အခုချိန်မှာဖြစ်နေတဲ့ အခြေအနေတွေ၊ ပုံစံနဲ့ တိုက်စစ်တယ်။ ဥပမာ - ကျွန်တော်အရင်နေ့တွေက RED Maketing ဆိုတဲ့ KFC က စာအုပ်ကိုဖတ်နေတာ။ ဖတ်နေရင်းနဲ့ ကျွန်တော့် ဒီဘက်ခေါင်းက ဘယ်လိုအလုပ်လုပ်နေလဲဆိုတော့ သူတို့ ပြောနေတဲ့ပုံစံတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံက Marketing မှာဘယ်လိုပြန်လုပ်လို့ရလဲဆိုပြီး စဉ်းစားနေတာ။ အဲ့အချိန်မှာဆို ကျွန်တော်ပျော်နေတယ်။ ပြီးရင် မျက်နှာသစ်၊ သွားတိုက်လုပ်တယ်။ ပြီးတော့ ကျွန်တော့် computer ရှေ့ထိုင်ပြီးအလုပ်လုပ်တယ်။ ပင်ပန်းလာပြီဆို ခုနကလို စာဖတ်တာဖြစ်ဖြစ်၊ podcast နားထောင်တာဖြစ်ဖြစ်ပြန်လုပ်တယ်။ ပြီးတော့ နောက်ထပ်လုပ်တာတစ်ခုက အဲ့အလုပ်ကိုချထားပြီးတော့ နောက်ထပ်တစ်ခြားအလုပ်တစ်ခုကိုပြောင်းလုပ်တယ်။ ကျွန်တော် နာရီဝက်၊ နာရီဝက်လေးတွေ ခွဲပြီးတော့ အလုပ်တွေပြောင်းပြောင်းလုပ်သွားတယ်။ အဲ့တာကြောင့် burn out မဖြစ်တာလို့တော့ ထင်တာဘဲ။ ပြီးတော့ ကျွန်တော်က Marketing လုပ်ရရင် ပျော်နေတာကိုး။ အဲ့တော့ 18hr challenge က ကျွန်တော်ပျော်တာလုပ်နေတာဆိုတော့ အဲ့လောက်ကြီး ခေါင်းမစားဘူး။ အဲ့တော့ ပြဿနာဖြစ်ရင်တောင်မှ ပြဿနာကိုပျော်ပျော်ကြီးရှင်းနေတတ်တဲ့ အကျင့်ရှိတာဆိုတော့ အဆင်ပြေတယ်။ အရင်အချိန်တုန်းကတော့ ကျွန်တော် bus စီးနေတဲ့ အချိန်၊ ထမင်းစားနေတဲ့ အချိန်တွေမှာ စာအုပ်ဖတ်တဲ့ အကျင့်ရှိတယ်။ ပြီးတော့ ကျွန်တော့် senior တွေနဲ့စကား အရမ်းပြောတယ်။ စကားပြောတာကနေ ဘာရလဲဆိုရင် သူတို့ရဲ့ experience တွေရတယ်။ အဲ့တာက ကျွန်တော့် learning အစိတ်အပိုင်းတစ်ခု၊ ပြီးတော့ သူတို့နဲ့ ကျွန်တော်ရင်းနှီးသွားတယ်။ သူတို့ကနေလည်း ကျွန်တော့်ကိုဆွဲခေါ်ပြီးသင်ပေးသွားတာတွေရှိတော့ အဲ့ဒီ ပုံစံကနေ ကျွန်တော် learning လုပ်ပါတယ်။
2022-05-16
06 min
AskAlex
Metaverse က Digital Marketing အပေါ်ဘယ်လိုသက်ရောက်မှုရှိမလဲ?
Metaverse က Digital Marketing အပေါ်ဘယ်လိုသက်ရောက်မှုရှိမလဲ? Crypto တွေ၊ NFT တွေကိုသိလားတော့မသိဘူး။ Metaverse က NFT နဲ့ ချိတ်သွာမှာ။ NFT ကိုမလေ့လာရသေးတဲ့သူတွေအတွက် ကျွန်တော် အကျဉ်းချုပ်ရှင်းပြမယ်။ ကျွန်တော့်မှာ ပန်းချီကားတစ်ချပ်ရှိတယ်ထားပါတော့ အဲ့ ပန်းချီကားက တစ်ကမ္ဘာလုံးမှာတစ်ချပ်ဘဲရှိမှာ right? အဲ့ပန်းချီကားကို Digital ပေါ်မှာတင်လိုက်မယ်ဆိုရင် Digital ပေါ်မှာလည်း အဲ့ပန်းချီကားတစ်ချပ်ပဲရှိလိမ့်မယ် copy လုပ်လို့ရတာတွေ မရတာတွေ ကျွန်တော်မပြောဘူးနော်။ Digital ပေါ်တင်လိုက်မယ်ဆိုရင် ကျွန်တော့်ပန်းချီကားအတွက် serial code လိုမျိူးရှိလိမ့်မယ် ကျွန်တော် ဒီပန်းချီကားကို ပိုင်ဆိုင်ပါတယ်ဆိုတဲ့ အထောက်အထားမျိုးပေါ့ အဲ့ serial code ထုတ်ပေးတာကို NFT လို့ခေါ်တာ။ ပြီးတော့ NFT ကိုပိုင်တယ်ဆိုတာကလည်း Digital ပေါ်မှာ အဲ့ code ပိုင်တာကိုပြောတာ။ Digital Metaverse မှာလည်း ကျွန်တော့အိမ်ထဲမှာ အဲ့ပန်းချီကားရှိလိမ့်မယ်။ ဆိုတော့ NFT ဆိုတာ အဲ့တာကိုပြောတာ။ Meta ဖြစ်သွားတဲ့အချိန်မှာ ကျွန်တော်မြင်တာက ကျွန်တော်တို့ရဲ့ ဉီးထုပ်တို့၊ Laptop တို့၊ Computer တို့၊ ပြီးတော့ ကျွန်တော်တို့ ကားတွေ၊ ဆိုင်ကယ်တွေ စတဲ့ physical object တွေအကုန်လုံးက physical object ကနေ digital object ဖြစ်လာမယ်လို့ယူဆတယ်။ ဆိုတော့ digital ပေါ်မှာ lifestyle တစ်ခုဖြစ်လာမယ်လို့မြင်တယ်။ ပြီးတော့ ငယ်ငယ်က ကျွန်တော်တို့ဆော့ဖူးတဲ့ The Sim ထဲမှာ ကိုယ့် game character ကိုပြန်ပြီး decorate လုပ်သလိုမျိုး ဒီဘက်မှာတော့ real world မှာ real cash နဲ့ ဝယ်လို့ရမယ် ရောင်းလို့ရမယ်လို့တော့ မြင်တယ်။ နောက်တစ်ခုက အခု platform တွေမှာ ကျွန်တော်တို့ရတဲ့ experience က အမြင်ရယ်၊ အကြားရယ်ဘဲရှိတယ်။ ကျွန်တော် Zuckerberg ရဲ့ Metaverse ကိုကြည့်တဲ့အချိန်မှာ အထိအတွေ့ပါ ပါလာတယ်။ အဲံ့တော့ Meta တစ်ကယ်ဖြစ်လာနိုင်ရင်တော့ Ready Player One ထဲကလိုပေါ့ အထိအတွေ့က အစလုပ်လို့ရလာနိုင်တယ်။ ပြီးတော့ ကျွန်တော် အပေါ်ကပြောခဲ့သလိုဘဲ ခုက screen ကရတဲ့ အမြင်အာရုံရယ်၊ speaker ကရတဲ့ အကြားအာရုံရယ်ဘဲရှိတယ်။ Zuckerberg ပြောတဲ့အထဲမှာ Meta က 3D World တစ်ခုထဲရောက်သွားတာကြောင့် ကျွန်တော်တို့ Brand တွေဘက်နေ customer ကိုပေးချင်တဲ့ experience ကိုအများကြီးပိုပေးလို့ရသွားပြီ။ ဥပမာ - ကျွန်တော်တို့ အခု Beer Brand တစ်ခုကို ကမ်းခြေ vibe နဲ့ကြော်ညာမယ်ဆိုရင် ဖုန်းထဲမှာ ကမ်းခြေကို လှတပတလေးမြင်ရမယ်။ VR နဲ့ဆိုရင် ကျွန်တော်တို့ ကိုယ့် enviroment တစ်ခုလုံးက ကမ်းခြေကိုရောက်သွားမယ်။ ကျွန်တော့်တို့ နားထဲမှာ လှိုင်းသံတွေကြားနေရမယ်။ စဉ်းစားကြည့်။ ကမ်းခြေမှာလူတွေက Beer ပုလင်းလေးတွေကိုင်ပြီး ပျော်နေတဲ့ပုံနဲ့ဝင်လာမယ်။ ပြီးတော့ ကိုယ်က အဲ့လူတွေကို အနီးကနေလည်းကြည့်လို့ရမယ်။ အဝေးကနေကော ကြည့်လို့ရမယ်။ အဲ့တော့ VR ထဲမှာက အပြင်ကလိုမျိူး တကယ့် experience တစ်ခုကို ကြုံနေရတာ။ ဆိုတော့ အဲ့လိုမျိုးအရာတွေကို Meta မှာ ကျွန်တော်တို့ Marketing အနေနဲ့လုပ်လို့ရမယ်လို့တော့မြင်ပါတယ်။ အကျိူးကျေးဇူးအနေနဲ့က ကျွန်တော်တို့ အခုလို ပုံနဲ့စာနဲ့ အသံနဲ့တင်မဟုတ်တော့ဘဲနဲ့ တကယ့်လက်တွေ့ customer experience တစ်ခုကို ပေးလာနိုင်မယ် ရလာနိုင်မယ်လို့တော့ ထင်ပါတယ်။
2022-05-15
06 min
AskAlex
Product အသစ်ကို Market မှာဘယ်လိုဖောက်ရမလဲ?
Product အသစ်ကို စျေးကွက်ဘယ်လိုဖောက်မလဲ? Product အသစ်ဖောက်တာကတော့ အများကြီးပြောင်းလဲသွားတာမျိူး မရှိပါဘူး။ ကျွန်တော် အတွက်ကတော့ content ပါဘဲ။ ပထမဆုံးကတော့ ဘယ်လို target segment ကို သွားချင်လဲဆိုတာကို သိရဖို့လိုအပ်ပါတယ်။ Skin care brand ဆိုတော့ ဥပမာ - နယ်လား၊ မြို့လား၊ white collar၊ Blue collar၊ housewife တွေလား ဆိုပြီး ကိုယ့် product ရဲ့ target segment ကိုသိဖို့ အရေးကြီးပါတယ်။ ကိုယ့် Target ကိုသိပြီဆိုရင်တော့ သူတို့နဲ့ သက်ဆိုင်တဲ့ content တွေနဲ့ဖောက်မယ်ဆိုရင်တော့ ဖောက်လို့ရပါတယ်။ ကျွန်တော်ကတော့ ဘာနဲ့အရင်စဖောက်စေချင်လဲဆို differentiation လုပ်ပါ။ ဘာလဲဆိုတော့ ခု local မှာက ဒါသုံးရင် glow လာမယ်၊ ချောလာမယ်ဆိုပြီး အဲ့လို content တွေနဲ့လုပ်နေကြတာများတယ်။ ဆိုတော့ ကိုယ့်ရဲ့ product အသစ်က အဲ့ရှိနေတဲ့ Market မှာ ဘယ်လိုခွဲထွက်ရမလဲဆိုတာ စဉ်းစားဖို့ပါ။ အဲ့တာကို Unit Selling Point (USP) လို့လည်းခေါ်ပါတယ်။ Seth Godin ရဲ့ Purple Cow နဲ့ ဥပမာပေးပြပါမယ်။ ကျွန်တော်တို့ လယ်ကွင်းတွေကို ဖြတ်ပြီးကားမောင်းနေတယ်လို့ ထားလိုက်ပါတော့ လမ်းမှာနွားတွေတွေ့နေရမယ် ဆိုရင် ဘယ်သူမှ ကားကိုရပ်ပြီး တကူးတကကြီး ဆင်းမကြည့်ဘူး Right? ဒါပေမဲ့ နွားပြာကြီးကို ရူတ်တရက်တွေ့လိုက်မယ်ဆိုရင် နွားပြာကြီးတစ်ခါမှ မမြင်ဖူးဘူးဆိုပြီး ဆင်းကြည့်ကြမှာပဲ။ အဲ့တာကို Seth Godin က Remarkable လို့ဆိုပြီးသုံးတယ်။ အဲ့တော့ remarkable ကအရေးကြီးတယ်။ Branding မှာ ကိုယ့် Product က remarkable ဖြစ်မှသတိထားမိမှာ။ ကျွန်တော်တို့ Beauty Vlogger တွေ၊ giveaway contents တွေမသုံးနဲ့ မဟုတ်ဘူး သုံးလို့ရတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ product နေရာယူထားတဲ့ position တစ်ခုက တခြား competitor တွေ products ရဲ့ position နဲ့သွားတူနေမယ်ဆိုရင် consumer က ငါဘာကြောင့် ဒီ product ကိုသုံးရမှာလဲဆိုပြီး စဉ်းစားလိမ့်မယ်။ အဲ့တာကြောင့် USP (Unit Selling Point) က အရေးကြီးတယ်လို့ပြောတာပါ။ USP ဆိုတာ တစ်ခြားသူတွေ မပြောသေးတဲ့ idea တစ်ခု၊ တစ်ခြားသူတွေ မသုံးသေးတဲ့ ingredient တစ်ခု၊ တစ်ခြားသူတွေမသုံးသေးတဲ့ Marketing activity တစ်ခု ဖြစ်နိုင်တယ်။ နောက်ဆုံး ဘာ USP မရှိဘူးဆိုရင်တောင်မှ ဘယ်သူမှမလုပ်သေးတဲ့ Marketing activity တစ်ခုကို USP ထားပြီးတော့ လုပ်ရင် အဲ့ Brand ပေါက်ပါတယ်။ ဒါတွေကတော့ ကျွန်တော့် အနေနဲ့ ဒီအချိန်မှာ ပေးချင်တဲ့ အကြံပါ။
2022-05-14
04 min
AskAlex
Content Calendar ကို effective ဖြစ်အောင်ဘယ်လိုဆွဲရမလဲ?
Q : Content Calendar ကို effective ဖြစ်အောင်ဘယ်လိုဆွဲရမလဲ? A : ကျွန်တော်အမြင်ကတော့ customer အပေါ်ဘယ်လောက်အထိနားလည်လဲဆိုတာအပေါ်မူတည်ပြီးတော့ ထိရောက် ဘယ်လောက်ထိရှိမရှိဆိုတာ သွားမယ်လို့မြင်ပါတယ်။ ကျွန်တော်တို့ကတော့ social listening service ယူတဲ့ client ဆိုရင် listening လုပ်ပေးတယ်။ Social listening service မယူတဲ့ client ဆိုရင်တောင်မှ ကျွန်တော်တို့ agency က project pitching လုပ်တဲ့အချိန်၊ marketing proposal လုပ်တဲ့အချိန်မှာ client ကို research လုပ်တယ်ပေါ့နော်။ Berlin က client တစ်ယောက်အတွက် research လုပ်ပေးထားတဲ့ file နမူနာပြပေးပါမယ်။ ကျွန်တော်တို့က English စကားကိုတောင်မှ အနိုင်နိုင်ပြောနေရတာ သူတို့က German ကဆိုတော့ ကျွန်တော်တို့က research paper တွေလိုက်ဖတ်ပြီးတော့လုပ်ပေးရတယ်။ Germany က social media သုံးနေတဲ့သူတွေရဲ့ data တွေကိုမှ သူတို့က Fine dining ဆိုတော့ fine dining ရဲ့ purchase preference တွေ brand quality တွေက အစလိုက်ကြည့်ပြီးတော့ research လုပ်ပေးရတယ်။ Luxury consumers တွေရဲ့ data တွေ၊ potential market size တွေ၊ ဘာတွေကို စိတ်ဝင်စားလဲဆိုတဲ့ဟာတွေကို လိုက်လေ့လာပြီးတော့မှ social media strategy တစ်ခုကိုချရပါတယ်။ ကျွန်တော်တို့က ဘယ်လောက်ကြီးတဲ့ client ဖြစ်ဖြစ်၊ သေးတဲ့ client ဖြစ်ဖြစ် customer ကိုနားလည်တော့မှ strategy ကိုအရင်ချပါတယ်။ Strategy ကိုနားလည်ပြီးတော့မှ content plan ကိုထုတ်တာပါ။ ကျွန်တော်ကတော့ အဲ့လို process နဲ့သွားဖို့ အကြံပေးချင်ပါတယ်။ ပြီးတော့ ဒါကလည်း Level up မှာ ကျွန်တော်လုပ်ပေးနေတဲ့ process ပါ။ အဓိကကတော့ customer အကြောင်းကိုနားထောင်ဖို့ပါ။ ဆိုတော့ ကျွန်တော်အပေါ်က ပြောခဲ့တဲ့ Social listening report ကိုသေချာဖတ်ပါ။ အားလည်းပေးပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ၇လက customer အဟောင်းဆိုရင်လည်း ၇လအတွင်း customer behavior တွေပြောင်းသွားနိုင်တဲ့ အတွက် report တွေပြန်လိုက်ဖတ်ပါတယ်။ အဲ့တော့ ပထမက social listening report ကိုဖတ် ပြီးရင် content house ဆွဲပါ။ ပြီးတော့မှ content house ထဲမှာ content market တွေထည့်ပါ။ အဲ့ process အတိုင်းသွားမယ်ဆိုရင်တော့ effective ဖြစ်မယ်လို့ထင်ပါတယ်။ Q: How to plan a content calendar effectively? A: My view is that it depends on how much you understand your client. For me, I take a discussion with the client who takes social listening services from me to know more about their business. Even if the clients don't take our social listening service, our agency researches their businesses before our project pitching to them. I will show you a sample research file for a client from Berlin. Our clients are German and what's funny is we can't even speak English fluently. We had to read more research papers about them. Since our client's business is fine dining, we have to research the data of people who use social media in Germany about fine-dining preferences and brand quality of fine dining. After that, we learn about the data of luxury customers and potential marketing size. And we develop a social marketing strategy. So our process is we research our client first and then set a strategic plan, no matter how big or small the client. Once we develop a marketing strategy, we come up with a content plan. And I would suggest you go with that procedure. That is the procedure I have been using at Level Up. So the key is learning your clients better. And please pay attention to what I mentioned earlier: the social listening report. I usually restudy the report files of my old clients from the last seven months again because the client's behavior may change within seven months. So read the social listening report first and then draw a content house. Then add content markets to the content house. I think it will be effective if you follow that process.
2022-05-13
06 min
AskAlex
Marketing Budget ဘယ်လိုဆွဲရမလဲ?
Marketing Budget ဘယ်လိုဆွဲရမလဲ? ကျွန်တော်ဆွဲနေကြ Marketing Budget ပုံစံအကြမ်းဖျင်းလေးပြောပြပါမယ်။ အရင်ဆုံး client ကိုအချက်သုံးချက်မေးပါတယ်။ ၁. Customer အကြောင်းကိုမေးတယ် ၂. Brand အကြောင်းကိုမေးတယ် ၃. Business Goal ကိုမေးပါတယ် Business Goal ထဲမှာ မနှစ်ကရောင်းရတဲ့သူကိုဘဲ ထပ်ပြီးရောင်းချင်တာလား? Market ချဲ့ချင်တာလား?Brand Extension လုပ်ချင်တာလား? ဆိုပြီးရှိပါတယ်။ Brand Extension ဆိုရင် ကျွန်တော့်ဆရာကိုအောင်ချစ်ခင် အမြဲပြောလေ့ရှိတယ် အခုဆိုလို့ရှိရင် Mercedes ဒါမှမဟုတ် BMW က ကားထုတ်နေတာကနေ ဆိုင်ကယ် (သို့) စက်ဘီးတို့ ပြန်ထုတ်နေတာတို့ အဲ့လို Brand Extend လုပ်နေတဲ့ Brand တွေရှိတယ်။ အဲ့လိုမျိူးသွားချင်တဲ့ Brand တွေလည်းရှိနေတာဆိုတော့ ဒါတွေက Business Goal အပေါ်မှာ အများကြီးအခြေခံတယ်။ အဲ့တော့ ကျွန်တော်က Marketing Budget ကို Business Goal အပေါ်မှာ ဦးစားပေးပြီးဆွဲလေ့ရှိတယ်။ ဘယ်လိုမျိုး အခြေခံလဲဆိုရင် sales ကိုမနှစ်ကထက်ပိုပြီးတော့ 10% တက်ချင်တယ်ဆိုရင် မနှစ်က အရေအတွက် ဘယ်လောက်ရောင်းခဲ့ရလဲ? Marketing Budget ဘယ်လောက်သုံးခဲ့ရလဲကို ပြန်ကြည့်ရပါတယ်။ ပြီးတော့ မနှစ်ကရောင်းရတဲ့ တစ်လချင်းစီရဲ့ sales trend ကိုပြန်ပြီးကြည့်ရပါတယ်။ ဥပမာ - Jacket, suits, တိုက်ပုံတွေဆိုရင် မနှစ်က ဘယ်လိုမျိုးအချိန်တွေမှာ ပွဲတွေရှိတာလဲ? ပွဲလမ်းသဘင်ကာလတွေပေါ့။ အဲ့ကာလတွေမှာ ဘယ်လမှာ ပိုရောင်းရတာလဲ၊ ဘယ်လမှာ မရောင်းရဘူးလဲဆိုတာကို sales analysis ပြန်လုပ်ပေးရတယ်။ ကောင်းတာကတော့ နှစ်ကြာလေလေ sales trend ကိုပိုပြီး မြင်ရလာလေလေပဲ။ ပြီးတော့ sales trend တွေရဲ့ data တွေကို သိမ်းထားဖို့ အများကြီးအရေးကြီးတယ်။ မပြောပြနိုင်လောက်အောင်ကို အရေးကြီးတယ်။ ဘယ်နေ့မှာ ဘာပစ္စည်း၊ ဘယ်သူ့ကိုရောင်းလိုက်ရတယ်ဆိုတာကို သိမ်းထားဖို့ အရေးကြီးတယ်။ ဆိုတော့ အဲ့ sales trend ကိုပြန်ပြီးတော့ သုံးသပ်တယ်။ မနှစ်က sales trend အရ တစ်လချင်းစီမှာ သုံးခဲ့တဲ့ Marketing Budget data ကိုပြန်ပြီးကြည့်ရတယ်။ နောက်ထပ်တစ်ခုက conversion rate ကိုကြည့်ရတယ်။ Conversion rate ဆိုတာ ဆိုင်ကိုလူဘယ်နှစ်ယောက်လာလဲ ဘယ်နှစ်ယောက်ရောင်းလိုက်ရလဲကို ခေါ်တာ။ အရင်ကတော့ conversion rate ကိုတွက်ဖို့ ခက်ရင်ခက်လိမ့်မယ်။ အခုဆို ဘာကောင်းလာလဲဆို Facebook ဆိုတဲ့ Digital Marketing Landscape ကြီးပေါ်မှာ Messages တွေက အစမြင်ရတယ်။ ပြီးတော့ အဲ့ Messages တွေကို ပြန်ပြီး count လုပ်လို့ရတယ်။ ပြီးတော့ ဘယ်နှစ်ယောက်က ဝယ်သွားလဲဆိုတာကို ပြန်ပြီးထုတ်ပေးရပါတယ်။ အဲ့ကနေ လူဆယ်ယောက်လာမေးမှ နှစ်ယောက်ဝယ်သွားတာလားဆိုတဲ့ conversion rate ထွက်လာပါတယ်။ အဲ့ကနေမှ conversion rate 20%, 30%, 40% ဆိုပြီး data တွေထွက်လာပါတယ်။ အဲ့ကနေ ဘယ်လိုခန့်မှန်းလဲဆို ဒီနှစ်မှာ Product တစ်သိန်းရောင်းရတယ်။ နောက်နှစ်မှာ တစ်သိန်းတစ်သောင်းရောင်းချင်တယ် ဆိုလို့ရှိရင် ဒီနှစ်မှာ conversion rate 50% ရှိတယ်ထား ဒီနှစ်မှာ တစ်သိန်းရောင်းရဖို့ကို လူနှစ်သိန်းကလာပြီးမေးရလိမ့်မယ်။ တစ်သိန်းတစ်သောင်း ရောင်းရဖို့ဆို နှစ်သိန်းနှစ်သောင်းလာမှရပါလိမ့်မယ်။ နှစ်သိန်းနှစ်သောင်း ရှာပေးဖို့ဆိုရင် Marketing Budget ဘယ်လမှာ ဘယ်လောက် ထည့်ရမယ်ဆိုပြီး အဖြေပေါ်လာပါလိမ့်မယ်။ Plan ကိုအရင်ဆွဲရလား၊ Budget ကို အရင်သတ်မှတ်ရလားဆို ကျွန်တော်တော့ Goal ကို အရင်ချပါတယ်။ ပြီးမှ Plan နဲ့ Budge ကလာတာပါ။ ဒီ Business ကြီးတစ်ခုလုံးအနေနဲ့ ဘာဖြစ်ချင်တာလဲဆိုတဲ့ KPI, Goal လိုပါတယ်။ အဲ့ Goal ကိုသိရမှ ဒီ တစ်သိန်းတစ်သောင်းရောင်းရဖို့အတွက် Marketing ရဲ့ KPI ကိုသိမှာပါ။ KPI ကိုသိပြီဆိုရင် မနှစ်က ဘယ်လမှာ ဘယ်လောက် KPI ရလဲ၊ Marketing Budget ဘယ်လောက် သုံးရလဲဆိုတဲ့ data တွေထွက်လာမှာပါ။ အဲ့ကနေမှ ဘယ်လမှာ Budget သုံးရမလဲဆိုတာထွက်ပြီးတော့မှ Plan အကြမ်းကိုဆွဲပါတယ်။ ဥပမာ - sales ရောင်းကောင်းတဲ့လတွေမှာ ဘယ်လိုမျိူး campaign တွေသုံးမှာလဲ၊ sales မကောင်းတဲ့လတွေမှာ ဘယ်လောက် Budget လျော့သုံးမလဲဆိုတဲ့ Plan တွေရတယ်။ Goal ရပြီဆိုရင် Budget ဆွဲပြီးတော့မှ Plan ချလို့လည်းရသလို၊ Plan ချပြီးမှ Budget ဆွဲလို့လည်းရပါတယ်။ ဆိုတော့ Business Goal, Sales Trend, Marketing Trend အဲ့သုံးခု အရေးကြီးပါတယ်။ ပြီးတော့ Micro environment လို့ခေါ်တဲ့ ကိုယ်ကိုင်တွယ်လို့မရတဲ့ အခြေအနေတွေက ကိုယ့် business အပေါ်ကို impact ဘယ်လောက်အထိရှိမလဲဆိုတာကိုDigital Marketer တစ်ယောက်အနေနဲ့ ထည့်တွက်ပေးရပါတယ်။ ဥပမာ - covid, politics စတာတွေပေါ့။
2022-05-12
11 min
AskAlex
Digital Marketing မှာ ဘွဲ့ရှိမှ အလုပ်လုပ်လို့ရမှာလား? ကျွန်တော့် အတွေ့အကြုံကို ဖြေပေးထားပါတယ်။
Q: လောလောဆယ်တော့ SFUx က ကိုAlex သင်နေတဲ့ Digital Marketing အတန်းကိုတက်နေတာပါ။ အခုအချိန်ထိ ဘွဲ့ကလည်းမရ၊ certificate ကလည်းမရှိလမ်းပျောက်နေလို့ပါ။ အကြံပေးပါဦး ကို Alex။ A: ကျွန်တော်ကိုယ်တိုင်မှာလည်း ဘွဲ့လည်းမရှိ၊ certificate လည်း မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် KFC မှာလုပ်ဖူးတယ်။ Samsung မှာ Digital Marketing Manager အနေနဲ့ လုပ်ဖူးတယ်။ City Mart နဲ့ Yoma Bank မှာ Digital Marketing Head အနေနဲ့လုပ်ဖူးတယ်။ ဒီ လေးခုမှာ ဘွဲ့နဲ့ အလုပ်လုပ်တာမဟုတ်ပါဘူး။ Marketing နဲ့ ပတ်သတ်တဲ့ certificate လည်း မရှိပါဘူး။ ကျွန်တော်ဘာတွေလုပ်ခဲ့လဲဆို သင်တန်းလျှောက်တက်ပါတယ်။ ကျွန်တော့် ကိုသင်ပေးခဲ့တဲ့ ဆရာနှစ်ယောက်ရှိပါတယ်။ ကိုအောင်ချစ်ခင်နဲ့ Arilyn ပါ။ နှစ်ယောက်လုံးက ကျွန်တော် အပြင်မှာ တကယ်သင်တန်းတက်ဖူးတဲ့ဆရာနှစ်ယောက်ဖြစ်တဲ့အပြင် အခု Strategy First မှာလည်း သင်နေပါတယ်။ ကျွန်တော် Strategy First မှာဘဲ Marketing ကော Digital Marketing ကောတက်ဖူးပါတယ်။ နောက်ထပ်တစ်ခုကတော့ Google နဲ့ YouTube ပါ။ တစ်ခုခု ဘာပဲဖြစ်ဖြစ် သိချင်တယ်ဆို google နဲ့ youtube မှာ အမြဲရှာပါတယ်။ အဲ့ဒီ့နည်းက ကျွန်တော့ကို အများကြီးသင်ပေးပါတယ်။ ဘွဲ့မရ Certificate မရလို့ဘာမှမဖြစ်ပါဘူး။ အဓိကက အလုပ်လုပ်ချင်ဖို့ဘဲလိုတာပါ။ အရင်တုန်းက လုပ်ခဲ့တဲ့ အလုပ်တွေ အကုန်လုံးဆိုရင် 18 hr challenge ဆိုပြီး တစ်ရက်ကို 18 နာရီအလုပ်လုပ်ပါတယ်။ နားတဲ့ရက်မရှိပါဘူး။ စနေ၊ တနင်္ဂနွေလည်း မနားပါဘူး။ ပြီးတော့ ကျွန်တော် Marketing ကိုချစ်တဲ့စိတ်ရှိတယ် ကိုယ်လုပ်နေတဲ့ အလုပ်ကိုလုပ်ရင်ကိုပျော်နေတာ။ အဲ့တစ်ခုတော့ လိုတယ်။ အဲ့တစ်ခုရှိပြီဆိုရင်က ကျန်တဲ့ဟာတွေ ခေါင်းထဲထည့်နေစရာမလိုဘူး၊ အရမ်း အရေးကြီးတဲ့နေရာမှာ မပါဘူးလို့တော့ ယူဆပါတယ်။ Q: I am currently attending the Digital Marketing class taught by Ko Alex at SFUx. So far, I still haven't achieved my degree and a certificate to get a job. And I lost hope for my career life. Can you please advise me, Ko Alex? Firstly I don’t have a bachelor's degree or a certificate. But I have experience working in KFC, digital marketing manager at Samsung, and Digital Marketing Head at City Mart and Yoma Bank. It didn’t require a marketing certificate and bachelor for those job titles. What I did was attend marketing classes tutored by Sir Aung Chit Khin and Eileen. They are my mentors and both of them are currently teaching marketing classes at Strategy First. I attended both traditional marketing and digital marketing classes. What’s more, are YouTube and Google. Anything I would like to learn, I find it on YouTube and Google. I learned a lot in that way. It doesn't matter if you don’t have a certificate or a bachelor's. What’s the matter is your passion for work? I used to work 18 hours per day for all my previous jobs as an “ 18 hours challenge .” There is no holiday, no weekend. Most importantly I love marketing. I enjoy working in the marketing field. In my opinion, that’s all it takes. The rest doesn’t matter that much.
2022-05-11
03 min
AskAlex
Freelance Digital Marketer တစ်ယောက် အတွက် Portfolio တစ်ခုဘယ်လိုဆောက်ရမလဲ?
Q : Freelance Digital Marketer တစ်ယောက် အတွက် Portfolio တစ်ခုဘယ်လိုဆောက်ရမလဲ? A : Portfolio တစ်ခုလိုတယ်ဆိုတာက ကိုယ်အရင်က ဘာတွေလုပ်ခဲ့လဲ၊ ဘာတွေလုပ်ဖူးလဲ ဆိုတာကို ပြန်ပြနိုင်အောင်လို့ပါ။ Portfolio မရှိဘူးဆိုဘယ်လိုလုပ်ရမလဲ? မရှိဘူးဆိုရင် အလကားလုပ်ပေးလိုက်ပါ။ ကျွန်တော်ဆို consulting ကို freelance စလုပ်ခါစ လွန်ခဲ့သုံးနှစ်တုန်းက (consulting ကို freelance တစ်ခါမှ မလုပ်ဖူးတုန်းက)ဆိုရင် star ticket က အမက ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ ခေါ်တိုင်ပင်တယ်။ ကျွန်တော် အကြံပေးခွင့်ရတယ်။ ဒုတိယ တစ်ခုက ကနုတ် Phone accessories က ကျွန်တော့် ကျောင်းနေဖက်သူငယ်ချင်းတွေ၊ သူတို့ကိုဆိုလည်း တစ်လကို charges နည်းနည်းနဲ့ လုပ်ပေးခဲ့တယ်။ နောက်တစ်ခုက Angeles ဆိုတဲ့ Phone accessories Brand။ အဲ့သုံးခုကို နှစ်နှစ်လောက်ကြာအောင်လုပ်ပေးခဲ့တယ်။ Success stories တွေရအောင် try တယ်။ ပြီးရင်အဲ့တာတွေအကုန်လုံးကို ကိုယ့် Portfolio ထဲထည့်တယ်။ ပြီးတော့ အရင်တုန်းကလည်း ဘာတွေလုပ်ပေးခဲ့ဖူးလဲဆို တစ်လရဲ့ first sunday တိုင်းမှာ လူ ၃ ယောက်နဲ့တွေ့ပြီး free consulting ပေးတယ်။ သူတို့ရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို နားထောင်ပြီးတော့ ဘာတွေလုပ်သင့်လဲဆိုတဲ့ အကြံဥာဏ်ပေးတယ်။ charges ယူလို့ရပေမယ့် ကျွန်တော့် Portfolio ကပိုက်ဆံထက် အရေးကြီးတယ်။ ဆိုတော့ Freelance သမားတစ်ယောက်အတွက် Portfolio လိုမယ်၊ Networking လိုမယ်။ အဲ့တာတွေမရှိဘူးဆိုရင် အလကားလုပ်ပေးလိုက်ပါ။ Q: How to build a portfolio for a digital marketer? A: The need for a portfolio is to show you what you've done in the past as a freelance digital marketer. If you don't have any work that you have done in the past to fill in a portfolio, do it for free charges. When I first started consulting as a freelancer three years ago (when I had never worked as a consultant as a freelancer), my friend from Star Ticket called me for advice. So I had the opportunity to give advice. The second one was Kanot Phone accessories and I did it with a small monthly fee. Another was the phone accessories brand Angle. It took about two years to do all three and I tried to get success stories. Then I put all of that into my portfolio. And one more thing that I have done in the past is that I meet three people on the first Sunday of every month and give them a free consultation. I listened to their problems and advised them on what to do. I can ask them for charges for consultation but my portfolio is more important than money. So for a freelancer, you will need a portfolio and networking. If you do not have them, do it for free.
2022-05-11
04 min
AskAlex
AskAlex Episode 115
Q&A about marketing & business development in Myanmar.
2022-05-06
1h 28
AskAlex
AskAlex Episode 114
Weekly Business & Marketing Q&A in Myanmar.
2022-04-15
59 min
AskAlex
AskAlex Episode 113
Everything about Business & marketing in myanmar.
2022-04-13
2h 00
AskAlex
AskAlex Episode 112
Weekly Q&A about Business & Marketing in Myanmar.
2022-04-12
1h 37
AskAlex
AskAlex Episode 111
Let's talk about business & marketing.
2022-02-20
1h 27
AskAlex
AskAlex Episode 109
Let's talk about business & marketing.
2022-02-02
1h 05
AskAlex
AskAlex Episode 110
Let's talk about Business & Marketing
2022-01-22
1h 32
AskAlex
AskAlex Episode 108
Let's talk about business & marketing
2022-01-16
1h 21
AskAlex
AskAlex Episode 107
Let's talk about business & marketing
2022-01-16
1h 05
AskAlex
AskAlex Episode 106
Let's talk about business & marketing
2022-01-04
1h 21
AskAlex
AskAlex Episode 105
Let's talk about business & marketing
2021-12-12
1h 05
AskAlex
AskAlex Episode 104
Let's talk about business & marketing
2021-11-29
1h 13
AskAlex
AskAlex Episode 103
#AskAlex ဆိုတဲ့အစီအစဉ်နဲ့ အပတ်စဉ် စနေနေ့တိုင်းမှာ ကျနော် Business, Marketing, Blogging & Vlogging တွေကို Live ဆွေးနွေးပေးလေ့ရှိပါတယ်။ မေးချင်တာတွေရှိရင် Comment ထဲမှာ မေးခဲ့နိုင်ပါတယ်။ Video အနေနဲ့သာ မဟုတ်ဘဲ Podcast အနေနဲ့ နားထောင်ချင်တဲ့သူတွေအတွက်လည်း Spotify, Apple Podcast, Google Podcast တွေမှာ နားထောင်လို့ရပါတယ်။ နောက်ပိုင်း marketing တွေနဲ့ ပတ်သက်ပြီး update တွေသိချင်တယ်ဆိုရင် ကျွန်တော့် Platform တွေကို follow/subscribe လုပ်ထားပေးဖို့ ဖိတ်ခေါ်ပါတယ်။ ဒီလင့်လေးကိုသာ နှိပ်ပေးပါ။ http://l.ead.me/AlexKhine Intro 00:00 page admin ရဲ့ အကောင့် hack ခံရပီး Facebook page hack ခံရလို့ပါ. Account ကို gmailပါ change ပစ်ပြီး disable လုပ်ခံထားရပါတယ် တခြားadmin တွေကိုလဲ Analyst ပြောင်းခံရပါတယ် Facebook Help centre ကနေတတ်သလောက်မှတ်သလောက်တော့ လုပ်ကြည့်နေပါတယ် ခုထိမရသေးလို့ပါ နည်းလမ်းလေးတွေ sharing လုပ်ပေးပါအုံးဆရာ 🙏 3:32 Facebook လို ၀◌ယ်သူတွေကို ထိထိရောက်ရောက် ကြော်ငြာလို့ရတဲ့ social media ညွှန်းပေးပါဆရာ..google မှာကြော်ငြာဖူးပါတယ် Facebook လို လာမေးသူ မရှိသလောက်ဖြစ်နေလို့ပါ 6:12 Page နဲ့ပတ်သတ်ပီးမသိတာလေးမေးစရာရှိလို့ cb မှာလာမေးပါရစေအကို 10:32 ကျနော့ page တစ်ခုက ပျောက်သလိုလို ပျက်သလိုလိုဖြစ်သွားလို့ Business suite နဲ့ ကြည့်ရင် ရတယ် ဒီတိုင်းရှာရင် မရတော့လို့ Organic reach တော့ မတက်တော့ဘူး ။ ကူညီပေးပါအုံး ခင်ဗျ 10:51 ကျွန်တော့် page လေး admin acc မှာ ဒီလို noti ပေါ်ပြီး ရုတ်တရက် session expired ဆိုပြီး ပျောက်သွားလို့ ပြန်ရအောင် လုပ်လို့ရနိုင်မလားမသိဘူး ဗျ 13:10 အ့တာကဘာဖြစ်တာလည်းဗျ 15:08 Digital marketing ဘက်ကို ကူးချင်လို့ပါ ဘယ်ကစလေ့လာပြီး အလုပ်ဝင်မယ်ဆို ဘာတွေပြင်ဆင်ထားရမလဲခင်ဗျ 17:58 Page က ad reject ထိတာများပြီး permanently ad restrict ဖြစ်သွားပါတယ်။ - Review ထပ်ပြီး request လုပ်ရမလား ။ ဘာဆက်လုပ်သင့်လဲ ။ - Page ထပ် အသစ်ထောင်ပြီး page နှစ်ခုပြိုင်တူ run သင့်လား။ - Ad restrict ထိထားတဲ့ page ကို page အသစ် နဲ့ ကော merge လုပ်လို့ရလား။ လုပ်ရင် Page အသစ်ပါ ထပ်ကျသွားနိုင်လား ။ အဲ့ဒါလေးတွေ သိချင်ပါတယ် ဆရာ ။ ဖြေပေးလို့ရမလားရှင့်။ ကျေးဇူးတင်ပါတယ် ။ 23:39 မင်္ဂလာပါဆရာ Meta ရဲ့Digital Marketing အခြေခံ အစပြောင်းလဲမှုကို ဆရာ့ရဲ့အမြင်ကို မျှဝေပေးပါခင်ဗျ။ 27:39 Content portfolio တစ်ခုကိုဘယ်လိုပြုလုပ်ရမလဲသိချင်ပါတယ်ဆရာ 34:29 Page admin တွေသုံးတဲ့အခါ Business suite and creator studio ပျောက်ပျောက်သွားလို့ပါရှင့်။Registration တော့ Facebook မှာ လုပ်ထားပါတယ်။ 36:50 ဆရာရေ အခုတစ်လောမှာ boosting process တွေ runရတာ reach တွေကရောက်သင့်သလောက်မရောက် engagement တွေလည်း မကောင်းဖြစ်နေတာကြောင့် ဘယ်လိုမျိုး strategy မျိုးကို ပြောင်းကြည့်သင့်လဲဆိုတာလေး shareပေးပါဦးနော်။ 37:21 YouTube က video တွေကို page မှာပြန်တင်ထားပါတယ်အကို policy issues ပြနေလို့ပါ YouTube ကvideoကို pageမှာပြန်သုံးလို့မရတာလားအကို YouTube မှာလို moti လျှောက်လို့ဘယ်လိုမျိုးလုပ်ရမလဲမသိလို့ ပြောပြပေးပါအကို page quality ကတော့စိမ်းနေပါတယ် 41:47 ညီမရဲ့ Ads account restricted ဖြစ်သွားလို့ appeal လုပ်လဲမရဘူး အဲ့cardနဲ့ နောက် Account ဖွင့်လဲ မရဘူး ဖြစ်နေတယ် ပြန်ရအောင် လုပ်လို့ရနိုင်လားရှင့် 42:59 Hello Ko Alex, Social Media Platforms တွေအတွက် media buying plan ဆွဲဖို့ဘာတွေ အရင်စစဥ်းစားပီး ဆွဲရမလဲခင်ဗျ 43:50 ဟုတ်ကဲ့ဆရာ ကျေးဇူးပါခဗျ ဆရာ့ရဲ့ SFUX ကအတန်းပီးရင်ရော ဘာတွေဆက်လေ့လာရဦးမလဲခင်ဗျ 46:19 Business suite ကသုံးရင်းနဲ့မပေါ်တော့တာပါ။ ဆက်သုံးလို့မရတော့ဘူး။စာလဲမပေါ်ဘူး။ replyလည်းပြန်လို့မရတော့တာပါ။ 48:12 CV formတင်ရင် တချို့က content portfolio တွေပို့ပေးပါဆိုလို့ပါခင်ဗျ agency တခုအနေနဲ့မဟုတ်ပဲ digital marketer တယောက်အနေနဲ့ဆိုရင်ရော content portfolio တည်ဆောက်ပုံကကွာသွားမလားဗျ 48:55 ပြီးတော့ Strategic Planning, Media Buying အပိုင်းကို ပိုစိတ်ဝင်စားပေမယ့် Creative အပိုင်းတွေကြီးပဲတောက်လျှောက်လုပ်နေရလို့ Carrier Development အတွက် ဘလိုလုပ်ရမလဲ ခင်ဗျ 49:44 YouTube က video တွေကို page ပြန်တင်ထားပါတယ်အကို Video က ကိုယ်ပိုင် video ဖြစ်ပေမယ့် policy issues ဖြစ်နေလို့ပါ YouTube video ကို pageမှာပြန်သုံးလို့မရတာလားအကို policy issues ကိုဘလိုပြန်လုပ်ရမလဲဗျာ page quality ကတော့စိမ်းနေပါတယ်ဘလိုလုပ်ရမလဲပြောပြပေးပါအုံးအကို 52:05 ခု business suite မှာ test A/B ဆိုတဲ့ tabလေးပါလာတာတွေ့တယ်အကို အဲ့တာကိုဘယ်လိုသုံးမလဲ ရိုးရိုးတင်တာနဲ့ အဲ့တာလေးသုံးပီးတင်တာနဲ့ ဘယ်လိုကွာသွားမလဲဗျ 52:11
2021-11-22
53 min
AskAlex
AskAlex Episode 102
All about business, marketing, Vlogging, Blogging, etc.
2021-11-13
1h 19
AskAlex
AskAlex Episode 101
All about business, marketing, Vlogging, Blogging, etc.
2021-11-07
1h 08
AskAlex
AskAlex Episode 100
All about business, marketing, Vlogging, Blogging, etc.
2021-10-30
1h 29