podcast
details
.com
Print
Share
Look for any podcast host, guest or anyone
Search
Showing episodes and shows of
Mratt Kyaw Thu
Shows
Mratt Podcast
အာဆတ်အလွန် ဆီးရီးယား
ဆီးရီးယားမှာ အာဏာရှင် အာဆတ်ထွက်ပြေးသွားပြီး အိမ်စောင့်အစိုးရထိန်းချုပ်ထားတာ ခုဆို ၅ လကျော်ရှိသွားပါပြီ။ ဒီကြားထဲမှာ လူပေါင်း ၆ ထောင်ကျော် သေကြေခဲ့ပါတယ်။ အရင် အာဏာရှင်ထောက်ခံသူတွေနဲ့ နောက်ထပ်တက်လာတဲ့အစိုးရထောက်သူတွေကြား၊ ဘာသူလူမျိုး မတူ၊ ဂိုဏ်းကွဲတွေကြားက ပဋိပက္ခတွေဟာ ကြီးမားလာပါတယ်။ ဒီနေ့တော့ ဆီးရီးယားမှာ လက်ရှိပြဿနာတက်နေတဲ့ ဒရုဇ်လူမျိုးစု၊ သူတို့ရဲ့ အရေးပါပုံ၊ အာ့လာဝိုက်တွေရဲ့ အခန်းကဏ္ဍ၊ ပြီးတော့ အစ္စရေးရဲ့ ဆီးရီးယားအပေါ် ကျူးကျော်တိုက်ခိုက်မှုတွေနဲ့ ပြည်တွင်းမှာ ကျန်နေခဲ့တဲ့ အာဆတ်ထောက်ခံသူ အုပ်စုတွေအကြောင်း လေ့လာကြရအောင်ပါ။
2025-05-09
13 min
Mratt Podcast
အိုင်တီ ချို့ယွင်းမှုနဲ့ သတိထားရမဲ့ အွန်လိုင်းလူလိမ်များ
ဒီလို အိုင်တီချို့ယွင်းမှုဟာ အွန်လိုင်းပေါ်က လူလိမ်တွေအတွက် အခွင့်အရေး အကြီးကြီးဖြစ်တာကြောင့် Microsoft Windows အသုံးပြုသူတွေအပါအဝင် အွန်လိုင်းကို မှီတည်ပြီး အလုပ်လုပ်သူတွေအနေနဲ့ အွန်လိုင်းပေါ်က အလိမ်အညာတွေကို သတိထားကြဖို့ ဆိုက်ဘာလုံခြုံရေးလုပ်တဲ့ ကုမ္ပဏီတွေက သတိပေးနေကြပါတယ်။
2024-07-23
06 min
Mratt Podcast
အိန္ဒိယနဲ့ဘင်္ဂလားကို ပြေးကြတဲ့ စစ်ကောင်စီဝင်တွေ
စစ်ကောင်စီတပ်ဖွဲ့ဝင် ဒီလိုမျိုးဝင်ရောက်လာတာကို မြန်မာနိုင်ငံကို ပြန်ပို့ပေးနေတာဟာ မလုပ်သင့်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီစစ်သားတွေကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမား အချို့က ပြောဆိုနေကြပါတယ်။
2024-07-18
08 min
Mratt Podcast
'ဝ' တပ်တွေ ရှမ်းမြောက်ကို ဘာကြောင့် ရောက်လာတာလဲ
မြေပြင်သတင်းပေးပို့ချက်တွေအရ တန့်ယန်းမြို့ထဲမှာ ဝ တပ်ဖွဲ့ဝင် အင်အား ၂၀၀၀ ကျော်လောက်ရှိနိုင်တယ်လို့ ခန့်မှန်းရပြီး တချို့တပ်ဖွဲ့ဝင်တွေကတော့ လားရှိူးဘက်ကို ထွက်သွားတာကို မြင်တွေ့ရတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ တန့်ယန်းမြို့ကို ဝ တပ်တွေ ထိန်းချုပ်ထားတဲ့ သဘောလို့ ယူဆရပါတယ်။
2024-07-12
03 min
Mratt Podcast
ပြင်ဦးလွင်နဲ့ အနီးဆုံးကို ရောက်လာပြီ
အနောက်ဘက်နဲ့ အနောက်တောင်ဘက်မှာ လက်ရှိ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်က ထိုးစစ်ဆင်နေတဲ့ မတ္တရာမြို့နဲ့ စဉ့်ကူးမြို့ တို့ ရှိပါတယ်။ ဒါကြောင့် နောင်ချိုကို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ထိန်းချုပ်လိုက်နိုင်တာဟာ စစ်ကောင်စီရဲ့ အလယ်ပိုင်းကနေ အရှေ့မြောက်ဆီကို သွားမယ့် ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်လိုက်နိုင်တာလည်း ဖြစ်ပြန်ပါတယ်။
2024-07-11
05 min
Mratt Podcast
တော်လှန်ကာလ စိတ်ကျန်းမာရေး
လက်ရှိအချိန်မှာ ကျနော်တို့ဟာ ကိုယ့်စိတ်ကို ကိုယ်ပြန်နားလည်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ကျနော်တို့ ဘာတွေ ခံစားနေရသလဲ၊ ကျနော်တို့ ခံစားနေရတာတွေဟာ ဘယ်ဆီ ဦးတည်နေသလဲကို သိဖို့ အရေးကြီးလာသလို ကျနော်တို့ ခံစားချက်တွေဟာ ကိုယ့်အတွက် ကိုယ့်ပတ်ဝန်းကျင်အတွက် အန္တရယ်ရှိလာနေသလားဆိုတာသိဖို့လည်း လိုအပ်လာပါတယ်။ ဒီ အင်တာဗျူးမှာတော့ ဒီကာလမှာ လူတွေ ခံစားနေရတဲ့ စိတ်ကျန်းမာရေးအခြေအနေတွေ၊ လက္ခဏာရပ်တွေ၊ ပြီးတော့ ဒါတွေကို ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာတွေနဲ့ ပတ်သက်လို့ စိတ်ကျန်းမာရေး ပညာရှင် ဆရာမ ဂျူးဂျူးမင်းသူနဲ့ မေးမြန်းထားပါတယ်။
2024-07-11
31 min
Mratt Podcast
လေဆိပ် သိမ်းနိုင်တဲ့ ပထမဆုံး တိုင်းရင်းသားတပ်
သံတွဲက တိုက်ပွဲတွေထဲမှာ စစ်ကောင်စီ စစ်သားအလောင်းပေါင်း ၄၀၀ ကျော်တောင် ရှိတယ်လို့ သိရပါတယ်။ ဒါဟာ သံတွဲနယ်တဝိုက်က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးကို အေအေက ကြေညာတာဖြစ်ပြီး မောင်တောဘက်မှာဆိုရင် နယ်ခြားစောင့် စခန်းတခုမှာတော့ စစ်ကောင်စီဘက်က အလောင်းပေါင်း ၃၅၀ ကျော်တောင်ရှိတယ်လို့ ဆိုပါတယ်။
2024-07-08
08 min
Mratt Podcast
ဗိုလ်လုနေဆဲ အညာအတွက် မျှော်လင့်ချက်
အညာတော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ ဖိနှိပ်မှု၊ လေကြောင်းတိုက်ခိုက်ခံရမှု အခံရဆုံးဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးအဖွဲ့ပေါင်းစုံနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဟိုးအစောပိုင်းက အုပ်ချုပ်ရေးကြေညာခဲ့တဲ့ နယ်တွေဟာလည်း အညာမှာပဲ ရှိပါတယ်။ ဒါပေမဲ့လည်း အညာဟာ ခုချိန်ထိ ရှုပ်ထွေးနေဆဲဖြစ်ပါတယ်။ ကျေးရွာတွေ မီးရှို့ခံနေရဆဲ၊ သတ်ဖြတ်ခံနေရဆဲဖြစ်ပြီး စစ်ကောင်စီကို စုပေါင်းတိုက်ခိုက်ဖို့ထက် အဖွဲ့အချင်းချင်း စည်းလုံးဖို့ကိုတောင် အရင်ဆုံးကြိုးစားရဦးမယ်လို့ မြင်နေကြသူတွေလည်း ရှိပါတယ်။ ဒီအင်တာဗျူးမှာတော့ အညာသားလည်းဖြစ် အညာရဲ့ အရေးပေါ်ကာလ ပညာရေးအတွက် ဦးဆောင်ကြိုးပမ်းနေသူ ကိုဗညားတိုးနဲ့ မေးမြန်းထားပါတယ်။
2024-07-07
24 min
Mratt Podcast
အမေလည်း စစ်ဘေးကနေ ပြေးရပြီ
သားက တော်လှန်ရေးလုပ်လို့ မိဘနှစ်ပါးလုံးကို စစ်ကောင်စီလက်ပါးစေတွေ သတ်ဖြတ်ပစ်တဲ့သတင်းကို ကြားတော့ အမေရေ… ကျနော်ရေးနေတဲ့စာတွေကို ချုံ့ပစ်မိတယ်၊ ကြုံ့ပစ်မိတယ်။ ကျနော်က စာပဲ ရေးတဲ့အကြောင်း အမေ့ကို နားချရသေးတယ်။ အမေ့သားဟာ လက်နက်မကိုင်နိုင်ဘူး။ လက်နက် မကိုင်ရဲဘူး အမေ။ စာပဲ ရေးတတ်တဲ့သူ၊ သတင်းပဲ ရေးတတ်တဲ့သူပါ။
2024-07-06
10 min
Mratt Podcast
ဥရောပက မဘသ
လက်ရှိ ဥရောပ နိုင်ငံ ၂၇ နိုင်ငံထဲမှာ မဘသ ပါတီက အာဏာရထားပြီး အစိုးရအဖွဲ့ထဲမှာ မဘသပါတီတွေ ရှိနေတဲ့နိုင်ငံ ၆ နိုင်ငံရှိပါတယ်။ အဲ့ဒါတွေက အီတလီ၊ ဟန်ဂေရီ၊ ဖင်လန်၊ ဆလိုဗေးကီးယား၊ ခရိုအေးရှားနဲ့ မြန်မာတွေ ရင်းနှီးတဲ့ ချက်သမ္မတ နိုင်ငံတို့ပဲ ဖြစ်ပါတယ်။ မဘသ ပါတီတွေ အင်အားကြီး ခေါင်းထောင်လာတာက သိပ်မဝေးတော့တဲ့ အနာဂါတ်မှာ ဥရောပရဲ့ နိုင်ငံရေး အခြေအနေတွေကို အများကြီး ပြောင်းလဲသွားစေနိုင်ပါတယ်။
2024-07-03
10 min
Mratt Podcast
ဂျူလီယန် အက်ဆန်း
ဂျူလီယန် အက်ဆန်းဟာ ကမ္ဘာမှာ ဘယ်သူမှ မတို့မထိရဲတဲ့ အမေရိကန် ကာကွယ်ရေးနဲ့ပတ်သက်ပြီး တကယ့်ထိပ်တန်းလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့သူဖြစ်ပါတယ်။ ဂျူလီယန်အက်ဆန်းရဲ့ ထုတ်ဖော်မှုတွေဟာ အမေရိကန်သမိုင်းမှာ ထိပ်တန်းလျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ပတ်သက်လို့ အကြီးဆုံးအပေးအယူလုပ်ခဲ့ရတဲ့ဖြစ်ရပ်လို့ အမေရိကန် တရားရေးဌာနက ကြေညာပါတယ်။
2024-06-30
12 min
Mratt Podcast
ချင်း တော်လှန်ရေး ဘယ်အထိ ခရီးရောက်ပြီလဲ
နွေဦးလက်နက်ကိုင် တော်လှန်ရေး အစကတည်းက အင်တိုက်အားတိုက်ရှိခဲ့တဲ့ ချင်းပြည်တော်လှန်ရေးဟာ နှောင်းပိုင်းအချိန်တွေမှာ အသံတွေ ငြိမ်သွားခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။ ချင်းတော်လှန်ရေးအဖွဲ့တွေကြား အကွဲအပြဲတွေနဲ့ အသစ်ပေါ်လာတဲ့ ချင်းညီနောင်အဖွဲ့တို့ရဲ့ ရပ်တည်ချက်တွေက ဘာတွေလဲ။ ချင်းတော်လှန်ရေး ခု ၂၀၂၄ မှာ ဘယ်အထိ ခရီးရောက်နေပြီလဲ။ ဒီအကြောင်းအရာတွေကို ချင်းအမျိုးသားကောင်စီ (မင်းတပ်) ရဲ့ အဖွဲ့ဝင်လည်းဖြစ် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အတွင်းရေးမှူး (၁)၊ မင်းတပ် ပ.အ ဖ ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းယောမန်နဲ့ မေးမြန်းထားပါတယ်။
2024-06-16
1h 01
Mratt Podcast
ရိုဟင်ဂျာတွေ ဘယ်သူ့နောက် လိုက်ကြမလဲ
ရိုဟင်ဂျာတွေအတွက် ကိုယ်စားပြုပေးနိုင်သူက ဘယ်သူလဲ။ ရိုဟင်ဂျာမွတ်ဆလင်တွေက ခုလောလောဆယ် ဘယ်သူ့ဦးဆောင်မှုနောက် လိုက်နေကြသလဲ၊ ဘယ်သူ့/ဘယ်အဖွဲ့ရဲ့ စကားကို လိုက်နာကြသလဲ။ လုပ်ရပ်အမှားတွေကိုရော ဘယ်သူက တာဝန်ခံ/တာဝန်ယူရဲမလဲ။ ဒါမေးရမယ့်မေးခွန်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒါတွေဟာ နောင်တချိန် စားပွဲပေါ်ဆွေးနွေးကြရင် ဘယ်သူက ကိုယ်စားပြုနိုင်သူ ခေါင်းဆောင်ဖြစ်သလဲဆိုတာ အဓိက အရေးကြီးလာတော့မှာ ဖြစ်ပါတယ်။
2024-05-28
06 min
Mratt Podcast
တောင်ကိုရီးယားက ဒီဂျေဘုန်းကြီး
သူ့ ဇာတ်နာမည်ကတော့ NewJeansNim ဖြစ်ပြီး နာမည်ရင်းက ယွန်ဆန်းဟိုပါ။ ဗုဒ္ဓတရားတော်တွေကို EDM ပွဲတွေမှာ ဒီဂျေနဲ့ ပေါင်းစပ် ဖျော်ဖြေလို့ လောလောဆယ် အရှေ့တောင်အာရှက ဂျန်ဇီး လူငယ်အများစုကြားထဲမှာ ရေပန်းစားနေပါတယ်။ တောင်ကိုရီးယားမှာ အကြီးအကျယ် နာမည်ကြီးခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပတ်ကပဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူက နိုက်ကလပ်တခုမှာ ပွဲလုပ်ခဲ့ပါသေးတယ်။
2024-05-24
07 min
Mratt Podcast
စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး ဗျူဟာသစ်
ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ရွာလုံးကျွတ်ဗုံးကြဲ မီးရှို့သတ်ဖြတ်နေတဲ့ စစ်ကောင်စီ စစ်သားတွေကို ကျနော်တို့ နေ့စဉ် မြင်နေကျပုံစံတွေနဲ့ လှည့်စားပြဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ ဒါဟာ သိပ်ကြောက်စရာကောင်းပါတယ်။ ဒီအကြောင်းကို ဒီ Link မှာ စာနဲ့လည်း ဖတ်ရှုနိုင်ပါတယ် - https://bit.ly/4dJaYnE
2024-05-22
09 min
Mratt Podcast
စင်ကာပူ ဝန်ကြီးချုပ်သစ် လောရင့်စ် ဝေါင်
ဝန်ကြီးချုပ်သစ်ဟာ သူ့ကိုယ်သူတော့ ရွှေဘုံနန်းပေါ်က နိုင်ငံရေးသမား မဟုတ်တဲ့အကြောင်း ခဏခဏ ပြောလေ့ရှိပြီး အများနည်းတူ သူလိုငါလို လူတယောက်ပဲဖြစ်တဲ့အကြောင်း အမြဲပုံဖော်ပြလေ့ရှိပါတယ်။ လီကွယ်ယူး မိသားစုလို အီလစ်အသိုင်းအဝိုင်းက မဟုတ်ဘဲ အစိုးရအိမ်ယာမှာ ကြီးပြင်းခဲ့တဲ့ သူလိုငါလို မိသားစုထဲက ဖြစ်ပါတယ်။။ လီကွမ်ယူးမိသားစု တက်ခဲ့ဖူးတဲ့ ကောင်းပေ့ဆိုတဲ့ ကျောင်းတွေမှာ တက်ခဲ့သူလည်း မဟုတ်ပါဘူး။
2024-05-18
09 min
Mratt Podcast
ရခိုင်အရေး - မစားရတဲ့အမဲ သဲနဲ့ပက်မဲ့ စစ်ကောင်စီ
ရခိုင်ပြည်နယ်ကို အေအေ လက်ထဲ လုံးလုံးလွှတ်ပေးလိုက်ရတာထက် ဘယ်သူ့လက်ထဲမှ မရောက်ဘဲ တအုံနွေးနွေးနဲ့ ပြဿနာတွေ တောက်လျှေက်တက်ပြီး လူတကာ ဝင်စွက်ဖက်လို့ရတဲ့ အခြေအနေမျိုးကို စစ်ကောင်စီက ဖန်တီးနေတယ်လို့မြင်ပါတယ်။ ဒါကြောင့် စစ်ကောင်စီ ဦးတည်ဖန်တီးနေတာက ရခိုင်တွေနဲ့ မွတ်ဆလင်တွေကြား လူမျိုးရေး အဓိကရုဏ်း အကြီးကြီးတခုပါ။
2024-05-16
12 min
Mratt Podcast
မုံရွာ ပလဖ နဲ့ ပကဖ ကြားက ရန်ပွဲ
ပြီးခဲ့တဲ့ ၁၁ ရက်နေ့က မုံရွာမြို့နဲ့ မြင်းမူမြို့နယ်အစပ်က ရွာတရွာမှာ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နဲ့ ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ကြား ပြဿနာဖြစ်ပွားခဲ့တာမှာ အဲ့ဒီရွာမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင် စေတနာ့ဝန်ထမ်း ဆရာမတဦး ကိုယ်ဝန်ပျက်ကျခဲ့တဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဘယ်လို ဖြစ်ခဲ့တာလဲဆိုတာ အပြည့်အစုံ နားဆင်နိုင်ပါတယ်။
2024-04-30
18 min
Mratt Podcast
ရိုဟင်ဂျာအရေး NUG ဒုဝန်ကြီးနှင့် မေးမြန်းမှု
မတ်လ ၂ ရက်နေ့က ထိုင်းနိုင်ငံလွှတ်တော်ထဲမှာ ‘မြန်မာ့အရေးဆွေးနွေးပွဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံရေးသမားတွေ၊ မြန်မာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ မြန်မာနိုင်ငံရေးသမားတွေ နောက်ပြီး ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးပွဲပုံစံမျိုး အရင်က မရှိခဲ့ဖူးဘဲ ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးလို့ ခေါင်းစဉ်တပ်ပြီး မြန်မာ့နိုင်ငံရေးကို မြန်မာတွေနဲ့ ပထမဆုံး လက်ခံကျင်းပပေးတဲ့ပွဲပါ။ ထိုင်းနိုင်ငံလွှတ်တော်အနေနဲ့ ဒီလိုပွဲမျိုးလုပ်ဖြစ်အောင် ဘာတွေက စေ့ဆော်တွန်းအားပေးသလဲ၊ နောက်ခံ အကြောင်းတရားတွေက ဘာတွေလဲ၊ ဒါ့အပြင် ထိုင်းနိုင်ငံအရေးကို နားလည်ခြင်းဟာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ စတာတွေကို ထိုင်းနိုင်ငံရေးအကြောင်း တောက်လျှောက် လေ့လာရေးသားနေတဲ့ အမေရိကန်နိုင်ငံ၊ နယူးယောက်၊ ဘတ်ဖလိုးမြို့မှာနေတဲ့ ကိုစတီဗင်စန်းယုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
2024-04-09
52 min
Mratt Podcast
ထိုင်းလွှတ်တော်ထဲက မြန်မာ့အရေးဆွေးနွေးပွဲ
မတ်လ ၂ ရက်နေ့က ထိုင်းလွှတ်တော်ထဲမှာ ‘မြန်မာ့အရေးဆွေးနွေးပွဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံရေးသမားတွေ၊ မြန်မာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ မြန်မာနိုင်ငံရေးသမားတွေ နောက်ပြီး ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးလို့ ခေါင်းစဉ်တပ်ပြီး မြန်မာ့နိုင်ငံရေးကို မြန်မာတွေနဲ့ ပထမဆုံး လက်ခံကျင်းပပေးတဲ့ပွဲပါ။ ဒီလိုပွဲမျိုးလုပ်ဖြစ်အောင် ဘာတွေက စေ့ဆော်တွန်းအားပေးသလဲ၊ နောက်ခံ အကြောင်းတရားတွေက ဘာတွေလဲ၊ ဒါ့အပြင် ထိုင်းနိုင်ငံအရေးကို နားလည်ခြင်းဟာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ စတာတွေကို ထိုင်းနိုင်ငံရေးအကြောင်း တောက်လျှောက် လေ့လာရေးသားနေတဲ့ အမေရိကန်နိုင်ငံ၊ နယူးယောက်၊ ဘတ်ဖလိုးမြို့မှာနေတဲ့ ကိုစတီဗင်စန်းယုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
2024-03-09
39 min
Mratt Podcast
အလက်ဆီ နာဗားနီ
ပူတင်ကို ဆန့်ကျင်လို့ နာမည်ကြီးလာသူ၊ အတိုက်အခံ ပါတီ ခေါင်းဆောင် နာဗားနီကို ကမ္ဘာ့မီဒီယာကြီးတွေ ပုံဖော်နေသလို ဒီမိုကရေစီ အိုင်ကွန်၊ လွတ်လပ်မှုအတွက် အသက်ပေးသွားတဲ့ အာဇာနည် သူရဲကောင်းတယောက်ဖြစ်သလား ဆိုတာကိုတော့ တချို့က မေးခွန်းထုတ်ကြပါတယ်။
2024-03-05
10 min
Mratt Podcast
ရခိုင်ပြည်ပိတ်ဆို့ခံရမှု ရက် ၁၀၀
စစ်ကောင်စီက ရခိုင်တပြည်နယ်လုံးမှာ ကုန်လမ်းခရီးသွားလာခွင့်၊ ကုန်စည်သယ်ယူခွင့်၊ စက်သုံးဆီ သယ်ယူခွင့် ပိတ်ထားတာ ရက်ပေါင်း ၁၀၀ ပြည့်သွားပြီ ဖြစ်ပါတယ်။
2024-02-25
12 min
Mratt Podcast
ခါးသီးသောပြိုင်ဘက်များ (မိတ်ဆက်)
ဒီ ပေါ့ကတ်စ် ထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေဟာ လက်ရှိ အရှေ့အလယ်ပိုင်း အရေးကို နားလည်ချင်သူတွေအတွက် သင့်လျော်သလို နိုင်ငံတနိုင်ငံရဲ့ ‘တော်လှန်ရေး’ အပေါ် အနောက်နိုင်ငံတွေက ဘယ်လို ရှုမြင်ကြသလဲဆိုတာကို နားလည်နိုင်ဖို့ အထောက်အပံ့ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ “အီရန်နှင့်ဆော်ဒီ သို့မဟုတ် ခါးသီးသောပြိုင်ဘက်များ” အကြောင်း အပိုင်းလိုက်ခွဲပြီး တင်ဆက်ပါမယ်။ စောင့်မျှော်နားဆင်ကြပါ မိတ်ဆွေများခင်ဗျာ။
2024-02-23
02 min
Mratt Podcast
စစ်မှုမထမ်း မနေရ ဥပဒေ ရှင်းလင်းချက်
ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ စစ်မှုမထမ်း မနေရဥပဒေအပေါ် အတိုချုပ်ရှင်းလင်းချက်။ စာဖြင့်ဖတ်လိုသူများအတွက် ဒီ Link မှာဖတ်နိုင်ပါတယ် - https://bit.ly/48c7feu
2024-02-12
14 min
Mratt Podcast
စစ်ကောင်စီဆီက သိမ်းမိတဲ့ လက်နက်ကြီးတွေကို ပြန်သုံးလို့ရသလား
စစ်ကောင်စီဆီက မြောက်ပိုင်းတပ်ဖွဲ့တွေ သိမ်းမိထားတဲ့ လက်နက်ကြီးတွေ၊ Carl Gustaf နဲ့ ရိုင်ဖယ်တွေကို ပြန်သုံးလို့ရနိုင်သလား၊ စနိုက်ပါတွေအကြောင်းနဲ့ လေယာဉ်ပစ်လက်နက်တွေအကြောင်း။
2023-12-07
27 min
Mratt Podcast
မြောက်ပိုင်းမှလာသော မေးခွန်းများ
၁၀၂၇ စစ်ဆင်ရေး တိုးတက်ဖြစ်ပေါ်ပုံ အဆင့်ဆင့်၊ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များနှင့် နွေဦးတော်လှန်ရေးကြား ချိတ်ဆက်ပုံ သုံးသပ်ချက်။ နိုင်ငံရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် ကျော်ဇောခိုင်နှင့် မေးမြန်းထားသည်။
2023-11-21
39 min
Mratt Podcast
အာဏာသိမ်းပြီး ဘုန်းကြီးလောက အပြောင်းအလဲ
စစ်အာဏာသိမ်းပြီးတဲ့နောက် အာဏာရှင်နဲ့ လူထုအကြား ဘာသာရေးခေါင်းဆောင်တွေ ဘယ်လိုရပ်တည်နေလဲ၊ ဘာသာရေးက အသုံးချခံဖြစ်နေလား၊ ဘာသာရေးလောကမှာ ဘာတွေဖြစ်နေလဲ ဘာတွေလွဲနေလဲ...
2023-06-25
39 min
Mratt Podcast
ဒေါ်မီမီဝင်းဘတ်နှင့် တွေ့ဆုံခြင်း
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ရေးစုစည်းနိုင်မှုအားအပေါ် အမြင်၊ တရုတ်နိုင်ငံရဲ့ ခြေလှမ်းနဲ့ အမေရိကန်အစိုးရရဲ့ သဘောထားတို့ကို အသေးစိတ်မေးမြန်းချက်။
2023-06-02
28 min
Mratt Podcast
မုန်တိုင်းသင့် ချင်းပြည်နယ် နောက်ဆုံးအခြေအနေ
ရခိုင်ပြည်နယ်မြောက်ပိုင်းကို အများဆုံးဖျက်ဆီးသွားခဲ့တဲ့ မိုခါမုန်တိုင်းဟာ ချင်းပြည်နယ်ကို ရောက်တော့ အရှိန်လျော့သွားတယ်။ ဒါပေမဲ့ နဂိုကမှ စစ်ပွဲဒဏ်ကို နှစ်ချီပြီး ခါးစီးခံနေခဲ့ရတဲ့ ချင်းလူထုဟာ မုန်တိုင်းဒဏ်ကိုပါ ထပ်ခံရတာဖြစ်လို့ ဒုက္ခပေါ် ဒုက္ခထပ်ဆင့်တယ်လို့ ဆိုရတော့မှာပါ။ လက်ရှိအချိန်ထိ မုန်တိုင်းဒဏ်ခံရတဲ့ နေရာအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို သိထားရပြီလို့ ဆိုပါတယ်။ ဒီအကြောင်းအရာတွေကို မုန်တိုင်းဒဏ်ခံ ချင်းပြည်နယ်မှာ ရှိနေတဲ့ ဆရာ ဆလိုင်းအိုက်ဇက်ခင်နဲ့ မေးမြန်းထားပါတယ်။
2023-05-19
15 min
Mratt Podcast
မိုခါအပြီး မွတ်ဆလင်ဒုက္ခသည်စခန်းတွေ အခြေအနေ
မေ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်း - မုန်တိုင်းမလာမီ၊ မုန်တိုင်းလာပြီး အခြေအနေတွေနဲ့ နောက်ဆက်တွဲ ကယ်ဆယ်ရေးကိစ္စတွေကို စစ်တွေ၊ သက္ကေပြင် မွတ်ဆလင် ဒုက္ခသည်စခန်းက ဒေသခံတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
2023-05-17
20 min
Mratt Podcast
လူထုက ဘယ်သူ့နောက် လိုက်ရမှာလဲ
အကွဲအပြဲသတင်းများ၊ တော်လှန်ရေးအဖွဲ့တချို့၏ လုပ်မှားကိုင်မှားများနှင့် အလွန်များပြားလှသည့် သတင်းများကြား ပြည်သူများ ဗျာများကြသည်။ တဖွဲ့က တမျိုးပြောလျှင် နောက်တစ်ဖွဲ့ထံက တသံထွက်လာတတ်သည်။ ရာသီဥတုဒဏ်၊ နေ့စဉ်စားဝတ်နေရေး အခက်အခဲကြား စစ်အာဏာရှင်၏ အုပ်ချုပ်မှုကို ဆန့်ကျင်လိုကြသည့် ပြည်သူများမှာ တောင်ပြေး မြောက်လိုက် ဆိုသလို ဦးတည်ရာပန်းတိုင် လမ်းလွဲမသွားစေရေး ကြိုးစားနေရပြန်သည်။ ထိုအချိန်မျိုးတွင် ဦးဆောင်မှု တောင့်တနေသည့် ပြည်သူလူထုက ဘယ်သူ့စကားသံ နားထောင်ရမှန်းမသိ ဖြစ်လာတော့သည်။
2023-04-26
1h 10
Mratt Podcast
အငူမော်က မောင်ထွန်းရွှေ
လှေဆိပ်အဝင်မှာ မောင်ကိုလေးဆိုတဲ့ လက်ဖက်ရည်ဆိုင် ရှိတယ်။ မောင်ကိုလေးလား၊ ကိုမောင်လေးလား နာမည်ခဏတိုင်း လွဲတယ်။ စစ်တွေကနေ မောင်တောသွားတိုင်း သူ့ဆိုင်မှာ ခဏနားပြီး ကားစောင့်ရ၊ တစ်ထောက်နားရပေါ့။ သတင်းကိစ္စလည်း မေးရလေ့ရှိတယ်။
2022-11-08
11 min
Mratt Podcast
စီီဒီအမ်တွေ နိုင်ငံခြားထွက်ဖို့ လွယ်သလား
စီဒီအမ်တွေကို လေဆိပ်မှာ ဖမ်းနေတယ်ဆိုတဲ့ ကောလာဟလတွေ၊ စီဒီအမ်တွေ နိုင်ငံခြားသွားရင် နိုင်ငံခြားက လက်ခံတာမြန်တယ်၊ ဆိုတဲ့ ပြောစကားတွေ၊ နိုင်ငံခြားမှာ ဒုက္ခသည်ဖြစ်ဖို့ ငွေပေးရတယ် ဆိုတဲ့ ယုံတမ်းစကားတွေ၊ ခိုလှုံခွင့်ရသွားရင် သို့မဟုတ် ဒုက္ခသည်ဖြစ်ရင် အဆင်ပြေပြီဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားကြသူ 'စီဒီအမ်သမားတွေအတွက်' ပြောပါ့မယ်။
2022-09-18
22 min
Insight Myanmar
Mratt Kyaw Thu
The past ten years of Myanmar’s history have certainly not been boring, and journalist Mratt Kyaw Thu has been there to chronicle a lot of it.Hailing from Rakhine state, Mratt made his way to Yangon in 2005, graduating from Dagon University and going into journalism soon after. He worked for Mizzima, where he ended up on the crime beat, and also began covering stories about the military’s snatching up bits of prime real estate throughout the country.Mratt then began filing a series of reports about the drug trade, tracing the...
2022-04-21
2h 16
Myanmar in a PodShell
08 Journalism in a polarized environment – Myanmar Media and the Coup
With Werner Eggert and Mratt Kyaw Thu Journalism in Myanmar has never been an easy endeavor. But since the coup d'état on 1 February 2021 things went from bad to worse. A lot of journalists have been jailed or fleed the country. The media landscape is split into supporters of the military and supporters of the National Unity Government and the so-called revolution. Space for unbiased reporting is severly limited.
2022-03-28
43 min
Mratt Podcast
ပီဒီအက်ဖ် ခေါင်းဆောင်တစ်ဦးနဲ့ စကားစမြည်
တောတွင်းက ပီဒီအက်ဖ် ရဲဘော်တွေ ဘာတွေ ကြုံတွေ့နေရသလဲ၊ ဘာတွေ လိုအပ်နေသလဲ။ အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်နေကြသလဲ။
2021-10-21
07 min
Mratt Podcast
ဝင်ထားသမျှ ဂရုတွေထဲက ထွက်လိုက်ပါ
သတင်းမှား ဖြန့်/ပျံ့တဲ့အထဲ ချစ်မြတ်နိုးသူများ ဂရုတွေက အဆိုးဆုံးပါပဲ။ ဒီထဲကနေ ထွက်လိုက်ကြပါ။
2021-09-14
06 min
Mratt Podcast
အိတုထ နေ့ရက်များ
ဇွန် ၁၄ ရက် ကော်သူးလေနေ့အတွက် ရည်ရွယ်ပြီး ဒီ ပေါ့ဒ်ကတ်စ်ကို သွင်းထားတာပါ။
2021-06-27
21 min
Mratt Podcast
စစ်တပ်က လိင်ပိုင်းဆိုင်ရာ စော်ကားမှု လုပ်ခဲ့သလား
ဖမ်းဆီးခံသူ အမျိုးသမီးငယ်တွေ မုဒိမ်းကျင့်ခံရတယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါတယ်။ အတည်မပြုနိုင်ခဲ့ပါ။ ဒါကတော့ ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီးငယ်တဦးကို မေးမြန်းထားတာ ဖြစ်ပါတယ်။
2021-03-04
03 min
Mratt Podcast
အတိတ်က တောင်တန်းတွေဆီ
အချိန်တခုခုရဲ့ နောက်ဆုံးဆိုတာ မသိခဲ့ခင် တချိန်တုန်းက သွားခဲ့ဖူးတဲ့ ခရီးစဉ်တခုအကြောင်း။
2020-04-28
16 min
Mratt Podcast
တောင်စောင်းက မောင်ဒေါင်း
ကျနော့်စိတ်ထဲ အိပ်မက်တွေထဲ ဖျောက်ဖျက်မရတဲ့ ဇာတ်ကြောင်း။ ပြီးတော့ ဒီနေ့ထိ ကျနော်တို့နယ်မှာ ပြောစမှတ်ပြုနေရဆဲ ဆိုးရွားတဲ့ အတွေ့အကြုံတခု။
2020-03-27
18 min
Mratt Podcast
ပိုင်စိုးဝေ အမှတ်တရ
ကျနော် သူ့ကဗျာတွေနဲ့ကြီးပြင်းခဲ့တာပါ။ ကဗျာရေးဖြစ်ဖို့နဲ့ လူတွေကို ချစ်တတ်ဖို့၊ ကျေးလက်နဲ့ သဘာဝကို ချစ်ဖို့နဲ့ ရိုးသားဖို့အတွက် သင်ကြားပေးခဲ့တယ်။ ဒီ Podcast နဲ့ ကျနော် ဂါရဝပြုလိုက်ပါတယ်။
2019-08-01
09 min
Mratt Podcast
အသည်းကွဲရင် ဆပ်ပြာစားတတ်သလား
အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာ လုပ်မိလုပ်ရာ၊ စားမိစားရာ စားသလိုမျိုး တချို့ယောက်ျားတွေ အသည်းကွဲတဲ့အချိန်မှာ ထူးထူးဆန်းဆန်းတွေ လုပ်တတ်ကြပါတယ်။ ကျနော်ကျတော့ တမျိုး။
2019-04-10
07 min
Mratt Podcast
ယမကာဆိုင် တမ်းချင်း
ကျနော်တို့ ချစ်ရတဲ့အရာတွေ ကွယ်ပျောက်သွားကြလို့ရှိရင် ကျနော်တို့ သိပ်ခံစားကြရပါတယ်။ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ်ပေါ့။ သိပ်ချစ်ရတဲ့ ဘီယာဆိုင်ကလေးတဆိုင် ကွယ်ပျောက်သွားခဲ့ဖူးတဲ့အကြောင်း ပြောပြချင်တယ်။
2019-04-02
08 min
Mratt Podcast
ကျနော်တို့ အရင်ထက် ပိုလိမ္မာလာကြသလား
လူတွေသာ သူ့အရင် ဘိုးဘေးတွေရဲ့ ဆုံးမသွန်သင်မှုတွေ၊ ဘာသာတရားတွေရဲ့ လမ်းညွှန်မှုတွေနဲ့အတူ နေ့စဉ်ဘဝမှာ ကောင်းအောင်နေထိုင်ကြတယ်လို့ ဆိုပါတယ်။ ရေှးကဖြစ်ခဲ့တဲ့အမှားတွေကို သင်ခန်းစာယူရင်း အနာဂါတ်ကို ပိုလှအောင်ဖန်တီးကြတယ်ပေါ့။ ဒီတိုင်းသာဆိုရင် လူတွေဟာ တရက်ထက်တရက် ပိုပြီး လိမ္မာလာစရာရှိပါတယ်။ တကယ်ရော ဟုတ်သလား?
2019-03-29
05 min
Mratt Podcast
မြို့သား နဲ့ တောသား
မြို့သားနဲ့တောသားပြဿနာအစနဲ့ ဘယ်သူက ဘယ်သူ့ကို ဘယ်လိုဂျင်းထည့်ခဲ့ပြီး ဘယ်လို ဖြစ်ခဲ့ကြတာလဲ...?
2019-03-15
04 min