Look for any podcast host, guest or anyone
Showing episodes and shows of

Eaineain

Shows

eaineain2024-12-1503 mineaineain2023-01-1709 mineaineain2023-01-1104 mineaineain2023-01-0609 mineaineain2023-01-0309 mineaineain2023-01-0108 mineaineain2022-12-3049 mineaineain2022-12-2013 mineaineain2022-12-0901 mineaineain2022-12-0901 mineaineain
eaineainမိုးသက်ဟန် ပလက်ဖောင်း Platform Michel Houellebecqအားလုံးကို ပြောရင်တော့ ကျွန်တော့်မှာ တစ်လှည့်စီဝတ်တဲ့ အနောက်တိုင်းဝတ်စုံနှစ်စုံရှိတယ်။ စာအုပ်တွေ...၊ စာအုပ်တွေတော့ ကျွန်တော့်မှာ ရှိတာပေါ့။ ကျွန်တော် အလွယ်တကူ အမြဲဝယ်နိုင်တဲ့ စာအုပ်တွေချည်းပါပဲ။ ရှိတဲ့ စာအုပ်ထဲမှာ ဘယ်စာအုပ်မှ ရှားပါးပြီး တန်ဖိုးရှိတဲ့ စာအုပ်မျိုး မပါပါဘူး။ ကျွန်တော့်ဘဝလမ်းကြောင်းမှာ ဖြတ်သွားခဲ့တဲ့ မိန်းမတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သူတို့ဆီက ဓာတ်ပုံတစ်ပုံ၊ ဒါမှမဟုတ် စာလေးတစ်စောင်တောင် ကျွန့်တော့်မှာ မရှိပါဘူး။ ပြီးတော့ ကျွန်တော့် ဓာတ်ပုံတောင် ကျွန်တော့်မှာ မရှိပါဘူး။ ကျွန်တော် အသက်ဆယ့်ငါးနှစ်၊ နှစ်ဆယ်၊ သုံးဆယ်တုန်းက ဘယ်လိုပုံရှိခဲ့မလဲဆိုတာ ကျွန်တော် မမှတ်မိပါဘူး။ ကျွန်တော်နဲ့ပက်သက်တဲ့ စာရွက်စာတန်းလည်း များများစားစားမရှိပါဘူး။ ကျွန်တော့်မှတ်ပုံတင်ကတော့ ဖိုင်တွေထည့်တဲ့ အိတ်ထဲက ဖိုင်တစ်ခုမှာ အလွယ်တကူရှိနေပါလိမ့်မယ်။ လူသားတွေဟာ သာလွန်ထူးကဲပြီး အစားထိုးမရနိုင်တဲ့ သီးခြားအမှတ်အသားတွေ ရှိကြတယ်လို့ ဟန်ဆောင်နေကြတာဟာ မှားတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော် တွေးကြည့်၊ လေ့လာကြည့်သလောက်တော့ အဲ့ဒီ့လို သီးခြားပင်ကို ဖြစ်မှုဆိုတာကို ခွဲခြားလို့မရပါဘူး။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကံကြမ္မာတွေနဲ့ ပုဂ္ဂလအရည်အသွေးတွေကို ကျွန်တော် ခွဲခြားလို့မရပါဘူး။ အားလုံးကို ခြုံငုံစဉ်းစားပြုလုပ်ပြီးတဲ့နောက် တစ်ဦးချင်းစီရဲ့ သာလွန်မှုဆိုတဲ့စိတ်ကူးဟာ ကိုယ့်ကိုယ်ကိုယ်အရေးပါကြောင်း ဖော်ပြတဲ့ အရူးထမှုထက်မပိုပါဘူး။ ရှိုပင်ဟောင်ဝါ ရေးဖူးတယ်။ ကျွန်တော်တို့ ဘဝတွေဟာ ကျွန်တော်တို့ ဖတ်ဖူးတဲ့ ဝတ္ထုတစ်အုပ်ထက် နည်းနည်းလေး ပိုကောင်းတဟ်တဲ့။ ဟုတ်တယ်။ နည်းနည်းလေးပဲ။ အဲဒီထက် မပိုဘူး။
2022-12-0401 mineaineain2022-12-0402 mineaineain2022-11-1104 mineaineain2022-11-1107 mineaineain2022-11-0800 mineaineain2022-10-2903 mineaineain2022-10-1500 mineaineain2022-10-1500 mineaineain2022-10-1501 mineaineain
eaineainသူ့မှာတမ်း by မင်းသုဝဏ်"သူ့မှာတမ်း " ---- မင်းသုဝဏ်--- သူတို့အဆုတ်၊ထားခဲ့မြု ပ်သည့် ဗုံးငုတ်တိုက်မှား၊မောင်ပြောက်ကျားကို ရွာသားရွာသူ၊မေးကြမြူ သည် အူအူယမ်းငွေ့ ထတုန်းတည်း။ အမောင်ပြောက်ကျား၊ချစ်သူအားကို ဘာများမှာခဲ့လိုသနည်း"။ "ငယ်ကကြင်မြတ်၊မိသက်မှတ်ကို ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ"။ "အမောင်ပြောက်ကျား၊မိဘအားကို ဘာများမှာခဲ့လိုသနည်း"။ "မွေးသည့်မိခင်၊မွေးဖခင်ကို ဦးတင်ခဲ့ကြောင်း ပြောပါလေ"။ "အမောင်ပြောက်ကျား၊တိုင်းပြည်အားကို ဘာများမှာခဲ့လိုသနည်း"။ "ခရီးမတ်တပ်၊လမ်းခုလတ်တွင် ကိုယ်လွတ်ရှောင်ခွာ၊ခွဲရပါ၍ အားနာခဲ့ကြောင်း ပြောပါလေ"။ ယမ်းငွေ့အူအူ၊တလူလူနှင့် မေးမြူ ကြတုန်း၊အနောက်ကုန်းတွင် နေလုံးကွယ်လေပြီတကား ။
2022-09-3001 mineaineain2022-09-0504 mineaineain2022-08-3001 mineaineain2022-08-2602 mineaineain2022-08-2601 mineaineain2022-08-1801 mineaineain2022-08-0903 mineaineain2022-07-2901 mineaineain2022-07-2430 mineaineain
eaineainအိမ်ပြန်ချိန်နာရီတွေကို သေနတ်ပြောင်းဝမှာ ချိတ်ဆွဲထားတယ်၊ ကျော်သုခမွန်(မကွေး)အိမ်ပြန်ချိန်နာရီတွေကို သေနတ်ပြောင်းဝမှာ ချိတ်ဆွဲထားတယ် --------------------------------------------------- ကိုဖော်ကာရဲ့”အိမ်ပြေး” သီချင်းဟာ လူငယ်တွေရဲ့နားထဲ မနက်ခင်းတိုင်း ရိုက်သွင်းနေတာပါပဲ “ အိမ်ပြန်ရောက်ဖို့ ကြိုးစားဆဲပါ “ တဲ့ တရားရှာသူရဲ့ရင်ဘတ်ထဲ အသက်ရှင်ရမှာ ကြောက်သလိုလို သွေးဆူလာတဲ့အခါ သေနတ်မောင်းခလုတ်ကိုဆွဲပြီး မိသားစုကို သတိရတဲ့အခါ ဗုဒ္ဓရဲ့ဂုဏ်တော်တွေကို ရွတ်ဖတ်နေခဲ့ရ တချို့ သူပုန်ဆိုပြီး သမုတ်ကြ မဟုတ်မတရားရေးကို ပုန်ကန်နေတဲ့အချိန်မှာ ဟီရိသြတ္တပ္ပတရားတွေ ငါတို့ရှေ့ လာလာမဟောနဲ့ အိမ်လွမ်းပါတယ်ဆို ဘယ်သူ့ကိုစောက်ဂရုစိုက်နေရဦးမှာလဲ ညဟာ တဖြည်းဖြည်းနက်လာခဲ့ပြီ ဒီအချိန်ဆို အမေလည်း တစ်ရေးနိုးလောက်ရော့ပေါ့ အအေးဓာတ်ဝင်လာလို့ ခြုံစောင်ကိုခြုံအိပ်ချင်ပေမယ့် လွယ်ထားတဲ့သေနတ်ကိုပဲ ဖက်ပြီး အိပ်မောကျခဲ့ရတဲ့ ညများ ဒီဒေသမှာ ကြုံဖူးခဲ့ရပြီ ငါတို့ အိမ်ပြန်ခရီးဟာ သေနတ်ပြောင်းဝမှာ ရှိနေတယ် ဒါကြောင့် အိမ်ကိုလွမ်းတဲ့အခါ သေနတ်ပြောင်းဝကို ငါတို့ ခဏခဏ ချောင်းကြည့်ဖြစ်ခဲ့ပါတယ် ။ ကျော်သုခမွန်(မကွေး)
2022-07-1601 mineaineain2022-07-1509 mineaineain
eaineainရည်းစားများခဲ့သူ အမျိုးသမီးတစ်ယောက်အတွက် ဆင်ခြေ ၊ မိုးရဲတစ်ယောက်ကို တစ်ယောက် အများဆုံး သတိရဖို့အတွက် ကိုယ်တို့ဟာ တစ်ယောက်နဲ့ တစ်ယောက် အဝေးဆုံး တစ်နေရာဆီမှာ နေ။ မမြင်နိုင်။ ဘ၀မှာတောင် သူ့ရဲ့ ကိုယ်ပိုင် လျှို့ဝှက်ချက် ကိုယ်စီနဲ့။ တပ်မက်မှု ကိုယ်စီနဲ့။ နေသွား၊ ကြယ်သွား၊ ကမ္ဘာပတ် လမ်းကြောင်းတွေ အကုန်လုံးကို ရွေ့ပြောင်းနိုင်ခဲ့သော ချစ်ခြင်းမေတ္တာတွေအားဖြင့် ကိုယ်တို့ဟာ တစ်ယောက်ကို တစ်ယောက် ခွဲခွာ။ တောင်တန်းတွေ အပေါ်က မိုးရေတစ်စက် ဆိုတာလည်း ကိုယ်တို့အတွက် မိုးရေတစ်စက်စာ ဆိုတာလောက် အေးခဲမှုတွေပဲ။ ခန္ဓာကိုယ် အချင်းချင်း ပူးကပ်ထားဖို့အတွက် လေထုတွေကိုလည်း ကိုယ် ဖြတ်သန်းခဲ့။ ကိုယ်ဟာ ဘယ်နေရာမှာမှ အသုံးမကျခဲ့တဲ့ ကောင်းဘွိုင်တစ်ယောက်။ ဒီအတွက်‌ကြောင့်ပဲ သေဆုံးဖို့အတွက် နည်းလမ်းပေါင်း တစ်သန်းလောက်နဲ့ ရုန်းကန်နေခဲ့ရသလို။ နောက်ကျခဲ့ရတယ် ဆိုတာကလည်း ဆူးမရှိတဲ့ သဲကန္တာရ။ ရန်ကုန်မြို့အလယ် တိုက်ခန်းတစ်ခု အထဲမှာ ယောက်ျားတစ်‌ယောက်နဲ့ မိန်းမတစ်ယောက် အမှတ်မထင် ဆုံတွေ့မိခဲ့ကြသလို၊ တစ်ယောက်ကို တစ်ယောက် မျက်စပစ်ပြလိုက်တာနဲ့ အကြည့်တွေကို အချင်းချင်း နားလည်သွားကြသလို။ အမှောင်ထုက ကိုယ်တို့ရဲ့ ဝိညာဉ်တွေကို ရှာဖွေလို့။ သူစိမ်းတစ်ယောက်နဲ့ စကားပြောဖြစ်တိုင်း မင်းရင်ထဲမှာ လိပ်ပြာလေးတွေ ပျံသန်းနေမလား၊ လူတစ်ယောက်ဆီမှာ လိပ်ပြာတွေက အချိန် ဘယ်လောက်ကြာကြာ နေထိုင်နိုင်တာ။ ကိုယ့်ရင်မှာ ပူလာတယ်။ အနာဂတ်ကို တည်ဆောက်ဖို့အတွက် ကိုယ်တို့ လိုအပ်နေတဲ့ သီချင်းတွေ ဘယ်မှာ။ ကိုယ်တို့သာ ခြေကုန်လက်ပန်းကျ၊ ဘယ်‌နေရာကိုမှလည်း မရောက်နိုင်။ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတဲ့ နောက်ဆုံးနှုတ်ဆက်သီချင်း။ ဒီလိုနဲ့ ကိုယ်တို့အားလုံး သေဆုံးသွားခဲ့ကြမှာပဲ။ ကိုယ်တို့ သေဆုံးခဲ့တဲ့ အချိန်မှာတော့ ကိုယ်တို့ရဲ့ ခန္ဓာကိုယ် အပေါ်မှာ လိပ်ပြာတွေက ဝဲလို့။ မိုးရဲ
2022-07-0402 mineaineain2022-07-0402 mineaineain
eaineainကုန်လွန်ခဲ့သောအနာဂတ်နေ့များ၊ အောင်ခင်မြင့်ဗန်ဒက်တာမျက်နှာဖုံးနဲ့နွေဦးဟာ မုန်းရစ်လေဦးကို ဆွေးဆွေးမြည့်မြည့်ဆိုလို့ ဝန်ချီစက်ကြီးရဲ့အရိပ်အောက်မှာ ဦးထုပ်နဲ့ယပ်ခတ်နေကြတဲ့ မှတ်ဥာဏ်များ သက်စေ့လွှတ်လိုက်တဲ့စာကလေးတွေ လှောင်အိမ်ထဲပြန်ဖို့ဘတ်စ်ကားစောင့်နေ အရင်ကတော့ မင်းမဲ့ဝါဒီတွေပါပဲ ခုတော့ KFC မှာသန့်ရှင်းရေးဝန်ထမ်းတွေတဲ့ ညဆိုင်းဆင်းဖို့ရောက်လာကြတယ် ဘယ်တော့မှ ညမအိပ်တဲ့ အိမ်ယာမဲ့စိတ်တွေ ပင်လယ်ကိုဘယ်လိုသွားရလဲသိလား စက်လှေကားနှစ်စင်းအချင်းချင်း မေးနေတာ နေထိုင်ရန်မသင့် ဆိုတဲ့တိုက်အိုထဲမှာ တစ်စုံတစ်ယောက် ဒူးထောက်ဝတ်ပြုနေတယ် ငါတို့မျိုသိပ်ခဲ့တဲ့စကားလုံးတွေကနေ အနာဂတ်ကိုစားမယ့်သိမ်းဌက်တွေပေါက်လာမှာ
2022-07-0401 mineaineain2022-06-2402 mineaineain2022-06-1701 mineaineain2022-06-1403 mineaineain2022-06-0507 mineaineain2022-06-0314 mineaineain2022-05-2601 mineaineain
eaineainပိုင်ဉာဏ်၊ အိမ်အရပ်ဆီ မျက်နှာမူထားကြသူတွေအတွက် အချစ်ကဗျာတစ်ပုဒ်ရန်ကုန်မြို့ကြီးရဲ့ချစ်ရသူတွေ သူ့ဆီကနေ တစ်ယောက်ပြီးတစ်ယောက် အလျှိုလျှို ထွက်ခွာသွားရတော့ မြို့ဟာ ညရဲ့အမှောင်ထုထဲ ဦးတည်ရာမဲ့ ပစ်လွှတ်ခံလိုက်ရတဲ့ မီးကျည်အတွေလို ကိုယ့်အရေပြားကို ချုပ်စက်ပေါ်မှာ ကိုယ်တိုင်လွှာပြီး ကျန်ရစ်ခဲ့သူတွေအပေါ် အနွေးဓာတ်ကို သူ့အသက်နဲ့ရင်းပြီး လွှားတင်ပေးခဲ့ ကြယ်တွေမှာ ကိုယ်ပိုင်နာမည်တွေ ရှိကြပြီး အရပ်မျက်နှာတွေမှာ ကိုယ်ပိုင်မှတ်ဉာဏ်တွေ ရှိကြပြီး ငါတို့အားလုံးရဲ့ ကိုယ်ပိုင်အမှတ်တွေဆီ အရောက်မှာ မီးလင်းအိမ်တွေကို မှိတ်ချလိုက်ချိန်မှာ ဥသြသံသဲ့သဲ့ပဲ ကြားလိုက်ရတဲ့ သန်းခေါင်ယံ ရထားတစ်စင်းရဲ့ မီးခိုးတန်းတွေလို ငါတို့ ကွာဝေးခဲ့ ဘန်နာတလွင့်လွင့် ရက်တွေ ပြီးတော့ မီးခိုးတလွင့်လွင့် လတွေ နေလိုလလို တိမ်လိုမြူလို နှစ်များမှာ ငါတို့ရဲ့ခွာတွေကို ငါတို့ခြေကနေ ဖြုတ်ယူပြီး မြို့ရဲ့ ထုပ်တန်းပေါ် ဒီစောက်ကာလတရားနဲ့ အတူတူ တင်ထားလိုက်တယ် ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်မှာ မီးလောင်နေတဲ့ အသက်ကယ်လှေတစ်စင်းလို ငါတို့အားလုံး နှင်းဆီဖြူရဲ့ အဝေးကလူတွေချည်းပါပဲလေ အိမ်မရှိတဲ့ အရပ်မှာ မင်းရှိနေပေမယ့် သမိုင်းရဲ့ ရက်စက်တဲ့ တိုက်လေတွေကြား မင်းတအား ခိုက်ခိုက်တုန်နေတဲ့ အချိန်တိုင်းမှာ မြို့က တောနက်နက် တောင်ထူထူတွေကို ဖြတ်ပြီး သူ့အနွေးဓာတ်ကို မရမက ဆန့်ထုတ်လို့ ရင်ဘတ်နဲ့ မဆန့်မပြဲ လမ်းတွေဟာ သူတို့ကိုယ်အနှံ့ နေရာမလပ် ဓာတ်ဆီလောင်းချပြီး လောင်ကျွမ်းပစ်လို့ အဲဒီ မီးလောင်ပြင်တွေကို ငါတို့လို နိုင်ငံလေးရဲ့ သွေးနီရင်ပြင်ကြီးအဖြစ် သမုတ်ကြလို့ ငါတို့ခေတ်ကြီးထဲ ပျောက်ဆုံးသွားသူတွေရဲ့ အရိပ်များကို ကြိုဟောစာတမ်းအတိုင်း နွေဦးပေါက်ရာသီက ငါတို့ဝိညာဉ်တွေကို ငါတို့ကိုယ်တွေဆီ ပြန်ရောက်လာအောင် ရေဘဝဲတွေလို ပြုစားကြမှာ အဝေးအရပ်တွေမှာ တိမ်အုပ်တွေဆီ ကြည့်ငေးရင်း မင်းလုပ်ဖို့လိုတဲ့ တစ်ခုတည်းသောအရာက အိမ်အရပ်ဆီ မျက်နှာမူဖို့ အိမ်အရပ်ဆီ ဖုန်းခေါ်ဖို့ ပြီး အိမ်အရပ်ဆီ အရောက်ပြန်လာဖို့ ပိုင်ဉာဏ် 23rd May, 2022 နှင်းဆီဖြူရဲ့ အဝေးကလူတစ်ယောက်- ခင်ဝမ်း
2022-05-2402 mineaineain2022-05-2213 mineaineain2022-05-2006 mineaineain2022-05-1802 mineaineain2022-05-1326 mineaineain2022-05-1306 mineaineain2022-05-0701 mineaineain2022-05-0302 mineaineain2022-04-2104 mineaineain2022-04-1601 mineaineain
eaineainမိုးရဲ၊ တစ်နေ့နေ့ တစ်ချိန်ချိန် သင်ချစ်သူမှာ မျက်ရစ်တွေ မရှိတော့ဘူးဆိုရင်ညအိပ်ယာဝင်တဲ့အခါ သူ့မျက်နှာပေါ်မှာ လိုက်စမ်းသပ်မိမယ့် သင့်ရဲ့ လက်တွေလည်း အရင်လို အထစ်အငေါ့တွေနဲ့ ကြုံရတော့မှာ မဟုတ်ဘူး။ ပြောင်းလဲသွားတဲ့ အထိအတွေ့တွေကို ဖြည်းဖြည်းချင်းစီ ပွတ်သပ်နေရင်း မျက်ပေတုံးလေး မျက်ပေတုံးလေးလို့ သင့်စိတ်ထဲကနေ ရေရွတ်နေခဲ့မိမှာပဲ။ ဘာပဲဖြစ်ဖြစ် မျက်နှာတောင် မရှိတော့တာထက်တော့ အများကြီး ပိုကောင်းပါတယ်လို့ သင်တွေးမိကောင်း တွေးမိလိမ့်ဦးမယ်။ သူ့မျက်နှာပေါ်မှာ မျက်ရစ်ရှိခြင်း၊ မရှိခြင်းက သင့်ရဲ့ ချစ်ခြင်း အနည်းအများကို တိုက်ရိုက် ကိုယ်စားပြုနေတယ်လို့တော့ မဆိုလိုဘူးပေါ့။ အမှောင်ထဲမှာတော့ သင့်ချစ်သူကလည်း သင်ဝတ်ထားခဲ့တဲ့ အဝတ်အစားတွေကို ကြည့်ပြီး သင့်ရဲ့ မျက်နှာကို အတည်ပြုဖို့ ကြိုးစားနေခဲ့မှာပဲ။ ဒီတတ်တူးက သူ့ရဲ့ တတ်တူး၊ ဒီအမှတ်အသားက သူရဲ့ မွေးရာပါ အမှတ်အသား၊ ဆံပင်မညှပ်ခဲ့တာ ကြာပြီဆိုတော့ သူ့ရဲ့ဆံပင်တွေက ဒီလောက် ရှည်နေတာ၊ ဒါ သူ ဟုတ်ပါတယ်လို့ တွေးပြီး အတည်ပြုခဲ့ရတာမျိုးပေါ့။ မပျက်မကွက် ရောက်ရှိလာမယ့် အချိန်ကာလတွေကတော့ ကိုယ်တို့အားလုံးရဲ့ မျက်နှာတွေကို တိုက်စားပစ်လိုက်မှာပဲ။ အတူတူ အိပ်တယ်၊ နိုးလာတယ်၊ လမ်းထလျှောက်တယ်။ အတူတူ အိပ်တယ်၊ နိုးလာတယ်၊ လမ်းထလျှောက်တယ်၊ ဒီလိုနဲ့ တစ်နေ့မှာ သင်ဟာ ဘာအတွက်ကြောင့် လမ်းလျှောက်နေခဲ့မှန်းတောင် မသိတော့တာမျိုးပေါ့။ ဒီအချိန် ရောက်လာတဲ့အခါ သင့်ချစ်သူက ဘာအတွက်ကြောင့် သူ့ရဲ့ မျက်ရစ်တွေကို ဆုံးရှုံးခဲ့ရတယ် ဆိုတာကိုလည်း သင် မေ့လျော့သွားလိမ့်မယ်။ သူ့ရဲ့ ဆုံးရှုံးသွားတဲ့ မျက်ရစ်တွေအတွက် တံတားလက်ရန်းကနေတောင် သင် ခုန်ချမိဦးမယ်။ ဒီအချိန်မှာ မြစ်ရေတွေကလည်း သင့်ရဲ့ မျက်နှာကို တစ်ခါ ပြန်ပြီး တိုက်စားသွားမှာပဲ။ ဒါပေမဲ့ သင့်ရဲ့ ဝိညာဉ်ဟာ တခြားသူတစ်ယောက်ရဲ့ မျက်လုံးထဲကနေ ဆန့်ကျင်ဘက်က လာနေတဲ့ လူတွေရဲ့ မျက်နှာကို ကြည့်ပြီး သင့်ချစ်သူ မျက်ပေတုံးလေးကို ရှာဖွေနေလိမ့်ဦးမယ်။ သင့်ချစ်သူကတော့ သင့်ကို ဘယ်တော့မှ မှတ်မိတော့မှာ မဟုတ်ဘူး။ မိုးရဲ - The Haunting of Bly Manor
2022-04-1403 mineaineain2022-04-0208 mineaineain2022-03-2900 mineaineain
eaineainချစ််ခြင်းရဲ့တည်ငြိမ်အမှတ်by ငုအိမ်ထက်မြတ်(ကမ္ဘာကဗျာနေ့ အမှတ်တရ) ချစ််ခြင်းရဲ့တည်ငြိမ်အမှတ် -------------------------------------- နဖူးကိုပဲနမ်းနမ်း ပါးကိုပဲနမ်းနမ်း ခြေဖမိုးလေးကိုပဲနမ်းနမ်း ချစ်ခြင်း​တွေပွင့်အန် ချစ်ခြင်းကိုဖွင့်ဟတဲ့အပြုအမူပါပဲပေါ့ ချစ်ခြင်းရဲ့အထွတ်အထိပ်ဒီဂရီဟာ အတိုင်းအတာ​ပြရဲ့ဘယ်အရစ်လဲ ချစ်ခြင်းရဲ့တည်ငြိမ်အမှတ်ဟာ ဘယ်အမှတ်လဲ လူ့သမိုင်းဟာ မရပ်မနားပေမဲ့ တည်ငြိမ်မှုဆီဦးတည်နေတတ်စမြဲပဲမဟုတ်လား အနည်ကတော့ ထသွားခဲ့ပြီလေ စလိုဂန်လား ဘန်နာလား သံပုံးလား တိတ်ဆိတ်မှုလား မိုလိုတော့ပ်လား တူမီးလား နာနတ်သီးလား ​ရော့ကက်လား တည်ငြိမ်မှတ်ဟာ စောင့်နေရဲ့ ချစ်​သွေးဒိတ်ဒိတ် ချစ်ဖျားငွေ့​ငွေ့ မလျော့မမေ့ စစ်ဆီဝေ့ တိုင်း​ပြည်ကလည်း ရွေ့နေရဲ့ ငုအိမ်ထက်မြက် ၆ မတ် ၂၀၂၂
2022-03-2101 mineaineain2022-03-1207 mineaineain2022-02-2601 mineaineain2022-02-1105 mineaineain2022-02-0404 mineaineain2022-01-3001 mineaineain2022-01-1907 mineaineain2022-01-0802 mineaineain2022-01-0702 mineaineain2021-12-2204 mineaineain2021-12-2001 mineaineain2021-12-0902 mineaineain
eaineainထောင်ထဲကစာ၊ ကေဇဝင်းထောင်ထဲက စာ ________________ကေဇဝင်း သို့/ အဖေ လူတချို့ကြောင့် ဝမ်းဗိုက် ပေါက်ထွက်သွားတဲ့ မြစ်ဟာ ကမ်းနဖူးက အိမ်ကလေးကို ရန်ရှာနေပြီမဟုတ်လား အဖေ...။ အိမ်ကလေးရဲ့ရှေ့နားက မြစ်ကမ်းပါးမှာ မျောတိုင်စိုက်ဖို့ ရေစာဖြည့်ဖို့ သဲအိတ်ချဖို့ တယောက်ယောက်ကို အဖေ မျှော်နေမှာပဲ။ ဝါးလုံးထိုး တက်လာတဲ့ မြစ်ရေညစ်ညစ်မှာ ပျစ်ခဲနေအောင် လဲကျနေမယ့် ရိတ်သိမ်းရလုနီး ရေသွင်းနှမ်းခင်းတွေကို ငေးကြည့်ပြီး ဝါးနေဆဲ ထမင်းလုတ်ကို ကလော်အထုတ်ခံရသလို ဖြစ်နေမလား ရန်သူမျိုးငါးပါးအကြောင်းကို ဆင်ခြင်ပြီး အဖေမြတ်နိုးရာဘာသာတရားနဲ့ ဖြေတွေးနေမလား လစ်ဟာနေတဲ့ တယောက်စာလုပ်အားကိုပဲ တောင့်တများ တောင့်တနေမလား။ သား ၁၊ သမီး ၂၊ သား ၁ မှာ သား ၁-က အချုပ်ကျ ကဗျာဆရာ သမီး ၂-က ကျောင်းဆရာမ နဲ့ ဘွဲ့ရထမင်းချက် နောက်ထပ် သား ၁-က ကျောင်းသား အဖေ့လက်ထဲက ကိုင်းခုတ်ဓားလောက်မှ အဖေ့သားကြီးကဗျာဆရာက "အား"ဖြစ်စေပါရဲ့လား အဖေ...။ ဘာကိုမှ မခွင့်လွှတ်ပါနဲ့ အဖေရေ "သားရေ.. ဖိုးချမ်း နောက်က လူသံတွေ ဆူညံလှချေလား" ဖုန်းထဲက အဖေ့မေးခွန်းကို "စာမူပို့ရင်း ကားမှတ်တိုင်မှာ ရောက်နေလို့" လို့ လိမ်ညာမိတဲ့ တရားရုံးထဲက အဖေ့သားက အစ "ကျေးဇူးရှင်တောင်သူဦးကြီးများ"လို့ လျှာဖျားကလေးနဲ့ မြှူမြှူပြီးမှ ကျောကို ချချသွားတဲ့ ခေတ်အဆက်ဆက်ရဲ့ ဓားပြကောင်တွေအဆုံး အားလုံးကို မုန်းပစ်လိုက်ပါ အဖေ...။ လက်နက် မပါဘဲ ပြည်သူ့ဥစ္စာကို ခိုးဝှက်တော့ သူခိုး လက်နက်ကိုင်ထားပြီး ပြည်သူ့ဥစ္စာကို လုယက်တော့ ဓားပြ သူခိုး အစိုးမရ ဓားပြ အစိုးမရ-နဲ့ အဖေတို့မှာ ဘယ်မလဲ အစိုးရ။ တောတွေ ဘာဖြစ်ဖြစ် တောင်တွေ ဘာဖြစ်ဖြစ် မြစ်တွေ ဘာဖြစ်ဖြစ် အုန်းသီးခြစ်သလို တိုင်းပြည်ကို ချစ်ပြပြီး အဆီအနှစ်ကို ခိုးစုပ်တဲ့လူတန်းစားတွေ သူတို့ပလ္လင်ကို တရစ်ချင်းမြှင့်ဖို့ဆို ဗုဒ္ဓသင်းကျစ်မှာတောင် သေနတ်ပြောင်းနဲ့ထစ်မှတ်ပြီး ညစ်ပတ်ခဲ့ကြ လူတန်းစားတွေ.. အဲဒီလူတန်းစားတွေကို ဆဲရေးဖို့ အဖေ့ဘာသာတရားက အဖေ့ကို ခွင့်မပြုရင် အဲဒီဘာသာတရားကနေ ကျောခိုင်းပြီး အဖေ့အစား သား ဆဲရေးပါရစေ အဖေ...။ အခုထိ အဖေမသိသေးပေမယ့် အဖေ့သားကြီးဟာ လူကောင်းသူကောင်းတွေအပေါ် အကြမ်းမဖက်ဖို့ ရဲတပ်ဖွဲ့ဆိုတာကြီးကို တောင်းဆိုရင်းက မတရားတဲ့ လံကြုတ်ပုဒ်မတွေနဲ့ ထောင်ထဲမှာ အချုပ်ကျနေလေရဲ့။ တနေ့မတော့ သူခိုးမဟုတ်တဲ့ အဖေ့သားက ဓားပြမဟုတ်တဲ့ အဖေ့သားက အဖေ့အတွက် အားလည်း ဖြစ်ရပါစေမယ် အဖေ ဓားလည်း ဖြစ်ရပါစေမယ် အဖေ...။ အခုနေမတော့ အဖေ့ပခုံးနဲ့ ထွန်ယက်ထားပြီး ရေလွှမ်းသွားတဲ့ ယာမြေပြင်တွေကို ငေးရီကြည့်မောရင်း တောင်သူလယ်သမားသမဂ္ဂသီချင်းကိုပဲ ဆိုနေရစ်ပါဦး အဖေရေ...။ ။ မှ/ သား - ကေဇဝင်း သာယာဝတီဗဟိုအကျဉ်းထောင် ဆောင် ၁၀ / ခန်း ၁
2021-12-0804 mineaineain
eaineainရန်ကုန်မှာရေးတဲ့ကဗျာ၊ မောင်သင်းခိုင်ရန်ကုန်မှာရေးတဲ့ကဗျာ _______________________________ မောင်သင်းခိုင် (၁) စပိန်ပြည်ရဲ့ ဖက်ဆစ်အာဏာရှင်ကြီး "ဖရန်ကို"ကွယ်လွန်သွားပြီဆိုတဲ့သတင်း တနိုင်ငံလုံးက ပြည်သူတွေကြားလိုက်ရတော့...... သမရိုးကျမြန်မာစကားနဲ့ပြောရရင် လှည်းနေ၊လှေအောင်း၊မြင်းဇောင်းမကျန် အနှစ်နှစ်အလလက စစ်သံခွါအောက်မှာ ပြားပြားဝပ်ခဲ့ရတဲ့ ဦးခေါင်းတွေ ထူမတ်လာကြပြီး လမ်းမတွေပေါ်ထွက်လာခဲ့ကြ လွတ်ပြီဟေ့ ကျွတ်ပြီဟေ့ မင်းဆိုးမင်းညစ် ဖက်ဆစ်လက်က လွတ်ပြီ ကျွတ်ပြီဟေ့ လွတ်ပြီ အိမ်ရှင်မ မိန်းမသားထုကြီးကလည်း ဟော့သလို မေတ္တာပို့ကြလေရဲ့ ဟဲ့....သေနာကောင်၊သေချင်းဆိုး"ဖရန်ကို"နင့်အလှည့်ရောက်ပြီလေ ဟဲ့..... .....အုတ်ကြားမြက်ပေါက်ကောင်ရဲ့ သွားတော့ ၊သွားတော့ ငရဲမင်းကြီးရဲ့ သံသရာဝဲဂယက်မှာ နင်လည်စင်းခံပေရော့ ဟဲ့....."ဖရန်ကို"အလှည့်ကျရင် မနွဲ့ရဘူးဆိုတာ မှတ်ထား။. ။ (၂) အဲဒီညက "ဖရန်ကို".........ကို ကောင်းချီးပေးတဲ့အနေနဲ့ တပြည်လုံး ပျော်ရွှင်မှုအထိမ်းအမှတ်အဖြစ် သောက်လိုက်ကြတဲ့ အရက်တွေ စပိန်တစ်ပြည်လုံး ရှန်ပိန်တွေပြတ်သွားကြသတဲ့ အဲဒီအကြောင်းကို သတင်းစာတွေကရေးသားခဲ့ကြတယ်။ ။ (၃) ကဲ...... နေထက်နိုင်ရေ့..........တို့လဲ လိုရမယ်ရပေါ့ကွာ ဘယ်လို အရက်မျိုးပဲဖြစ်ဖြစ်ပေ့ါလေ မင်းတို့ငါတို့ ခုကတည်းက ကြိုတင်ပြီးစုဆောင်းထားကြရင် မကောင်းဘူးလားဟေ့။ ။ မောင်သင်းခိုင်
2021-12-0701 mineaineain2021-12-0102 mineaineain2021-11-2704 mineaineain
eaineainကျောင်းဘင်ခရာတီးဝိုင်း၊ လွန်းဆက်နိုးမြတ်ကျောင်းဘင်ခရာတီးဝိုင်း လွန်းဆက်နိုးမြတ် အတန်းထဲက ငါတို့ ဂွင်းမှန်းထုနေကျ စပ်စလူးမတွေ စကပ်တိုကိုယ်စီနဲ့ ပန်းပွားကိုယ်စီနဲ့ ရှေ့ဆုံးက ကောင်မက စလွယ်တွေ ဘာတွေ လွယ်လို့ အလံတွေ ဘာတွေကိုင်လို့။ မာစတာဘေးရှင်းဆိုတဲ့ စကားလုံးကို ဘယ်နတ်ဘုရားမှ ငါတို့ကို လာအလင်းမပြသေး။ ငါတို့ဖို့ အောစာအုပ်တွေ ဘယ်ကမှန်းမသိ မ မ လာတဲ့ ဟိုမအေးပေးကလည်း ဝတ်စုံဖြူတောက်တောက်ပြောင်ပြောင်နဲ့ ဒီကောင် ငါ့ရှေ့က ပုလွေမှုတ်ရင်း ဖြတ်သွားတော့ ငါဖီးလ်တက်ပြလိုက်တယ်။ သူ့စာသင်ချိန်တွေမှာ ငါတို့ကို လိင်ကိစတွေ ခပ်ကြမ်းကြမ်းပြောတတ်တဲ့ သချာ်ဆရာလည်း တပည့်တွေကို ခပ်လှမ်းလှမ်းက ကြည့်ရင်း ပြုံးနေတယ်။ အဲဒီ့တုန်းက လိင်ပညာပေးဆိုတဲ့ စကားလုံး ငါတို့ မကြားဖူးသေးဘူး။ ကျောင်းဘင်ခရာတီးဝိုင်းက သီချင်းနှစ်ပုဒ်ပဲ တီးတတ်တာ ငါတို့က သိတယ်။ တပုဒ်က နိုင်ငံတော်သီချင်း နောက်တပုဒ်က ဟသ်ာတမြင့်ငွေရဲ့ မြန့်မာ့အားကစား ကမာကို လွှမ်းစေရမယ်စာသားပါတဲ့ သီချင်း ကျောင်းဘင်ခရာတီးဝိုင်းကို တကျောင်းလုံး အာရုံကျနေတုန်း အပေါင်းအသင်းနှစ်ယောက်နဲ့ ကျောင်းအိမ်သာနောက်က နံရံပေါ် ကျော်တက် တရုံလုံးဘုန်းကြီးတွေပြည့်နေတဲ့ အောကားပြတဲ့ ဗီဒီယိုရုံဆီ ငါတို့ ထွက်ခဲ့တယ်။ အဲဒီ့တုန်းက ငါတို့ လွယ်အိတ်ထဲမှာ စောက်ပုံနှိပ်စာအုပ်တွေအများကြီး ငါတို့ရဲ့ ခေါင်းပေါ်က ကောင်းကင်မှာကျ ငါတို့ ပစ်ချမရတဲ့ စောက်ကြိုးကြာငှက်တွေက ဗွီပုံသဏ္ဌာန်စုဖွဲ့ပျံသန်းလို့။
2021-11-2001 mineaineain
eaineainအာရှတိုက်ရဲ့တနေရာ၊ လှသန်းအာရှတိုက်ရဲ့တစ်နေရာ ________________________________ လှသန်း (၁) အမှန်တကယ်ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ပြည်ရဲ့ရွာ မြို့တော်နဲ့ ကီလိုမီတာ ၆၀ ခန့်ဝေးတဲ့နေရာ အဝေးပြေးလမ်းမကြီးရဲ့ပခုံးပေါ်မှာ လေးထပ်တိုက်တစ်လုံးနဲ့ ဖွဲ့စည်းထားတဲ့ရွာ အာရှတိုက်ရဲ့တစ်နေရာလို့ဆိုပါစို့ အဲဒီရွာရဲ့ အဋ္ဌမမြောက်အခန်းတစ်ခန်းထဲမှာ အင်ဒိုနီးရှားလူငယ်လေးယောက် (နှစ်ယောက်က ညီအစ်ကို) ဘင်္ဂလားဒေရ်ှလူရွယ်တစ်ယောက် ပြီးတော့ ငါတို့နှစ်ယောက် ဓာရဏပရိတ်၊ ကိုအန်ကျမ်း၊ ရော့ခ်သီချင်း ဂျင်းဘောင်းဘီ၊ ဝါယာကြိုးခွေများနဲ့ အမျိုးအမည်မသိ အလှမွေးငှက်နှစ်ကောင် တစ်အိုးတစ်အိမ်ထူထောင်လို့နေကြ သူတို့ဘဝတွေဟာ အရှေ့တောင်အာရှကျွန်းဆွယ်ပေါ်က အကြမ်းထည်ပစ္စည်းပစ္စယတွေနဲ့ ခပ်ဆင်ဆင်တူနေရဲ့ (၂) နာရီစက်သံကြောင့် အထိတ်တလန့်နိုးထ အိပ်ရေးမ၀တဲ့မျက်လုံးထဲမှာ နှင်းတွေအတုံးအရုံးကျနေတဲ့ မနက်ခင်း ရွာလည်လမ်းထိပ်မှာ ရေသန့်ဘူးကိုယ်စီနဲ့ အလုပ်ဆင်းဖို့ အဆင်သင့်ဖြစ်နေပြီ တစ်နေကုန် မြို့တော်ကြီးဆီကိုသွား မြင့်မားတဲ့အဆောက်အအုံခေါင်းမိုးတွေပေါ်တက် ဆံပင်တွေ အရည်ပျော်ကျမတတ် နေရောင်အောက်မှာ ချွေးတွေ သံတွေနဲ့ မချိမဆန့် အလုပ်လုပ်ကြ အဲဒီအလုပ်က အသက်အန္တရာယ်နဲ့နီးပေမယ့် “ငွေမရှိတာလည်း အသက်အန္တရာယ်နဲ့ နီးတာပဲ”လို့ ဘင်္ဂလားဒေရ်ှလူရွယ်က မှတ်ချက်ချတယ် နေ၀င်ရီတရောမှာ ကျောပေါ်အမောတွေထမ်းပြီးပြန်လာကြ ရေချိုးခန်းကို သူ့ထက်ငါဦးအောင် အလုအယက်တိုးခွေ့၀င်ကြ ဒါဟာနိစ္စဓူ၀ကိစ္စ ညက် တစ်ဆိုင်တည်းသော ပင်လယ်စာဆိုင်မှာ ဒေသရဲ့ရိုးရာထမင်းကြော်ကိုစားရင်း စကားစမြည်ဆိုကြ ကျိုးပဲ့နေတဲ့ဘာသာစကားနဲ့ပ ပြီးတော့ ကိုကာကိုလာတစ်ပုလင်းသောက်ရင်း လေးညှင်းနံ့သင်းတဲ့ စီးကရက်ကို ဖွာရှိုက် ဂျက်ဂွာကားတစ်စီးရဲ့နောက်ကို ပြေးလိုက်သွားတဲ့စိတ်ကူးတွေ သဘာ၀ကျပါတယ်လေ စားသောက်ဆိုင်ကအပြန် လမ်းဘေးအများသုံးဖုန်းကနေ ကိုယ့်တိုင်းပြည်ကို ဖုန်းဆက်သူဆက် တိုက်ပေါ်ပြန်တက်ပြီး ရေဒီယိုကို နားထောင်သူနားထောင် နေ့လယ်ကတွေ့ခဲ့တဲ့ ပေါင်တံဖြူဖြူတရုတ်မလေးတွေကို စိတ်ကူးယဉ်သူယဉ် အဓမ္မကျင့်ခံလိုက်ရတဲ့ ဖိလစ်ပင်းအိမ်ဖော်မလေးအတွက် ကရုဏာသက်သူသက် နေရပ်ပြန်ပို့ခံ ဗီယက်နမ်တွေအတွက် စိတ်မကောင်းဖြစ်သူဖြစ် ဘုရား၀တ်ပြုသူကပြု သမားရိုးကျ လူ့အဖွဲ့အစည်းငယ်လေးပါပဲ (၃) နေ့စဉ်နဲ့အမျှ ကျွဲလိုနွားလို အလုပ်လုပ်ရ အခန့်မသင့်ရင် ခွေးသေ၀က်သေ သေသွားကြ နက်ရှိုင်းလှတဲ့ ဆင်းရဲတွင်းထဲက ခုန်ထွက်ဖို့ အလုအယက်ကြိုးစားရင်း အာရှတန်ဖိုးဆိုတာဘာလဲ ကွန်ဖြူးရှပ်ယဉ်ကျေးမှုဆိုတာဘာလဲ အာရှကျားတွေထွားကျိုင်းဖို့အ ရေး ခိုင်းနွားတစ်ကောင်လို လုပ်အားပေးခဲ့တာကိုပဲ ဂုဏ်ယူရမလား အာရှတိုက်ကြီးကတော့ အပျိုပေါက်တစ်ယောက်လိုခြယ်သ ဂျပန်၊ ဥရောပနဲ့အမေရိကကို မျက်စပစ်နေလေရဲ့ (၄) ပြန်လည်ဆန်းစစ်ကြည့်တော့ ငါတို့ဟာ စက်ရုံတစ်ရုံမဖြစ်နိုင်ခဲ့ ငါတို့ဟာ ကုမ္မဏီတစ်ခုမဖြစ်နိုင်ခဲ့ ငါတို့ဟာ ဘဏ်တိုက်တစ်ခုမဖြစ်နိုင်ခဲ့ ငါတို့ဟာ စျေးကွက်တစ်ခုကို မဖန်တီးနိုင်ခဲ့ ငါတို့ဟာ စျေးပေါတဲ့ ကုန်ကြမ်းတွေသာဖြစ်တယ် အာရှတိုက်ရဲ့တစ်နေရာမှာ စတေးခံဘ၀များစွာ ငါတို့ဟာ ငြိမ်းချမ်းရေးမရနိုင်သေးပါဘူးကွာ ငါတို့ရဲ့ဘ၀ဟာ ဘာမှ မသေချာလှ အဲဒီလို မသေချာမှုတွေထဲကပဲ သေချာတဲ့ဘ၀ကို တည်ဆောက်ယူရတာ တို့လူသားတွေရဲ့ မွေးရာပါတာ၀န်ပဲ မဟုတ်လား (၀ဋ်ကြွေးလည်း ဖြစ်နိုင်ရဲ့) ခုမှ ငါ့ရဲ့ ကိုယ်ပိုင်ကောင်းကင်မှာ ကြယ်ရောင်မှိန်ပျပျ မြင်ရရုံပဲ ရှိပါသေးတယ် တစ်ခါတစ်လေ နံရံပေါ်က ကမ္ဘာ့မြေပုံကို ကြည့်ရင်း ငါလွမ်းနေမိရဲ့ ငါလွမ်းနေခဲ့တာ ပီဇာနဲ့ ဟမ်ဘာဂါတွေကို မဟုတ်ဘူး ဟာဒ်ရောခ်ကဖေးကို မဟုတ်ဘူး “နိုင်ငံကူးလက်မှတ်” လို့ အမည်ရတဲ့ ၀ီစကီပုလင်းလှလှကို မဟုတ်ဘူး အောင်လက်မှတ်တွေနောက်ကို လျှောက်လိုက်နေတဲ့ ကျွန်းတစ်ကျွန်းကို မဟုတ်ဘူး မီရှယ်ယိုဆိုတဲ့ ရုပ်ရှင်မင်းသမီးကို မဟုတ်ဘူး ငါလွမ်းနေခဲ့တာ ကံခေပေမယ့် ချစ်စရာကောင်းနေတဲ့ တိုင်းပြည်တစ်ပြည်ကိုပါ လေပြင်းထန်တဲ့ကမ်းခြေက ငါ့ရဲ့ ခြေတံရှည်အိမ်လေးကိုပါ (၅) “အမျိုးသားက နိုင်ငံခြားမှာလေ……”ဆိုပြီး ရပ်ကွက်ထဲမှာ တစ်ချို့ဇနီးမယားတွေ ပါးစပ်အရသာခံကြတာမျိုးအတွက်နဲ့တော့ ဒီနေရာကို ငါဘယ်ထွက်လာပါ့မလဲ မအိုဖအိုတွေရှိနေစဉ်မှာ အဆင်ပြေပြေ အကြွေးကင်းကင်း ရှိနေစေချင်တာအတွက် ငါ့ဆန္ဒတွေကို ကွက်မျက်ခဲ့ရတာပါ မိသားစုနဲ့ အိမ်ကို ခွဲခွါခဲ့ သူငယ်ချင်းများနဲ့တိုင်းပြည်ကို ခွဲခွါခဲ့ အဲဒီအတွက်ရမယ့် ဆုလာဘ်ဟာ စင်္ကာပူက ကြိမ်ဒဏ်မျိုးတော့ မဟုတ်တန်ရာ အသားမာတက်နေတဲ့လက်နဲ့ ပြက္ခဒိန်ပေါ်က နေ့တွေကို ရေတွက်ရင်း “လေယာဉ်ပျံတွေမြင်ရင် အိမ်ပြန်ချင်တယ်”လို့ ညည်းမိ ဒါပေမယ့် သု၀ဏ္ဏသျှံမဟုတ်တော့………. (၆) ခုတော့ အာရှကျားတွေရဲ့ပါးစပ်ထဲက အမဲသားတစ်ဖက် သွားကြားညပ်ခဲ့ရင်ခွင့်လွှတ်ပါ ဒါဟာ ဒဏ္ဍာရီမဟုတ်ပါဘူး အာရှတိုက်ရဲ့တစ်နေရာက မြုံနေတဲ့အနာတွေပါ ရင်းနေတဲ့အနာတွေပါ။ ။ လှသန်း
2021-11-1607 mineaineain2021-11-1205 mineaineain2021-11-0804 mineaineain2021-10-3103 mineaineain
eaineainသင်ယူရမယ့်လမ်း၊ စိုင်းဝင်းမြင့်"သင်ယူရမယ့်လမ်း" _________________ မင်း မျက်နှာကို မတွေ့ရတဲ့နေ့ဟာ လမ်းမှားတော့တာပဲ မင်းက နေနိုင်တယ် ချစ်တာကို ချစ်တယ်လို့ ဖွင့်မပြောဘူး အသေခံတယ် ။ မင်းဆီက ပျော်ရွှင်မှုကို မရတဲ့နေ့ဟာ တစ်နေရာရာမှာ ပျက်ကျတော့တာပဲ ။ မင်းက ဆယ့်ငါးမိနစ် တစ်ခါ တကယ်ချစ်ရဲ့လား မေးပြီး ငါးမိနစ် တစ်ခါ ‘ ပြန်မယ် ၊ ပြန်မယ် ’ ပြောလို့ ပျံသန်းခြင်း အတတ်ပညာကို မင်းဆီက သင်ယူနေရတာ ငါက မစဉ်းစားဘဲ အော်ဟစ်နေသူလား မင်း ဘယ်တော့မှ မမှားဘူး ။ ငါ့ရဲ့ အမှားက တအားထက်လို့ ဘာမဆို ငါ့ကိုထိရင် ပြတ်လို့ စိတ်ရူးပေါက်ခဲ့စဉ် အခါက ငါ့ဘက်က ဖြတ်စာလည်း ပေးခဲ့ဖူးတယ် ။ ငါ့အနားမှာ မင်း ရှိရုံနဲ့ မလုံလောက်သေးဘူး ငါက လောဘအရမ်းကြီးတာပဲ မင်းကို မရရင် ဘာမှမယူဘူး ငါ တစ်ယောက်တည်းရှိတဲ့ အခန်းတွေမှာ မီးရှို့ဖို့ ငရဲဆီသွားတဲ့ လမ်းဆိုလည်း မင်း နှုတ်ခမ်းတွေကို နမ်းချင်တယ် ရေဝင်ပေါက်လေး တစ်ပေါက်နဲ့ သင်္ဘောကို မနစ်မြုပ်စေနဲ့ ဓာတ်တိုင်မှာ ဓာတ်ကြိုးတွေ ရှုပ်ထွေးနေပေမဲ့ သူ့သွေးနဲ့ သူ စီးဆင်းတယ် မင်း သူငယ်ချင်းတွေကို မင်း ပြောခဲ့တယ်ဆို ‘ ကျွန်မတို့ ပြတ်သွားတာ မဟုတ်ဘူ ကျွန်မတို့ ဝေးသွားတာ ’ ‘ ကျွန်မတို့ ပြတ်သွားတာ မဟုတ်ဘူး ကျွန်မတို့ ဝေးသွားတာ ’ ကျွန်မတို့ . . . ကျွန်မတို့ . . . ။ ဇန်နဝါရီ ကုန်သွားတယ် ဖေဖော်ဝါရီ ကုန်သွားတယ် ဒီဇင်ဘာ ရောက်လာတယ် ပြတင်းပေါက်တွေ ဖွင့်တယ် တစ်နေ့တည်း ရွက်ဆုတ်ပြက္ခဒိန်ကို လေးငါးရွက် ဖြဲပစ်တယ် ၂၀၀၁ ရောက်လာတယ် ၂၀၀၂ ရောက်လာတယ် ဖွင့်ထားတဲ့ ပြတင်းပေါက်မှာ ရောက်ရှိလာတော့လည်း အမှောင် အသက်ရှိသူအဖြစ် ဟန်ဆောင်တွေ့ဆုံလို့ ‘ ဒီမှာလည်း ကျွန်မကိုယ် ကျွန်မ ထိန်းရတာ ’ ‘ ဟိုမှာလည်း ကျွန်မကိုယ် ကျွန်မ ထိန်းရမှာ ’ ‘ ကျွန်မ ရန်ကုန် သွားမယ် ’ နင့်အဖေ မျက်နှာကို မြင်ချင်ရင် နင့်မျက်နှာကို နင် မှန်ထဲပြန်ကြည့် ရန်ကုန်ကို ဘာထင်နေသလဲ လွယ်လွယ်နဲ့ အသက်ရှင်လို့ မရဘူး ရန်ကုန်ဟာ စစ်မြေပြင် ။ ငါတို့က ဘဝနဲ့သာ တွေ့ခဲ့ရတာ ဆိုတော့ အရူးရူးသက်သက်နဲ့ စလို့မရဘူး မင်းက ဝေးကွာခြင်းကို စတင်မယ် ဆိုရင် ငါက ဝေးကွာခြင်းကို ချဲ့ထွင်မယ် ပခုံးပေါ်က လက်ကို ဆွဲဖြုတ်ဖို့ စိတ်မကူးနဲ့ အဲဒီ ချောက်ကမ်းပါးက ကျရင် မပေါ်တော့ဘူး မင်း ရှေ့မှာ ငါ ရပ်နေရင်း မင်း အနောက်ကို ငါ ရောက်ရောက်သွားတာ မြင်ရ မင်း လက်ကို ဆုပ်ကိုင်ထားရင်း ဆုပ်ကိုင်ထားတဲ့လက် သွေးဆုတ်သွားတာ မြင်ရ နှစ်ယောက်တည်းပဲ ရှိနေတာ ပြောလက်စ စကားကို ဖြတ်ချလို့ မင်းက အမြဲတမ်း နောက်လှည့်လှည့် ကြည့်နေတော့တာပဲ ။ အခုတော့ လိုနေတဲ့ အရောင်တစ်ရောင်နဲ့ အချစ်က ဘယ်တော့မှ မပြီးတဲ့ ပန်းချီကား စုတ်ချက်ဟာ ဘယ်နေရာမှာ အဆုံးသတ်မလဲ ငါဟာ လမ်းများသူပါကွာ ပြန်လည်တွေ့ဆုံမှုဟာ တကယ် ချစ်ခဲ့တာ မဟုတ်ဘူး ငြင်းမလို့လား ဘဝကို လောင်နေတဲ့မီးမှာ မင်းက ဘယ်တော့မှ မစွဲလောင်ဘူး အလင်းရောင်ကိုပဲ ယူတယ် ငါ့အချစ်ကလည်း အသက်မစွန့်ရရင် မပျော်ရွှင်ဘူး သေနေတဲ့ အပင်ကို ရှင်အောင်စိုက်တယ် ။ ။ -စိုင်းဝင်းမြင့်
2021-10-3104 mineaineain
eaineainနယ်နမိတ်များ ရေးဆွဲခြင်း၊ အောင်ခင်မြင့်ဒီလိုနဲ့ နယ်နမိတ်တွေဟာ အလယ်မှာရှိမှန်း၊ နှစ်များစွာနေပြီးမှ သင်ရိပ်မိလာလိမ့်မယ်၊ မျက်စိမမြင်တဲ့လူက နံရံအဆုံးကို တောင်ဝှေးနဲ့ တဒေါက်ဒေါက်စမ်းနေသလို နယ်နမိတ်ဆိုတာ အစွန်အဖျားမှာလို့ သင်ထင်ခဲ့ ဥယျာဉ်ရဲ့ နယ်နမိတ်ကို အုတ်တံတိုင်းဆိုလို့ အဲ့ဒီအပေါ်ပွင့်တဲ့ပန်းတွေက ရယ်ကြလေရဲ့ ငါတို့ဟာ တဖန်ပြန်ငယ်ရွယ်ခဲ့ပြန်ရင်လည်း မြေတိုင်းအရာရှိပေါက်စတွေလို တက်ကြွမှုနဲ့ အချစ်ရဲ့နယ်ခြားမျဉ်းကို လျှာနဲ့ရေးဆွဲဦးမှာပဲ အိမ်ထောင်ရေးကိုလည်း သစ်စာမဲ့မှုနဲ့ အနားကွပ်တဲ့ ရောင်စုံစပ်စောင်ကြီးအဖြစ် ငါခြုံခဲ့တယ် ပြီးတော့အဲ့ဒီ့စောင်အောက်မှာ ငါတာဝန်ထမ်းခဲ့ အဝတ်မပါ ကိုယ်တုံးလုံးနယ်ခြားစောင့်ရဲအဖြစ်နဲ့ နယ်စပ်ရောက်ရင်တော့ ရဲမှန်ရင် အချုပ်ကျဖူးမှ မိန်းမနှစ်ယောက်နဲ့အိပ်ပြီး ပိုက်ဆံနှစ်မျိုးသုံးဖူးမှ နိုင်ငံနှစ်ခုကိုမြစ်နဲ့ခြားထားတဲ့အခါမျိုးမှာ နိုင်ငံမဲ့တွေဟာ မြစ်လယ်ကသောင်မှာနေသလိုမျိုး ငါဟာ နယ်နမိတ်ရဲ့အဟကို အမြဲရှာနေမိတယ်၊ ငါတို့ဟာ နယ်နမိတ်ကို အမြဲပြန်ဆွဲနေရ ခွေးဟာ သူ့နယ်နမိတ်ကို နေ့စဉ်သေးနဲ့ရေးသလိုပေါ့၊ ဒါမှမဟုတ် ကိုလိုနီခေတ်က နေ့လည်စာစားရင်း ထိုင်ရာမထ လက်နဲ့ လေထဲ ဟိုထိုးဒီထိုးပြပြီး ဘယ်တော့မှ ပြန်ပေါင်းစည်းလို့မရမယ့် အမြွှာနိုင်ငံရဲ့ နယ်ခြားစည်းကိုဆွဲခဲ့တဲ့ မျက်နှာဖြူလို မြေကြီးပေါ် တုတ်နဲ့ခြစ်ပြီး ငါတို့မျဉ်းသားမလား မဟုတ်ရင်လည်း ကလေးတွေကစားသလိုမျိုး ထမင်းရည်ပူစည်း ချမလား တံတွေးနဲ့ မှတ်မလား၊ မဟုတ်လည်း လျှပ်စစ်လွှတ်ထားတဲ့ သံဇကာပေါ့ သစ်ပင်တပင်ကို စည်းရိုးခတ်ရုံနဲ့နတာ့ ငှက်တွေမလာအောင် လုပ်လို့မရဘူးလေ ပြီးတော့ ငှက်တွေစားခဲ့တဲ့ သစ်စေ့တွေကနေ နယ်နမိတ်တွေဟာ နေရာအနှံ့ပြန့်ကျဲကုန်ရဲ့၊ နယ်နမိတ်ဆိုတာ အနားသတ်မဟုတ် ကမ်းစပ်မဟုတ် နယ်နမိတ်ဆိုတာ ရင်ချင်းဆက်အမွှာရဲ့ တခုတည်းသောနှလုံးအလယ်က ဆော့ဖ်ပ်ပင်ရာပဲ။ ။
2021-10-2502 mineaineain2021-10-1602 mineaineain
eaineainမင်းထွက်သွားတုန်းက၊ လူအိမ်မင်းထွက်သွားတုန်းက အာဏာသိမ်းပြီးစ ညနေ နေဝင်ရီတရောပေါ့ စစ်တပ်အိမ်ကိုလာဝိုင်းတယ် မင်းအမေ ကြောက်လိုက်တာ ကြက်သီးမွေးညှင်းထ အသားတွေဆတ်ဆတ်တုန်ပေါ့ အိမ်သားတွေလည်း ချောင်မှာဝပ်လို့ ။ မင်းထွက်သွားတုန်းက မင်းညီကို မင်းနဲ့မှားပြီး ရဲတွေလာဖမ်းသွားတယ် နောက်ကျမှ တစုံတယောက်က သူဟာ မင်းမဟုတ်ဘူးဝင်ပြောမှ သူ့ကို ပြန်လွှတ်ပေးလိုက်တယ် ။ မင်းထွက်သွားတုန်းက မင်းညီမ ဌာနဆိုင်ရာ အလုပ်ကောင်းကောင်း တခုရဖို့ ကြုံတယ် ဒါပေမဲ့ နောက်ကြောင်း ရာဇဝင်လိုက်တော့ ( သူတို့အလို ) မင်းက ဆန့်ကျင်ရေးသမားဖြစ်နေတာနဲ့ မင်းညီမ ခန့်စာနဲ့လွဲသွားတယ် ။ မင်းထွက်သွားပြီး နောက်နှစ်တွေ သူတို့ ငါ့ဆီ ခဏခဏလာတယ် မင်းအကြောင်းလာစုံစမ်းတယ် မင်းသတင်းတွေ လာလာမေးတယ် နောက်ဆုံး မင်းနဲ့အခင်ဆုံး သူငယ်ချင်း ဘယ်သူလဲ မင်း ရည်းစား ဘယ်သူလဲ ဒါတွေကအစ ငါ့ကို လာလာ မေးတယ် ။ တရက် ... ငါလည်း စိတ်မရှည်တော့တာနဲ့ ဆရာတို့ရယ် ဆရာတို့က ထောက်လှမ်းရေးတွေပဲ သူဘယ်ရောက်နေမှန်း ဆရာတို့တောင်မသိတာ ကျနော် ဘယ်လိုသိနိုင်မှာလဲ ဆရာတို့သိရင် လည်း ကျနော့် ပြောကြ ပေါ့ ကျနော်လည်း ကျနော့်သား ဘယ်ရောက်နေတယ် သိချင်တာပေါ့လို့ ဒီတည်းက... သူတို့ ငါ့ဆီ မလာတော့ဘူး မင်းသတင်းလည်း မကြားရတော့ဘူး။ ။
2021-10-1201 mineaineain2021-09-2900 mineaineain2021-09-2901 mineaineain2021-09-2816 mineaineain2021-09-2203 mineaineain2021-09-1924 mineaineain
eaineainကျမျက်ရည်၊ သူဝေးအိုင်းရစ်ပန်းလေးတွေ ပွင့်လုရောပေါ့ လို့ နိုးထမိတဲ့ ဖေဖေါ်ဝါရီရဲ့ အဦးဆုံးနံနက်ခင်းမှာ မြို့ရဲ့မြူတွေကြားက သံချပ်ကားတွေခေါင်းထိုးထွက်လာတာကို တွေ့လိုက်ရတယ် ။ နောက်တော့ အမှောင်ရယ် ၊ ငရဲရယ် ၊ အား ....... လို့ မဆုံးတော့မယ့်အသံနဲ့ အာခေါင်ခြစ်အော်နေတဲ့ ဦးခေါင်းပွင့်မျိုးဆက်ရယ် ။ အချစ်ရေ တိမ်တွေက သေနတ်ဒင်နဲ့တူလိုက်တာ မင်းကြောက်လား ။ မကြောက်ဘူး၊ ရွံတာလို့ဖြေ ၊ ကိုယ်မင်းကို ပန်းလေးပန်ပေးချင်သေးတယ် ဒါပေမယ့် ဝမ်းနည်းစရာပဲ ဒီတိုင်းပြည်ဟာ ဘာပန်းမှပွင့်တော့မှာမဟုတ်ဘူး ။ မင်းရဲ့မျက်ရစ်ကလေးတွေ မို့နေပါလား ငိုကြွေးထားသလားကွယ် ၊ အတွင်းရော အပြင်ရော ငိုနေတယ်လို့ဖြေ ၊ ငိုပါ ချုံးပွဲချပြီး ငိုပါလေ ဒီအချိန်ရယ်နေတဲ့ မိန်းမတွေထက် ငိုနေတဲ့မိန်းမတွေကပိုလှတယ်လို့ထင်တယ် မင်းမျက်ဝန်းတွေက သိပ်လှတော့ ကျမျက်ရည်ကလည်း သိပ်ကိုလှမှာပေါ့ ။ ကိုယ်တို့အမိမြေ ချစ်စရာလေးနော် သေနည်းရောင်စုံနဲ့လေ ။ မင်းဘာအရောင်နဲ့သေချင်လဲ အနီရောင်နဲ့သေချင်တယ်လို့ဖြေ၊ ကိုယ်လည်း Crimson ဘက်ယိမ်းတဲ့အနီရောင်နဲ့သေမယ် ကိုယ်တို့ရက်သိပ်မကွာဘဲသေကြမယ် အရမ်းအေးတဲ့နိုင်ငံတွေမှာ ပြန်မွေးဖွားကြမယ် တက္ကသိုလ်အတူတက်ကြမယ် သမိုင်းစာအုပ်အတူဖတ်ကြမယ် မြန်မာနိုင်ငံအကြောင်းဖတ်မိတဲ့အခါ " ဒီနိုင်ငံကြားဖူးသလိုလိုပဲ ..." ဆိုတဲ့ မျက်မှောင်ကြုံတာမျိုးဖြစ်သွားလိမ့်မယ် ။ ကိုယ်တို့နောင်ဘဝရောက်နေပြီလေ။ အရင်ဘဝက အကြောင်းတွေ ပြန်မသိတော့ဘူးလေ ။ အရင်ဘဝအကြောင်း မှတ်မိနေဦးမယ်ဆိုရင် နောင်ဘဝဆိုတာကလည်း ဘာအဓိပ္ပါယ်ရှိမှာလဲနော့် ။ ကိုယ်တို့ သားမွှေးမဟုတ်တဲ့ အနွေးထည်တွေဝတ်မယ် တောင်ယဉ်စွန်းတန်းက တာရာတွေကို ကြည့်မယ် မင်းကို သွေးအားကောင်းအောင် ဂရုစိုက်မယ် နှစ်သစ်ကူးနီးရင် ကိုယ်တိုင်လုပ်ထားတဲ့ ဝိုင်တွေသောက်မယ် ။ ကိုယ်တို့နောင်ဘဝမှာ တကယ်ပျော်ရွှင်နိုင်လောက်တယ် ဒါပေမယ့် ထူးဆန်းတဲ့ ပြဿနာတစ်ခုတော့ ရှိချင်ရှိနိုင်တယ် ။ အဲ့ဒါကတော့ နှစ်စဉ် နှစ်တိုင်း ဖေဖေါ်ဝါရီလရဲ့ အစောဆုံးနံနက်ခင်းတိုင်းမှာ ကိုယ်တို့နိုးနေသည်ဖြစ်စေ အိပ်မောကျနေသေးသည် ဖြစ်စေ ကိုယ်တို့မျက်လုံးထောင့်စွန်းတွေက ဘယ်လိုမှ ရပ်တန့်လို့ရအောင် မျက်ရည်တွေ တသွင်သွင်စီးကျနေလေ့ရှိတဲ့အကြောင်းပေါ့ ။ - သူဝေး -
2021-09-1702 mineaineain2021-09-1401 mineaineain2021-09-0721 mineaineain
eaineainခေတ်သစ် ဖရန်ကင်းစတိုင်းန်၊ ကောက်ကွေ့ကိုယ့်ကိုယ်ကိုသာ အကြောက်ဆုံးမို့ ဘယ်သူ့ကိုမှ ကြောက်စရာလည်းမရှိတော့ပါဘူး။ သံသယထက်နက်နဲတဲ့အမာရွတ်ဟာ မွှေးညှင်းပေါက်တွေအောက်မှာဖြစ်ပါတယ်။ ကိုယ်ခန္ဓာမှာ၊စိတ်ခန္ဓာမှာဖြစ်ပါတယ်။ ခေတ်သစ် ဖရန်ကင်းန်စတိုင်းန် ... တစ်နှစ်ပြီးတစ်နှစ်ကြီးကောင်ဝင်ဖွံ့ဖြိုးလာချိန်တွေကစလို့ ကုတ်ဖဲ့ချိုးဖျက်ခံရတဲ့ လက်သည်မပေါ် လက်သည်းရာတွေ။ တစ်ခါသေပြီးတိုင်း သေပြီးတိုင်း တံခါးတွေလည်း တစ်ချပ်ပြီးတစ်ချပ်။ ကိုယ်အင်္ဂါအဟောင်းတွေလည်း တစ်ပွင့်ပြီး တစ်ပွင့် ၊ သစ်တောပြုန်းတီးမှုလို ဖြစ်ခဲ့ပါပြီ။ ခေတ်သစ် ဖရန်ကင်းစတိုင်းန် ... မသေဆုံးခင် သေဆုံးပြီးနှင့်သူမို့ သေခြင်းတရားကို ဘယ်လိုမှ သဘောမထားတော့ပါ။ နူးညံ့တဲ့သဘောထားကတော့ အသက်ရှင်ခြင်းကို မသိလိုက်မှာ ၊ အသက်ရှင်ခြင်းကို မမြတ်နိုးမိမှာ ၊ အစစအရာရာခေါင်းပါးလို့ ဂလိုဏ်ပေါက်အဖြစ် နေရစ်ခဲ့ရမှာကိုပါ။ အသက်ရှူရုံကတော့ ဘာအရေးလဲ။ အဲဒီမှာ ဘာမှ ရေးမထားပါဘူး။ ခေတ်သစ် ဖရန်ကင်းစတိုင်းန် ... စိတ်လိုလက်ရရှိတဲ့နေ့တွေမှာတော့ ကိုယ့်အကြောင်းရှေ့ကိုယ် ဖြတ်လျှောက်မိတယ်။ တချို့နေရာတွေက မှောင်မိုက်နေခဲ့ပြီး တချို့လမ်းချိုးလေးတွေဆို အလင်းရောင်ကောင်းကောင်း မရခဲ့ရှာဘူး။ ချိနဲ့ကိုင်းကျနေတဲ့ ကျောပိုးအိတ်အလေးကြီးတွေက အိပ်မက်တိုင်း အိပ်မက်တိုင်းမှာ ဦးညွှတ်နှုတ်ဆက်နေတုန်းပဲ ။ တစ်ထောင့်တစ်နေရာကနေများ စိတ်ပျက်ညှိုးရော်စွာ စောင့်ကြည့်နေတာ ဘဝဆိုတာများဖြစ်နေမလား။ ခေတ်သစ် ဖရန်ကင်းစတိုင်းန် ... ဗုဒ္ဓဟာ ဒုက္ခကို ဟောခဲ့တယ်။ ဒုက္ခကလည်း ဗုဒ္ဓကို ဟောခဲ့မှာပဲ။ ဒုက္ခပဒေသာပင်တွေအောက်က လူတစ်ယောက်ရဲ့ ဖြစ်အင်ဟာ ဘယ်လောက်များ မောင်းနှင်နိုင်မှာတဲ့လဲ။ ထူထဲလာတဲ့ အရေပြားနဲ့ပဲ ခံနိုင်ရည်ရှိလာသယောင် ထင်ရ။ လောကဓံကို ကြားယောင်လာသယောင် ထင်ရ။ အနာမျိုး ၉၆ပါးကပဲ ၃၁ဘုံလောက် ဖြစ်လာတယ်ထင်ရ။ ရှိရှိသမျှ ငရဲတွေအားလုံး ဟောဒီဘုံရဲ့ မြေပုံမှာ သွတ်သွင်းထားသလားထင်ရ။ အခုတော့ အဲဒီလူလုပ်သစ်ပင်နဲ့ လွတ်လပ်ရေးတို့ မျက်နှာချင်းဆိုင်ရင်ဆိုင်ကြရပါပြီ။ ခေတ်သစ် ဖရန်ကင်းစတိုင်းန် ... လှုပ်ရှားရုန်းကန်ရာက စီးကျလာတဲ့ ချွေးတစ်စက်ဟာ သူငယ်ချင်းရဲ့ ပခုံးလည်းဖြစ်တယ်။ ရင်ခုန်ကြည်နူးခဲ့ရတဲ့ မျက်ရည်တစ်စက်ဟာ ချစ်သူရဲ့ အပြုံးလည်းဖြစ်တယ်။ သွေ့ခြောက်အက်ကွဲရင်း ဖိတ်ကျလာတဲ့ သွေးတစ်စက်ဟာ ရန်သူရဲ့ မျက်လုံးဖြစ်တယ်။ ဒီလိုနဲ့ ပြည်တည်နာဟာ မချစ်မနှစ်သက်သူရဲ့ တောင်ကုန်းလည်းဖြစ်နေပြန်တယ်။ ဒါတွေအားလုံး ဘယ်သူ့ကောင်းကင်အောက်မှာဖြစ်ပျက်နေတာလဲလို့ မေးစရာရှိလာနိုင်ပါတယ်။ နိဗ္ဗာန်ဘုံယောင်ဆောင်ထားတဲ့ ငရဲတွေရှိနေတယ် ၊ ရှိကိုရှိနေတယ်။ ဥာဏ်ပညာ အပေါင်း ချစ်ခြင်းတရား အပေါင်း ... ထပ်လောင်းပေါင်းထည့်စရာတွေ အရေးပေါ်လိုအပ်နေတဲ့ ဥယျာဥ်ကမ္ဘာရယ်ပါ။ ငိုပါ။ ဟစ်အော်ပါ။ တီးခတ်ပါ။ ခေတ်သစ် ဖရန်ကင်စတိုင်းန် ... နက်ဖန်ခါ နေထွက်လာတဲ့အခါ။ နက်ဖန်ခါ လခြမ်းကွေးကလေး မှေးပြူလာတဲ့အခါ။ အစစအရာရာ သတိထားဖို့ ကိုယ့်ကိုယ်ကို မှာနေရတာ။ နှလုံးအိမ်ရဲ့ ပြတင်းတံခါးကို ဖွင့်ဖို့ နှိုးစက်ပေး တေးမှတ်ထားရတာ။ မှာနေရပြီဆိုကတည်းက မလုံခြုံတဲ့ ဆိုင်းဘုတ်တွေ အကာလညပေါ် တရွှမ်းရွှမ်းပြိုကျနေတဲ့ ဖန်သားကောင်းကင်အောက်မှာဆိုတာ သိလိုက်ရပါတော့တယ်။ ခေတ်သစ် ဖရန်ကင်းန်စတိုင်းန် ... မှတ်မိသလောက် နံပါတ်တွေကို ရိုက်နှိပ်နေပါတယ်။ အာရုံခံစားမှုပွတ်မီးတွေကိုလည်း တစထက် တစ လွှင့်ထုတ်နေပါတယ်။ မကြားလည်း မြင်ပါ။ မမြင်လည်း သိပါ။ ရောက်တဲ့နေရာမှာ နိုးလို့ နိုးတဲ့နေရာကနေ ရုန်းထလာခဲ့ပါ။ တချို့သော ပန်းပွင့်များအတွက် နာမည်မှာ တာဝန်ထက်ပိုသော ဝတ်မှုန်နဲ့ ဝတ်ဆံတွေရှိနေပါသေးတယ်။ ကြွေရမယ်မှန်း သိသိရက်နဲ့ ပင်လုံးကျွတ်ပွင့်ခဲ့ကြဖူးတဲ့ ပန်းများမွှေးပျံ့သံ။ သင်၏ ပျောက်စရာလမ်းမရှိတော့သော အမာရွတ်တိုင်းနှင့်ပြည်နယ်ကိုကိုယ်စားပြုသော ဟောင်းနွမ်းသစ်လွင်နေသေးသော အေးစက်ပူနွေးနေသေးသော ခေတ်သစ် ဖရန်ကင်းစတိုင်းန်။ ။ #Anti_Violence #Anti_Dictatorship #SaveMyanmar #ကောက်ကွေ့ #5feb2021
2021-09-0405 mineaineain2021-09-0202 mineaineain
eaineainရေခဲပြင်ကြီးတခုအောက်မှာ၊ မောင်ယုပိုင်ရေခဲပြင်ကြီးတစ်ခုအောက်မှာ အရှင်လတ်လတ် အမြုပ်ခံရတဲ့ တိုင်းပြည်ကြီးတစ်ခု တိုင်းပြည်ကြီးတစ်ခုအောက်မှာ ဘယ်နတ်ဘုရားမှ မခိုနားနိုင်တော့တဲ့ ဘုရားကျောင်းတစ်ခု ဘုရားကျောင်းတစ်ခုအောက်မှာ ပူးတွဲမြုပ်နှံထား ကမ္ဘာစစ်ကြီးများ ကမ္ဘာစစ်ကြီးများအောက်မှာ ပျက်စီးဝါကျင်နေပြီ ဖြစ်တဲ့ ယဉ်ကျေးမှုပြတိုက်ကြီးတစ်ခု ယဉ်ကျေးမှုပြတိုက်ကြီးတစ်ခုအောက်မှာ တံဆိပ်အမှတ်သားပျက် ငွေစက္ကူများ ငွေစက္ကူများအောက်မှာ အရိုးငေါထွက် မျက်လုံးဟောက်ပက်နဲ့ ကျေးကျွန်များ ကျေးကျွန်များ အောက်မှာ ဂူပေါက်ဝမှာ ကျောက်တုံးများပိတ်ဆို့လျက် ကျောက်ခေတ်လူသားများ ကျောက်ခေတ်လူသားများအောက်မှာ နောက်ပြန်ဆုတ်နေတဲ့ ဆင့်ကဲဖြစ်စဉ်များ ဆင့်ကဲဖြစ်စဉ်များအောက်မှာ မီးတွင်းထဲမှာတင် ဆုံးပါးသွားတဲ့ (ကမ္ဘာကြီးရဲ့မိခင်) သမုဒ္ဒရာကြီးတစ်ခု သမုဒ္ဒရာကြီးတစ်ခုအောက်မှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ ရေခဲပြင်ကြီးတစ်ခု ရေခဲပြင်ကြီးတစ်ခုအောက်မှာ . . . . .
2021-09-0101 mineaineain2021-09-0103 mineaineain2021-08-3117 mineaineain2021-08-2804 mineaineain2021-08-2404 mineaineain2021-08-2100 mineaineain2021-08-1902 mineaineain
eaineainလိင်တူမိတ်ဆွေစာရင်း၊ မောင်ယုပိုင်နှင်းဆီဖြူ စာပေဂျာနယ်ရဲ့ နိုဝင်ဘာ၊ ၂၀၁၉၊ ချစ်ခြင်းအဖြာဖြာissueထဲက ဆရာမောင်ယုပိုင်ရဲ့ အပုဒ်ကိုရွတ်ဖတ်ထားတာဖြစ်ပါတယ်။ "ချစ်ခြင်းအဖြာဖြာဆိုတာ လူသားတွေရဲ့ လွတ်လပ်စွာချစ်ခွင့်ကို ရှေးရှုပါတယ်၊ လူအချင်းချင်း ဘေးဖယ်နှိမ်ချခြင်းကိုလည်း ဆန့်ကျင်ပါတယ်၊ လူသားတိုင်းရဲ့ လွတ်လပ်စွာတည်ရှိခွင့်၊ လွတ်လပ်စွာချစ်ခွင့်တို့ကို လူသားပီသစွာ လက်ခံတဲ့အကြောင်း ယခုစာအုပ်မှာ ဖော်ပြအပ်ပါတယ်၊ ချစ်ခြင်းမေတ္တာဟာ မည်သည့်ဘာသာတရားရယ်ဟုမဆို လူတိုင်းရဲ့နှလုံးသားမှာ ကိန်းဝပ်နိုင်ပါတယ်" မိုးသက်ဟန် စာအုပ်မိတ်ဆက်မှ ကောက်နှုတ်ချက်။
2021-08-1710 mineaineain2021-08-1702 mineaineain2021-08-1201 mineaineain2021-08-1101 mineaineain2021-08-0901 mineaineain2021-08-0907 min