Look for any podcast host, guest or anyone
Showing episodes and shows of

Dawei Watch

Shows

Dawei Watch Podcast
Dawei Watch Podcastစက်တင်ဘာလ ၁၇ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ထားဝယ်မြို့တော်ခန်းမဖွင့်ဖို့ ရက်ပိုင်းအလိုမှာ ကျေးရွာအများအပြားကို စစ်အာဏာရှင်တပ်က လေယာဉ်နဲ့ဗုံးကြဲတဲ့သတင်း- တနင်္သာရီမှာရှိတဲ့ စစ်အာဏာရှင်တပ် ရေကြောင်းစစ်ဆေးရေးဂိတ်တွေမှာ ကုန်စည်စစ်ဆေးမှု ပိုတင်းကျပ်လာတဲ့ အကြောင်း- ၂ နှစ်ကျော်လောက်စစ်ရှောင်နေရတဲ့ ရေဖြူမြို့နယ် ညင်းထွေးရွာက စစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေတဲ့ အခြေအနေ- ကော့သောင်း - ရန်ကုန် လေယာဉ်လက်မှတ်ဈေး ကျပ်နှစ်သိန်းနီးပါး ခုန်တက်သွားတဲ့သတင်း- ဘန်ကောက်နဲ့ ထိုင်းမြောက်ပိုင်းခရိုင်တွေကို လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဇုန်အဖြစ် သတ်မှတ်လိုက်တဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။#ထားဝယ်မြို့ လေယာဉ်ဗုံးကြဲ #စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ် #ရေဖြူစစ်ဘေးရှောင် #ကော့သောင်း ရန်ကုန် လေယာဉ်လက်မှတ်ဈေး #Bangkok air pollution zone #တနင်္သာရီနေ့စဉ်သတင်း #Dawei Watch News #Tanintharyi Daily News
2025-09-1708 minDawei Watch Podcast
Dawei Watch Podcastတစ်ပတ်အတွင်း တနင်္သာရီသတင်းအစီအစဉ်ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်တွင် • ကျောက်မီးသွေးစက်ရုံအပါအဝင် ထားဝယ်စီမံကိန်းကို အရှိန်မြှင့်မယ်ဆိုတဲ့အကြောင်း• ၆ လကြာလာပေမယ့် မောတောင်နယ်စပ်လမ်းကို မစိုးမိုးနိုင်သေးလို့ စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်နေတဲ့အခြေအနေ• မြိတ်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေပေမယ့် အများသိအောင် မကြေညာလို့ ဝေဖန်ခံနေရတဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။• ဒါ့အပြင် ကူညီသူမဲ့နေလို့ ဝမ်းရေးအတွက် ရရာလုပ်ကိုင် ရပ်တည်နေရတဲ့ စစ်ဘေးရှောင်တွေအကြောင်း အထူးသတင်းပေးပို့ချက်တွေကို တင်ဆက်ထားပါတယ်။ DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။ Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။ #DaweiWatch #DVB #Tanintharyi #တနင်္သာရီ #တစ်ပတ်အတွင်း တနင်္သာရီသတင်း
2025-06-2814 minDawei Watch Podcast
Dawei Watch Podcastတစ်ပတ်အတွင်း တနင်္သာရီသတင်းယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်တွင် • ထီးခီးနယ်စပ်တစ်လျှောက်ကို KNU ထိန်းချုပ်လာတဲ့အခြေအနေ• ထားဝယ်ခရိုင်တပ်ပေါင်းစု အယောင်ဆောင်ပြီး ရွှေဆိုင်ကို ဆက်ကြေးတောင်းစာပို့တဲ့အကြောင်း• တနင်္သာရီမှာ လူနေအိမ်တွေနားက ခဲလုပ်ကွက်တွေကြောင့် ကလေးတွေအန္တရာယ်ရှိနေတဲ့အကြောင်း အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။• ဒါ့အပြင် စစ်ကောင်စီရဲ့ ပိတ်ဆို့မှုကြောင့် တကူတိုက်နယ်က ပြည်သူတွေ စားရေး၊နေရေး ခက်ခဲလာတဲ့အကြောင်း အထူးသတင်းပေးပို့ချက်တွေကို တင်ဆက်ထားပါတယ်။ DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။ Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။ #DaweiWatch #DVB #Tanintharyi #တနင်္သာရီ #တစ်ပတ်အတွင်း တနင်္သာရီသတင်း
2025-06-2114 minDawei Watch Podcast
Dawei Watch Podcastတစ်ပတ်အတွင်း တနင်္သာရီသတင်းယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်တွင်- ထားဝယ်နဲ့မြိတ်မှာ သွေးလွန်တုပ်ကွေးကြောင့် ကလေးသေဆုံးမှုမြင့်တက်နေတဲ့အကြောင်း- ကျောင်းနားထားတဲ့ ကျောင်းသားတွေကို ကျောင်းပြင်ပ ပညာရေးစနစ်နဲ့ သင်ကြားမယ့်သတင်း- တနင်္သာရီက စစ်ဘေးရှောင်တွေ ယားနာပျောက်ဆေးရဖို့ ခက်ခဲနေတဲ့အခြေအနေ အပါအဝင် တစ်ပတ်အတွင်း သတင်း- ဒါ့အပြင် “အထိန်းအကွပ်မဲ့နေချိန် ပျူးမီးသွေးဖိုတွေ ရမ်းကားလို့ မြိတ်ကျွန်းစုက ဒီရေတောတွေ ကုန်တော့မယ့်”အကြောင်း အထူးသတင်းပေးပို့ချက်တွေကို တင်ဆက်ထားပါတယ်။DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။#DaweiWatch #DVB #Tanintharyi #တနင်္သာရီ #တစ်ပတ်အတွင်း တနင်္သာရီသတင်း
2025-06-1414 minDawei Watch Podcast
Dawei Watch Podcastဇွန်လ ၉ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းက သိန်ခွန်းရွာမှာ သုံးရက်ဆက်တိုက်ပွဲဖြစ်တဲ့ သတင်း- မြိတ်မြို့က စားသောက်ဆိုင် မီးလောင်တဲ့ အကြောင်း- ထားဝယ်ရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့ တာဝန်ခံတွေကို စစ်ကောင်စီဖမ်းလို့ မေတ္တာရိပ်ဆေးခန်းရပ်နားရဖွယ်ရှိနေတဲ့ အခြေအနေ- ကန်ချနဘူရီမှာ အလှပြင်ဆိုင်ဖွင့်ထားတယ်ဆိုပြီး မြန်မာသုံးဦးဖမ်းဆီးခံရတဲ့ သတင်း- ကော့စမွေမှာ ဆိုင်ကယ်ခိုးတယ်ဆိုတဲ့ မြန်မာစုံတွဲ ဖမ်းဆီးခံရတဲ့အကြောင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။ဇွန်လ ၉ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းက သိန်ခွန်းရွာမှာ သုံးရက်ဆက်တိုက်ပွဲဖြစ်တဲ့ သတင်း- မြိတ်မြို့က စားသောက်ဆိုင် မီးလောင်တဲ့ အကြောင်း- ထားဝယ်ရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့ တာဝန်ခံတွေကို စစ်ကောင်စီဖမ်းလို့ မေတ္တာရိပ်ဆေးခန်းရပ်နားရဖွယ်ရှိနေတဲ့ အခြေအနေ- ကန်ချနဘူရီမှာ အလှပြင်ဆိုင်ဖွင့်ထားတယ်ဆိုပြီး မြန်မာသုံးဦးဖမ်းဆီးခံရတဲ့ သတင်း- ကော့စမွေမှာ ဆိုင်ကယ်ခိုးတယ်ဆိုတဲ့ မြန်မာစုံတွဲ ဖမ်းဆီးခံရတဲ့အကြောင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
2025-06-0907 minDawei Watch Podcast
Dawei Watch Podcastတစ်ပတ်အတွင်း တနင်္သာရီသတင်းယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်တွင် • ကမ်းရိုးတန်းတိုင်းစစ်ဌာချုပ်ရှိရာ မြိတ်မြို့လယ် လမ်းတွေပေါ် လုယက်မှုတွေ ဆက်တိုက်ဖြစ်နေတဲ့အခြေအနေ• ထားဝယ်မှာ ဘိလပ်မြေပြတ်လပ်နေတဲ့အကြောင်း• ထားဝယ်အရှေ့တောမှာ KTLA တပ်ခွဲမှူး ဗိုလ်နှင်းဆီပစ်ခတ်ခံရပြီးသေဆုံးသွားတဲ့သတင်း• တနင်္သာရီ မော်တုန်းရွာစာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တဲ့အကြောင်း အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။• ဒါအပြင် “စစ်ကောင်စီရဲ့ ကာလရှည် စက်သုံးဆီ ဖြတ်တောက်ထားမှုကြောင့် အခက်ကြုံနေရတဲ့ပြည်သူတွေ” အကြောင်း အထူးသတင်းပေးပို့ချက်တွေကို တင်ဆက်ထားပါတယ်။ DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။ Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။ #DaweiWatch #DVB #Tanintharyi #တနင်္သာရီ #တစ်ပတ်အတွင်း တနင်္သာရီသတင်း
2025-05-3014 minDawei Watch Podcast
Dawei Watch Podcastတစ်ပတ်အတွင်း တနင်္သာရီသတင်းယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်တွင်· ထားဝယ်မှာ သွေးလိုတဲ့လူနာတွေကို ပစ်မှတ်ထား ငွေရှာတဲ့အဖွဲ့ပေါ်လာတဲ့အကြောင်း· စစ်ကောင်စီက တနင်္သာရီတိုင်းမှာ ပျူစောထီး ၆၀၀ ဝန်းကျင်ကို အရန်အင်အားအဖြစ်စုဖွဲ့ထားတဲ့ အခြေအနေ· စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးကြောင့် အင်းဝန်းရွာသား ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရသွားတဲ့သတင်း အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။· ဒါ့အပြင် “မိုးဒဏ်၊လေဒဏ်၊ စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်ဒဏ် ခါးစည်းခံကြရမယ့် စစ်ရှောင်တွေ”အကြောင်း အထူးသတင်းပေးပို့ချက်တွေကို တင်ဆက်ထားပါတယ်။DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။#DaweiWatch #DVB #Tanintharyi #တနင်္သာရီ #တစ်ပတ်အတွင်း တနင်္သာရီသတင်းYouTube > https://youtu.be/PvbKc1W_zlU
2025-05-2314 minDawei Watch Podcast
Dawei Watch Podcastယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်တွင်- စစ်ကောင်စီနဲ့ထိုင်းက စားနပ်ရိက္ခာသယ်ဆောင်ခွင့်ပိတ်ထားလို့ ထီးခီးဒေသနေ ပြည်သူတွေအခက်ကြုံနေရတဲ့ အခြေအနေ- အာဏာသိမ်းလေးနှစ်အတွင်း မြိတ်မြို့မှာ လောင်းကစားဒိုင်တွေ များလာတဲ့အကြောင်း- ထားဝယ်မှာ သွေးလွန်တုပ်ကွေးအဖြစ်များနေပြီး ကလေးတစ်ဦးသေဆုံးသွားတဲ့သတင်း အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။- ဒါ့အပြင် “စစ်ကောင်စီ အရှိုက်ထိတဲ့ ထီးခီး၊ ထီးထနယ်စပ် စခန်းသိမ်းတိုက်ပွဲ” အကြောင်း အထူးသတင်းပေးပို့ချက်တွေကို တင်ဆက်ထားပါတယ်။ DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။ Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။ #DaweiWatch #DVB #Tanintharyi #တနင်္သာရီ #တစ်ပတ်အတွင်း တနင်္သာရီသတင်း
2025-05-1613 minDawei Watch Podcast
Dawei Watch Podcastတစ်ပတ်အတွင်း တနင်္သာရီသတင်းအစီအစဉ်ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်တွင် • စစ်ကောင်စီတပ်သားတွေက စားဆီတစ်ဘူးအတင်းသောက်ခိုင်းတဲ့ အမျိုးသမီးသေဆုံးသွားတဲ့အကြောင်း• ကျွန်းစုမှာ သတ္တုလုပ်ကွက်တိုးချဲ့ဖို့ ကျပ်ငါးသိန်းပေးပြီး နေအိမ်တွေအဓမ္မဖယ်ခိုင်းနေပေမယ့် ဒေသခံတွေ လက်မခံတဲ့အခြေအနေ• သရက်ချောင်း လေကြောင်းတိုက်ခိုက်မှု အရပ်သားနှစ်ဦးသေဆုံးတဲ့ သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။• ဒါ့အပြင် “ခေတ်ဆိုးချိန် တနင်္သာရီက မိုးဦးကျ သတ္တုမှိုတွင်းတွေ”အကြောင်း အထူးသတင်းပေးပို့ချက်တွေကို တင်ဆက်ထားပါတယ်။ DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။ Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။
2025-05-0915 minDawei Watch Podcast
Dawei Watch Podcastတစ်ပတ်အတွင်း တနင်္သာရီသတင်းယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်တွင်- ထီးထစခန်းသိမ်းတိုက်ပွဲအပြီး ထားဝယ်အရှေ့တောမှာ တိုက်ပွဲပြင်းထန်လာတဲ့အကြောင်း- တိုက်ပွဲတွေကြောင့် ပြည်ထောင်စုကားလမ်း ပိတ်နေလို့ ရေကြောင်းကို အားပြုသုံးလာရတဲ့အခြေအနေနဲ့- မွန်၊ ကရင်၊ ထားဝယ် တပ်ရင်း ခြောက်ခု စစ်ရေးမဟာမိတ်ဖွဲ့တဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။- ဒါ့အပြင် ထားဝယ်လေယာဉ်ကွင်းကိုသုံးပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အလွန်အကျွံလုပ်ဆောင်လာတဲ့အကြောင်း အထူးသတင်းပေးပို့ချက်တွေကို တင်ဆက်ထားပါတယ်။DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။
2025-05-0214 minDawei Watch Podcast
Dawei Watch PodcastDawei Watch ရဲ့အားကစားသတင်းစုစည်းတင်ဆက်မှုများအခုတစ်ပတ်မှာလည်း အားကစားသတင်းထဲက ထူးခြားသတင်းဖြစ်စဉ်တွေကို စုစည်းပြီး Dawei Watch က တင်ဆက်ပေးလိုက်ပါတယ်။ အခုတစ်ပတ် အားကစားသတင်းကဏ္ဍမှာတော့ ဒီသတင်းတွေကို ပရိသတ်တွေ ကြည့်ရှုနားဆင်ကြရမှာပါ။ (၁) အသက် ၃၉ နှစ်ရှိလာပြီဖြစ်ပေမယ့် သူများထက်စောပြီး မနက် ၇ နာရီဆို လေ့ကျင့်ရေးဆင်းနေပြီဖြစ်တဲ့ စီရော်နယ်ဒို (၂) ဆုဖလား ၄၆ လုံး ဆွတ်ခူးရရှိသူအဖြစ် စံချိန်တင်လိုက်တဲ့ မက်ဆီ (၃) မန်ယူကို အသင်းကြီးအဖြစ် စကားထဲထည့်မပြောခဲ့တဲ့ လီဗာပူးနည်းပြ အာနေးစလော့တ် (၄) ပရီးမီးယားလိဂ်ဘက်မှာတော့ ဘရူနီ ဖာနန်ဒက်စ်ရဲ့အနီကတ်ပြစ်ဒဏ် အယူခံအောင်ခဲ့တယ် (၅) ဂန္ထဝင်ဂိုးသမားကြီး ဘူဖွန် လက်ထပ်မင်္ဂလာပွဲ ကျင်းပလိုက်ပြီ
2024-10-0606 minDawei Watch Podcast2024-10-0509 minDawei Watch Podcast2024-10-0104 minDawei Watch Podcast2024-09-2809 minDawei Watch Podcast2024-09-2109 minDawei Watch Podcast2024-09-1410 minDawei Watch Podcast2024-09-0708 minDawei Watch Podcast2024-08-3108 minDawei Watch Podcast2024-08-2407 minDawei Watch Podcast2024-08-1709 minDawei Watch Podcast2024-08-1010 minDawei Watch Podcast2024-08-0308 minDawei Watch Podcast2024-07-2708 minDawei Watch Podcast2024-07-2009 minDawei Watch Podcast2024-07-1307 minDawei Watch Podcast2024-07-0608 minDawei Watch Podcast2024-06-2908 minDawei Watch Podcast2024-06-2209 minDawei Watch Podcast2024-06-1509 minDawei Watch Podcast2024-06-0808 minDawei Watch Podcast2024-06-0109 minDawei Watch Podcast2024-05-2509 minDawei Watch Podcast2024-05-1808 minDawei Watch Podcast2024-05-1208 minDawei Watch Podcast2024-05-1109 minDawei Watch Podcast2024-05-0408 minDawei Watch Podcast2024-04-2709 minDawei Watch Podcast2024-04-2010 minDawei Watch Podcast2024-04-1309 minDawei Watch Podcast2024-04-0608 minDawei Watch Podcast2024-03-3009 minDawei Watch Podcast2024-03-2309 minDawei Watch Podcast2024-03-1609 minDawei Watch Podcast2024-03-0909 minDawei Watch Podcast2024-03-0208 minDawei Watch Podcast2024-03-0204 minDawei Watch Podcast2024-02-2409 minDawei Watch Podcast2024-02-1709 minDawei Watch Podcast2024-02-1704 minDawei Watch Podcast
Dawei Watch PodcastDawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲများဒီတစ်ပတ် Super Sunday မှာ စိတ်ဝင်စားစရာ ပွဲကောင်း ၂ ပွဲရှိနေပါတယ်။ တနင်္လာနေ့ကိုရောက်ရင်လည်း အားပြိုင်မှုပြင်းထန်မယ့်ပွဲစဉ် ၁ ပွဲကို ကြည့်ရမှာပါ။ မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ် တာဝန်ယူထားတဲ့ ဝက်စ်ဟမ်းဟာ အာဆင်နယ်ကို ရင်ဆိုင်ရဖို့ ရှိနေပြီး မန်ယူကတော့ အာဆင်နယ်နည်းပြဟောင်း ယူနိုင်းအမ်မရီ ကိုင်တွယ်နေတဲ့ အက်စတွန်ဗီလာနဲ့ ကစားရမှာပါ။ တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ ခရစ္စတယ်လ်ပဲလေ့စ်ကိုရင်ဆိုင်ရမယ့် ခြေမှန်မရသေးတဲ့ချယ်လ်ဆီးအတွက်ကလည်း ခက်ခဲမှာပါ။ အဲ့ဒီပွဲစဉ်တွေကို Dawei Watch ရဲ့ရင်ခုန်ခံစားအကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။
2024-02-1004 minDawei Watch Podcast2024-02-1009 minDawei Watch Podcast
Dawei Watch PodcastDawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များကြားရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ ကို ကစားပြီး သီတင်းပတ်ကုန်ရက်တွေမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ ကို ဆက်ကစားရဖို့ ဖြစ်လာခဲ့ပါပြီ။ အသင်းအားလုံးက ပွဲပန်းနေကြတာကို သတိပြုရမှာပါ။ မန်ယူကတော့ အသင်းရဲ့နည်းပြဟောင်း ဒေးဗစ်မိုယက်စ် တာဝန်ယူထားတဲ့ ဝက်စ်ဟမ်းကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အာဆင်နယ်နဲ့ လီဗာပူးတို့ အားပြိုင်မယ့်ပွဲကတော့ ဒီတစ်ပတ်ရဲ့ Super Sunday Big Match ဖြစ်လာမှာပါ။ ဘရန့်ဖို့ဒ်ရဲ့အိမ်ကွင်းဆီကို သွားကစားရဖို့ရှိနေတဲ့ မန်စီးတီးကလည်း သတိကြီးကြီးထားဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက ပွဲစဉ်ကောင်း ၃ ပွဲကို ရွေးချယ်ပြီး Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။
2024-02-0405 minDawei Watch Podcast2024-02-0308 minDawei Watch Podcast
Dawei Watch Podcastသပိတ်လူငယ် ရေမွန်(ခ) ဈာန်ဟိန်းက နိုင်ငံတကာသို့ ပြောဆိုသည့် တိုက်တွန်းချက်သပိတ်လူငယ် ရေမွန်(ခ) ဈာန်ဟိန်းက နိုင်ငံတကာသို့ ပြောဆိုသည့် တိုက်တွန်းချက် An Appeal from a Dawei Youth to International Community Dawei Watch ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြုလုပ်သည့် အာဏာသိမ်းသုံးနှစ်ပြည့် လမ်းလျှောက်လူထုသပိတ်လှုပ်ရှားမှု‌တွင် သပိတ်‌လူငယ် ဈာန်ဟိန်းက နိုင်ငံတကာသို့ ပြောဆိုသည့် တိုက်တွန်းချက်ကို ဖော်ပြပေးလိုက်ပါသည်။ An appeal to the international community from a youth protester Zan Hein (aka) Raymond. In a video received by Dawei Watch, Zan Hein appealed to the international community, made on the third anniversary of the February 1 coup d'état. " It is deeply distressing to see powerful governments and corporations turning a blind eye to human rights abuses in weaker democracies and developing nations", he said during a speech given in an anti-coup rally in Launglone township, Dawei.
2024-02-0204 minDawei Watch Podcast2024-01-2804 minDawei Watch Podcast2024-01-2708 minDawei Watch Podcast2024-01-2008 minDawei Watch Podcast2024-01-1310 minDawei Watch Podcast2024-01-0608 minDawei Watch Podcast2023-12-3009 minDawei Watch Podcast
Dawei Watch PodcastDawei Watch ရဲ့ရင်ခုန်ခံစား နှစ်သစ်ကူးဘောလုံးပွဲစဉ်များပရီးမီးယားလိဂ်ကတော့ ပွဲကျပ်ကာလထဲကို ရောက်ရှိနေပါပြီ။ ခရစ္စမတ်အကြိုနေ့ပွဲစဉ်တွေအပြီးမှာ ဘောက်ဆင်းဒေးပွဲစဉ်တွေ ရောက်လာခဲ့သလို အခုလည်း ဘောက်ဆင်းဒေးအပြီးမှာ နှစ်သစ်ကူးပွဲစဉ်တွေကို ဆက်လက် ကစားရတော့မှာပါ။ ပွဲဆက်များလာတာကြောင့် အသင်းအားလုံး ပွဲပန်းနေကြသလို ကစားအားချိန်ဆမှုတွေလည်း လုပ်နေကြရပါပြီ။ ဒါပြီးရင်လည်း အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွေက ဆက်တိုက်ဆိုသလိုပဲ ဝင်ရောက်လာဦးမှာပါ။ နှစ်သစ်ကူးပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် ရင်ခုန်ခံစားအကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။
2023-12-3006 minDawei Watch Podcast2023-12-2310 minDawei Watch Podcast
Dawei Watch PodcastDawei Watch ရဲ့ ရင်ခုန်ခံစားအကောင်းဆုံးဘောလုံးပွဲစဉ်များခရစ္စမတ်အကြို ပရီးမီးယားလိဂ်ပွဲစဉ်တွေ ဝင်ရောက်လို့လာခဲ့ပါပြီ။ တခြားသောလိဂ်တွေက ဆောင်းခိုနားရက်ထဲဆီ တိုးဝင်သွားတော့မှာဖြစ်ပေမယ့် ပရီးမီးယားလိဂ်ကတော့ ခရစ္စမတ်ခရီးကြီးနဲ့အတူ တက်သုတ်နှင်တော့မှာပါ။ ဒါပြီးရင် ဘောက်ဆင်းဒေးနေ့ပွဲစဉ်တွေ ဝင်ရောက်လာတော့မှာဖြစ်သလို အဲ့ဒါပြီးတာနဲ့တပြိုင်နက် နှစ်သစ်ကူးပွဲစဉ်တွေကို ပရီးမီးယားလိဂ်ကလပ်တွေက ဆက်လက် ယှဉ်ပြိုင်ရဖို့ ရှိလို့နေပါတယ်။ ခရစ္စမတ်အကြို ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် ရင်ခုန်ခံစားအကောင်းဆုံးပွဲစဉ်များအဖြစ် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။
2023-12-2305 minDawei Watch Podcast2023-12-1605 minDawei Watch Podcast2023-12-1610 minDawei Watch Podcast
Dawei Watch Podcastဒီဇင်ဘာလ ၁၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - လောင်းလုံးမြို့နားမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ဒေသခံတွေကို စစ်ဆေးဖမ်းဆီးခဲ့တဲ့ အကြောင်း - Dawei Watch သတင်းဌာနရဲ့ မြိတ်အခြေစိုက် သတင်းသမား ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့အခြေအနေ - ပြည်သူတစ်ရပ်လုံး မျှော်လင့်နေတဲ့ နိုင်ငံရေးရည်မှန်းချက်ကို လျစ်လျူရှုမှာမဟုတ်ဘူးလို့ မြောက်ပိုင်းညီနောင် ထုတ်ပြန်တဲ့အကြောင်း - စစ်ကိုင်းတိုင်းထဲက မော်လူးမြို့နဲ့ တိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့တဲ့အကြောင်း - ကျိုက်မရော ဒေသခံတွေဟာ အချိန်တစ်လကျော်ကြာလာတဲ့အထိ နေရပ်မပြန်နိုင်သေးတဲ့အကြောင်း အပါအဝင် - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
2023-12-1307 minDawei Watch Podcast
Dawei Watch PodcastDawei Watch ရဲ့ ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များဒီနေ့မှာတော့ ပရီးမီယားလိဂ်ပွဲစဉ် ၁၆ ကို ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ ကြားရက်တွေတုန်းကလည်း ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ကို ကစားခဲ့ရတာကြောင့် ပရီးမီးယားလိဂ်အသင်းတွေဟာ ပွဲပန်းနေကြပါပြီ။ ဒီပွဲပြီးရင် ဥရောပပြိုင်ပွဲ ပါဝင်ကစားခွင့်ရထားတဲ့ ပရီးမီးယားလိဂ်အသင်းတွေက ဥရောပပွဲစဉ်တွေ ဆက်ကစားရဖို့ ရှိနေတာကြောင့် ပရီးမီးယားလိဂ်အသင်းတချို့ဟာ ပွဲကျပ်ကာလကို ဒီဇင်ဘာလအစောပိုင်းကတည်းက စတင်ဖြတ်သန်းရသလို ဖြစ်လို့နေပါပြီ။ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ထဲက အသင်းကြီးတွေယှဉ်ပြိုင်မယ့်ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ရဲ့ ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။
2023-12-0906 minDawei Watch Podcast2023-12-0909 minDawei Watch Podcast
Dawei Watch Podcastဒီဇင်ဘာလ ၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - လောင်းလုံးမြို့ စရဖရုံး တိုက်ခိုက်ခံရတဲ့အကြောင်း - ထားဝယ်မှာစက်သုံးဆီ ပြတ်လတ်လို့ အကန့်အသတ်နဲ့ ရောင်းချနေရတဲ့အကြောင်း - ကော့သောင်းမှာ စစ်ကောင်စီတပ် ပစ်ခတ်လို့ KNLA တပ်သားတစ်ဦးနဲ့ အရပ်သားတစ်ဦးသေဆုံးခဲ့တာ - လောင်းလုံးမှာ လက်နက်ကိုင်တစ်စုဖမ်းခေါ်သွားတဲ့အမျိုးသား သေဆုံးလျှက်ပြန်တွေ့တဲ့အခြေအနေ - ကရင်အမျိုးသားလူငယ်တစ်ဦးကို ထောင်တွင်းတရားရုံးက နှစ်ရှည်ထောင်ဒါဏ်ချခဲ့တဲ့အကြောင်းနဲ့ - ထိုင်းသတင်းတွေအပါအဝင် - ယနေ့ ရွှေ နဲ့ ဘတ် ဈေးအတက်အကျအခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
2023-12-0606 minDawei Watch Podcast
Dawei Watch PodcastDawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များအခုတစ်ပတ် ကြားရက်ထဲကို ပရီးမီးယားလိဂ်ပွဲစဉ်တွေ ဝင်ရောက်လာပါတယ်။ ကြားရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ကို ယှဉ်ပြိုင်ပြီးရင် စနေ၊ တနင်္ဂနွေ သီတင်းပတ်ကုန်ရက်တွေကို ရောက်တာနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ က ဆက်လက်ဝင်ရောက်လာမှာပါ။ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ကန်ပြီးရင် ဥရောပပြိုင်ပွဲတွေ ပါဝင်ခွင့်ရထားတဲ့ ပရီးမီးယားလိဂ်အသင်းတွေအတွက် ဥရောပပွဲစဉ်တွေက ဆက်လက် စောင့်ကြိုလို့ နေပြန်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ မှာလည်း ပွဲကြီးပွဲကောင်းတွေ ပါဝင်နေလို့ Dawei Watch ပရိသတ်တွေအတွက် ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။
2023-12-0605 minDawei Watch Podcast
Dawei Watch Podcastဒီဇင်ဘာလ ၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်ထောင်အသစ် တည်ဆောက်ရေးလုပ်ငန်းခွင် မီးရှို့ခံရတဲ့အကြောင်း - ထားဝယ်-ထီးခီးလမ်းကို ညပိုင်းမသွားလာကြဖို့ အသိပေးတာ - မြိတ်၊ တုံးဗျောကြီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဝင်တိုက်တဲ့အခြေအနေ - မြိတ်မှာ စစ်ကောင်စီထောက်ခံပွဲ လုံခြုံရေးအထပ်ထပ်နဲ့ ပြုလုပ်တာ - လောင်းလုံးမှာ သပိတ်လှုပ်ရှားမှု ပြုလုပ်တဲ့အကြောင်း - မောရဝတီရေတပ်က ကင်းလှည့်ကား သစ်ပင်နဲ့တိုက်မိတာ - မြန်မာစစ်ဘေးရှောင်တွေကို လက်ခံဖို့အဆင်သင့်ပဲလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောဆိုတဲ့အကြောင်း - ရွှေနဲ့ ထိုင်းဘတ်ဈေးအခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
2023-12-0407 minDawei Watch Podcast2023-12-0308 minDawei Watch Podcast2023-12-0209 minDawei Watch Podcast
Dawei Watch PodcastDawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များဒီတစ်ပတ်မှာ လိဂ်ပွဲစဉ်ကောင်းတွေ အများအပြားရှိလို့နေပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ မှာဆိုရင်လည်း အားပြိုင်မှုပြင်းထန်မယ့်ပွဲတွေက အသင့်စောင့်ကြိုနေတာပါ။ နယူးကာဆယ်နဲ့ မန်ယူ၊ မန်စီးတီးနဲ့ စပါးတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲတွေဟာ ပွဲစဉ်ကောင်းတွေ ဖြစ်လာပါလိမ့်မယ်။ အသင်းအများစုဟာ ပွဲကျပ်တွေ ဆက်တိုက်ကစားရပြီး ပွဲပန်းစပြုနေပါပြီ။ အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲကနေ အသင်းကြီးတွေ ယှဉ်ပြိုင်ကစားမယ့်ပွဲကောင်းတွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။'
2023-12-0206 minDawei Watch Podcast
Dawei Watch Podcastဒီဇင်ဘာလ ၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - လောင်းလုံးမြို့နယ် ကဒက်ငယ်ဆိပ်ကျေးရွာက နေအိမ်လေးဆောင် မီးဘေးသင့်ခဲ့တဲ့အကြောင်း - ထားဝယ်မှာ CDM ရဲတစ်ဦးရဲ့ မိသားစုကို လက်နက်ကိုင်လေးဦးက ခြိမ်းခြောက်ငွေတောင်းတဲ့သတင်း - တိုက်ပွဲတွေကြောင့် ပုလောမြို့နယ်က လယ်သမားတွေ စပါးမသိုလှောင်ရဲတော့ဘဲ ရတဲ့စျေးနဲ့ ရောင်းနေကြတဲ့ အကြောင်း - မွန်ပြည်နယ် ကျိုက်မရောမှာ စစ်ရေးတင်းမာနေတာကြောင့် သောင်းချီတဲ့ဒေသခံတွေ ထွက်ပြေးနေရတဲ့အခြေအနေ - ရှမ်းမြောက်ပိုင်းက စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA သိမ်းလိုက်တဲ့သတင်း - မိုးလေဝသသတင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
2023-12-0106 minDawei Watch Podcast
Dawei Watch Podcastနိုဝင်ဘာလ ၃၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - မောင်းမကန်ရွာကို စစ်ကောင်စီစစ်ကြောင်း ရုတ်တရက်ဝင်ရောက်စစ်ဆေးခဲ့တဲ့အကြောင်း - ရေဖြူမြို့နယ် ညင်းထွေးရွာမှာ နေအိမ်ငါးလုံးဖောက်ထွင်းခိုးယူခံခဲ့ရတာ - ရေဖြူမြို့နယ်မှာ ငွေကျပ် ၈၇ ဘီလီယံနီးပါးတန်းဖိုးရှိတဲ့ မူးယစ်ဆေးတွေဖမ်းမိခဲ့တဲ့ အခြေအနေ - စစ်ကောင်စီတပ်ဖမ်းဆီးတာခံရတဲ့ ဝကုန်ရွာသူမိန်းကလေးနှစ်ဦး ပြန်လွတ်မြောက်လာတဲ့အကြောင်း - စစ်ကောင်စီတပ်ရင်းတရင်းလုံး လက်နက်ချလိုက်တယ်လို့ MNDAA ကိုးကန့်တပ်က ထုတ်ပြန်လိုက်တာ - ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်မှာ လုပ်အားခမရတဲ့ မြန်မာအလုပ်သမားတွေ အခက်အခဲဖြစ်နေတဲ့အခြေအနေ - ကော့သောင်းကနေတဆင့် ထိုင်းကိုဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ အဖမ်းခံလိုက်ရတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
2023-11-3006 minDawei Watch Podcast
Dawei Watch Podcastနိုဝင်ဘာလ ၂၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ရှင်မုတ္ထီးရွာက အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ကပစ်သ တ်ခဲ့တဲ့ အကြောင်း - မြိတ်ခရိုင်ထဲက စစ်ကောင်စီတပ်စခန်းတစ်ခုကို မြိတ်ခရိုင် တပ်ရင်း ၁ က တိုက်ခိုက်တဲ့အကြောင်း - လောင်းလုံးဘုရားပွဲမှာ အမျိုးသားတစ်ဦး ကားပေါ်ကလိမ့်ကျခဲ့တဲ့ အကြောင်း - ချင်းပြည်နယ်က ရေဇွာမြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်တဲ့သတင်း - ထိုင်းနိုင်ငံ ချင်းမိုင်က သစ်သီးခြံမှာ ဓါတုပစ္စည်းပေါက်ကွဲတာကြောင့် မြန်မာလုပ်သားအပါဝင် သုံးဦး သေဆုံးသွားတာ - ကိုးကန့်တပ်က လမ်းဖွင့်ပေးတဲ့သုံးရက်အတွင်း လောက်ကိုင်ဒေသက ထွက်လာသူ သုံးသောင်းကျော်ရှိတဲ့အကြောင်း အပါအဝင် - ဒီနေ့ ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
2023-11-2906 minDawei Watch Podcast
Dawei Watch Podcastနိုဝင်ဘာလ ၂၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - တနင်္သာရီမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ သုံးဖွဲ့ပေါင်းပြီး တောင်ပိုင်းညီနောင်စစ်ကြောင်း ဖွဲ့စည်းလိုက်တဲ့အကြောင်း - သရက်ချောင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခိုက်တဲ့သတင်း - ထားဝယ်မြို့အဝင်ဂိတ် အပစ်ခံရပြီးနောက် ဒေသခံအချို့ ပြောင်းရွှေ့နေကြတဲ့ အခြေအနေ - လောင်းလုံးမှာ လျှပ်စစ်မီးပြတ်သွားချိန် ဖယောင်းတိုင်မီးထွန်းရာက မီးလောင်ခဲ့တဲ့အကြောင်း - ထိုင်းနိုင်ငံက နာမည်ကြီးအေဂျင်စီတစ်ခုရဲ့ မြန်မာပွဲစားက မြန်မာအလုပ်သမားတွေဆီက ဘတ် ၁ သန်းကျော် လိမ်သွားတဲ့အခြေအနေ - ဒီနေ့ ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
2023-11-2806 minDawei Watch Podcast
Dawei Watch Podcastနိုဝင်ဘာလ ၂၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - လောင်းလုံးမှာ စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရတဲ့အကြောင်း - မြိတ်-တနင်္သာရီလမ်းမှာ စစ်ကောင်စီတပ် ယာဥ်တန်း မိုင်းဆွဲခံရတဲ့အခြေအနေ - ရေးမြို့နယ်က စစ်ကောင်စီတပ်စခန်းနှစ်ခုကို မောင်းသူမဲ့လေယာဥ်နဲ့ဗုံးချတာ - ထားဝယ်မြို့ စစ်ဆေးရေးဂိတ်မှာ ပစ်ခတ်ပေါက်ကွဲသံတွေထွက်ပေါ်ပြီး စစ်ကောင်စီတပ်ကနေရာနှစ်ခုကို စီးနင်းခဲ့တဲ့အခြေအနေ - ထားဝယ်မြို့က စည်ပင်သာယာဈေးကြီး မနက်ဖြန်ပိတ်မယ့်အကြောင်း - မြိတ်မှာ ညဘက်သွားလာသူတွေကို ဖမ်းဆီးတာ‌တွေ ဆက်တိုက်ရှိနေတဲ့အကြောင်း - မြိတ်က ကိုးတန်းကျောင်းသူတစ်ဦး ပုဆိန်နဲ့အခုတ်ခံရပြီး သေဆုံးသွားတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
2023-11-2707 minDawei Watch Podcast2023-11-2606 minDawei Watch Podcast2023-11-2608 minDawei Watch Podcast2023-11-2509 minDawei Watch Podcast
Dawei Watch PodcastDawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များDawei Watch ရဲ့ ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ အစီအစဉ်ကနေပြီး ပြန်လည် ကြိုဆိုလိုက်ပါတယ်။ အခုတပတ်မှာတော့ လိဂ်ပွဲစဉ်တွေ ပြန်ဝင်လာခဲ့ပြီဖြစ်လို့ ပရိသတ်တွေက စိတ်လှုပ်ရှားမှု မြင့်တက်နေမှာပါ။ ၁၀ မှတ်လျှော့ပြစ်ဒဏ် ကျခံထားရတဲ့ အဲဗာတန်ကို ရင်ဆိုင်ရမယ့် မန်ယူအနေနဲ့ အဲဗာတန်ရဲ့အိမ်ကွင်းမှာ ရလဒ်ကောင်းနိုင်ပါ့မလားဆိုတာက စိတ်ဝင်စားစရာကောင်းသလို ပွဲကြီးပွဲကောင်းအဖြစ် ယှဉ်ပြိုင်ရမယ့် မန်စီးတီးနဲ့ လီဗာပူးတို့ရဲ့ပွဲစဉ်ကလည်း ကြည့်ကောင်းပါလိမ့်မယ်။ စပါးနဲ့ အက်စတွန်ဗီလာတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲကလည်း ပြိုင်ဆိုင်မှု ပြင်းထန်ဖို့ ရှိနေပါတယ်။ ပရီးမီးယားလိဂ် အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များကို သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။
2023-11-2505 minDawei Watch Podcast
Dawei Watch Podcastနိုဝင်ဘာလ ၂၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - လောင်းလုံးမြို့နယ်ထဲက ရေလုပ်သားတွေနေထိုင်တဲ့ တဲတွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့အကြောင်း - ထားဝယ်မြို့သစ်မှာ သေနတ်သံတွေ ထွက်ပေါ်ခဲ့တဲ့ အခြေအနေ - ဘုတ်ပြင်းမှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အကြောင်း - ရေးမြို့ပေါ်မှာ PDFနဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်မှုဖြစ်တဲ့သတင်း - မုန်တိုင်းဖြစ်လာနိုင်ပြီး လှိုင်းကြီးနိုင်တာကြောင့် ရေလုပ်သားတွေကို သတိပေးထားတဲ့အခြေအနေ - မြိတ် သစ်ယာဝကျေးရွာအုပ်စုကို စစ်ကောင်စီတပ်သားတွေ ဝင်လာလို့ ရွာသားတွေထွက်ပြေးကြတဲ့သတင်း - ဘန်ကောက်မှာ မြန်မာအလုပ်သမားတွေ ဘတ် ၁၀သိန်းနီးပါး အလိမ်ခံရတဲ့သတင်း အပါအဝင် - အစ္စရေးနဲ့ ဟားမတ်စ် လေးရက်ကြာ ယာယီအပစ်ရပ်တဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
2023-11-2407 minDawei Watch Podcast
Dawei Watch Podcastနိုဝင်ဘာလ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်မြို့နယ်ထဲက ကျောက်မဲတောင်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်တဲ့အကြောင်း - ဌာနဆိုင်ရာဝန်ထမ်းတွေ CDM လုပ်ကြဖို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတိပေးလိုက်တဲ့အကြောင်း - ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီဒုတပ်ရင်းမှူးတစ်ဦး ပစ်သ တ်ခံရတာ - အာဏာသိမ်းပြီးနောက်ပိုင်း အကြီးမား အကျယ်ပြန့်ဆုံးတိုက်ပွဲဖြစ်ပွားနေတယ်လို့ ကုလသမဂ္ဂက ပြောဆိုလိုက်တဲ့အကြောင်း - ထားဝယ်ဒေသမှာ ဆားရောင်းအား သိသိသာသာကျနေတဲ့ အကြောင်း အပါအဝင် - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
2023-11-2306 minDawei Watch Podcast
Dawei Watch Podcastနိုဝင်ဘာလ ၂၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ရေတပ်သင်္ဘောကျင်းက တပ်ကြပ်ကြီးတစ်ဦး ပုလောပြည်သူ့ကာကွယ်ရေးတပ်ဆီ ခိုလှုံလာတဲ့အကြောင်း - ရေဖြူမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့လေးရက်အတွင်း အရပ်သားတစ်ဦး ပစ်ခတ်ခံရပြီး နှစ်ဦးအဖမ်းခံရတဲ့အကြောင်း - တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပေါက်တောက ပြည်သူတစ်ရာကျော်ကို AA ကယ်ထုတ်တဲ့အခြေအနေ - ကော့သောင်းက ဝင်လာတဲ့ မြန်မာတွေ ရနောင်းမှာ ဖမ်းဆီးခံရတဲ့အကြောင်း - အွန်လိုင်းကနေ အိုင်ဖုန်းဝယ်တဲ့ ထိုင်းရောက်မြန်မာတစ်ဦး အလိမ်ခံရတဲ့အကြောင်း အပါအဝင် - ရွှေ နဲ့ ထိုင်းဘတ်ဈေးအတက်အကျအခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
2023-11-2207 minDawei Watch Podcast
Dawei Watch Podcastနိုဝင်ဘာလ ၂၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - တနင်္သာရီတိုင်းထဲက ပုဂ္ဂလိကဘဏ်တွေမှာ အကန့်အသတ်နဲ့ပဲ ငွေထုတ်နေရတဲ့အကြောင်း - ထားဝယ်မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး ကားသမားတစ်ဦး ပစ်သ တ်ခံရတာ - သရက်ချောင်းက ဝဲရစ်ရွာသားတစ်ဦး ပစ်သ တ်ခံရတာ - အခါလွန်မိုးကြောင့် လယ်သမားနဲ့ ရော်ဘာတောင်သူတွေ အခက်ကြုံနေရတဲ့အကြောင်း - လောက်ကိုင်မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားသုံးရာလောက်ကို ကယ်ထုတ်နိုင်ခဲ့တဲ့အကြောင်း အပါအဝင် - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
2023-11-2107 minDawei Watch Podcast
Dawei Watch Podcastနိုဝင်ဘာလ ၂ဝ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်မြို့မှာ အမျိုးသားတစ်ဦး ပစ်သ တ်ခံရတဲ့အကြောင်း - နယ်မြေရှင်းလင်းဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း မူးဒူးရွာမှာ တိုက်ခိုက်ခံရတာ - မွန်နဲ့ ကရင်ပြည်နယ်ကိုဆက်သွယ်ထားတဲ့ ချောင်းနှစ်ခွတံတား မိုင်းခွဲခံရတာ - ထားဝယ်တက္ကသိုလ်တက်မယ့် ကျောင်းသား ရာဂဏာန်း တောင်မပြည့်တဲ့ အခြေအနေ - ထိုင်းတောင်ပိုင်းမှာ ကားတိုက်ခံရတဲ့ ပုလောသူရဲ့အလောင်း စွန့်ပစ်ခံရတဲ့အကြောင်း - ရွှေနဲ့ ထိုင်းဘတ်ဈေးအခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
2023-11-2005 minDawei Watch Podcast2023-11-1910 minDawei Watch Podcast2023-11-1810 minDawei Watch Podcast
Dawei Watch Podcastနိုဝင်ဘာလ ၁၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - မြိတ်မြို့မှာ စစ်ဘေးရှောင်တွေ အိမ်ငှားရခက်ခဲနေတဲ့အကြောင်း - ထားဝယ်မြို့နယ်က စစ်ကောင်စီတပ်ဂိတ်နှစ်ခုကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အကြောင်း - ကျွန်းစုမှာ ဈေးဝယ်ထွက်လာတဲ့ PDF နှစ်ဦးနဲ့ အရပ်သားသုံးဦး ပစ်ခတ်ခံရတဲ့အကြောင်း - သရက်ချာင်းမှာ လင်မယားနှစ်ဦး အသ တ်ခံရတဲ့သတင်း - ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦး ခေါင်းကို စက်ညှပ်မိပြီး သေဆုံးသွားတဲ့သတင်း အပါအဝင် - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
2023-11-1705 minDawei Watch Podcast
Dawei Watch Podcastနိုဝင်ဘာလ ၁၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်ဆေးရုံမှာ ဆေးမပေးတော့လို့ ပြင်ပဆေးဆိုင်ကဝယ်ပြီး ကုနေရတဲ့အကြောင်း - ကလိန်အောင်မြို့နားမှာ ပစ်ခတ်သံတွေထွက်ပြီးနောက် စစ်ကောင်စီတပ်နယ်စာသင်ကျောင်း ပိတ်ထားတဲ့အခြေအနေ - ‘ယှဉ်တွဲတော်လှန် လူထုတိုက်ပွဲအသံ’ လူငယ်စကားဝိုင်း ပြုလုပ်မယ့်အကြောင်း - ဝက်ဈေးကျနေလို့ မြိတ်ဒေသက မွေးမြူရေးသမားတွေ အရှုံးပေါ်နေကြတာ - ကျွန်းစုမှာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေလို့ စပါးမရိတ်သိမ်းနိုင်ဘဲ ဖြစ်နေတဲ့အခြေအနေ - ထိုင်းရောက်မြန်မာတွေ CI စာအုပ်ပျောက်ဆုံးရင် နိုင်ငံကူးလက်မှတ် PJ လျှောက်လို့ရပြီဆိုတဲ့အကြောင်း - တနင်္သာရီတိုင်းမှာ အခုရက်ပိုင်းအတွင်း မိုးသက်လေပြင်းကျရောက်နိုင်တဲ့အကြောင်း အပါအဝင် - ဒီနေ့ ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
2023-11-1608 minDawei Watch Podcast
Dawei Watch Podcastနိုဝင်ဘာလ ၁၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်နားမှာ စစ်ကောင်စီတပ်သားတွေ အပစ်ခံရတဲ့အကြောင်း - ဝန်ထမ်းတွေ ဝိတ်လျော့ဖို့ တနင်္သာရီတိုင်းစစ်ကောင်စီက ညွှန်ကြားထားတဲ့အကြောင်း - မြိတ်မြို့နယ်ထဲ စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရတဲ့ အခြေအနေ - ရေဖြူမြို့နယ်ထဲ သတ္တုတူးဖို့ စက်ယန္တရားတွေနဲ့ ဝင်လာသူတွေကို ဒေသခံနှစ်ရာကျော်က ကန့်ကွက်ပြီး နှင်လွှတ်လိုက်တဲ့ အကြောင်းအပါအဝင် - ဒီနေ့ ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ အခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
2023-11-1506 minDawei Watch Podcast
Dawei Watch Podcastနိုဝင်ဘာလ ၁၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှာကို စိုးရိမ်တဲ့အတွက် တနင်္သာရီမြို့နယ်က ဒေသခံတွေ ရွာလုံးကျွတ်ပြောင်းရွှေ့နေကြတဲ့အကြောင်း - အဖမ်းခံထားရတဲ့ ထားဝယ်အမျိုးသမီသမဂ္ဂဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ကို ပုဒ်မနှစ်ခုနဲ့ တရားစွဲဖို့ စစ်ကောင်စီက ပြင်နေတဲ့အကြောင်း - သရက်ချောင်းမြို့နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးပိုင်ဆိုင်တဲ့ ရေခဲပုံးအလွတ်တွေကို သိန်းငှက်ပြောက်ကျား တပ်ဖွဲ့က မီးရှို့ဖျက်ဆီးလိုက်တဲ့အကြောင်း - မွန်ပြည်နယ် ချောင်းနှစ်ခွကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦး လက်နက်ချ အညံ့ခံလိုက်တဲ့အခြေအနေ - ရသေ့တောင်မြို့နယ်ရှိ ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော် AA က သိမ်းယူလိုက်တဲ့အကြောင်း - မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတစ်ဦး ကြိုးဆွဲချသ တ်သေသွားတဲ့အကြောင်း အပါအဝင် - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
2023-11-1407 minDawei Watch Podcast
Dawei Watch Podcastနိုဝင်ဘာလ ၁၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - လောင်းလုံးမြို့က နေအိမ်တွေကို စစ်ကောင်စီတပ် မီးရှို့တဲ့အကြောင်း - ထားဝယ်ထောင်က အရာရှိအပါအဝင် ဝန်ထမ်းခုနှစ်ဦး ထွက်ပြေးတာ - ကျွန်းစုမြို့မှာ စစ်ရေးတင်းမာနေလို့ ဒေသခံတွေ စတင်စစ်ဘေးရှောင်တဲ့အကြောင်း - လက်နက်ကိုင်အဖွဲ့တစ်ခုက သ တ်ပြီးမြှုပ်ထားတဲ့အလောင်း ၁၀ လောင်းကျော် တွေ့တဲ့ အခြေအနေ - ရခိုင်မှာ တိုက်ပွဲစဖြစ်တဲ့ အကြောင်း - NUG ရဲ့ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးမှူးဟောင်း ဗိုလ်မှူးဘီဝင်း ကွယ်လွန်တာ - ကွမ်းသီးဈေး ထိုးကျလို့ တောင်သူတွေ အခက်တွေ့တာ - ရွှေနဲ့ ထိုင်းဘတ်ဈေးအခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
2023-11-1308 minDawei Watch Podcast2023-11-1207 minDawei Watch Podcast
Dawei Watch Podcastရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံးဘောလုံးပွဲစဉ်များDawei Watch ရဲ့ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံးဘောလုံးပွဲစဉ်များ အစီအစဉ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ အခုဆိုရင် ပရီးမီးယားလိဂ်ဟာ ပွဲစဉ်အမှတ် ၁၂ ဆီကို ရောက်လာခဲ့ပါပြီ။ အခုတစ်ပတ် လိဂ်ပွဲစဉ်တွေ ကစားပြီးရင် ယူရိုခြေစစ်ပွဲတွေ တစ်ကျော့ပြန်လည် ဝင်ရောက်လာမှာဖြစ်လို့ လိဂ်ပွဲစဉ်တွေနဲ့ ခေတ္တခဏ အဆက်ပြတ်ရဦးမှာပါ။ အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာလည်း ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲကောင်းတွေ ပါဝင်နေပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။
2023-11-1105 minDawei Watch Podcast2023-11-1109 minDawei Watch Podcast
Dawei Watch Podcastနိုဝင်ဘာလ ၁၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - တနင်္သာရီက စစ်ကောင်စီခြေမြန်တပ်ရင်းကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးချတိုက်ခိုက်ခဲ့တဲ့အကြောင်း - လောင်းလုံးမြို့နယ်ထဲ ကျေးရွာနှစ်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့တဲ့အကြောင်း - ရောင်းမော်ရွာမှာ ရော်ဘာခြစ်သွားတဲ့ အမျိုးသမီးတစ်ဦး သေနတ်နဲ့အပစ်ခံရတဲ့သတင်း - ကော်သူးလေတပ်မတော်နဲ့ ဆက်စပ်သူအချို့ကို KNU တပ်မဟာ(၄)က ဖမ်းဆီးစစ်ဆေးနေတဲ့အကြောင်း - ကျိုက်မရောမြို့နယ်က ရဲစခန်းနဲ့ တံတားဂိတ်ကို KNLA နဲ့ PDF ပူးပေါင်းတပ်က တိုက်ခိုက်တဲ့အကြောင်း - ဘန်ကောက်မှာ မြန်မာအလုပ်သမားနှစ်ဆယ်နီးပါး လုပ်အားခမရလို့ အခက်အခဲဖြစ်နေတဲ့အကြောင်း အပါအဝင် - ဒီနေ့ ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ အခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
2023-11-1007 minDawei Watch Podcast
Dawei Watch Podcastကော်သူးလေအာမီ-KTLA၊ ဆာကဆောတပ်မက ပြန်ကြားရေးတာဝန်ခံ ကိုချမ်းနှင့် တွေ့ဆုံခြင်းနိုင်ငံတစ်ဝန်း တော်လှန်ရေး ရေချိန်မြင့်တက်နေသလို တနင်္သာရီတိုင်းမှာ စစ်အာဏာရှင် တိုက်ထုတ်ရေး လုပ်ဆောင်မှုတွေက အရှိန်ကောင်းနေပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်နဲ့ တိုက်ပွဲတွေ ဖြစ်နေချိန်မှာ တနင်္သာရီတိုင်းက ကရင်လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ KNU တပ်မဟာ(၄)နဲ့ ကော်သူးလေအာမီတို့အကြား တင်းမာမှုတွေကလည်း ပြင်းထန်လာနေပါတယ်။ နှစ်ဖက်အပြန်အလှန် စစ်ရေးပြင်ဆင်နေတယ် ဆိုတာမျိုးတွေလည်း ကြားသိရပါတယ်။ ဒီအပေါ်မှာ ပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေက အားမလိုအားမရဖြစ်နေကြပါတယ်။ ဘုံရန်သူကို တိုက်မယ့်အစား ကိုယ့်အချင်းချင်းတိုက်ခိုက်မှုတွေ ဖြစ်နေတာ ရပ်သင့်ပြီဆိုတာမျိုး ထောက်ပြပြောဆိုမှုတွေလည်းရှိပါတယ်။ ဒါကြောင့် ဒီအခြေအနေနဲ့ ပတ်သက်ပြီး KNU တပ်မဟာ(၄)နဲ့ ကော်သူးလေအာမီတို့က တာဝန်ရှိသူတွေကို Dawei Watch ကတွေ့ဆုံမေးမြန်းဖို့ ကြိုးစားခဲ့ရာမှာ ကော်သူးလေအာမီနဲ့ တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။ (KNU တပ်မဟာ(၄)နှင့် တွေ့ဆုံ‌မေးမြန်းခွင့်ရရန် ၂ ပတ်ကြာ ကြိုးစားသော်လည်း လက်ရှိအချိန်အထိ မေးမြန်းခွင့် မရသေးပေ။ KNU တပ်မဟာ(၄)နှင့် ဆက်သွယ်မေးမြန်းခွင့်ရပါကလည်း ဖော်ပြပေးသွားပါမည်)
2023-11-1013 min