Look for any podcast host, guest or anyone
Showing episodes and shows of

Touttyay

Shows

Touttyay Podcast
Touttyay PodcastEpisode 11 | Aung Khantစကားဝိုင်း (၁၁) မှာပါဝင်ထားတဲ့ အောင်ခန့် သည် ၂၀၁၉ ရန်ကုန်မြို.စည်ပင်သာယာ ကော်မတီရွေးကောက်ပွဲ တွင် မဲဆန္ဒနယ်မြေ (၃) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အသက်အငယ်ဆုံး ကိုယ်စားလှယ်လောင်း ဖြစ်ပါသည်။ မြို.ပြကြီးကြပ်ရေး နှင့် အုပ်ချုပ်ရေး မဟာသိပ္ပံဘွဲ. (M.Sc. Urban Planning and Public Policy) နှင့် နိုင်ငံရေးသိပ္ပံဘွဲ. (B.A. Political Science) တို.ကို ပါရီမြို.ရှိ Sciences Po နိုင်ငံရေးတက္ကသိုလ် မှရရှိခဲ့ပြီး ကိုအောင်ခန့်သည် လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်၏ ဗဟိုသုတေသန ကော်မတီတွင် တာဝန်များထမ်းဆောင်နေသော UEHRD အဖွဲ.ဝင်တစ်ဦးဖြစ်သည်။ အသက်မွေးဝမ်းကျောင်း အနေဖြင့်လည်း မြို.ပြ နှင့် ဒေသတွင်းဆိုင်ရာ စီမံကိန်းများအတွက် think-tank ဖြစ်သော Urbanize ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာ အနေဖြင့်လုပ်ကိုင်နေသောသူတစ်ယောက်လည်းဖြစ်ပါသည်။
2021-01-291h 04Touttyay Podcast2021-01-241h 21Touttyay Podcast2021-01-161h 12Touttyay Podcast2021-01-091h 07Touttyay Podcast2020-12-261h 40Touttyay Podcast
Touttyay PodcastEpisode 6 | Shwe Yee Moe Tha (Trish)Chef Trish လို့ လေးစားစွာအများကခေါ်တဲ့ မရွှေရီမိုးသာ ကတော့ Poe Ferments နဲ့ Poe Kitchen ရဲ့ Co-Founder/Producer ဖြစ်ပါတယ်။ ဟင်းချက်တဲ့အနုပညာကို Le Cordon Bleu Dusit Culinary School မှာ သင်ယူလာခဲ့တဲ့ Chef Trish ဟာ Michelin Star စာသောက်ဆိုင် တစ်ခုဖြစ်တဲ့ Upstairs Mikkeller Bangkok ရဲ့ Former Sous Chef တစ်ဦး ဖြစ်ပြီး၊ ရန်ကုန်မြို့ရှိ အထင်ကရ ပြင်သစ်စားသောက်ဆိုင်ဖြစ်တဲ့ Le Planteur Restaurant တွင်လည်း Former Chef De Partie (CDP) အနေနဲ့ လုပ်ဆောင်ခဲ့ပါတယ်။  Chef Trish ဦးဆောင်တဲ့ Poe Ferments ဟာဆို Ethical Sourcing ဆိုတဲ့ ပြည်တွင်းဖြစ်၊ ရာသီပေါ်  စားသောက်ကုန်(ingredients) တွေကို တောင်သူလယ်သမားတွေဆီမှ မှာယူ သုံးစွဲပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းမှု ကိုကျင့်သုံးသောကြောင့် ပလပ်စတစ် လုံးဝ မသုံးသော brand တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Chef Trish ကိုယ်တိုင်တီထွင်ထားတဲ့ menu ကို online မှတဆင့် မှာယူနိုင်သည့် Poe Kitchen ကိုလည်း Facebook ပေါ်တွင် စတင်ခဲ့ပါတယ် ❤️  သောက်ရေတို့ကိုယ်တိုင် Poe Kitchen နဲ့ Poe Ferments ရဲ့ အမာခံ ပရိသတ်တွေဖြစ်တာကြောင့် အားလုံးကိုလည်း recommend ပေးခြင်ပါတယ်။
2020-12-191h 03Touttyay Podcast2020-12-161h 14Touttyay Podcast
Touttyay PodcastEpisode 4 | Nida Soe and Ali Drummondစကားဝိုင်း(၄) မှာပါဝင်ထားတဲ့ guests နှစ်ယောက်ကတော့ စကိတ်ပညာရှင် အယ်လီဒရူမွန် (Ali Drummond) နှင့် မြန်မာ့ ပင်လယ်လှိုင်းစီးအဖွဲ့ လက်ရွေးစင် နိုင်ဒါစိုး (Nida Soe) တို့ပဲဖြစ်ပါတယ်။ အင်္ဂလန် နိုင်ငံမှာကြီးပြင်းပြီး မြန်မာလိုကျွမ်းကျင်စွာပြောနိုင်တဲ့ Ali ကတော့ SOAS University of London မှာမြန်မာစာနှင့် ဘွဲ့ရပြီး မြန်မာပြည်ကိုရောက်တာ၈နှစ်ရှိပါပြီ။ ရန်ကုန်တွင်းရိုက်ကူးရေးလုပ်ငန်းတွေလုပ်ရင်း documentaries များစွာကိုလည်း producer အနေဖြင့် ထုတ်လုပ်ထားပါတယ်။ Pushing Myanmar အမည်ဖြင့် စကိတ်အဖွဲ့စည်းကို နေရာအသီးသီးကနေ ပံ့ပိုးဦးဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ Nida ကတော့ ကယ်လီဖိုးနီးယားပြည်နယ်ရှိ University of Southern California တက္ကသိုလ်မှGEO Design ဖြင့်ဘွဲ့ရပြီး သူမအလွန်နှစ်သက်သော ပင်လယ်လှိုင်းစီးအားကစား (surfing) ကို မြန်မာ့လက်ရွေးစင် တစ်ဦးအနေဖြင့် ၂၀၁၉ SEA Games မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါ တယ်။ အခုဆို Nida က Surf Association Myanmar မှာ ဒုဥက္ကဌ အနေဖြင့်ဒီအားကစားကိုပိုမို ဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားနေလျက်ရှိပါတယ်။
2020-12-161h 51Touttyay Podcast
Touttyay PodcastEpisode 3 | May Toe Khine and Mon Sai Aungအားလုံးရင်းနှီးပြီးသားဖြစ်တဲ့မေတိုးခိုင်ကတော့နိုင်ငံကျော်Modelနှင့်သရုပ်ဆောင်တစ်ဦးဖြစ်ပြီးကြောငြာအများအပါးနှင့်ရုပ်ရှင်ကားကြီးတွေမှာပါဝင်ထားပါတယ်။ ဒါ့အပြင်မေတိုးခိုင်က အမျိုးသမီးတန်းတူအခွင့်ရေး၊ လိင်စိတ်ခံယူမှုကွဲပြားသူများရဲ့အခွင့်အရေး နှင့် အထွေထွေရွေးကောက်ပွဲတွင်မဲပညာပေးတွေကိုသူ့ရဲ့platformမှတဆင့်အမြဲလိုလိုတက်ကြွစွာဖြင့်public awareness ကိုမြင့်တင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ချောလွန်းလို့ငယ်ငယ်တုံးကကြိတ်ကြွေခဲ့ဖူးတဲ့ကိုမွန်စိုင်းအောင်ကတော့ Baruch College မှဘွဲ့ရခဲ့ပြီး U Hton Goldsmith & Jewelryရဲ့ Branding နှင့် Art Direction ကိုတာဝန်ယူထားသူတစ်ဦးဖြစ်ပါတယ်။ မွန်ကတော့မြန်မာနိုင်ငံရှိ LGBTQ+ movementမှာအားတက်သရောပါဝင်ကူညီပေးသူတဦးဖြစ်ပြီးလိင်စိတ်ခံယူမှုကွဲပြားသူများရဲ့တန်းတူအခွင့်အရေးတွေကိုလိုလားအပ်သူတစ်ယောက်ဖြစ်ပါတယ်။
2020-12-161h 35Touttyay Podcast
Touttyay PodcastEpisode 2 | Gigi Han and May Myat Thu (Stella)မမေမြတ်သူ (ခ) မစတယ်လာဟာဆိုရင်Yaung Ni Oo Medical Company မှာ Head of Branding & Marketing အနေဖြင့်လုပ်ကိုင်နေပြီး Yaung Ni Oo Servicesတွင် Marketing Executive အနေဖြင့်ဦးဆောင်နေပါတယ်။ University of Miami မှာ BA Business Administration ဖြစ် ၂၀၁၉ မှာ ဘွဲ့ယူခဲ့တဲ့ မစတယ်လာဟာလုပ်ငန်းအတွေကြုံများစွာကိုမြန်မာနိုင်ငံမှာပါမကအမေရိကန်နိုင်ငံမှာပါကြိုးစာသင်ယူခဲ့ပြီး၂၀၂၀မှာဆိုရင်Protechအမည်နှင့်ကိုယ်ပိုင်brandတခုကိုမြန်မာပြည်တွင်းဖြန့်ဖြူးနေပါပြီ။ မဂီဂီဟန်ကတော့အသက်ငယ်ရွယ်ပင်မဲ့မြန်မာနိုင်ငံတွင်းအကောင်းဆုံးဆေးရုံတွေထဲကတစ်ခုဖြစ်တဲ့အာရှတော်ဝင်(Asia Royal Hospital)မှာBusiness Development Managerဖြင့်ဆောင်ရွက်နေပါတယ်။၂၀၁၇မှာ၁၉နှစ်ပဲရှိသေးတဲ့မဂီဂီဟန်ကUniversity of Melbourne ကနေကျောင်းတက်နေစဉ်အားလုံးကြိုက်နှစ်သက်တဲ့Uncle Tetsu Cheesecake ကိုရန်ကုန်သို့ကိုယ်တိုင်ဦးဆောင်ပြီးfranchiseတင်သွင်းခဲ့ပါတယ်။
2020-12-161h 08Touttyay Podcast2020-12-1648 min